Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - အကောင်းဆုံး ဆုံးဖြတ်ချက်များချမျတ်နိုင်ဖို့

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အခန်း(၁)
ဂျွန်စကာလီ
လမ်းဟောင်းမှခွာလမ်းသစ်ကိုဖောက်

           “ခင်ဗျားဘဝရဲ့ လက်ကျန်သက်တမ်းတစ်လျှောက်လုံး ကလေး တွေကို သကြားနဲ့ရေ ဖျော်ရောင်းတဲ့အလုပ်ပဲ လုပ်နေတော့မှာလား။ ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲပစ်တဲ့ အလုပ်မျိုး လုပ်ချင်သလား”

           ဤကား အချိုရည်ကုမ္ပဏီတွင် အမှုဆောင်အရာရှိအဖြစ် အမှု ထမ်းနေသော ဂျွန်စကာလီ (John Sculley) အား အက်ပယ် (Apple) ကွန်ပျူတာကုမ္ပဏီတွင် လာရောက်အမှုထမ်းရန် ဆွဲဆောင်စဉ်က အက် ပယ်ကုမ္ပဏီမှ စတီဗင်ဂျော့ဘ် ပြောခဲ့သော စကားလုံးများဖြစ်၏။

          ထိုစဉ်ကတော့ စကာလီသည် အက်ပယ်ကုမ္ပဏီ၏ အနာဂတ်ကို သာမဟုတ်ဘဲ ဂျော့ဘ်၏ ပုဂ္ဂလိကဘဝကိုပါ အကြီးအကျယ် ပြောင်းလဲ ပစ်စေလိမ့်မည်ဖြစ်ကြောင်း ဂျော့ဘ်ကိုယ်တိုင်ပင် မသိခဲ့ပါချေ။

          တိုတိုပြောရလျှင် အက်ပယ်ကုမ္ပဏီ၏ ဖိတ်ခေါ်ချက်ကို စကာလီ လက်ခံလိုက်၏။ သူက လုပ်ငန်းလည်ပတ်ရေးနှင့် ထုတ်လုပ်ရေးကို နှစ်နှစ်ကျော်မျှ ဦးစီး၏။ ထို့နောက်မှာတော့ စနစ်တကျ စီမံကိန်းချပြီးဂျော့ဘ်ကိုယ်တိုင်ကိုပင် အက်ပယ်ကုမ္ပဏီမှ ထုတ်ပယ်ပစ်လိုက်၏။ ပြီးတော့ ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျသော အုပ်ချုပ်မှုပုံစံသစ် ကို စွဲကိုင်ကျင့်သုံးလျက် အက်ပယ်ကုမ္ပဏီကို ကွန်ပျူတာအရောင်း လောက၏ ရှေ့တန်းသို့ ရောက်အောင် ပြန်လည်ဆွဲတင်ခဲ့လေသည်။

          စကာလီသည် အဆိုပါ ပထမဦးဆုံး ဆုံးဖြတ်ချက်ဖြင့် ကွန်ပျူ တာလောကကို ပြင်းထန်စွာ စတင်ထိုးနှက်ခဲ့၏။ ထိုစဉ်က သူ့အသက် မှာ လေးဆယ့်လေးနှစ်။ အချိုရည်ကုမ္ပဏီတွင် အမှုဆောင်အရာရှိ ဖြစ် နေပြီ။ အချိုရည်ကုမ္ပဏီ အကျိုးအမြတ်ရအောင် ငါးနှစ်ကျော်မျှ ထိန်းကျောင်း ဦးဆောင်ခဲ့ပြီးပြီ။ စကာလီက ဤနည်းပညာခေတ်ကြီးထဲတွင် လူတစ်ဦးသည် ဝမ်းကျောင်းလုပ်ငန်းကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ပြောင်းလဲလုပ်ကိုင်သင့်သည်ဟု ယုံကြည်ခံယူထားသူဖြစ်၏။ သည်တော့ အက်ပယ်ကုမ္ပဏီတွင် အလုပ်လုပ်ဖို့ ကမ်းလှမ်းလာသောအခါ စွန့်စား လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်၏။ ကနဦးပိုင်းတွင် သူက အများပြည်သူ ရှေ့မှောက်သို့ မထွက်။ ကန့်လန့်ကာ နောက်ကွယ်မှာပဲနေသည်။ သို့သော် အက်ပယ်ကုမ္ပဏီ၏ ပဲ့ကိုင်ရာထူးကိုယူပြီး တစ်နှစ်မပြည့်မီ မှာပင် ရှေ့တန်းသို့ ထွက်လာတော့၏။ ။

          ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများအားလုံး ရုပ်ရှင်ပြခန်းထဲတွင် စုဝေး နေကြ၏။ ထိုအထဲတွင် ကြော်ငြာတာဝန်ခံအရာရှိများ၊ အက်ပယ်ကုမ္ပဏီ ၏ ဈေးကွက်ဖော်ဆောင်ရေးဒါရိုက်တာ၊ စကာလီနှင့် ဂျော့ဘ်တို့လည်း ပါဝင်သည်။ မကြာမီ သူတို့အားလုံး အက်ပယ်ကုမ္ပဏီ၏ ကြော်ငြာ တစ်ခုကို ကြည့်ကြရသည်။

          ကြော်ငြာထဲတွင် ဧရာမတူကြီးကို ကိုင်ထားသည့် မိန်းကလေး တစ်ယောက် ပြေးလာနေသည်။ သူက တူကြီးကို ခေါင်းပေါ်အထိ မြှောက်ပြီး ပိတ်ကားပြင်ကြီးတစ်ခုလုံး အပြည့်နီးပါးရှိသည့် အက်ပယ်ကုမ္ပဏီထုတ် “ဘစ်ဘရားသား” ကွန်ပျူတာကြီးကို ထုနှက်ဖျက်ဆီးပစ် လိုက်၏။ “ဘစ်ဘရားသား” နေရာတွင် နောက်ဆုံးထုတ်လုပ်လိုက်သည့် “မက်ကင်တော့ရှ်” ကွန်ပျူတာ၏ပုံရိပ် ပေါ်လာသည်။

          ရုပ်သံပြစက်ကို ပိတ်လိုက်၏။ စကာလီနှင့် ဂျော့ဘ်က ဘုတ်အဖွဲ့ ဝင် ဒါရိုက်တာများ၏မျက်နှာတွေကို လှည့်ပတ်အကဲခတ်ကြည့်သည်။

          “သူတို့အားလုံး တုန်လှုပ်နေကြတယ်။ ကျွန်တော်တို့ ဒီလိုလုပ် ချင်တယ်ဆိုတာကို သူတို့ မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကို သူတို့ မလွန်ဆန်ပါဘူး။ "

          " ဒါ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပဲလေ။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်တို့ ထင် တယ်”

          လို့ သူတို့က ပြောကြသဗျ” ဟု စကာလီက ပြန်ပြောပြ၏။

          “ကျွန်တော် စတိဗ်(ဂျော့ဘ်)ရယ်၊ ဈေးကွက်ဖော်ဆောင်ရေး ဒါရိုက်တာ မိုက်မာရေးရယ်နဲ့ အတူထိုင်ပြီး သူတို့ကို မေးလိုက်တယ်။

          “ဘယ်လိုလဲ၊ ကျုပ်တို့ ချကြမလား” လို့”

          သည်လို ဆုံးဖြတ်ချက်ကို ဘယ်လိုချမှတ်ပါသလဲ။ သည်လို ဆုံးဖြတ်ဖို့ အထောက်အကူပြုသည့် ဇယားတွေ၊ ဂရပ်မျဉ်းတွေ၊ ဈေးကွက် ဖော်ဆောင်ရေးဆိုင်ရာ အချက်အလက်တွေ ရှိပါသလား။

          မရှိပါ။

          စကာလီစကားအရပြောရလျှင် သူတို့သည် သူတို့၏ ဆုံးဖြတ် ချက်ကို ထိုးထွင်းသိမြင်စိတ် (intuition) ပေါ်တွင် အခြေပြုခဲ့သည် ဆို၏။

          “ဆုံးဖြတ်ချက် ချမှတ်ရာမှာ ကျွန်တော်က ဦးနှောက်ရဲ့ ညာဘက် ခြမ်းကို အသုံးပြုလေ့ရှိတယ်” ဟု စကာလီက ပြော၏။ (အချက်အလက် များ၊ ကိန်းဂဏန်းများ အခြေပြုပြီး ယုတ္တိဗေဒဆန်သော အတွေးများကို ဦးနှောက်ဘယ်ခြမ်းက ဆောင်ရွက်ပြီး စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုအခြေပြုပြီး အလိုလိုထိုးထွင်းသိမြင်တတ်သော အတွေးများကို ဦးနှောက် ညာ ဘက်ခြမ်းက ဆောင်ရွက်သည်ဟု ဆိုပါသည်။ ။ မြန်မာပြန်သူ)

          “အဲဒါဟာ အလိုလိုထိုးထွင်းသိမြင်မှုမျိုး သိပ်ဆန်တယ်ဗျ။ ဘာနဲ့ တူသလဲဆိုတော့ သင်္ဘောသားတစ်ယောက်ဟာ လေကို ရှူရှိုက်ကြည့်ရုံ နဲ့ ဘယ်တော့လောက် လေမုန်တိုင်းကျမယ်ဆိုတာ သိနေသလိုမျိုးပေါ့။ ကျွန်တော်လည်း လေကို ရှူရှိုက်ကြည့်တဲ့ဘက်မှာ ကျွမ်းတယ်။ ဘယ် အချိန်လောက် လမ်းကြောင်းပြောင်းရမယ်၊ ဒါမှမဟုတ် ဘယ်အချိန်မှာ ဧရာမ ရင်းနှီးမြှုပ်နှံမှုကြီး လုပ်ရမယ်ဆိုတာ သိနေတယ်လေ”

          အိုင်ဘီအမ်ကုမ္ပဏီက ၎င်း၏ “ပီစီဂျူနီယာ”ကွန်ပျူတာကို ဈေး ကွက်တင်လိုက်ပြီး အက်ပယ်ကုမ္ပဏီက အရောင်းကျချည့်နဲ့နေစဉ်တွင် စကာလီသည် အထက်တွင် ဖော်ပြသကဲ့သို့ လေကို ရှူရှိုက်မိ၏။ ထိုး ထွင်းသိမြင်မှုတစ်ရပ် ရခဲ့၏။ သို့ဖြင့် အရင်းအနှီး အမြောက်အမြား ပုံအောပြီး “မက်ကင်တော့ရှ်” ကိုထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့၏။

          သူ့ဆုံးဖြတ်ချက် မှန်ခဲ့သည်။ ကွန်ပျူတာလောကမှ ဆရာ့ဆရာ ကြီးများ၏ ဟောကိန်းများ၊ တွက်ကိန်းများ ပြောင်းတိပြောင်းပြန် မှား ယွင်းစေလောက်အောင် “မက်ကင်တော့ရှ်” အောင်မြင်ခဲ့လေသည်။ အက် ပယ်ကုမ္ပဏီ၏ ရောင်းအားလည်း နှစ်ဆတိုးခဲ့၏။

          စကာလီက သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ သူ၏ ထိုးထွင်း သိမြင်မှုဆိုင်ရာ ကျင့်စဉ်ကို ယုံကြည်မှုရှိသည်။ သူက ရေရှည်လုပ်ငန်း မြင်ကွင်းကျယ်ကြီးကို ကြည့်မြင်နိုင်စွမ်းရှိပြီး ရေတိုလုပ်ငန်းကို ကွက်ပြီး အာရုံစိုက်နိုင်စွမ်းရှိသည်။ ဤအရည်အချင်းများက သူ့အား လုပ်ငန်း ဖော်ဆောင်မှုဆိုင်ရာ ပညာရှင်များထက် ခေါင်းတစ်လုံး ပိုမြင့်စေပါ သည်။

          ဤသို့ပြောခြင်းသည် ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုကို ပစ်ပယ်ရမည်ဟုဆိုလိုခြင်းမဟုတ်။ ယနေ့ဈေးကွက်တွင် မှန်ကန်တိကျသော အချက် အလက်များရဖို့ မရှိမဖြစ် အရေးပါ၏။ ၎င်းလုပ်နည်းအစဉ်သည် အရသာရှိသော စွပ်ပြုတ်တစ်ခွက် ချက်ပြုတ်ခြင်းနှင့် တူသည်ဟု စကာ လီက ပြော၏။ စွပ်ပြုတ်ထဲမှာ ဘာတွေ ထည့်ရမည်ဆိုတာ သင် သိ သည်။ စွပ်ပြုတ်ကို သင် မြည်းကြည့်မည်။ အနံ့ခံကြည့်မည်။ သို့သော် ခဏတစ်ဖြုတ်ထပ်ပြီး နှပ်ထားဖို့ လိုသေးကြောင်း သင့်အတွေ့အကြုံ က ပြောနေသည်။ စားဖိုမှူးကောင်းတစ်ဦး ပြုကျင့်သည့်အတိုင်း သင့် အတွေ့အကြုံက ပြောသည်ကို သင် နားထောင်လက်ခံလိမ့်မည်။ အကြောင်းမှာ ဘယ်အချိန်တွင် သင့်စွပ်ပြုတ်အရသာထူးကဲကောင်းမွန် နေပြီဆိုသည်ကို သင် သိနေသောကြောင့် ဖြစ်၏။

          ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အောင်မြင်ထင်ရှားသူ “လီးအိုင် ယာကော့ကာ” ကလည်း စကာလီ၏ အယူအဆကို ထောက်ခံပါလိမ့် မည်။ အိုင်ယာကော့ကာက ထောက်ပြသည်မှာ အချက်အလက်များပေါ် တွင် ရာနှုန်းပြည့်အခြေပြုပြီး ဆုံးဖြတ်ချက်ချခြင်းသည် အန္တရာယ်များ သည်ဟူ၏။

          “ခင်ဗျားတို့ ဘယ်တော့မှ အချက်အလက်အကုန်အစင်ကို မရ ဘူး။ အဲဒီလိုရအောင် စောင့်နေရင် အချက်အလက်အားလုံး ရတဲ့အချိန် လည်းကျရော ခင်ဗျားတို့ရတဲ့ အချက်အလက်တွေဟာ ခေတ်မမီတော့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်က ရွေ့လျားနေလို့ပဲ။... တစ်ခါ တလေကျ ခင်ဗျားတို့ ယုံကြည်ချက်နဲ့ စွန့်စားရတယ်.. ဘာဖြစ်လို့လဲ ဆိုတော့ ဆုံးဖြတ်ချက်တစ်ခုကို အချိန်သိပ်နှောင်းမှ ပြုလုပ်မိရင် မှန်နေ တဲ့ ဆုံးဖြတ်ချက်တောင် မှားသွားတတ်တယ်”

          ကောင်းမွန်သော သတင်းအချက်အလက်သည် ကောင်း မွန်သော ဝိုင်အရက်နှင့်မတူ။ သတင်းဟူသည် ဟောင်းလေကောင်းလေ မဟုတ်ပါချေ။

          အကယ်၍ တိကျမြန်ဆန်သော အရေးယူဆောင်ရွက်မှုသည် အခရာဖြစ်သည်ဆိုလျှင် စကာလီတို့လို ဆုံးဖြတ်ချက် ချမှတ်သူတစ်ဦး အနေဖြင့် နေ့စဉ်မပြတ်ကြုံနေရသည့် ပြဿနာများကို ဘယ်ပုံဘယ်နည်း ရှောင်ကွင်းမည်လဲ။ လတ်တလောပြဿနာမီးတောက်များကို ငြိမ်းသတ် ခြင်းဖြင့် အချိန်ကုန်မနေပေဘူးလား။ ။

          အဖြေမှာ စီမံကိန်းချထားခြင်းဖြစ်၏။

          ဉာဏ်အမြော်အမြင်ကြီးသူတစ်ဦးက “စီမံကိန်းဆိုတာ ဘာမှ မဟုတ်ဘူး။ ဒါပေမဲ့ စီမံကိန်းချခြင်းကတော့ အစစအရာရာပါပဲ” ဟု တစ်ခါက ပြောခဲ့ဖူး၏။ စီမံကိန်းရေးဆွဲထားဖို့ အလွန့်အလွန်အရေးကြီး ပါသည်။ စီမံကိန်းချခြင်း အရေးကြီးသည့်နည်းတူ တခြားအရေးကြီး သည့်အချက်မှာ ထိုစီမံကိန်းများကို မျက်ခြည်မပြတ်ချဉ်းကပ် အကောင် အထည်ဖော်ခြင်းဖြစ်၏။ ပြုပြင်ခွင့်၊ အလျှော့အတင်းလုပ်ခွင့်မပြုသော တင်းကျပ်သည့် စီမံကိန်းမျိုးမဟုတ်လျှင် စီမံကိန်းက သင့်အား ရေရှည် ရည်မှန်းချက်ပန်းတိုင်ကို ညွှန်ပြနေပါလိမ့်မည်။ တစ်ချိန်တည်းတွင် ရေ တိုပန်းတိုင်များအတွက် ချမှတ်ရမည့် ဆုံးဖြတ်ချက်ကိုလည်း ညွှန်ပြ နေပါလိမ့်မည်။

          ပန်းတိုင်များနှင့် စီမံကိန်းချခြင်းသည် သူ၏ “ဖွဲ့စည်းတည် ဆောက်မှုအတတ်ပညာ” ဟု စကာလီက နာမည်တပ်သည်။

          “ကျွန်တော့်အတွက် အရေးအကြီးဆုံးက ဖွဲ့စည်းတည်ဆောက်ဖို့ အတွက် ရှင်းလင်းပြတ်သားတဲ့ အခြေခံပုံကြမ်းတစ်ခုရှိထားဖို့ပဲ။ အရောက်သွားချင်တဲ့ ခရီးပန်းတိုင်က ဘာလဲ။ အဲဒီကိုရောက်အောင်သွားဖို့ ဘယ်နည်းကိုသုံးပြီး လမ်းဖောက်မလဲ။

 

         "  ဒီတော့ မဟာဗျူဟာတစ်ရပ် ချမှတ်တဲ့အခါ ကျွန်တော်တို့ဟာ ကုမ္ပဏီတစ်ခုအနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်က ဘာလဲဆိုတာ ကြည့်ရမယ်။ ပြီးတော့ စားသုံးသူတွေ ဘယ်လိုအကြိုက်ပြောင်းသွား မလဲဆိုတာ ကြိုတင်မှန်းဆလို့မရတဲ့ ပတ်ဝန်းကျင်ကြီး၊ ပြိုင်ဘက်တွေ က ဘယ်လိုလှုပ်ရှားမှုတွေ လုပ်မလဲဆိုတာ ကြိုတင်မှန်းဆလို့မရတဲ့ ပတ်ဝန်းကျင်ကြီး၊ အမြဲတစေ ပြောင်းလဲမှုမြန်ဆန်နေတဲ့ ပတ်ဝန်းကျင် ကြီးထဲမှာ ကိုယ့်တာဝန်ကို ပေါက်မြောက်အောင်မြင်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ကြည့်ရမယ်။ သမိုင်းကြောင်းဆိုတာ သင်ခန်းစာ ယူဖို့ကလွဲပြီး ဘာမှ အားထားလို့မရဘူးဆိုတဲ့စကားဟာ ကျွန်တော်တို့ (ကွန်ပျူတာ)လုပ်ငန်းအတွက် ပိုပြီးတောင် မှန်နေသေးတယ်”

          ထို့ကြောင့်ပင် စကာလီ၏မိတ်ဆွေ၊ အဆင့်မြင့်နည်းပညာဈေး ကွက်ဖော် အတိုင်ပင်ခံအရာရှိ ရီဂျစ်မက်ကင်နာက

          “ဆုံးဖြတ်ချက်တစ်ခုဟာ လုပ်ငန်းအစဉ်တစ်ခုပဲ။ ဒီကနေ အဆင့်မြင့်နည်းပညာကမ္ဘာမှာ ပတ်ဝန်းကျင်အခြေအနေကြည့်ပြီး မပြတ်ပြုပြင်၊ အလျှော့အတင်း လုပ် တဲ့နည်းနဲ့ လူတွေ အောင်မြင်နေကြတာဖြစ်တယ်။ ဒါဟာ မပြတ်ပြုပြင် ပြီး ပြောင်းလဲပေးနေရတဲ့ လုပ်ငန်းအစဉ်ပါ။ ခင်ဗျားတို့အနေနဲ့ အကြွင်းမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အကြွင်းမဲ့ဆိုတာ မရှိလို့ပဲ။ ရှိတာက ဆက်နွယ်ပတ်သက်နေတဲ့ အနေ အထားတွေပဲ ဖြစ်ပါတယ်”

          ဟု ပြောခဲ့ခြင်းဖြစ်ပေမည်။

          စကာလီကတော့ စီမံကိန်းချမှတ်ခြင်းလုပ်ငန်းစဉ်ကို ပန်းတိုင်များ သတ်မှတ်ခြင်းဖြင့် စတင်သည်။ ပြီးတော့ မိမိဖြစ်စေလိုသည့် စိတ်ကြိုက် အတွေ့ဆုံးအနေအထားကို အာရုံခံမြင်ယောင်ကြည့်သည်။ ထိုသို့ မြင် ယောင်ကြည့်ရာ၌ ပြင်ပဝန်းကျင်အနေအထားများကို မိမိ ထိန်းချုပ်နိုင်