Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - သတိကိုယ်ဟန်မူရာများကစကားပြောသည်

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out
ကိုယ်ဟန်မူရာများက အဓိပ္ပာယ်ဖော်နိုင်စွမ်းရှိအောင်
လေ့လာခြင်း

ပညာရှာမှီးရန် စာအုပ်များဖတ်ကြရသည်။ သို့ သော် ထို့ထက်မက ပိုမိုလိုအပ်သော လောကနှင့်ပတ်သက်သည့် အသိ ပညာကိုမူ လူစာအုပ်များကို ဖတ်ခြင်း၊ အထွေထွေ အပြားပြား သော လူစာအုပ်များကို လေ့လာခြင်းဖြင့်သာရနိုင်သည်။

လော့ဒ်ချက်စတာဖီးလ်

"Letters to His Son”

 

          လူသားတွေ၏ စိတ်လှုပ်ရှားမှု အလုံးစုံကို အကဲခတ် လေ့လာရန် အကောင်းဆုံးနေရာဌာနမှာ လေဆိပ်တစ်ခုဖြစ်၏။ လေဆိပ်တွင် ခရီးသည်တွေ ဝင်လာကြမည်။ ထွက်ခွာသွားကြမည်။ ထိုအချိန်တွင် လေယာဉ်စီးဖို့ စိုးရိမ်ကြောက်လန့်နေသော မိန်းမတစ်ယောက်ကို သင် တွေ့မြင်နိုင်၏။ ထိုမိန်းမသည် “ဒီခရီးစဉ် ချောချောမောမော ဖြစ်မှာပါ” ဟု ကိုယ့်ကိုယ်ကိုယ် အားပေးသည့်အလား သူ့လက်ကိုသူ ဆိတ်ဆွဲ နေလိမ့်မည်။ လူတွေ ပြောလေ့ပြောထ ရှိသည်မဟုတ်လား။ “ကျုပ် အိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာ သေချာအောင် ကိုယ့်ကိုယ်ကိုယ်ဆိတ် ကြည့်ရသေးတယ်” ဟူ၍။

          လေယာဉ်ထွက်ချိန်ကို စောင့်ရင်း လေယာဉ်စီးရမှာ ရွံ့ နေသော ယောက်ျားတစ်ဦးကိုလည်း သင်မြင်တွေ့နိုင်၏။ သူကတော့ ခါးကို မတ်ပြီး တောင့်တောင့်ကြီး ထိုင်နေမည်။ ခြေချင်းဝတ်ချင်း ချိတ်ထား မည်။ လက်သီးဆုပ်ကြီး တစ်လုံးဖြစ်အောင် လက်နှစ်ဖက်ကို ဆုပ်ထား မည်။ တစ်ချိန်တည်းတွင် လက်မတစ်ချောင်းနှင့်တစ်ချောင်း တပွတ် တည်း ပွတ်နေမည်။

          ဤကိုယ်ဟန်မူရာများက စိုးရိမ်ကြောင့်ကြမှု စိတ်ခံစားချက်ကို ဖော်ပြနေပါသည်။

          လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းသည့် နေရာဌာနမှ သင် ထွက်ခွာလာသောအခါ လူသုံးဦးကို တွေ့လိမ့်မည်။ သုံးဦးစလုံး တယ်လီ ဖုန်းဆက်နေသည်။ တစ်ဦးက(ပုံ-၁) သတိအနေအထားဖြင့် ကိုယ်ကို မတ်မတ်ထားပြီး ရပ်နေသည်။ ကုတ်အင်္ကျီကြယ်သီး အပြည့်တပ်ထား သည်။ သူနှင့် စကားပြောနေသူသည် သူ့အတွက် အလွန်အရေးပါအရာ ရောက်သူဖြစ်ကြောင်း သူ့ဟန်အမူအရာက ပြဆိုနေသည်။ ထိုလူသည် ဝယ်သူတစ်ဦးအား တယ်လီဖုန်းဖြင့် ဈေးရောင်းနေသည့် အရောင်းကိုယ် စားလှယ်တစ်ဦး ဖြစ်ကောင်းဖြစ်မည်။ သို့ပေမဲ့ သူ့အမူအရာက ဝယ်သူ ရှေ့မှောက် အမှန်တကယ်ရောက်နေသူလို ရှိ၏။

          ဒုတိယတစ်ယောက်၏ ကိုယ်နေဟန်ထားကတော့ ပြေပြေလျော့ လျော့ပင်။ (ပုံ-၂) သူရပ်နေပုံက ပျင်းရိပျင်းတွဲ။ ဘယ်ခြေပေါ်မှာ အားပြု ရပ်လိုက်၊ ညာခြေပေါ်မှာ အားပြု ရပ်လိုက်၏။ မေးစေ့ကို ရင်ဘတ်နှင့် ထိကပ်ထားသည်။ သူ့ပုံပန်းက ကြမ်းပြင်ကို ငုံ့ကြည့်ပြီး ခေါင်းတညိတ် ညိတ်နှင့် “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” ဟုပြောနေပုံမျိုး။ ထိုလူကို ဆက်လေ့လာကြည့်သောအခါ ထိုလူသည် စိတ်အေးချမ်းသာရှိနေပုံ...

၁။ အရောင်းကိုယ်စားလှယ်

၂။ ခင်ပွန်းသည်

၃။ ချစ်သူ

ပေါက်၏။ စကားပြောရတာ ပျင်းရိငြီးငွေ့နေဖို့ အလားအလာရှိ၏။ သို့သော် ထိုသို့ဖြစ်နေကြောင်း မသိသာအောင် ကြိုးစားဖုံးဖိနေဟန်လည်း ရှိ၏။ သူနှင့် စကားပြောနေသည့် တစ်ဖက်လူကိုတော့ ကြိုက်သလိုမှန်း ကြည့်လို့ရသည်။ တစ်ဖက်လူသည် သူ့မိန်းမဖြစ်ချင်ဖြစ်မည်(သို့မဟုတ်) မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ချင်ဖြစ်မည်။ ။

          ထိုကဲ့သို့သော ကိုယ်ဟန်မူရာ သဲလွန်စများကို အကဲခတ်ကြည့် ခြင်းဖြင့် သူ့ကောင်မလေးထံ ဖုန်းဆက်နေသူတစ်ဦး၏ ကိုယ်နေဟန်ထားကို သင်မြင်အောင်ကြည့်လို့ ရနိုင်မည်လား။ ဤတတိယလူကတော့ သူ့မျက်နှာကို ကွယ်ထားမည်။ တွန့်တင်ထားသော ပခုံးတစ်ဖက်က သူ့မျက်နှာကို ကွယ်ထားမည် (သို့မဟုတ်) ဖြတ်သွားဖြတ်လာ အခြားသူ တွေအား လုံးလုံးလျားလျား ကျောခိုင်းထားခြင်းဖြင့် သူ့မျက်နှာကို ကွယ် ချင်ကွယ်ထားမည်။ ဦးခေါင်းကို တစ်ဖက်သို့ စောင်းငဲ့ချင် စောင်းငဲ့ထား မည်။ နောက်ပြီး တယ်လီဖုန်းစကားပြောခွက်ကို မြတ်နိုးတွယ်တာစရာ ပစ္စည်းလေးတစ်ခုလို ယုယုယယ ဆုပ်ကိုင်ထားမည်။ (ပုံ-၃)

          လက်ဆွဲတန်ဆာများ ရွေးယူရာဌာနသို့ သင်ဆက်လျှောက်သွား သောအခါ မိသားစုတစ်စုကို တွေ့ ရကောင်းတွေ့ရမည်။ သူတို့လမ်းလျှောက်ဟန်တွေ သိသိသာသာ တူညီလွန်းသည့်အတွက် သူတို့သည် မိသားစုတစ်စုဖြစ်ကြောင်း သင် တပ်အပ်ပြောလို့ရ၏။ ပစ္စည်းရွေးဌာနသို့လာရင်း မိသားစုများ (သို့မဟုတ်) မိတ်ဆွေများ၏ ကြိုဆိုနှုတ်ဆက်ခြင်း ခံရသူများကိုတော့ အပျော်ရွှင်ဆုံး လူသားများအဖြစ် မြင်တွေ့ရလေ့ရှိ၏။ သူတို့လမ်းလျှောက်ပုံကိုက တက်ကြွနေမည်။ အားတက်သရော ဖြစ်နေ မည်။ လာကြိုသူများအား စောင့်မျှော်နေသူတွေကတော့ ခြေဖျားထောက် ကာ ထောက်ကာဖြင့် နီးနားဝန်းကျင်ကို လှမ်းကြည့်နေကြပေမည်။

          ကျွန်တော်တို့ လေဆိပ်သို့ ရောက်နေခိုက်ကလေးအတွင်း လူအမျိုး မျိုး၏ လှုပ်ရှားမှုအဖုံဖုံကို သတိပြုမိကြပြီ။ သူတို့၏ ကိုယ်ဟန်မူရာ အသွယ်သွယ်ကို သတိထားကြည့်ရှုရုံမျှဖြင့် လူတွေအကြောင်း မှန်းဆ ကြည့်နိုင်စွမ်းရှိကြပြီ။ သူတို့၏ စိတ်နေစိတ်ထားတွေ၊ ဆက်ဆံရေး အနေ အထားတွေ၊ သူတို့၏ အခြေအနေတွေ၊ အခြားတစ်ဖက်မှ ဖုန်းစကား ပြောနေသူတို့၏ ပုံရိပ်ကိုပင် ကျွန်တော်တို့ စိတ်ကူးဖြင့် မှန်းဆကြည့်လို့ ရနေပြီ။ | ကျွန်တော်တို့ ယခုလေ့လာဆန်းစစ်နေခြင်းမှာ သက်ရှိကမ္ဘာသတိ ကိုယ်ဟန်မူရာများက စကားပြောသည်

          လောကကြီးထဲရှိ လူသားစစ်စစ်များ၏ လှုပ်ရှားမှုတွေ၊ တုံ့ပြန်လှုပ်ရှားမှု တွေ ဖြစ်၏။ သက်ရှိလောကနှင့် ကင်းကွာသော ဓာတ်ခွဲစမ်းသပ်ခန်းထဲ က အနေအထားများကို လေ့လာဆန်းစစ်နေခြင်းမဟုတ်။ တိုတိုပြောရ လျှင် ကျွန်တော်တို့သည် ကျယ်ပြန့်နက်နဲလှသော စကားလုံးမဲ့ ဆက်သွယ်ရေးနယ်ပယ်အကြောင်း လေ့လာနေခြင်းဖြစ်၏။ စကားလုံး အသုံးပြု ဆက်သွယ်ခြင်းကို ပိုမိုပြည့်ဝစေသော၊ ပိုမိုအဓိပ္ပာယ်ပေါ်စေသော၊ စကားလုံးအသုံးပြုခြင်းကိုပင် ဖယ်ရှားပစ်နိုင်သော စကားလုံးမဲ့ ဆက်သွယ်ရေးအကြောင်း လေ့လာနေခြင်းဖြစ်၏။

          ယခု ကျွန်တော်တို့သည် စာတစ်အုပ်ဖတ်ပြီး အဓိပ္ပာယ်ဖွင့်သလို လူတစ်ဦးအား လေ့လာပြီး အဓိပ္ပာယ်ဖွင့်သည့်အလုပ်ကို စတင်ပြုလုပ် နေပါပြီ။

          စမ်းသပ်ကွင်းအစစ် (သို့မဟုတ်) လူ့ဘဝ

          “ မြင်ရတွေ့ရတာ သိသာလာတယ်၊ ပင်ကို သဘာဝအနေ အထားထက် နှစ်ဆလောက်ကြီးလာတယ်”

လူးဝစ်ကာရိုးလ်

“Through the Looking Glass”မှ

          မော်တော်ကားပစ္စည်း အသစ်ထုတ်လုပ်သူများသည် အသစ်ထုတ် လုပ်လိုက်သည့် ပစ္စည်းများကို ဈေးကွက်မတင်မီ အထပ်ထပ်အခါခါနှင့် စေ့စေ့စပ်စပ် စစ်ဆေးတတ်ကြ၏။ သို့ဖြစ်သည်တိုင် စတင်မောင်းသွားပြီး တစ်နာရီ ကိုးမိုင်နှုန်းသို့ ရောက်သည်နှင့် ကားတံခါး တွေ အလိုအလျောက် သော့ခတ်ပြီးသားဖြစ်သည့် စနစ်ဖြစ်၏။ ၎င်းစနစ် တပ်ဆင်ထားသည့် ကားတွေ ဈေးကွက်တင်ပြီးသောအခါတွင်မူ ဆူဆူ ညံညံ အပြစ်တင်ညည်းညူစာတွေ တစ်စောင်ပြီးတစ်စောင် ရောက်လာ တော့၏။

          ထိုကားများ ဝယ်စီးသူတွေသည် ကားရေဆေးသန့်ရှင်းရေး အလုပ် ရုံများသို့ သွားတိုင်း ဒုက္ခရောက်ကြရသည်။ ရေဆေးသန့်စင်လမ်းကြောင်းတွင် မော်တော်ကားရွေ့သွားသောအခါ ကားဘီးတွေကို လှည့် ပေးထား၏။ ကားဘီးလည်နှုန်းသည် တစ်နာရီ ကိုးမိုင်သို့ရောက်သည် နှင့် အလိုအလျောက် သော့ခတ်စနစ်က ကားတံခါးတွေကို သော့ခတ် လိုက်တော့၏။ ရေဆေးသန့်စင် လမ်းကြောင်းအဆုံးသို့ ရောက်သော အခါ ကားဒရိုင်ဘာများ ကားတံခါးဖွင့်လို့မရတော့။ သူတို့ကားထဲ ဝင်လို့ မရတော့။ သို့ဖြင့် သော့ပြင်သမားများခေါ်ပြီး ကားတံခါးများဖွင့်ကြရ၏။ ဖို့ဒ်ကုမ္ပဏီသည် လက်ဖြင့်သော့ဖွင့်၊ သော့ခတ်စနစ်ကိုပင် ပြန်ပြောင်း တပ်ဆင်ခဲ့ရလေသည်။

          ထိုနည်းတူစွာပင် ကိုယ်ဟန်အမူအရာများကို အဓိပ္ပာယ်ကောက်ရာ ၌ နေ့စဉ်ကြုံတွေ့ရသော အနေအထားများသည် ပိုမိုကောင်းမွန်သော စမ်းသပ်စစ်ဆေးကွင်းများ ဖြစ်၏။ ပိုမိုကောင်းမွန်သောဟု ဆိုရခြင်းမှာ ကိုယ်ဟန်မူရာများအား အဓိပ္ပာယ်ကောက်ခြင်းကို စမ်းသပ်စစ်ဆေးခန်း များတွင် ပြုလုပ်ခြင်းသည် မပြည့်စုံမလုံလောက်သောကြောင့် ဖြစ်၏။

          စကားလုံးမဲ့ ဆက်သွယ်ရေးအကြောင်း ကျွန်တော်တို့ သတိမူမိ လာခြင်းမှာ စေ့စပ်ညှိနှိုင်းမှုပညာအကြောင်း သင်ကြားရင်း ဖြစ်ပေါ်လာ သည့် စိတ်ဝင်စားမှုကြောင့်ဖြစ်၏။ အမေရိကနှင့် ပြည်ပနိုင်ငံများတွင် စေ့စပ်ညှိနှိုင်းမှုပညာအကြောင်း ကျွန်တော်တို့ ဟောပြောပွဲများ ဆွေးနွေးပွဲများပြုလုပ်ခဲ့၏။ ဆွေးနွေးပွဲတိုင်းတွင် တက်ရောက်ဆွေးနွေးသူများ၏ တင်ပြချက်အရ ကျွန်တော်တို့သိလာရသည်မှာ စေ့စပ်ညှိနှိုင်းပွဲများတွင် စကားလုံးမဲ့ ဆက်သွယ်ရေးသည် အလွန်အရေးပါ အရာရောက်ကြောင်း ပင် ဖြစ်၏။

          တကယ်တော့ စကားအပြန်အလှန်ပြောခြင်းသည် လက်တွေ့ဘဝ နှင့် ကင်းကွာလျက် အလိုလိုဖြစ်ပေါ်လာခြင်းမဟုတ်။ ဤအပြုအမူဖြစ် ပေါ်လာဖို့ လူတွေပါဝင်ပတ်သက်ရ၏။ စကားလုံးတွေပါဝင်ရ၏။ နောက်ပြီး ကိုယ်ဟန်မူရာများ ပါဝင်ရ၏။ ၎င်းအခြေခံအချက်များကို တစ်စုတစ်စည်းတည်း ပေါင်းစည်းစဉ်းစားမှသာ စေ့စပ်ညှိနှိုင်းမှုပညာ တိုးတက်ဖွံ့ဖြိုးလာနိုင်ပါမည်။

          ထိုသို့ ကိုယ်ဟန်မူရာများကို ဆန်းစစ်လေ့လာရာ၌ အကန့် အသတ်ဖြစ်နေခဲ့သည့် အချက်မှာ ကာယကံရှင်များ၏ ကိုယ်ဟန်မူရာ များကို စနစ်တကျနှင့် ပတ်ပတ်နပ်နပ် လေ့လာခွင့်မရခြင်းပင်။ ယခုအခါ ဗွီဒီယိုရုပ်ရှင်ရိုက်ထားပြီး ကိုယ်ဟန်မူရာများကို အသေးစိတ် ပြန်လည် လေ့လာခြင်းဖြင့် အထက်ဖော်ပြပါ အကန့်အသတ်ကို ကျော်လွှားနိုင်ပါပြီ။

          ယခုအခါ ကျွန်တော်တို့သည် ကိုယ်ဟန်မူရာ တစ်မျိုးတည်းကို သာ ကွက်ပြီး မလေ့လာကြတော့။ ကိုယ်ဟန်မူရာတစ်မျိုးနှင့် တစ်မျိုး aonigusloocoT6qbal cosmwongapop: (gesture-clusters) ကိုပါ လေ့လာကြ၏။ တွဲစပ်ကိုယ်ဟန်မူရာများက ကာယကံရှင် တစ်ဦး၏ စိတ်သဘောထားကို ဖော်ညွှန်း၏။ ၎င်း ကိုယ်ဟန်မူရာများ ကို တွဲစပ် ကိုယ်ဟန်မူရာများဟုခေါ်၏။ အတွဲတစ်တွဲတွင် တစ်ချိန် တည်း တစ်ပြိုင်တည်း တွဲစပ်ပါဝင်နေနိုင်သည့် ကိုယ်ဟန်မူရာများမှာ လက်ပိုက်ထားခြင်း၊ ခြေချင်းဝတ်ချင်း ချိတ်ထားခြင်း၊ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားခြင်း။ ၎င်းကိုယ်ဟန်မူရာများသည် တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်သလို တစ်မျိုးပြီးတစ်မျိုးလည်း ဖြစ်ပေါ်နိုင်၏။

          “လူတစ်ဦး၏ မသိစိတ်ဖြင့် ပြုမူမှုများကို အခြားသူတစ်ဦးက သူ၏ သိစိတ်အဆင့်သို့ မပို့ဘဲ မသိစိတ်ဖြင့်ပင် တုံ့ပြန်နိုင်သည်”ဟု စိတ်ပညာဆရာကြီး ဆစ်ဂမန်ဖရွိုက်က ရေးသားခဲ့၏။ ထိုအခါ ကျွန်တော်တို့၏ တုံ့ပြန် အပြုအမူများသည် ဆန်းစစ်ဝေဖန်ခြင်း မပြုရ သေးသည့် အချက်အလက်များ” ကိုတုံ့ပြန်သည့် အပြုအမူများသာ ဖြစ် နေတော့၏။ လူတစ်ဦး၏ အမူအရာသည် ဖော်ရွေသော အမူအရာ မဟုတ်ဟု ကျွန်တော်တို့၏ မသိစိတ်ထဲမှာ မှတ်ယူလိုက်သည်နှင့် ထို အချက်ကို သိမှတ်စွာ ဆန်းစစ်ဝေဖန်ခြင်းမပြုတော့ဘဲ၊ ကိုယ်ကလည်း မနှစ်မြို့ဖွယ် အမူအရာများဖြင့် တုံ့ပြန်တော့၏။ နောက်တော့ ၎င်းမနှစ် မြို့ဖွယ် အမူအရာများသည် ရန်လိုသည့် အပြုအမူများအဖြစ် ရွေ့လျား ပြောင်းလဲသွားတော့၏။

          သို့ဖြစ်ရာ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသော ကျွန်တော်တို့သည် လှုံ့ဆော်မှုများကို မတုံ့ပြန်မီ ချင့်ချိန်ဝေဖန်အပ်ပေသည်။

          သည်တော့ ကျွန်တော်တို့အနေဖြင့် အခြားသူများ၏ ကိုယ်ဟန် အမူအရာများကို သိစိတ်ဖြင့် လေ့လာရပါမည်။ ဝေဖန်ပိုင်းခြားရပါမည်။ အဖြေထုတ်ရပါမည်။ ထိုသို့ ကျင့်ကြံနိုင်လျှင် ကျွန်တော်တို့၏ ဆက်ဆံ ရေးယိုယွင်းပျက်ပြားမသွားမီ တိုးတက်ကောင်းမွန်လာအောင် ဆောင် ရွက်လို့ ရ၏။ ကျွန်တော်တို့ ကိုယ်အမူအရာတွေကို ပြန်ပြီးလေ့လာမိကောင်း လေ့လာမိမည်။ ထိုအခါ မိမိသည် တစ်ပါးသူ၏ ကိုယ်ဟန်အမူ အရာများကို အလျင်စလို ကောက်ချက်ဆွဲမိပြီဟု သိကောင်းသိလာမည်။ သို့မဟုတ်ပါကလည်း မနှစ်မြို့ဖွယ်ဟု မိမိသတ်မှတ်သည့် အမူအရာ သည် တစ်ပါးသူ၏ ရုပ်ပိုင်းဆိုင်ရာ အကျင့်ထူးများကြောင့် ဖြစ်နေနိုင်၏။

          ဥပမာပြရလျှင် တရားသူကြီးတစ်ဦးသည် ရှေ့နေများ၏ လျှောက် လဲချက်များကို နားထောင်နေ၏။ တရားသူကြီးက မျက်နှာကိုမဲ့၏။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။ ထိုအခါ သတိကြီးစွာထား ပြီး စကားလုံးတစ်လုံးချင်းတွေးပြီး လျှောက်လဲနေသော မိမိ၏လျှောက် လဲချက် လစ်ဟာသွားမှာ မထိရောက်မှာ စိုးရိမ်နေသော ရှေ့နေများအား ပူပန်သောကဖြစ်စေ၏။ စင်စစ် တရားသူကြီးမင်းသည် လေသင်တုန်း ဒဏ်ကို ခံထားရသူဖြစ်နေ၏။ ထို့ကြောင့် သူ့မှာ ကိုယ်ဟန်မူရာပိုင်းဆိုင် ရာ အားနည်းချက်များ ဖြစ်ပေါ်နေခြင်းဖြစ်၏။

          ထိုနည်းတူစွာပင် မတူခြားနားသော ယဉ်ကျေးမှု ဓလေ့စရိုက်များ ကြောင့် ကိုယ်ဟန်မူရာတစ်မျိုးတည်း၏ အဓိပ္ပာယ်သည် လုံးလုံးလျား လျား ခြားနားသွားတော့၏။ သို့ဖြင့် နားလည်မှု လွဲချော်ခြင်းများ ပေါ် ပေါက်စေနိုင်၏။ သို့ဖြစ်သည့်တိုင် လတ်တလော ဖြစ်ပေါ်နေသော စိတ်သဘောထား၏ နိမိတ်လက္ခဏာမဟုတ်သည့် အမူအရာများလည်း ရှိပါသည်။ ၎င်းအမူအရာများမှာ လူတွေက အကျင့်ပါနေသောကြောင့် ထပ်ခါတလဲလဲ ပြုမူနေခြင်းဖြစ်ပါသည်။

          သို့ဖြစ်ရာ မိမိကြုံတွေ့ရသည့် တစ်ပါးသူ၏ ကိုယ်ဟန်မူရာများကို မိမိ၏ မသိစိတ်အဆင့်မှာသာ မထားဘဲ သိစိတ်အဆင့်ထိ ဆွဲတင်ပြီး ဝေဖန်ပိုင်းခြားရပါမည်။ သို့မှ ၎င်းကိုယ်ဟန်မူရာများ၏ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ကောက်ယူနိုင်ပါမည်။

          ဤကျင့်စဉ်ကို မသိစိတ်အဆင့်ကို လွန်မြောက်တွေးခေါ်ခြင်းဟု သတ်မှတ်လို့ရ၏။ ဤနည်းဖြင့် တစ်ဖက်သား၏ ကိုယ်ဟန်မူရာများကို မျက်ရမ်းမှန်းဆ အဓိပ္ပာယ်ကောက်ယူခြင်းအဆင့်မှ ကျော်လွန်ပြီး “သတင်း”တစ်ခုကို ရရှိနိုင်မည်ဖြစ်ပါသည်။