Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - လှမ်းကြည့်မှလမ်းရှိမှန်းသိမယ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
အခန်း (၁)
သင်ပေးရ ပြုပြင်ပြောင်းလဲရဲတဲ့သတ္တိရှိပါ
 

          ကျွန်တော်တို့တွေအနေဖြင့် အနာဂတ်ဘဝ တိုးတက်ထွန်းကား ရေးအတွက် လက်ရှိဘဝအနေအထားကို အချိန်မရွေး အနစ်နာခံစွန့် လွှတ်ချင်စိတ်ရှိနေရပါမည်။ ထိုသို့အနစ်နာခံ စွန့်လွှတ်ဖို့ သတ္တိရှိဖို့လို ၏။ အ ကုမ္ပဏီတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ မိသားစုတစ်ခု သို့မဟုတ် လူ တစ်ဦးတစ်ယောက်သည် သိသာထင်ရှားသော အပြောင်းအလဲများကိုအောင်မြင်စွာ ပြုလုပ်နိုင်သည်ကို သင်တွေ့ရတိုင်း ထိုသို့သော အောင် မြင်မှုနှင့်အတူ သတ္တိရှိစွာ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ ရှိနေသည် ကိုလည်း တွေ့ရပါမည်။ က အောင်မြင်မှုတစ်ခုခုရခဲ့သူတိုင်း သူတို့၏ နောက်ကြောင်းကို ပြန် ကြည့်လို့ရ၏။ ပြီးတော့ ဘယ်အချိုး၊ ဘယ်အကွေ့ တွင် မိမိ၏ဘဝ လမ်းကြောင်း ပြောင်းခဲ့သည်ကို ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်လို့ရ၏။ အဆိုပါ ဖြစ်ပေါ်တိုးတက်မှုအစဉ်တွင် ပါဝင်သည့် အဓိကအပိုင်းမှာလမ်းကြောင်းပြောင်းရဲသည့် သတ္တိရှိခြင်းပင် ဖြစ်၏။

                    ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး ပြုပြင်ပြောင်းလဲရဲ သည့်သတ္တိရှိဖို့ လိုအပ်ပါသည်။

          ကလေးတွေနှင့် လူကြီးတွေကြား ကွာခြားချက်ကိုကြည့်ပါ။ ကလေးတွေမှာ မျှော်လင့်ချက်တွေ အပြည့်ရှိသည်။ အိပ်မက်တွေ အပြည့် ရှိသည်။ သူတို့အရွယ်ရောက်လာလျှင် ဘာမဆိုလုပ်နိုင်ရမည်ဟု ယုံမှတ် ထားကြသည်။ သူတို့တွင် တွေဝေယိမ်းယိုင်မှုတွေ များများစားစားမရှိ။ ( သို့တိုင်...သူတို့အသက်ကလေးတွေ တဖြည်းဖြည်းရလာတော့ သူတို့ကိုယ် သူတို့ မေးခွန်းတွေ ထုတ်လာကြသည်။ သူတို့၏ စိတ်ကူးယဉ်အိပ်မက် တွေသည် သံသယတိမ်တိုက်တွေအဖြစ် ပြောင်းလဲလာသည်။ သူတို့၏ မျှော်လင့်ချက်တွေသည် ကြောက်စိတ်တွေဖြစ်ကုန်သည်။ ဖြင့် အဆိုပါ အသွင်ကူးပြောင်းမှုမျိုး ဖြစ်ပေါ်အောင် ဘယ်ကဲ့သို့သော အကြောင်းတရားတွေက ဖန်တီးခဲ့သလဲ။ မင်းဖြစ်ရပ်အတော်များများတွင် ဆွေမျိုးမိဘများ၊ အပေါင်းအသင်း မိတ်ဆွေများ သို့မဟုတ် ဆရာ ဆရာမများကပြောသည့် စိတ်ပျက်စရာ၊ အားလျော့စရာ၊ မှတ်ချက်၊ ဝေဖန်ချက်များကြောင့်ဖြစ်ကြောင်း တွေ့ရ၏။ အကယ်၍ လူတိုင်းလူတိုင်း နေ့စဉ်မှတ်တမ်းစာအုပ် တစ်အုပ်စီ ဆောင် ထားပြီး သူတို့၏အိပ်မက်တွေ၊ မျှော်လင့်ချက်တွေအား စကားအရာဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းခံခဲ့ရသည်များကို ရေးမှတ်ထားလျှင်၊ ပြီးတော့ အဆိုပါ သံသယသမားများ၏ အပျက်မြင်စကားများကို အရှုံးပေးလက်မြှောက်ခဲ့လျှင် ဤလောက၌ ပြောင်မြောက်သော အောင်မြင်မှုဇာတ်လမ်း ဟူ၍ ရှိတော့မည်မဟုတ်ချေ။

          ထိုသို့သော အပျက်မြင်သမားအားလုံးထဲတွင် သင်ဘာကြောင့်ပြုပြင်ပြောင်းလဲမှု ပြုလုပ်ချင်သည်ကို နားလည်သဘောပေါက်သူ၊ ပြီးတော့ သင့်အား စိတ်ဓာတ်တက်ကြွအောင် ညာသံပေးနိုင်သူတစ်ယောက် နှစ်ယောက်တော့ ပါရှိမြဲဖြစ်၏။ ထိုသို့သောသူတွေ သင့်နံဘေးတွင် သင့်မိတ်ဆွေများအဖြစ် သို့မဟုတ် သင့်လက်ထောက်များအဖြစ် ရှိနေပါ က သင့်အတွက် အလွန့်အလွန် ထိရောက်သော အကူအညီများ ရပါ လိမ့်မည်။ သို့ပေမဲ့ အမြဲတမ်း သတိရနေရမည်မှာ သင့်ဘဝလမ်းကြောင်း ကို ပြောင်းလဲဖို့ အပြီးသတ်ဆုံးဖြတ်မည့်သူသည် သင်သာဖြစ်ရမည်ဟူ သည့် အချက်ဖြစ်၏။

          ပြုပြင်ပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ခြင်းသည် “ပုံစံဖော်” အဆင့်ဖြစ်၏။ ၎င်းဆုံးဖြတ်ချက်ကို လက်တွေ့ အကောင် အထည်ဖော်ခြင်းသည် ‘တည်ဆောက်မှု အဆင့်ဖြစ်၏။ အဆောက် အအုံ ́ကို စတင်တည်ဆောက်ပြီဆိုသည်နှင့် ဘယ်လိုပုံစံမျိုးဖြစ်ပေါ်လာ မည်ကို အာရုံခံကြည့်ရန် များစွာလွယ်ကူသွားတော့၏။

          တစ်ခါတလေတော့လည်း ကျွန်တော်တို့သည် ရဲစွမ်းသတ္တိ ပြည့်ဝ သည့်လုပ်ရပ်တစ်ခုကို စွမ်းစွမ်းတမံ ပြုလုပ်ခဲ့သူဟု လူအများက သတ် မှတ်သည့် ဇာတ်လိုက်နေရာသို့ အတင်းတွန်းပို့ခြင်းခံရတတ်၏။ သို့သော် ရေနစ်နေသူတစ်ယောက်အား ကယ်တင်လာသူတစ်ဦး သို့မဟုတ် မီးလောင်တိုက်ထဲ ပိတ်မိနေသူတစ်ယောက်အား ကယ်ထုတ်လာသူ တစ်ဦးကို တွေ့ဆုံမေးမြန်းကြည့်ပါ။ သူတို့တစ်တွေ အမြဲလိုပြန်လည် သုံးသပ် ပြောဆိုလေ့ရှိသည်မှာ လူတိုင်းလုပ်မယ့်အလုပ်မျိုးပဲ ကျွန်တော် လည်း လုပ်လိုက်တာပါ” ဟူသော စကားမျိုးသာဖြစ်၏။

          ချီးကျူးထောမနာပြုမှု ခံရချိန်များ သို့မဟုတ် သူရဲကောင်းအဖြစ် ဘွဲ့တံဆိပ် အပ်နှင်းခြင်းခံရသော အချိန်များတွင် သူတို့သည် ရှက်သလို ရွံ့သလို ဖြစ်နေတတ်ကြ၏။

          ဘာ့ကြောင့်ဆို သူတို့သည် တကယ်တမ်း ရဲစွမ်းသတ္တိပြည့်ဝ သူများမဟုတ်ကြောင်း သူတို့ရင်ထဲက သိနေသောကြောင့်ပင်။ သူတို့ သည် `တုံ့ပြန်” ဆောင်ရွက်ခဲ့ကြခြင်းသာဖြစ်၏။ လူတိုင်းလုပ်မယ့် အလုပ်ပဲ” လုပ်ခဲ့ခြင်းသာ ဖြစ်၏။

          ရဲစွမ်းသတ္တိအစစ်သည် ထောင်သွင်းအကျဉ်းချခံထားရသည့် အကျဉ်းသားနှင့်တူ၏။ တစ်သက်တစ်ကျွန်း အကျဉ်းခံဘဝဖြင့်နေမလား သို့မဟုတ် ထောင်မှမြန်မြန်လွတ်အောင် လုပ်မလားဆိုသည့် ဘဝအလှည့် အပြောင်း ဆုံးဖြတ်ချက်ကို ချမှတ်သူဖြစ်၏။ များတွင်ရဲစွမ်းသတ္တိအစစ်သည် မိမိကိုယ်နှင့် မိမိစိတ် အတူတွဲထိုင်ပြီး မိမိကိုယ်မိမိ ရိုးသားစွာ ဆန်းစစ်ဝေဖန်ကာ မိမိဘဝတိုးတက်ကောင်း မွန်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြစ်၏။ ထိုသို့ မိမိ ဘဝ တိုးတက်ကောင်းမွန်လာမှ အခြားတစ်ပါးသူများ၏ ဘဝများ တိုးတက်ကောင်းမွန်လာအောင် ကူညီဖေးမနိုင်ပေမည်။ ထို က ရဲစွမ်းသတ္တိအစစ်သည် သင့်အိမ်ထောင်ဖက်နှင့်အတူ ယှဉ်တွဲ ထိုင်ပြီး သင့်အမှားကို ဝန်ချတောင်းပန်ရဲခြင်းဖြစ်၏။

          ရဲစွမ်းသတ္တိအစစ်သည် “ကျွန်တော် စိတ်မကောင်းပါဘူးဗျာ” ဟူသော စကားကို ပြောနိုင်စွမ်းရှိခြင်းနှင့် ထိုခံစားချက်ကို သင့်နှလုံးသား ဖြင့် ခံစားတတ်ခြင်းဖြစ်၏။

          ရဲစွမ်းသတ္တိအစစ်သည် လူကြိုက်များသည့် လမ်းစဉ်မဟုတ် သည့်တိုင် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဖို့ ဆုံးဖြတ်ဝံ့ခြင်းဖြစ်၏။

          တကယ်တော့ ဘဝဆိုတာ မလွယ်ပါ။ အတိုက်အခံ အတား အဆီး အနည်းဆုံးလမ်းကို သွားချင်သည်မှာ လူ့သဘာဝဖြစ်၏။ ကျွန် တော်တို့၏ဘဝတွေ သည့်ထက်ပိုပြီး တိုးတက်သာယာစေချင်လျှင်          ကျွန်တော်တို့တွင် ရုန်းကန်ရဲသည့်သတ္တိရှိရပါမည်။ အနစ်နာခံစွန့် လွှတ်ရဲသည့်သတ္တိရှိရပါမည်။ ထိုသို့သော ရဲစွမ်းသတ္တိမျိုးရှိဖို့ အလွန့် အလွန်လိုအပ်ပါသည်။

          ၁၉၃၀ ပြည့်လွန်နှစ်များဖြစ်သည့် စီးပွားပျက် ကပ်ဆိုးကာလကြီး ကို တွေ့ကြုံဖြတ်သန်းခဲ့ရသော မိဘများတွင် အကြီးမားဆုံး အမှားကြီး တစ်ရပ်ရှိခဲ့၏။ ၎င်းအမှားကြီးမှာ သူတို့သားသမီးများကို သူတို့ကြုံခဲ့ သည့် ရုန်းကန်လှုပ်ရှားဘဝမျိုးနှင့် ကင်းဝေးစေချင်ခြင်း ဖြစ်၏။ သူတို့က သူတို့၏ သားသမီးတွေအတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် ဆောင်ကြဉ်းပေးလိုကြသည်။ (၁) မည်သို့ ဖြစ်စေ၊ ကျွန်တော်တို့အားလုံး လိုအပ်သည်မှာ ရုန်းကန် လှုပ်ရှားရသည့် အတွေ့အကြုံဖြစ်၏။ ဆင်းရဲဒုက္ခရောက်ခြင်းက လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး အစစ်အမှန်ကို ဖော်ထုတ်ပေးပါ သည်။

          မိမိဘဝကို ပြုပြင်ပြောင်းလဲပစ်ဖို့ သတ္တိမရှိသူတွေအား မေးခွန်း တစ်ခု မေးပါရစေ။ သင်တို့ ဘာကိုကြောက်နေကြသလဲ။ သင့်ဘဝ ပိုပြီးပြည့်စုံလာမည်၊ နောက်ဆုံးရလဒ်သည် ပိုပြီးကောင်းမွန်လာမည် ဆိုသည်ကို သင်သိနေသည်။ သို့သော် သင်ကြောက်နေသည်။ ဖြစ်စဉ် ရုန်းကန်လှုပ်ရှားမှုဖြစ်စဉ်ကို သင်ကြောက်နေတာ ဖြစ်ကောင်းဖြစ်မည်။

          ဥပမာအားဖြင့် အရိုက်ပုတ်၊ အနှိပ်စက်ခံနေရသည့် ဇနီးသည် တစ်ယောက်ကို ကြည့်ပါ။ သူသည် သူ့ယောက်ျားနှင့် အသည်းအသန်ကွာရှင်းပြတ်စဲချင်နေသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထုထောင်းနှိပ်စက်မှုများမရှိလျှင် သူ့ဘဝ ပိုပြီးသာယာလာမည်ဆိုတာ သူသိနေသည်။ သို့ဖြစ်သည့်တိုင် သူ့လင်ဆိုးကို သူဖက်တွယ်ထား၏။ သူ့ယောက်ျားကို သံယောဇဉ်ရှိလွန်း၊ မပြတ်နိုင်လွန်းသောကြောင့်မဟုတ်။ သူ့ဘဝတိုးတက် ကောင်းမွန်ရေးအတွက် ဘဝခရီးကြမ်းကို ဖြတ်သန်းကျော်လွှားရမှာ ကြောက်နေသောကြောင့်ဖြစ်၏။

          ကျွန်တော်တို့အားလုံး၌ “ကန္တာရ” အတွေ့အကြုံတွေ ကိုယ်စီရှိကြ ၏။ ကျွန်တော်တို့၏ဘဝသည် အနှစ်မပါ အကာပြဲပြဲဖြစ်နေပါကလား ဟု ခံစားရသည့်အချိန်ကာလများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အရေး ကြီးသည်မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကန္တာရထဲတွင် သောင်တင် နေခွင့်မပြုရေးပင် ဖြစ်၏။

          ရုန်းကန်ခြင်းနှင့် အနစ်နာခံခြင်းတို့ကို အပြုသဘောဆောင်သည့် လှုပ်ရှားမှုများအဖြစ် ကျွန်တော်တို့တစ်တွေ ရှုမြင်လက်ခံကြလျှင် ၎င်း သဘောထားက ကျွန်တော်တို့အား ပိုပြီးရဲရင့်ပြတ်သားသော ဆုံးဖြတ် ချက်တစ်ခုချနိုင်အောင် ကူညီပါလိမ့်မည်။ ကိုယ့်ဘဝကိုယ် ပြုပြင်ပြောင်း လဲရဲလောက်အောင် သတ္တိရှိခဲ့ကြသူများအား တွေ့ဆုံမေးမြန်းကြည့်ပါ။ ထိုအခါ သူတို့အားလုံးလိုလိုက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို စရိုက် တည်ဆောက်မှု အတွေ့အကြုံတစ်ရပ်အဖြစ် ပြန်လည်ရှုမြင်သုံးသပ်ကြ ကြောင်း တွေ့ရ၏။

          အားကစားလောကမှ ထိတ်ထိတ်ကြဲ ချန်ပီယံကြီးများသည် သူတို့ ၏အောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးသမယကလေးကို နှစ်ပေါင်းများစွာကြိုပြီး အာရုံတွင် မြင်နေခဲ့ကြကြောင်း မကြာမကြာ တွေ့ရ၏။ သည်တော့... သင်ကော ဘာ့ကြောင့် သူတို့လို လိုက်လုပ် မကြည့်ပါသလဲ။ သင့်ဘဝ၏ကဏ္ဍသစ်သည် ဘယ်သို့ဘယ်ပုံရှိမည်ကို အာရုံခံကြည့်ပါ။ ပြီးတော့ ပုံတစ်ပုံဆွဲပါ။ သို့မဟုတ် စာတမ်းတစ်စောင် ရေးပါ။

          တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်နှင့် တိတ်ဆိတ်ငြိမ်သက် သော အချိန်ကိုရွေးပြီး သင်တစ်ကိုယ်တည်းထိုင်ပါ။ သင်နှင့်အတူ မှတ်စုစာအုပ်ကလေးတစ်အုပ်နှင့် ခဲတံတစ်ချောင်းဆောင်ထားပါ။ သင်သည် ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖြင့် စာရေးကောင်းသူဖြစ်နေဖို့ မလိုပါ။ လက်ရာမြောက် မြောက်ဖြင့် ပုံဆွဲကောင်းသူဖြစ်နေဖို့မလို။ သင်၏ 'ဘဝသစ်” ကို အာရုံခံ ကြည့်လို့ရသလောက်ကို စကားလုံးများဖြင့် ချရေးလိုက်ပါ။ ပြီးတော့ ရုပ်ပုံဖြင့်လည်း ပုံဖော်လိုက်ပါ။

          မကြာသေးခင်က မိန်းကလေးကျောင်းတစ်ကျောင်းမှ ခြောက် တန်းကျောင်းသူကလေးများကို ကျွန်တော်ဟောပြောခဲ့၏။ ဟောပြော ပြီးသွားသောအခါ သူတို့ဆရာမက သူတို့အားတာဝန်နှစ်ခုပေး၏ ။ ပထမတာဝန်မှာ ဤဟောပြောပွဲမှ သူတို့ရရှိလိုက်သော အသိအမြင်ကို စာဖြင့်ရေးချဖို့။ ဒုတိယတာဝန်မှာ ၎င်းအသိအမြင်ကိုပင် ရုပ်ပုံဖြင့် ပုံဆွဲ ပြဖို့။

          သူတို့၏ အားထုတ်မှုလက်ရာများကို စာအုပ်တစ်အုပ်လို ချုပ်ပြီး ကျွန်တော့်ကို လက်ဆောင်အဖြစ်ပေးအပ်ကြသည်။ သည်ကျောင်းသူ ကလေးတွေ ဘယ်လောက်ပါရမီရှိပြီး ဘယ်လောက်အာရုံခံနိုင်စွမ်း ရှိသည်ကို တွေ့ရတော့ ကျွန်တော် အံ့သြတကြီးဖြစ်မိ၏။ သို့သော် သူတို့သည် စာရေးခြင်းကော ပုံဆွဲခြင်းပါ နှစ်မျိုးစလုံး တော်မနေကြပါ။ သူတို့၏ပါရမီသည် တစ်ဖက်ဖက်တွင်သာ ထူးချွန်နေသည်ကို တွေ့ရ ၏။

          မည်သို့ ဖြစ်စေ သူတို့၏ရေးသားချက်နှင့် ပုံဖော်ချက်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အားဖြည့်ပေးနေသည်မှာ စိတ်ဝင်စားစရာကောင်းပါသည်။ သူတို့စာဖြင့် ရေးထားသည်ကို ပုံဆွဲဖော်ပြခြင်း၊ သို့မဟုတ် ပုံဆွဲဖော်ပြထားသည်ကိုပင် စာဖြင့်ရေးပြခြင်းမျိုး အလွန်နည်း သည်။ ဤဖြစ်ရပ်က သူတို့၏ လေ့လာမှတ်သားထားချက်တွေသည် မူလအတိုင်းရှိမနေတော့ဘဲ ပြန့်ကားလာသည့်သဘော၊ ထွေပြားလာ