Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - လှည့်ပြောင်းခြေ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
တစ်
ကူးစက်ပြန့်ပွားခြင်းဆိုင်ရာ ဥပဒေသသုံးရပ်

          ဘော်လ်တီမိုးမြို့တွင် ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) ကူးစက် ပြန့်ပွားမှု အဆိုးဝါးဆုံးအချိန်သည် ၁၉၉၀ ပြည့်လွန်နှစ်များ တစ်ဝက်ကျိုးလောက်တွင် ဖြစ်၏။ တစ်နှစ်တာကာလ၊ ၁၉၉၅ မှ ၁၉၉၆ အတွင်း ဆစ်ဖလစ်ရောဂါ ခံစားရပြီး မွေးဖွားလာသည့် ကလေးဦးရေသည် ယခင့်ယခင်နှစ်များတုန်းကထက် ၅ဝဝ ရာခိုင်နှုန်း တိုးမြင့်လာသည် ဆို၏။ ဘော်လ်တီမိုးတွင် ဆစ်ဖလစ်ရောဂါဖြစ်သူဦးရေ အခြေပြဇယား တွင် အခြေပြမျဉ်းကြောင်းသည် နှစ်ပေါင်းများစွာ အလျားလိုက်တန်းနေ ၏။ ၁၉၉၅ ခုနှစ် ရောက်သောအခါတွင်မူ မျဉ်းကြောင်းသည် ထောင့်မှန် မျဉ်းလို တည့်တည့်ထောင်တက်သွားသည်ကို တွေ့ရ၏။

          ဘော်လ်တီမိုး၏ ဆစ်ဖလစ်ရောဂါ အခြေအနေဆူမှတ်သို့ ရောက် သွားအောင် ဘာတွေကတွန်းပို့ခဲ့သလဲ။

          ရောဂါထိန်းချုပ်ရေး ဌာနများ၏ကောက်ချက်အရဆိုလျှင် ကုတ် ကင်း အရောင်းအဝယ် တွင်ကျယ်လာသောကြောင့်ဟု ဆိုသည်။ ကုတ် ကင်း သုံးစွဲသူများပြားလာသည့်အတွက် အန္တရာယ်များသည့် လိင် ဆက်ဆံမှုတွေ တိုးပွားလာသည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီရောဂါလို ရောဂါတွေ ပြန့်ပွားလာတော့၏။ ဆင်းရဲသားရပ်ကွက်သူ ရပ်ကွက်သားများ က မူးယစ်ဆေးဝါး ပိုပြီးသုံးစွဲလာသည်။ သို့အတွက် လိင်ကိစ္စမှတစ်ဆင့် ရောဂါများ စွဲကပ်ကြသည်။ သူတို့က ကူးစက်ရောဂါကို အိမ်သို့သယ် လာသည်။ သူတို့၏ နီးနားဝန်းကျင်ဒေသများသို့ သယ်ဆောင်လာသည်။ တကယ်တော့ ထိတ်လန့်စရာကောင်းလှသည့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွား နှုန်း မိုးအထိထောင်တက်သွားရန်အတွက် လိုအပ်နေသည်မှာ မဆို စလောက် တွန်းအားကလေးတစ်ခုမျှသာ ဖြစ်သည်ဟု ရောဂါထိန်းချုပ် ရေးဌာန ပညာရှင်များက ပြော၏။ အဆိုပါ မဆိုစလောက်သော တွန်း အားကလေးသည် ကုတ်ကင်း အရောင်းအဝယ် တွင်ကျယ်လာခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။

          လိင်ဆက်ဆံမှုကြောင့် စွဲကပ်သောရောဂါများဆိုင်ရာ ကျွမ်းကျင် သူ ဂျွန်ဟော့ပ်ကင်း ဆေးရုံမှ ဂျွန်ဇင်နီလ်မင်ကတော့ မြို့တော်၏အဆင်းရဲ ဆုံး ရပ်ကွက်များတွင် ဆေးဝါးကုသရေးအတွက် ခွင့်ပြုငွေတွေ ဖြတ်ချ လိုက်သောကြောင့်ဟု ဆိုသည်။ သုံးစွဲခွင့်ပြုငွေ လျှော့ချလိုက်သည့် အတွက် ယခင်က ကျန်းမာရေးမှူး ၁၇ ဦး ရှိသည့်နေရာတွင် ယခု တစ်ဦးမျှမရှိတော့။ ယခင်က တစ်နှစ်လျှင် လူနာ ၃၆,ဝဝဝ လာရောက် ကုသနေရာမှ ယခု ၂၁,၀၀၀ သာ လာတော့သည်ဟု ဆို၏။ ထို့အတူ ကွင်းဆင်းကုသရေး ကျန်းမာရေးဝန်ထမ်းဦးရေလည်း လျော့နည်းသွား သည်။ ထို့ကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားနှုန်း ထိန်းမနိုင်သိမ်းမရ ပွင့်ထွက်သွားသည်ဟု ဂျွန်ဇန်နီလ်မင်က ထောက်ပြလေသည်။

          နောက်ထပ် မူကွဲရှုထောင့်တစ်ခု ရှိသေးသည်။ ၁၉၉၀ ပြည့်လွန် နှစ်များတွင် ဘော်လ်တီမိုး အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လူနေထူထပ် သော ရပ်ကွက်များမှ ပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ကြောင့်ဟု ဆိုသည်။ သူ ဆိုလိုသည်မှာ ၄င်းရပ်ကွက်များတွင် ပြည်သူပွင့်ထွက်နောက်ထပ် မှ အရှေ့ပိုင်းနှင့်ဆိုင်ရာ အင် ပြည်သူပိုင် လူနေတိုက်ခန်းများရှိသည်။ ၄င်းတိုက်များသည် ဟောင်းနွမ်းအိုမင်း လွန်းနေသည့်အတွက် ဖြိုချပြီး အသစ်ထပ်ဆောက်ဖို့ စီမံကိန်းရှိသည်။ ၄င်းတိုက်တန်းလျားများတွင် ရာပေါင်းများစွာသော အိမ်ထောင်စုများ နေထိုင်သည်။ ၄င်းလူထုသည် မှုခင်းဖြစ်ပွားရာနှင့် ကူးစက်ရောဂါ ပြန့်ပွားရာဗဟိုဌာန ဖြစ်သည်။ ယခု သူတို့နေထိုင်သည့် တိုက်တန်းလျား တွေ ဖျက်မည်ဆိုတော့ တခြားရပ်ကွက်များသို့ရွှေ့ကြ၊ ပြောင်းကြသည်။ ဤကား ကူးစက်ရောဂါ ပြန့်ပွားရခြင်း အကြောင်းရင်းဟု ပညာရှင် ဂျွန်ပေါ့တာရက်ဆိုသူက သူ့အမြင်ကိုတင်ပြခဲ့၏။

          ၄င်းရှင်းလင်းတင်ပြချက်များကို လေ့လာကြည့်ပြီး စိတ်ဝင်စား စရာ တစ်ချက်တွေ့ရ၏။ ၄င်းအချက်ကား ရှင်းလင်းချက်သုံးမျိုးစလုံး သည် သိပ်ပြီးထူးထူးခြားခြား မှတ်လောက်သားလောက် ဖြစ်မနေခြင်း ပင်။ ရောဂါထိန်းချုပ်ရေးဌာနများက ကုတ်ကင်းသုံးစွဲခြင်းသည် အဓိက ပြဿနာဟု ယူဆသည်။ သို့ပေမဲ့ ဘယ်လ်တီမိုးသို့ ကုတ်ကင်း ရောက် လာသည်မှာ ၁၉၉၅ ကမှမဟုတ်၊ ဟိုးယခင် နှစ်ပေါင်းများစွာကတည်း က ရောက်နေပြီးသား။ သူတို့ပြောနေသည်မှာ မူးယစ်ဆေးသုံးစွဲမှု မဆို စလောက်ကလေး ပိုများလာခြင်းကို ပြောနေခြင်း။ အဆိုပါ မသိမသာသော ပြောင်းလဲမှုကလေးကပင် ကူးစက်ရောဂါပြန့်ပွားရေး၏ လှည့် င်းမှတ် ဖြစ်သွားလေသည်။

          ဆေးဝါးကုသစရိတ်တွေ ဖြတ်ချခဲ့သောကြောင့် ဆေးရုံတွေ၊ ဆေးခန်းတွေတွင် ကျန်းမာရေးဝန်ထမ်းများ မလုံမလောက်ဖြစ်ရသည်။ ထို့ကြောင့် ဆစ်ဖလစ်ရောဂါ ပြန့်ပွားမှုကြီးအလှည့်အပြောင်း ဖြစ်သွား သည် ဆိုသော ဂျွန်ဇင်နီလ်မင်၏ ရှင်းပြချက်သည်လည်း တကယ်တော့ “ဒါအပြင် ဘာရှိဦးမလဲ”ဟု ပြောရလောက်အောင် အကြွင်းမဲ့မှန်မနေပါ။ ကျန်းမာရေးမှူး အရေအတွက်သည် ၁၇ ဦးမှ ၁ဝ ဦးသို့ လျော့ကျသွားခြင်းလောက်သာ ဖြစ်၏။ ကျန်းမာရေးမှူး တစ်ဦးတစ်ယောက်မျှ မရှိ တော့ခြင်းမဟုတ်။

          ထိုနည်းတူစွာ ပေါ့တာရက်၏ ရှင်းလင်းချက်တွင်လည်း လူနေ အိမ်ခြေများ ဖျက်ဆီးပစ်ခြင်းသည် ဘော်လ်တီမိုး တစ်မြို့လုံးမဟုတ်။ ဘော်လ်တီမိုးမြို့ကြီး၏ အတိုင်းအတာနှင့် ယှဉ်ကြည့်လျှင် အဖျက်ခံရ သည့် အိမ်များသည် လက်တစ်ဆုပ်စာဟု ပြောလို့ရလောက်၏။ နောက် ဆုံး သတ္တုချလိုက်တော့ အဆိုပါသေးသေးဖွဲဖွဲ အပြောင်းအလဲကလေးက ကူးစက်ရောဂါ ချိန်ခွင်လျှာကို တစ်ဖက်စောင်းနင်း ဖြစ်သွားစေသည်ဟု ဆိုရပါမည်။

          သေသေချာချာ စူးစမ်းလေ့လာကြည့်တော့ ကူးစက်ရောဂါ ပြန့် ပွားခြင်းနှင့် ပတ်သက်၍ လှည့်ပြောင်းခြေကိုရောက်ဖို့ အကြောင်းတရား တစ်မျိုးထက်မက ရှိသည်ဆိုရပါမည်။ ကူးစက်ရောဂါတစ်မျိုး ပေါက်ကွဲ ပြီဆိုလျှင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်သွားသောကြောင့် ဖြစ်၏။ ၄င်းအပြောင်းအလဲသည် အောက်ဖော်ပြပါ နယ်ပယ်တွေထဲက နယ်ပယ် တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် သုံးခုစလုံးတွင် ဖြစ်ပေါ်သောကြောင့် ဖြစ်၏။ အဆိုပါပြောင်းလဲမှု ဖြစ်ပေါ်စေသော အကြောင်းတရားသုံးမျိုး ကို ကျွန်တော်က အနည်းစု ဥပဒေသ၊ စွဲကပ်ခြင်းအကြောင်းနှင့် ဆက်စပ် အခြေအနေ၏ စွမ်းအားဟူ၍ နာမည်ပေးထားပါသည်။

( ၁ )

          အရှေ့ရွာမှ လက်တစ်ဆုပ်စာ ကောင်လေးတစ်စု စတင်ပြုလုပ်ခဲ့သော လှုပ်ရှားမှုကြောင့် မွေးပွခွေးကလေး ရှူးဖိနပ်များသည် ခေတ်ရှေ့ပြေး ဖက်ရှင်ပုံစံတစ်ရပ် ဖြစ်သွားသည်။ ၄င်းရှူးဖိနပ်များလည်း မယုံနိုင်လောက်အောင် သောက်သောက်လဲ အရောင်းသွက်ပစ္စည်း ဖြစ်သွား သည်။

          နောက်ပြီး အိမ်ရာစီမံကိန်း အနည်းငယ်အကောင်အထည် ဖော် ခြင်းသည် ဘော်လ်တီမိုး မြို့ကြီးတွင် ဆစ်ဖလစ်ရောဂါ အရှိန်အဟုန် ပြင်းစွာပြန့်ပွားဖို့ အကြောင်းရင်းဖြစ်သွားသည့်အကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပြီ။

          ထိုအကြောင်းတွေ ပြောနေခြင်းမှာ လုပ်ငန်းစဉ်တစ်ခု သို့မဟုတ် စနစ်တစ်ခုထဲတွင် တချို့လူတွေသည် အခြားအခြားသော လူတွေထက် ပိုပြီးအရေးပါ အဓိကကျနေတတ်ကြောင်း ပြောချင်သောကြောင့် ဖြစ်ပါ သည်။

          စီးပွားရေးပညာရှင်များ မကြာမကြာ ပြောလေ့ရှိသည့် စကားထဲ တွင် ၈ဝ/၂ဝ သဘောတရားဆိုတာ ပါဝင်၏။ အဓိပ္ပာယ်ကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို “အလုပ်”၏ ၈၀ ရာခိုင်နှုန်းကို ပါဝင်ဆောင်ရွက်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းက ရာဇဝတ်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ကျူးလွန်ကြသည်။ မတော်တဆတိုက်ခိုက်မှု အားလုံး ၏ ၈၀ ရာခိုင်နှုန်းကို မော်တော်ယာဉ်မောင်းသူတွေထဲမှ ၂၀ ရာခိုင်နှုန်း က ကျူးလွန်ကြသည်။ ဘီယာသောက်သူ ၂၀ ရာခိုင်နှုန်းက ဘီယာ ပမာဏအားလုံး၏ ၈၀ ရာခိုင်နှုန်းကို သောက်သုံးကြသည်။

          ကူးစက်ပြန့်ပွားခြင်းနှင့် စပ်ဆိုင်လာသော အခါတွင်မူ အထက် ဖော်ပြပါ အချိုးအစား မညီမျှမှုသည် ပို၍ပင်လွန်ကဲသွားသေးသည်။ အလုပ်တစ်ခုလုံး၏ အစိတ်အပိုင်းအားလုံးနီးပါးကို ဆီးစေ့လောက်သာ ရှိသော လူနည်းစုကလေးက လုပ်ဆောင်သွားကြောင်း တွေ့ရ၏။

          ဥပမာ ပေါ့တာရက်သည် ကော်လိုရာဒိုစပရင်းတွင် ဂနိုရောဂါ ပြန့်ပွားမှုနှင့်ပတ်သက်၍ စိစစ်လေ့လာမှုပြုခဲ့၏။ သူက ခြောက်လကာလအတွင်း ကျန်းမာရေးဌာနသို့ လာရောက်ကုသမှုခံယူသည့် ရောဂါရှင် တိုင်းကို လေ့လာကြည့်၏။ ရောဂါရှင်အားလုံး၏တစ်ဝက်သည် ဆက်စပ် နေသော ရပ်ကွက်လေးကွက်မှဖြစ်ကြောင်း တွေ့ရသည်။ ၄င်းရပ်ကွက် လေးကွက်၏ အကျယ်အဝန်းသည် မြို့တော်၏ဧရိယာ အကျယ်အဝန်း အားလုံး၏ ၆ ရာခိုင်နှုန်းလောက်သာ ရှိ၏။ တစ်ဖန် ထို၆ ရာခိုင်နှုန်း ၏ တစ်ဝက်ရှိသောနယ်မြေမှ ရောဂါရှင်များသည် အရက်ဆိုင် ခြောက် ဆိုင်တည်းမှာသာ တစ်သမတ်တည်း ကျင်လည်ကျက်စားခဲ့ကြောင်း သိရသည်။

          ထို့နောက် ပေါ့တာရက်က စုစုပေါင်း ၇၆၈ ယောက်ရှိသည့် ထိုလူနည်းစုကလေးကို လူတွေ့မေးမြန်းမှုများ ပြုလုပ်သည်။ ထိုအထဲက လူ ၆ဝဝ သည် ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ဂနိုရောဂါ ကူးစက် စေခြင်း မပြုခဲ့ကြောင်းတွေ့ရ၏။ ထိုလူများကို သူက “တစ်ဆင့် မဖြန့်သူများ” ဟု သတ်မှတ်ထားသည်။ ကူးစက်ရောဂါ ကြီးထွားလာ စေသူများ၊ မိမိ ရထားသောရောဂါကို အခြားသူတစ်ဦးမှ ငါးဦးအထိ ဖြန့်ဝေကူးစက်စေသူများကတော့ ကျန် ၁၆၈ ဦးသာ ဖြစ်၏။

          တစ်နည်းဆိုရသော် လူဦးရေ ၁ဝဝ,ဝဝဝ ကျော် နေထိုင်သည့် ကော်လိုရာဒိုမြို့ကြီးတွင် ဂနိုရောဂါ တောမီးလောင်သလို ပျံ့နှံ့သွားသည် မှာ လူပေါင်း ၁၆၈ ဦး၏ အသွားအလာ အနေအထိုင်များကြောင့် ဖြစ်၏။ ထပ်ဆင့်ပြောရလျှင် သူတို့သည် ဆက်စပ်နေသော ရပ်ကွက် ကလေး ၄ ခုတွင် နေထိုင်ပြီး သတ်သတ်မှတ်မှတ် အရက်ဆိုင် ၆ ဆိုင်ထဲသို့သာ အစဉ်တစိုက် သွားခဲ့သူများဖြစ်ကြောင်း တွေ့ရ၏။

          ထိုလူ ၁၆၈ ဦးသည် ဘယ်သူတွေလဲ၊ သူတို့သည် သင်နှင့် မတူသလို ကျွန်တော်နှင့်လည်း မတူပါ။ သူတို့က ညစဉ်ညတိုင်း အပြင်ထွက်လည်သူတွေ။ ပုံမှန်လူတွေထက် များစွာပိုပြီး သွေးသားသောင်း ကျန်းဖော်များရှိသူတွေ။ သူတို့တစ်တွေ၏ဘဝများနှင့် အမူအကျင့် များသည် သာမန်လူများထက် ထူးကဲနေသူတွေ။

          ဥပမာအဖြစ်ပြရသော် မစ်ဇူရီပြည်နယ်။ အရှေ့စိန့်လူးဝစ်မြို့တွင် ဒါနဲလ်မက်ဂီးဆိုသူ ရှိ၏။ သူ့ကို “ဘော့စ်မင်း”ဟုလည်း ခေါ်ကြသည်။ ဒီလူက မြေပြင်စကိတ်စီး အလွန်ကျွမ်းသူ။ လူကောင်ထွားထွား၊ အရပ် က ခြောက်ပေကျော်။ အားကောင်းပြီး ကောင်မလေးတွေကြားတွင် ရေပန်းစားသူလည်း ဖြစ်၏။ စကိတ်ကွင်းတွင် သူနှင့် တွေ့ဆုံသိကျွမ်း ရသည့် ကောင်မလေးတွေဆိုလျှင် သူနှင့်လွတ်ကင်းသည် မရှိ။ သူ အနှစ်သက်ဆုံး၊ စိတ်ကြိုက်အတွေ့ဆုံးကတော့ ဆယ့်သုံးလေးနှစ် သမီး ကလေးတွေ။ သူတို့ကလေးတွေကို သူက လက်ဝတ်ရတနာတွေ ဝယ် ပေးသည်။ သူ့ ကဲဒီလက်ကားကြီးဖြင့် လျှောက်လည်ဖို့ခေါ်သည်။ မူးယစ် ဆေးဖြင့် မြောက်နေစေသည်။ ပြီးတော့ သွေးသားသောင်းကျန်းတော့၏။ ၁၉၉၅ မှ ၁၉၉၇ အတွင်း သူနှင့် အိပ်ခဲ့သည့် မိန်းမပေါင်း ၁ဝဝ အနည်းဆုံး ရှိသည်။ ထို့နောက်မှာတော့ ဘယ်သူမှန်း မသိရသောသေနတ်သမားတစ်ဦးက သူ့ကို ပစ်သတ်သွားသည်။ ထို့နောက်ပိုင်း တွင်မှ သိရသည်မှာ သူနှင့် လိင်ဆက်ဆံခဲ့သော မိန်းကလေးတွေထဲမှ အနည်းဆုံး ၃ဝ အား အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်စေခဲ့သည် ဆို၏။

          ထိုနှစ်နှစ်တာ ကာလအတွင်းမှာပင် မိုင်တစ်သောင်းငါးထောင် လောက် ဝေးသည့်ဒေသဖြစ်သည့် ဂျိမ်းစ်တောင်းမြို့ ကလေးတွင် “ဘော့စ် မင်း”လို လူစားတစ်ဦး ရှိ၏။ သူ့နာမည်က နပ်ရှောန်ဝီလျံ။ သူ့မှာ တခြားနာမည်ပြောင်တွေ အများကြီးရှိသည်။ သူကလည်း ကောင်မလေး ပေါင်းများစွာကို ထိန်းထားသူ၊ မြို့ထဲတစ်ဝိုက်တွင် တိုက်ခန်းသုံးလေး ခန်း ဖွင့်ထားသည်။ ဘရွန့်စ်မှ မူးယစ်ဆေးဝါး တင်သွင်းဖြန့်ဖြူးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသည်။ (ဝီလျံ၏အမှုကို ထဲထဲဝင်ဝင်သိခဲ့သောကူးစက်ရောဂါ ကာကွယ်ရေးပညာရှင်တစ်ဦးက ပြောပြခဲ့သည်မှာ ...

          “အဲဒီ လူဟာ ပါရမီရှင်ဗျ၊ ကျုပ်မှာသာ ဝီလျံရဲ့ အစွမ်းအစမျိုးရှိမယ်ဆိုရင် ကျုပ်ဘဝမှာ နောက်ထပ်တစ်ရက်တောင် အလုပ်လုပ်ဖြစ်မှာ မဟုတ်တော့ ဘူး”

          ဟူ၏။ )

          ဘော့စ်မင်းကဲ့သို့ပင် ဝီလျံသည်လည်း ညှို့ အားသိပ်ကောင်းသည့် ပျိုမေတို့ အချစ်တော်ဖြစ်၏။ သူက သူ့ကောင်မလေးတွေကို နှင်းဆီပန်းတွေ ဝယ်ပေးလေ့ရှိသည်။ သူ့ဆံပင်အရှည်ကြီးကို ကျစ်ဆံမြီးထိုးခွင့် ပေးသည်။ ဆေးခြောက်ဖြင့် ညလုံးပေါက်ဧည့်ခံသည်။ နောက်ပြီး သူ့တိုက်ခန်းများတွင် အရက်သေစာသောက်စားပြီး သွေးဆူစွာဖြင့် အထိန်းအကွပ်မဲ့ အုပ်စုလိုက်သောင်းကျန်းပွဲများ နွှဲကြသည်။ နောက်ဆုံး တွင် ထောင်နန်းစံသွားရသော ဝီလျံ၏စနက်ကြောင့် သူနှင့်ဆက်ဆံခဲ့ သည့် မိန်းမတွေထဲက အနည်းဆုံး တစ်ဆယ့်ခြောက်ယောက်သည် အိဒ်စ်ရောဂါ ရခဲ့သည်ဆို၏။

          ပြင်သစ်- ကနေဒီယံကပြား တန်ဒူးဂပ်ဆိုသည့် လေယာဉ် မောင် တစ်ဦးရှိသေးသည်။ မြောက်အမေရိက တစ်ခွင်တစ်ပြင်တွင် သူနှင့်အိပ်စက်အိပ်ဖက် မိန်းကလေးပေါင်း ၂,၅ဝဝ ကျော်ရှိသည် ဆို၏။ ကနဦးပိုင်း အိဒ်စ်ရောဂါစွဲကပ်သည့် ရောဂါသည်တွေထဲက အနည်းဆုံး ၄၀ သည် ဒူးဂပ်နှင့် အိပ်ခဲ့သည့်မိန်းမတွေဖြစ်နေကြောင်း တွေ့ရလေ သည်။

          ကူးစက်ရောဂါများ တောမီးလောင်သလို နေ့ချင်းညချင်း ပြန့်ပွား အောင် ဖန်တီးသူများသည် သူတို့လိုလူစားများ ဖြစ်ပါသည်။

          လူမှုရေးဆိုင်ရာ ကူးစက်ပြန့်ပွားမှုများသည်လည်း ထိုနည်းအတိုင်း ထပ်တူထပ်မျှ ဖြစ်ပေါ်ပါသည်။ ထိုကူးစက်ပြန့်ပွားမှုများကို ထူးခြားသောလက်တစ်ဆုပ်စာလူစုက ဖန်တီးသွားကြသည်။ သူတို့ကျတော့ အခြားသူ များနှင့်မတူ တစ်မူထူးခြားစေသည်မှာ ပြင်းထန်သောရာဂစိတ်ကြောင့် မဟုတ်။ သူတို့အပေါင်းအသင်းတွေကြားတွင် ဘယ်လောက်လူပေါင်းဆုံ သလဲဆိုတာမျိုး၊ ဘယ်လောက်ထကြွလုံ့လ ရှိသလဲဆိုတာမျိုး၊ အသိပညာ ပိုင်းတွင် ဘယ်လောက် နှံ့စပ်ကြွယ်ဝသလဲ ဆိုတာမျိုး၊ ဘယ်လောက် သြဇာလွှမ်းမှု ရှိသလဲဆိုတာမျိုးတွေကြောင့် ဖြစ်၏။

          ခွေးစုတ်ဖွားဖိနပ်များ ကိစ္စကိုကြည့်ပါ။ မင်ဟတ်တန်ရပ်ကွက်မှ ကွန့်ကွန့်ညွန့်ညွန့် အဝတ်အစားများ ဝတ်ဆင်တတ်သော ဟစ်ပီကလေး တစ်စုက ဝတ်စားဆင်ယင်ရာမှ နိုင်ငံတစ်ဝန်းရှိ ဖက်ရှင်ပစ္စည်းအရောင်း ဆိုင်ကြီးများတွင် တင်ရောင်းရသောဖိနပ်များ ဖြစ်လာသည်မှာ အံ့မခန်းလောက်သော လျှို့ဝှက်ဇာတ်လမ်းကြီး ဖြစ်၏။ သည်တော့ သည် ဇာတ်လမ်းကို စခဲ့သည့် ဟစ်ပီကလေးတွေ နေထိုင်သောအရှေ့ရွာကလေး နှင့် အမေရိကအလယ်ပိုင်းဒေသကြီး ဘယ်လိုအဆက်အသွယ် ရှိပါ သလဲ။

          အနည်းစုဥပဒေသက ရှင်းပြသည်မှာ အဆိုပါထူးခြားသူများထဲက တစ်ဦးတစ်ယောက်က ခေတ်ရေစီးကြောင်းကို သိမြင်သွားသည်။ ထိုသူ က သူ၏စိတ်အားထက်သန်မှု၊ ထကြွလုံ့လရှိမှု၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝမှုတို့ကိုအသုံးချပြီး လူမှုရေးအဆက်အသွယ်များမှတစ်ဆင့် ခွေးစုတ် ဖွား ဖိနပ်များအကြောင်း ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်ဆို၏။ ထိုသူသည် အိပ်ခ်ျအိုင်ဗွီပိုးများ ဖြန့်ဝေပေးသည့် တန်ဒူးဂပ်နှင့် နပ်ရှောန်ဝီလျံတို့ ကဲ့သို့ပင် ဖြစ်သည်ဟု ဆိုပါသည်။