Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - လူဖြစ်ကျိုးနပ် ဘဝနေနည်း

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ယုံကြည်မှု

          ဘာသာတရား တော်တော်များများတွင် တန်ခိုးဣဒ္ဓိပါဒ်ကို ယုံကြည်မှုတစ်ရပ် ရှိနေ၏။ ဤကား ဘုရားသခင် သို့မဟုတ် ဝိညဉ်လောက၏ စွမ်းပကားများကို ယုံကြည်ခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ တချို့ကဆို နတ်ဘုရားများစွာကို ယုံကြည်ကိုးကွယ်ဖို့ ဟောပြော စည်းရုံးကြ၏။

          H+ တွင် ယုံကြည်ချက် တစ်မျိုးပဲ ရှိသည်။ ၎င်းယုံကြည်ချက်မှာ သင့်တွင် ငုပ်လျှိုးစွမ်းရည်များ ရှိနေကြောင်းနှင့် ဘဝတူ လူသားများတွင် လည်း ငုပ်လျှိုးစွမ်းရည်များ ရှိကြောင်း သင်ကိုယ်တိုင် ယုံကြည်နေခြင်း ဖြစ်၏။ H+ က အဆိုပါငုပ်လျှိုစွမ်းရည်များ ဖွံ့ဖြိုးလာအောင် ဖော်ဆောင် ပေးမည့် အခြေခံမူများ ချမှတ်ပေးသည်။ သင်သည် တစ်နည်းနည်းဖြင့်ဆောင်ရွက်လို့ရသည်ဟုယုံကြည်သည်။ သို့တည်းမဟုတ် ဤ H+ နည်းဖြင့် ဆောင်ရွက်လို့ ရနိုင်သည်ဟု နောက်ဆုံးတစ်နေ့တွင် ယုံကြည် လာသည်။

တွဲဖက်လို့ရခြင်း၊

          H+ သည် ဘဝနေနည်းတစ်ခု ဖြစ်၏။ ဤဘဝနေနည်းသည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဟိန္ဒူဘာသာ စသည့် အခြား ယုံကြည်ကိုးကွယ်မှုတွေထဲမှ ဘယ်ဘာသာတရားနှင့် မဆို အပြည့်အဝ တွဲဖက်လို့ရ၏။

          H+ သည် အခြားအခြားသော ယုံကြည်မှုစည်းစနစ်များကို ထိခိုက်စေခြင်းမရှိ။ သို့မဟုတ် ယှဉ်ပြိုင်ခြင်းမပြု။

          သင့်အနေဖြင့် အခြားတန်ဖိုးများနှင့် ဘာသာတရားများကို လက်ခံမြဲ၊ ယုံကြည်မြဲ ဆက်လက်ယုံကြည်လက်ခံနေပြီး ၎င်းယုံကြည်မှု တွေထဲတွင် H+ ကို ပေါင်းစပ်ဖြည့်စွက်လိုက်ရုံဖြစ်၏။

          H+ က ဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံမူတစ်ခုကို ဖော်ဆောင် ပေး၏။ ဘာသာတရား တော်တော်များများတွင် ဆောင်ရွက်ခြင်း ဆိုင်ရာ အခြေခံမူများသည် အကြွင်းမဲ့ ယုံကြည်လိုက်နာရမည့် အခြေခံ မူများဖြစ်၏။ သို့သော် ဆောင်ရွက်မှုအပေါ် အခြေပြုထားသည့် H+အခြေခံမူများလောက် တိကျပြတ်သားမှု မရှိချေ။

          ဤ H+ ဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံမူသည် အခြားဘာသာ တရား သို့မဟုတ် ယုံကြည်မှု စည်းစနစ်နှင့် ဆန့်ကျင်ဖီလာ မဖြစ်သည့် အတွက် သက်ဝင်ဆဲ ယုံကြည်ကိုးကွယ်မှုများထဲမှ မည်သည့် ယုံကြည် ကိုးကွယ်မှုတွင်မဆို ပေါင်းစပ် ထည့်လို့ရ၏။

ခြားနားချက်

          ဘာသာတရားအများစုက အကုသိုလ်ဒုစရိုက်မှုများ၊ မတော် မတရားပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြဖို့ အလေးထား အာရုံစိုက် သည်။ H+ လုံးဝဥသုံ ဦးစားပေး အလေးထားသည်မှာ အပြုသဘောဆောင်ရွက်မှုဖြစ်၏။ သင့်အနေဖြင့် အကျိုးပြုဆောင်ရွက်ခြင်းဖြင့် ခြားနားချက်တစ်ခု ပြုလုပ်လို့ရ၏။ မကောင်းမှုဒုစရိုက်များ မကျူးလွန် မိအောင် စောင့်ထိန်းခြင်းသည် ကောင်းပါသည်။ သင့်မြတ်ပါသည်။ သို့သော် ထိုမျှလောက်ဖြင့် ပြည့်စုံလုံလောက်ခြင်း မရှိသေးပါ။ တကယ် တမ်းဦးစားပေး အလေးထားရမည်မှာ ဆောင်ရွက်မှုဖြစ်၏။ ထို့ပြင် သတ္တလောကကြီးနှင့် ဆက်စပ် ပတ်သက်နေဖို့ ဖြစ်၏။

          ဘာသာတရားတော်တော်များများက ကမ္ဘာလောကကြီးကို၊ ပြီးတော့ အေးဆေး ငြိမ်သက်ခြင်း၏ ငြိမ်းချမ်းမှုကို စွန့်ပယ်ဖို့တရား ချ၏။ H+ ကမူ ဆောင်ရွက်မှုနှင့် ဖြစ်မြောက်အောင်မြင်မှုကိုပဲ အဓိက ထားသည်။ သင်၏ လူဖြစ်ကျိုးနပ်မှုသည် သင်၏ ဖြစ်မြောက်အောင်မြင်မှုများကို အကြောင်းပြုပြီး ဖြစ်ထွန်းလာသည်။ ထိုင်ပြီး တရားအားထုတ်နေခြင်းမှ ဖြစ်ထွန်းလာခြင်း မဟုတ်။

          H+ တွင် မွေးရာပါ ကိုယ်တိုင်ယုံကြည်မှု စည်းတွေ စနစ်တွေ မရှိ။ H+ တွင် သင့်ကိုယ်သင် ယုံကြည်မှုရှိသည်။ သင့်ကိုယ်သင် ယုံကြည်မှု မလွဲမသွေ ရှိနေသည်ဟု မဆိုလို။ သို့သော် ရှိလာနိုင်သည် ဟု ဆိုလိုပါသည်။ တစ်ချိန်တည်းတွင် မည်သည့် ဘာသာတရားမှ မည်သည့် ယုံကြည်မှုစည်းစနစ်များကိုမဆို အပြည့်အဝ လက်ခံလို့ ရ၏။ ဤအချက်သည် ဘာသာတရားအများစုနှင့် မတူသည့်အချက် ဖြစ်၏။ ဘာသာတရားအများစုက အခြားအခြားသော ယုံကြည်မှု စည်းစနစ်များကို သည်းခံ နာယူခြင်းမပြု။

ဘဝနေနည်း

          ဗုဒ္ဓဘာသာသည် ဘာသာတရားတစ်ခု ဖြစ်သကဲ့သို့ H+ သည် လည်း ဘာသာတရားတစ်ခုပင်။

          H+ သည် ဘဝနေနည်းတစ်ရပ်ဖြစ်၏။ ထို့ကြောင့် ဘဝနေနည်း ဘာသာတရားကို ခြုံငုံမိအောင် ဘဝ နေနည်းတရားဟု အသုံးအနှုန်းအသစ်တစ်ခု ထွင်သင့်လေသလား။