Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မြတ်ငြိမ်း - မူးပဲအစဖြင့်ထူးကဲဘဝတည်ဆောက်သူများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

အောင်မြင်ရေးမှာဘာအဓိကလဲ

          စီးပွားရေးလောကတွင် ထိပ်တန်းသို့ရောက်နေသူများအကြောင်း စူးစမ်းလေ့လာကြည့်သောအခါ ထူးခြားချက်တစ်ချက်ကို တွေ့ရ၏။ ယင်းအချက်မှာ သူတို့တွေထဲမှ အများစုသည် မူးစုပဲစုလုပ်ငန်းငယ် ကလေးများဖြင့် ဘဝကို စတင်ခဲ့သူများ ဖြစ်နေခြင်းပင်။

          ထို့ပြင် အမှတ်မဲ့ပြောလိုက်သော စကားတစ်ခွန်း၊ မတော်တဆ ဆုံစည်းမှုတစ်ခု စသည်တို့ကလည်း သူတို့ကိုယ်သူတို့ပင် သတိမထား မိဘဲ ဘဝအလှည့်အပြောင်းများကို ဖြစ်စေခဲ့၏။ ယင်း အလှည့်အပြောင်း များက သူတို့အား အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တွန်းတင်ပေးခဲ့ ကြောင်း အံ့သြဖွယ်တွေ့ရှိရ၏။

          တစ်ခါက သမ္မာကျမ်းစာသင်တန်းမှ ဆရာဖြစ်သူက သူ့တပည့် နှစ်ဦးအား ကုန်စည်ဈေးကွက်တွင် ဝက်မှင်ဘီးများ ပြုလုပ်ရောင်းချပြီး ဝင်တိုးကြည့်ပါလားဟု အကြံပေး၏။ ထိုအခါ တပည့်တစ်ယောက်က “ဟုတ်ကဲ့” ဟု ပြောသည်။ နောက်တစ်ယောက်ကတော့ “ဟင့်အင်း” ဟုပြောသည်။

          “ဟုတ်ကဲ့” ဟုဆိုသူတွင် ထိုသို့ပြောရလောက်အောင် ဝက်မှင်ဘီးနှင့် ပတ်သက်၍ ဘာအတွေ့အကြုံမျှမရှိ။ သူသည် သတင်းစာရောင်းဖူး သည်။ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်၏ လက်ထောက်လုပ်ဖူးသည်။ သို့သော် သူက သူ့ဆရာ အမှတ်မထင်ပြောလိုက်သည့် စကားတစ်ခွန်း ကို ရင်မှာပိုက်ပြီး ဝက်မှင်ဘီးများ ပြုလုပ်ရောင်းချဖို့ ကြံစည်အားထုတ် သည်။ နောင်တစ်ချိန်တွင် သူသည် ဝက်မှင်ဘီးမျိုးစုံထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်ပြီး စီးပွားရေးလောက၌ ထိပ်တန်းသို့ရောက် ခဲ့လေသည်။

          သြစတြေးလျပြည်ဖွား မက်ဖာဆန်ရောဘတ်ဆန်သည် ကိုးနှစ် သားအရွယ်ကတည်းက သားသမီးငါးယောက်အား ရှာဖွေကျွေးမွေးနေ သည့် မိခင်ဖြစ်သူအား ကူညီခဲ့ရ၏။ သူသည် နံနက် ၃နာရီတွင် အိပ်ရာမှ ထသည်။ လမ်းစရိတ်အကုန်မခံနိုင်သဖြင့် သုံးမိုင်ခွဲဝေးသော အလုပ်ခွင် သို့ ခြေကျင်လျှောက်ရသည်။ နံနက် ၇း၃၀ တွင် အလုပ်ခွင်မှပြန်သည်။ အလုပ်ခွင်မှ အိမ်အပြန် လမ်းတစ်လျှောက်တွင် သတင်းစာပို့သည်။ ၈၃ဝ တွင် အိမ်ပြန်ရောက်သည်။ ထို့နောက် ကျောင်းတက်ရသည်။

          ကျောင်းဆင်းပြီး နောက်ပိုင်း ညနေ ၆ နာရီမှ ည ၁၀ နာရီထိ သူ့အလုပ် ရှင်ဖွင့်ထားသည့် ဆံပင်ညှပ်ဆိုင်တွင် အကူလုပ်သားအဖြစ်လုပ်ရသည်။ သူ့လုပ်ခမှာ သီတင်းတစ်ပတ်လျှင် ၂ ရှီလင် (ယခုပေါက်ဈေးဖြင့် ၃၄ ကျပ်ခန့်) ဖြစ်၏။

          ဆယ်နှစ်သားအရွယ်တွင် ကျောင်းထွက်လိုက်သည်။ အလုပ်မျိုးစုံ လျှောက်လုပ်သည်။ အချိုမုန့်များ ပြုလုပ်ရောင်းချသူ တစ်ဦးထံတွင် လည်း လုပ်ဖူးသည်။ သည်အလုပ်ကိုတော့ သူကြိုက်သည်။ စိတ်ဝင်စား သည်။ ထို့ကြောင့် အချိုမုန့်လုပ်ငန်းပိုင်ရှင် နောက်တစ်ဦးထံတွင် ငါးနှစ်ကြာ ဝင်ရောက်လုပ်ကိုင်ရင်း ထိုလုပ်ငန်းနှင့်ပတ်သက်သည့် အတွေ့ အကြုံဗဟုသုတများ ရှာမှီးသည်။

          အသက် ၂ဝ ရောက်တော့ သူက ကိုယ်ပိုင်လုပ်ငန်းကို စတင်ထူ ထောင်တော့၏။ သူ့စက်ရုံမှာ သူ့အိမ်ရှိ ရေချိုးခန်းဖြစ်၏။ သူ့စက် ပစ္စည်းများမှာ ယခုပေါက်ဈေးဖြင့်တွက်လျှင် ကိုးကျပ်တန် အိမ်ရိုက်သံပုံး တစ်လုံး၊ ငါးကျပ်တန် သတ္တုခွက်တစ်ခွက်၊ ပလတ်စတာဖြင့် ပြုလုပ်ထား သည့် ပုံသွန်းခွက်ကလေးပေါင်း ၂ဝ တို့ဖြစ်၏။ သူ၏ကုန်ကြမ်းပစ္စည်း မှာ သကြားပိဿာ အနည်းငယ်မျှသာဖြစ်၏။ သူက အဆိုပါသကြားဖြင့် သကြားရုပ်ကလေးတွေ ပြုလုပ်သည်။ သီတင်းတစ်ပတ်လျှင် လေးရက် အရုပ်ကလေးများ ပြုလုပ်သည်။ ကျန်နှစ်ရက်တွင် သူ့လက်ရာ သကြား ရုပ်ကလေးများကို ဗန်းကြီးတစ်ခုထဲထည့်ကာ ခေါင်းပေါ်ရွက်ပြီး လျှောက် ရောင်းသည်။ သကြားရုပ်ကလေးများကို သူ့မိခင်က ညဉ့်နက်သန်းခေါင် တိုင် ထိုင်ပြီး အလှဆင်ပေးရသည်။ ပထမဦးဆုံး စရောင်းသည့်နေ့တွင် သူ၏အမြတ်ငွေမှာ ၃၄ ကျပ်ခန့်ရှိသည်။ နောင်နှစ်ပေါင်းလေးဆယ် ကြာသောအခါ သူ့စက်ရုံ၏လည်ပတ်ငွေမှာ တစ်နှစ်လျှင် ကျပ်ငွေသိန်း ပေါင်း ၆၈ဝ ကျော်နေပြီ။ အလုပ်သမား ၂၅ဝဝကျော် ခန့်ထားရပြီး ၎င်းအလုပ်သမားများအား ပေးရသည့်လုပ်ခမှာ တစ်နှစ်လျှင် ကျပ်သိန်း ပေါင်း ၁၇ဝ ကျော်ရှိလေသည်။

          ထိုအချိန်တွင် သူ့ကို “ဆာ”ဘွဲ့ အပ်နှင်းထားပြီးဖြစ်သဖြင့် `ဆာမက် ဖာဆန်ရောဘတ်ဆန်” ဖြစ်နေပြီ။ သြစတြေးလျ၏မြို့တော် မဲလ်ဘုန်းမြို့ နှစ်တစ်ရာမြောက် ပွဲတော်ကျင်းပရာ၌ လေကြောင်းပြိုင်ပွဲတစ်ရပ် ပါဝင်ရာ ထိုပြိုင်ပွဲတွင် ဆုပေးရန်အတွက် သူက ကျပ်ငွေ သိန်း ၃၄ဝ လှူဒါန်းခဲ့ လေသည်။

          နောင်တစ်ချိန်တွင် သူက ပြန်ပြောပြသည်မှာ မဲလ်ဘုန်းမြို့ရှိ ရေချိုးခန်းအဟောင်းထဲ၌ သကြားရည်တွေ ပွက်ပွက်ဆူနေသည်ကို ကြည့်ရင်း တစ်နေ့တွင် ပိုင်ဆိုင်လာမည့် ဧရာမစက်ရုံကြီးများကို သူ့စိတ်မျက်စိထဲတွင် မြင်ယောင်နေသည်ဟူ၏။ သူက စိတ်ကူးယဉ်သမားဖြစ် ပါသည်။ စိတ်ကူးယဉ်အိပ်မက်များကို သူယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်ကူးယဉ်အိပ်မက်များက မိမိသွားရမည့်အရပ်ကို ဖော်ပြပြီး မိမိလျှောက်ရမည့်လမ်းကို ညွှန်ပြပေးသောကြောင့် ဖြစ်သည်ဟု သူကဆိုသည်။

          သို့သော်.. အောင်မြင်မှုကိုလိုချင်လျှင် မိမိက အခြားသူများထက် ပိုပြီး အလုပ်ကို ကြိုးစားရမည်။ မိတ်ဆွေအပေါင်းအသင်းများက အပျော် ရှာနေချိန်တွင် မိမိကအလုပ်ကို ကျားကုတ်ကျားခဲ အားထုတ်နေရမည် ဆိုသည်ကို သူသိထားခဲ့သည်ဟု သူကပြောပါသည်။ အောင်မြင်မှုဆို သည်မှာ ခက်ခဲစွာရယူရသောအရာဖြစ်သည်။ ထို့ကြောင့် အောင်မြင်မှုရ ရေးအတွက် မိမိသည် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ် မည်သာ ဖြစ်သည်။ ထို့ပြင် ပြိုင်ဘက်များကို အနိုင်ရရေးအတွက် မိမိ၏ လုပ်ငန်းကို အမြဲတမ်း ဆန်းသစ်တီထွင်နေရမည်ဟုလည်း သူ၏အောင်မြင်မှု လျှို့ဝှက်ချက်ကို ပြောပြသည်။ သူသည် လုပ်ငန်းနှင့် ပတ်သက်လာလျှင် အောက်သက်ကျေသူ ဖြစ်၏။ သို့မှ အရေးကြုံလာ လျှင် ဘယ်သူ့နေရာမှာမဆို သူဝင်လုပ်နိုင်မည်ဟု ထောက်ပြခဲ့၏။

          အင်္ဂလန်ပြည်၏ မော်တော်ယာဉ် ထုတ်လုပ်ရေးလောကကို ထူထောင်ခဲ့သူ အများစုသည် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူးကိုယ်ချွန် သမားများသာဖြစ်၏။ ထိုသူတွေထဲတွင် “ဝီလျံရစ်ချတ် မောရစ်”လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။

          မောရစ်သည် အောက်စဖို့ ရှိုင်းယားမည်သော ကျေးရွာကလေး တွင် မွေးဖွားကြီးပြင်းခဲ့၏။ သို့ သော် အသက် ၁၆ နှစ်တွင် “ငါ့ကို ဝီလျံရစ်ချတ်မောရစ်ထက် ဘယ်သူကမှ ပိုပြီးဝင်ငွေကောင်းကောင်း ပေးနိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါ ဝီလျံရစ်ချတ်မောရစ် အတွက်ပဲ အလုပ်လုပ်မယ်”ဟု ကြုံးဝါးခဲ့သူဖြစ်၏။

          ထို့ကြောင့် သူသည် ကျပ် ၁,၄ဝဝ လောက်ဖြင့် အောက်စဖို့မြို့ တွင် စက်ဘီးပြင်ဆိုင်တစ်ဆိုင် ဖွင့်သည်။ ထို့နောက် ကိုယ်ပိုင်စက်ဘီး များဖြစ်လာအောင် တပ်ဆင်ထုတ်လုပ်သည်။ သူထုတ်လုပ်သည့် စက်ဘီးများကို ကောလိပ်ကျောင်းသားများက အခကြေးငွေဖြင့် ငှားရမ်း သည်။ သူ့စက်ဘီးတွေကောင်းကြောင်း သက်သေထူရန် တိုင်းပြည် တစ်နံတစ်လျားတွင် ကျင်းပသမျှ စက်ဘီးစီးပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်စေသည်။

          ထို့နောက်တွင်တော့ သူက စက်ဘီးမှ မော်တော်ဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်မှ မော်တော်ကား ထုတ်လုပ်ရေးအထိ သူ့လုပ်ငန်းကို တစ်ဆင့်ပြီးတစ်ဆင့် ချဲ့ထွင်ဖို့စီစဉ်ခဲ့၏။ စစ်ဆေးပြင်ဆင်ရန် သူ့ဆီ ရောက်လာသည့် မော်တော်ယာဉ်များ၏ ပုံစံများကို သူကလေ့လာသည်။ ဆန်းစစ်သည်။ ပြီးတော့ သူကိုယ်တိုင် မော်တော်ယာဉ်များ ထုတ်လုပ်ဖို့ စီစဉ်သည်။ သူပထမဆုံး ထုတ်လုပ်မည့် မော်တော်ကားစီးရေ ၄ဝဝကို ဝယ်ယူရန် အမှာစာများရသည်။ သို့ဖြင့် သူ့အဖေငယ်စဉ်က ပညာ ဆည်းပူးခဲ့သော ကျောင်းအိုကျောင်းပျက်ကြီးကို စက်ရုံအဖြစ် အသွင်ပြောင်းကာ သူ၏ပထမဆုံး မော်တော်ကားများကို ထုတ်လုပ်ခဲ့၏။ ထို့နောက်တွင်တော့ မောရစ်က သူ့ကားများကို လူတိုင်းစီးနိုင်အောင် ကျပ်ငါးသောင်းခြောက်ထောင်တန် မော်တော်ကားများ ထုတ်လုပ်ရန် စီစဉ်တော့၏။

          ပထမကမ္ဘာစစ်အပြီးတွင်မူ သူ၏ မောရစ်ကားများသည် နိုင်ငံ တစ်ဝန်းတွင် ပြောစမှတ်ပြုရလောက်အောင် တွင်ကျယ်လာသည်။ သူ့စက်ရုံမှ တစ်နှစ်လျှင် မော်တော်ကားစီးရေ ၁၅၀,၀၀၀ ထုတ်လုပ် ပေးရပြီး အလုပ်သမားပေါင်း သောင်းချီပြီး ခန့်ထားခဲ့ရ၏။

          သန်းပေါင်းများစွာ ချမ်းသာသော သူကြွယ်ကြီးဖြစ်လာပြီး ငွေကြေးကို ရှေ့တန်းမတင်ရသော ဘဝမျိုးသို့ ရောက်သောအခါ မောရစ် က အလှူဒါနများကို ရက်ရက်ရောရော ပြုလုပ်ခဲ့၏။ အဓိပ္ပာယ်ရှိသော လုပ်ငန်းများအတွက် ရန်ပုံငွေများ ထူထောင်ပေးပြီး အခြားသူများအား စိတ်ချမ်းသာမှုပေးခဲ့သည်။ သို့တိုင် သူကတော့ အလုပ်ကိုမပြတ် ဆက် လုပ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် အလုပ်ဆိုတာ လူတိုင်းအတွက် သဘာဝကျတဲ့ ဆောင်ရွက်မှုဖြစ်လို့ပဲ၊ အလုပ်ကို ကြိုးကြိုးစားစား လုပ်နေ ချိန်ဟာ လူတစ်ယောက်အတွက် ပျော်စရာအကောင်းဆုံးအချိန်ပဲ”ဟု သူကခံယူထားသောကြောင့် ဖြစ်ပေသည်။

          ကမ္ဘာကျော် “ရိုးလ်ဂျွိုက်စ်” အင်ဂျင်များထုတ်လုပ်ခဲ့သူ ဟင်နရီ ရွိုက်စ် သည်လည်း သတင်းစာအရောင်းသမားကလေးအဖြစ် ဘဝကို စခဲ့ရ၏။ ထို့နောက်တွင်မှ ဂရိတ်နော့သန်း မီးရထားကုမ္ပဏီတွင် အလုပ် သင်အင်ဂျင်နီယာအဖြစ် ဝင်လုပ်သည်။ သူ့အသက် ၂၁ နှစ် ရောက်သော အခါ ငွေကျပ် ၃၄,ဝဝဝ ခန့်ဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ထူထောင် သည်။ သူက ကာဗွန်ဖြင့် မီးလင်းစေသော မီးအိမ်များပြုလုပ်ရောင်းချ သည်။ ထိုအတောအတွင်း နိုင်ငံခြားဖြစ် မော်တော်ကားတစ်စီး ဝယ်စီး သည်။ ထိုကားကို ကြည့်ကြည့်ပြီး စွဲလမ်းနှစ်ခြိုက်နေသည်။ ပြီးတော့ စိတ်ထဲမှာလည်း မခံချင်စိတ်တွေ တရွရွလှိုင်းထနေသည်။ သူက တစ်နေ့ တစ်နေ့ ထိုကားအင်ဂျင်ကို တစ်နှိုက်ထဲနှိုက်နေတော့၏။ မှတ်မှတ်ရရ တစ်နေ့တွင်မူ စိတ်ထဲ၌ အောင့်အည်းမနေနိုင်တော့ဘဲ “ငါ ဒီအင်ဂျင် ထက်ကောင်းတဲ့ အင်ဂျင်တစ်လုံး တည်ဆောက်နိုင်တယ်ကွ” ဟု ကြွေး ကြော်မိသည်အထိ ဖြစ်ခဲ့ရလေသည်။

          မကြာမီအတွင်းမှာပင် သူက ယိုယွင်းပျက်စီးနေပြီဖြစ်သော စက်ရုံ အိုကြီးတစ်လုံးကို ပြန်လည်ပြုပြင်ပြီး သူကိုယ်တိုင် ပုံစံထုတ်သည့် မြင်းကောင်ရေ ၁၀ ကောင်အားရှိ အင်ဂျင်များကို စတင်ထုတ်လုပ်တော့၏။ ထိုအခါ အလွန်တော်သည့် အင်ဂျင်နီယာတစ်ဦးဖြစ်သူ ရိုးလ်”က သူ နှင့်လာပြီးပေါင်းသည်။ ပြီးတော့ အစုစပ်လုပ်ငန်း တည်ထောင်ကြသည်။ ထိုအချိန်မှစပြီး ကမ္ဘာကျော် ရိုးလ်ဂျွိုက်စ်” အင်ဂျင်များ ထုတ်လုပ်သည့် ကုမ္ပဏီကြီး စတင်ပေါ်ပေါက်ခဲ့လေသည်။

          ထိုစဉ်အခါက ရွိုက်စ်သည် ‘တူတစ်ချောင်းနှင့်ပုဂ္ဂိုလ်” ဟူ၍ နာမည်ကြီး၏။ သူက နေ့စဉ်နေ့တိုင်း စက်ရုံထဲတွင် လှည့်ပတ် ကြည့်ရှု စစ်ဆေးသည်။ ထိုသို့ လှည့်ပတ်ကြည့်ရှုတိုင်း သူ့လက်ထဲတွင် တူတစ်ချောင်း ကိုင်လာလေ့ရှိသည်။ အကယ်၍ သူ့စက်ရုံထဲတွင် တည်ဆောက် ထားသည့် အင်ဂျင်တစ်လုံးသည် သူသတ်မှတ်ထားသည့် စံချိန်စံညွှန်း အတိုင်း မမီပါက ထိုအင်ဂျင်ကို လက်ထဲမှတူဖြင့် ရိုက်ခွဲပစ်လေ့ရှိသည်။ ရွိုက်စ်ကား စေ့စပ်သူ၊ တိကျသူအဖြစ် နာမည်တစ်လုံးနှင့် နေသူတည်း။

          မူးပဲအစဖြင့် ထူးကဲဘဝရလာသူတွေထဲတွင် “ကမ်းမင်း”ဆိုသူ တစ်ဦးလည်း ပါဝင်သည်။ သူသည်လည်း သတင်းစာအရောင်းသမား လေးအဖြစ် ဘဝကိုစခဲ့ရသည်။ တစ်နေ့တွင် သူသည် သတင်းစာပို ရောင်းရရေးအတွက် စိတ်ကူးတစ်ခုရသည်။ သူက အဝတ်လှန်းသည့် တန်းတစ်တန်းကိုယူပြီး တန်းထိပ်တွင် အဝတ်အိတ်တစ်အိတ် ချည်ထား သည်။ အဝတ်အိတ်တွင် အကြွေထည့်ဖို့ ဘေးကပ်အိတ်ကလေးလည်း ပါသည်။ ထို့နောက် အဝတ်အိတ်ထဲတွင် သတင်းစာထည့်ပြီး ဘတ်စ် ကားမှတ်တိုင်များ၌ လိုက်ရောင်းရာနှစ်ထပ်ကား၊ သုံးထပ်ကားကြီးများ ပေါ်မှ ခရီးသည်တွေ လွယ်လွယ်ကူကူ သတင်းစာဝယ်နိုင်တော့၏။ သို့ဖြင့် သူ၏သတင်းစာရောင်းအားသည် သုံးဆမျှတက်သွားလေသည်။

          စုဆောင်းရရှိသော ငွေစကလေးဖြင့် မီးရထားဘူတာရုံအပြင် ဘက်တွင် ဆိုင်ခုံကလေးတစ်ခုံငှားပြီး သတင်းစာနှင့် စာအုပ်စာတမ်းများရောင်းသည်။ နောက်တစ်ဆင့်အဖြစ် ဘူတာရုံကြီးထဲမှ ဆိုင်ခန်းတစ်ခန်း ကိုငှားပြီး စာနယ်ဇင်းအရောင်းဆိုင် ဖွင့်သည်။ ပြီးတော့ ဆိုင်ခန်း၏ နောက်ဘက်တွင် ပုံနှိပ်သော လစဉ်ထုတ်သတင်းလွှာတစ်စောင် ထုတ် ဝေသည်။ မြို့နယ်မဂ္ဂဇင်းနှင့်တူသည့် စာမျက်နှာ ၂ဝ ပါ သတင်းလွှာမှာ လူကြိုက်များလာပြီး စောင်ရေထောင်ပေါင်းများစွာ ရိုက်နှိပ်လာရသည်။ သို့ဖြင့် ဆင်းရဲမွဲတေလှသော သတင်းစာအရောင်းသမားကလေးသည် လူကြိုက်များသည့် သတင်းလွှာ ထုတ်ဝေသူတစ်ဦးဖြစ်လာသည်။

          သူအသက် ၁၅ နှစ်အရွယ် သတင်းစာအရောင်းသမားကလေး ဘဝက “ဆန်း”သတင်းစာကြီးကို ဦးစီးထုတ်ဝေနေသည့် ‘တီပီအိုကွန်နာ” နှင့် မိတ်ဆက်ပေးခြင်းခံရဖူးသည်။ ထိုအခါ တီပီက သူ့အား “ငါ့ရဲ့ ထုတ်ဝေသူ ပြောစကားအရတော့ မင်းဟာ လန်ဒန်မှာရှိတဲ့ သတင်းစာ အရောင်းသမားတွေထဲမှာ အတော်ဆုံးပဲလို့ သိရတယ်ကွ။ ဒီတော့ကွာ မင်းကို ငါ့ရဲ့ အရိပ်အာဝါသအောက်ကို ခေါ်သွင်းပြီး မင်းကို သတင်းစာ သမားတစ်ဦးဖြစ်လာအောင် လေ့ကျင့်ပေးဖို့ ငါစိတ်ကူးထားတယ်ကွ” ဟု ပြောခဲ့၏။

          ထိုအခါ ကမ်းမင်းက “နေပါစေ၊ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်ကတော့ ကျွန်တော် ခုလုပ်နေသလိုပဲ ကိုယ့်လမ်းကိုယ်ထွင်ပြီးလျှောက်ချင်ပါတယ်” ဟု ပြန်ပြောခဲ့သည်ဆို၏။ သူသည် နောင်တစ်ချိန် တွင် “မက်စ်ဝဲလ်ဟေးလ်မှတ်တမ်း” သတင်းစာကြီးကို ပိုင်ဆိုင်ခဲ့လေ သည်။

          သူတို့အကြောင်းများကို သေချာဂန လေ့လာကြည့်၏။ ထိုအခါ သူတို့ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်လာရသည်မှာ သူတို့၏