Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

Myat Nyane - Whose Cheese can I Move? (Cheng Tong)

Regular price 36 MMK
Regular price Sale price 36 MMK
Sale Sold out
လူ့သဘာဝ၏ သွင်ပြင် လက္ခဏာများ
လူ့ကျင့်ဝတ် အမြင်နှင့် ရမ္မက်ဆန္ဒစွမ်းအားများ
အပြိုင်နွှဲခြင်း

          ဤဇာတ်လမ်းတွင် စလစ်၊ စကမ်ပါနှင့် စပိုက်ဒါ ဆိုသည့် ကြွက်ကလေးသုံးကောင် ပါဝင်၏။ နောက် ပြီး ဝိဗ်၊ ဝေနှင့် ဝှမ်စပါဆိုသည့် လူညှက်ကလေး သုံးယောက်လည်း ပါဝင်၏။ ဤဇာတ်ကောင်ခြောက်ဦးစလုံးသည် ကျွန်မတို့၏ အသွယ်သွယ် အထူးထူးသော ကိုယ်ရည်ကိုယ်သွေးများ၊ အထူး သဖြင့် ကျွန်မတို့၏ လူ့ကျင့်ဝတ်များနှင့် ရမ္မက်ဆန္ဒ များကို ကိုယ်စားပြုပါသည်။

          ကျွန်မတို့အားလုံး ကြီးငယ်မဟူ ကျားမ မဟူ၊ လူမျိုးမရွေး ဘာသာမရွေး အမျိုးမျိုး အဖုံဖုံသော ဤသွင်ပြင်လက္ခဏာများ ရှိ၏။ အစ တစ်ခါတစ်ခါတွင် ကျွန်မတို့သည် * စလစ်နှင့်တူ၏။ စလစ်က သူ့မိတ်ဆွေကို စွန့်ပစ်ပြီး မိတ်ဆွေ၏ ရန်သူ " တော်နှင့် အဆွေခင်ပွန်းဖွဲ့ ခဲ့သူ။

          သို့ မဟုတ်ပါကလည်း " ကျွန်မတို့သည် စကမ်ပါနှင့် တူ ချင်တူနေပေမည်။ စကမ်ပါက ရ သူ့ဒိန်ခဲကို ဘယ်သူ အပိုင်စီး သွားသလဲဆိုတာ ဘယ်တော့မှ မေးလေ့မရှိသူ။

          သို့မဟုတ် စပိုက်ဒါနှင့် တူနိုင်သည်။  သူက သူ့ကိုယ်သူ ဆွဲဆောင်အားကောင်းသော ဒိန်ခဲတစ်တုံးအဖြစ် အသွင်ပြောင်းပစ်သူ။

          သို့မဟုတ် ဝိဗ်နဲ့တူနိုင်သည်။ ဝိဗ်က ဒိန်ခဲနှင့် စိတ်ချမ်းသာမှုအကြား မှာ ရှိသည့် ဆက်နွှယ်မှုအကြောင်းကို ဇွဲကောင်းကောင်းဖြင့် တွေးဆ ဆင်ခြင်ခဲ့သူ။

          သို့မဟုတ် ဝေဗာနှင့် တူနိုင်သည်။ ဝေ ဗာက သူ တပ်မက်သော ရမ္မက်ဆန္ဒများနှင့်သူ တန်ဖိုးထားသော လူ့ကျင့်ဝတ်များကြား I တွင် ချီတုံချတုံဖြင့် တွေဝေနေသူ။

          သို့မဟုတ် ဝှစ်စပါနှင့် တူချင် တူ နေမည်။ သူကတော့ တစ်ပါးသူ၏ ဒိန်ခဲကို မောင်ပိုင်စီးဖို့ ထာဝစဉ် ဆင်ကြံ ကြံနေသူ။

          ကျွန်မတို့တွင် မည်သည့်သွင်ပြင်လက္ခဏာ ဖြစ်ပေါ်နေသည်ဖြစ်စေ၊ ကျွန်မတို့ခေါင်းထဲ စွဲမှတ် ထားရမည်မှာ အောင်မြင်သူများသည် သင့်ဒိန်ခဲကို အပိုင်စီးသွားသူများ ဖြစ်သည်။ သူတို့၏ ဒိန်ခဲများကို ထပ်ခါတလဲလဲ အပိုင်စီးခံရသူများ မဟုတ်ဟူသည့် အချက်ဖြစ်၏။

ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ

          ရာသီဥတုတောက်ပသော တနင်္ဂနွေနေ့တစ်နေ့၏ နံနက်ခင်း။ ရှီကာဂိုမြို့ထဲရှိ အသင်းဝင်များသာ တက်ခွင့်ရှိသော ကျေးလက်အပန်းဖြေ ဂေါက်ကလပ် တစ်ခု၏ အဖျော်ယမကာ အခန်းထဲတွင် လူတစ်စု ဝိုင်းထိုင်နေကြ၏။ သူတို့အထဲတွင် ထင်ပေါ်ကျော် ကြား လူသိများသူအချို့လည်း ပါဝင်၏။

          ထိုအချို့ထဲမှ တစ်ယောက်ကတော့ အင်နာ။ အင်နာက တန်ဖိုးကြီး ရေမွှေးများကိုမှ အသုံးပြုသူ။ ဇိမ်ခံကားကြီးတွေ မောင်းသူ။ နောက်ပြီး စည်းစိမ် ဥစ္စာ ကြွယ်ဝချမ်းသာသော သူ့ယောက်ျားမှာ မသိသူ မရှိလောက်အောင် ကျော်ကြားသူ ဖြစ်၏။ သူတို့နှစ်ဦး လက်ထပ်ပြီးကတည်းက သူတို့နှစ်ဦး၏ ကိုယ်ရေးကိုယ်တာ အကြောင်းကိစ္စတိုင်းသည် သတင်းစာများတွင် အသားပေး ရေးသားဖော်ပြ ရသည့်သတင်းများ ဖြစ်ခဲ့၏။

          နောက်တစ်ယောက်ကတော့ ဂျွန်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ပြိုလဲတော့မည့်ဆဲဆဲ သူ့ မိသားစုပိုင် စီးပွားရေးအင်ပါယာကြီးကို ဂျွန်က သူ၏ ကြီးမားသော အားထုတ်မှုများ၊ အကင်းပါး လာဘ်မြင်သော ဆုံးဖြတ်ချက်များ အစွမ်းဖြင့် ကယ် တင်နိုင်ခဲ့၏။ ခုတော့ တစ်နေ့တခြား တိုးတက်အောင် မြင်နေသော စီးပွားရေးလုပ်ငန်းကြီးကို ဦးစီးဦးဆောင် ပြုနေပြီ။ သူသည် အအောင်မြင်ဆုံး စီးပွားရေးသမား များစာရင်းတွင် ထိပ်ဆုံးက ပါဝင်အောင် စွမ်းဆောင် နိုင်ခဲ့သည်မှာ နှစ်နှစ်ဆက်တိုက်ရှိနေပြီ။

          ထို့နောက်မှာတော့ ကိုးလ်။ သူက အားကစား အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း ဖြင့် ကြီးပွားချမ်းသာနေသူ။ ဆယ်စုနှစ်တစ်စုအတွင်း အအောင်မြင်ဆုံး စီးပွားရေးသမားအဖြစ် မဲပေးအရွေး ခံရသူလည်း ဖြစ်၏။

          ယခုလို အောင်မြင်ကျော်ကြားသူများ စုပေါင်း တွေ့ဆုံပွဲသည် လုပ်လေ့လုပ်ထရှိသော ပွဲမျိုးမဟုတ်။