Skip to product information
1 of 3

Other Websites

မြတ်ငြိမ်း - နှလုံးသားထဲမှာအဖြေရှာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          မနက်တုန်းတော့ မေမေကြီး ပန်းခြံထဲမှာ အကြာကြီး ရပ်နေမိတယ်၊ သမီး လေးရဲ့ နှင်းဆီပန်းပင်ကလေးကို ကြည့်နေတယ်။ ရာသီဥတုက ဆောင်းဦးကို ကောင်းကောင်းလွန်လာခဲ့ပြီ။ တခြားအပင်တွေ ညှိုးရော် သေဆုံးကုန်ပြီဖြစ်ပေမဲ့ သမီးလေးရဲ့ နှင်းဆီပင်ကလေးကတော့ ထီးထီးမားမား ရင်သန်နေဆဲပဲ။ နီနီ ဂွေးနွေး စွင့်စွင့် ပွင့်နေဆဲပဲ။ ။

            အဲဒီနှင်းဆီပင့်ကလေး စိုက်ခဲ့တဲ့ နေ့ကို မှတ်မိသေးလားဟင်။ အဲဒီ တုန်းက သမီးလေး ဆယ်နှစ်ပဲ ရှိသေးတယ်။ နောက်ပြီး စာမေးပွဲအောင်လို့ မေမေကြီးက ဆုချခဲ့တဲ့ ရွှေမင်းသားလေး ပုံပြင်ကသမီးလေးကို ဖမ်းစားထား တယ်လေ။ သမီးလေး အကြိုက်ဆုံး ဇာတ်ကောင်တွေက နှင်းဆီပွင့်ကလေးနဲ့ ဝံပုလွေကြီးပေါ့။ ဒါပေမဲ့ သမီးလေးက “ဘိုးဘက်" သစ်ပင်ကြီး၊ မြွေကြီး နဲ့ ပိစိကွေးဂြိုဟ်ကလေးတွေ စီးပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့ လျှောက်သည့်နေ တဲ့ လေထဲက လူ စကာတွေကိုတော့ သဘောမကျဘူး။ ဒီတော့ မနက်မှာ မနက်စောစာ စားရင်း သမီးလေးက ပြောတယ်။ “မမ သမီးနှင်းဆီ တစ်ပင်လိုချင်တယ်'တဲ့။ ဒါနဲ့ ခြံထဲမှာ နှင်းဆီပင်တွေ တစ်နှဲကြီးရှိတဲ့အကြောင်းမေမေကြီးက ပြောတော့ သမီးလေးက “သမီးက သမီး အစအဆုံးပိုင်တဲ့ နှင်းဆီပင်ကို လိုချင်တာ။ သမီးက အဲဒီအပင်ကို အမြင့်ကြီး ဖြစ်လာတဲ့အထိ ထွားကျိုင်းလာအောင် ပျိုးထောင်ချင်တာ မေမေကြီးရဲ့ ' တဲ့လေ။

             တကယ်တော့ သမီးလေးလိုချင်တာ နှင်းဆီပင်တစ်မျိုးတည်း မဟုတ် ဘူး ဝံပုလွေကြီးလည်း လိုချင်တယ်လေ။ ဒါပေမဲ့ သမီးက ကလေးဆန်ဆန် ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး မဖြစ်နိုင်လောက်တဲ့ ကိစ္စကို မတောင်းဆိုသေးဘဲ လွယ်လွယ်ကူကူ လိုက်လျောနိုင်မယ့် ကိစ္စကို အရင်တောင်းဆိုခဲ့တယ်လေ။ နှင်းဆီပင်ဝယ်ပေးဖို့ သဘောတူပြီးတဲ့နောက်မှာတော့ ဝံပုလွေကို မပေးဘူးလို့ မေမေကြီး ဘယ်လိုလုပ် ငြင်းပယ်နိုင်ပါတော့မလဲ။ ဒီကိစ္စကို အချိန်တော်တော် ကြာကြာ ဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံးမှာ ခွေးတစ်ကောင်နဲ့ပဲ အပေးအယူ လုပ်လိုက်ကြတယ်လေ။

              အဲဒီခွေးသွားမဝယ်မီညကဆို သမီးလေး တစ်မှေးမှ မအိပ်ခဲ့ဘူးလေ နာရီဝက်တစ်ခါလောက် မေမေကြီးရဲ့ အိပ်ခန်းတံခါးကို လာခေါက်ပြီး သမီးလေး အိပ်လို့ မရကြောင်း ပြောနေတော့တာပဲ။ မနက်ကျတော့ ခုနစ်နာရီတောင် မထိုးသေးဘူး သမီးလေး မနက်စာစားပြီးနေပြီ။ ရေမိုးချိုး၊ အဝတ်အစားလဲ။ ကုတ်အင်္ကျီခြုံ၊ လက်တန်းကုလားထိုင်ကြီးပေါ်မှာ အခံ့သားထိုင်ပြီး မေမေကြီးကို စောင့်နေတော့တယ်။ ရှစ်နာရီခွဲမှာ တို့မြေးအဘွား ခွေးခြံတွေရှေ့ကို ရောက်နေ ပြီ။ အဲဒီအချိန်မှာ ခွေးခြံတွေက မဖွင့်သေးဘူး။ သမီးလေးက ကန့်လန့်ဖြတ် တန်းတွေကြားက ချောင်းကြည့်ပြီး 'သမီးရဲ့ ခွေးက ဘယ်ဟာလဲဆိုတာ ဘယ်လို လုပ် သိရမလဲဟင်' လို့ စိတ်စောနေတဲ့ လေသံနဲ့ မေးတယ်။ ဒီတော့ သမီးလေး စိတ်မပူဖို့ရယ်၊ ရွှေမင်းသားလေးက ဝံပုလွေကြီး ယဉ်လာအောင် ဘယ်လိုလေ့ကျင့် ပေးတယ်ဆိုတာ သတိရနေဖို့ရယ် မေမေကြီးက ပြောပြီး အားပေးရတယ်။

           တို့မြေးအဘွား ခွေးလှောင်ခြံတွေဆီကို သုံးရက်ဆက်တိုက် သွားကြ ရတယ်။ ခွေးတွေက စုစုပေါင်း နှစ်ရာကျော်ရှိတာ။ အဲဒါကို သမီးလေးက တစ်ကောင်မကျန် အကုန်အစင် ကြည့်ချင်တာကလား။ သမီးလေးက ခွေးလှောင် အိမ်တိုင်းရဲ့ ရှေ့မှာ မလှုပ်မယှက် ရပ်တယ်၊ ခွေးတွေက သံဆန်ခါတွေကိုဖက်တွယ်တက်၊ ခုန်ပေါက်ပြီးဟောင်၊ သံဆန်ခါတွေကို လက်သည်းတုန် ကုတ်ခြစ်ဖဲ့ရွဲ့ ပစ်ကြ။ ဒါလည်း သမီးလေးက မလှုပ်ပေါင်း ခြံ ကြီးကြပ်ရေးမှူး အမျိုးသမီးက မေမေကြီးတို့နဲ့ အတူလိုက်လာတယ်။ သူက သမီးလေး ရွေးရ လွယ်အောင် ကူညီတဲ့အနေနဲ့ အသားနားဆုံး ခွေးတွေကို လိုက်ပြတယ်။ သူက သမီးလေးကို ပုံမှန်စိတ်ရှိသူလို့ ထင်နေတာကိုး။

            'ဟောဟိုက အမွေးရှည်ရှည် နားရွက်တွဲလွဲနဲ့ ကောင်ကို မကြိုက်ဘူး လား။ ဒါမှမဟုတ် ဟောဒီ သိုးကျောင်းခွေးကလေးရောကွယ်"

            သမီးလေးရဲ့ တစ်မျိုးတည်းသော တုံ့ပြန်သံက “ဟင်း” ဆိုတဲ့ အသံပဲ ဖြစ်တယ်။ ပြီးတော့ ဟိုအမျိုးသမီးပြောတာကို ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက် သွားတော့တာပဲ။

          တို့ရဲ့ ခွေးရှာတော်ပုံ တတိယမြောက်နေ့ကျမှပဲ 'ဘတ်”ဆိုတဲ့ ကိုယ် - တော်မြတ်ကို တွေ့ရတော့တယ်။ နာလန်ထစတွေကို ထားတဲ့ နောက်ဘက်ခြံ

ထဲမှာ သူ့ကို တွေ့တာ။ ခြံရှေ့ကို တို့များရောက်သွားတော့ တခြားခွေးတွေလို တို့ဆီကို ပြေးမလာဘဲ သူထိုင်နေတဲ့ နေရာမှာပဲ ဆက်ထိုင်နေတယ်။ ခေါင်း တောင် မော့ကြည့်ဖော် မရဘူး။ ။

“အဲဒီကောင်လေး' သမီးလေးက လက်ညှိုးထိုးပြပြီး ပြောတယ်။ 'သမီး လိုချင်တာ အဲဒီခွေးကလေးပဲ”

           သမီးလေး မှတ်မိသေးလား။ တအံ့တသြဖြစ်သွားတဲ့ ဟိုအမျိုးသမီး ရဲ့ မျက်နှာသွင်ပြင်ကိုလေ။ တစ်စက်မှ ချစ်စရာမကောင်းတဲ့ ဒီခွေးကလေးကို မှ သမီးလေး ဘာဖြစ်လို့ လိုချင်ရသလဲဆိုတာ သူ နားမလည်နိုင်လောက်အောင် ဖြစ်နေတာကိုး။ သူ ဒီလိုအံ့ဩနေတဲ့အတွက် သူ့ကို အပြစ်တင်လို့ ဖြစ်မလား။ လူတွေ မြင်ဖူးတွေ့ဖူးသမျှ ခွေးအသေးစားမျိုးထဲမှာ ဘတ်က အကျုံးဝင်နေတာ ကိုး။ သူ့ရဲ့ ဦးခေါင်းက ဂျာမန်သိုးကျောင်းခွေးတွေရဲ့ ဦးခေါင်းမျိုး။ နားရွက် တွေက ပျော့တွဲပြီး တွဲကျနေတယ်။ ခါးလျားရှည်ရှည်၊ လက်သည်းခွန်ချွန်၊ အမိုးဖွားဖွား။ ဒိုဘာမင်ခွေးတွေမှာ ရှိတတ်တဲ့ အနီနဲ့ အနက်ကြား မွေးတော့ ရှိတယ်။ တို့မြေးအဘွား ရုံးခန်းကို သွားပြီး စာရွက်စာတမ်းရေး လက်မှတ်ထိုးကြတော့ အဲဒီက ကောင်မလေးက ဘတ်ရဲ့ နောက်ကြောင်းကို ပြောပြတယ်။ ဒီကောင်လေးဟာ လွန်ခဲ့တဲ့ နွေဦးတုန်းက ကားတစ်စီးပေါ်က လွင့်စဉ်ကျခဲ့တာဆိုပဲ၊ အဲဒီလို လွင့်စဉ်ကျတဲ့အတွက် သူ့ရဲ့ နောက်ခြေထောက်တစ်ချောင်းဟာ မသန်တော့ဘူးတဲ့ကွယ်။ ။

             မေမေကြီး စာရေးနေတော့ ဘတ်က မေမေကြီးရဲ့ ခြေထောက်နားမှား သက်ပြင်းတချချနဲ့ မေမေကြီးရဲ့ ခြေသလုံးကို သူ့နှာခေါင်းနဲ့ လာလာပြီး တို့နေတယ်။ သူ့မျက်နှာနဲ့ နားရွက်တွေက အဖြူရောင် လွှမ်းလုနီးပါးဖြစ်နေပြီး ခွေးအိုကွေမှာ ဖြစ်လေ့ရှိတဲ့ မျက်လုံးပေါ်က အမြှေးပါးပေါ်နေတာကတော့ တော်တော်ကြာပြီထင်ပါရဲ့။ ဒီကောင်လေးကို မြင်ရရင် မေကြီး သိပ်စိတ်လှုပ် မိတာပဲ။ ဒီကောင်လေး အနားမှာရှိနေတာဟာ သမီးလေး တစ်စိတ်တစ်ဒေသ မေမေကြီးအနားရောက်နေသလိုပဲ။ အဲဒီ တစ်စိတ်တစ်ဒေသဟာ မေမေကြီး | အချစ်ရဆုံး တစ်စိတ်တစ်ဒေသပေါ့။ အဲဒီ တစ်စိတ်တစ်ဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း အတော်ကြာကြာတုန်းက ခွေးပေါင်းနှစ်ရာကျော်ရှိတဲ့အထဲက သနား စရာအကောင်းဆုံးနဲ့ အကျည်းအတန်ဆုံး ခွေးကလေးတစ်ကောင်ကို ရွေးခဲ့တဲ့ တစ်စိတ်တစ်ဒေသပဲပေါ့ကွယ်။

              ခု လပိုင်းတွေအတွင်း ဟာလာဟင်းလင်း အိမ်ကြီးထဲမှာ ဦးတည်ရာမဲ့ လျှောက်သွားနေမိတယ်၊ ဒီတော့ တို့မြေးအဘွားနှစ်ယောက် အတူနေခဲ့တဲ့ နှစ်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အထင်အမြင်လွဲမှုတွေ၊ စိတ်ဆိုးမာန်ဆိုး ဖြစ်ဖဲ့ရတာတွေအားလုံး ပျောက်ခြင်းမလှ ပျောက်ကွယ်ကုန်တယ်ကွေ့ ။ ခုတော့ မေမေကြီး သတိုရတမ်းတနေသူကတော့ သမီးလေးပဲပေါ့။ နုနယ်တဲ့၊ အားနွဲ့ တဲ့၊ အတွေးရှုပ်နေတဲ့ ပီဘိကလေးမလေးလေ။ ခု မေမေကြီးစာရေးနေတာ အဲဒီကလေးမလေးဆီကို ရေးနေတာ။ မောက်မာဝင့်ကြွားပြီး ကိုယ့်ဘက်ကို တစ်ချက်ကလေးမှ အတင်မခံတဲ့ မိန်းကလေးဆီကို ရေးနေတာ မဟုတ်ဘူး။

           ဒီလိုရေးဖို့ကို သမီးလေးရဲ့ နှင်းဆီပင်ကလေးက တိုက်တွန်းနေတာ ပေါ့။ ဒီမနက် သူ့ရှေ့က ဖြတ်လျှောက်သွားတော့ နှင်းဆီပင်ကလေးက ပြော တယ်။ “မေမေကြီးရဲ့ စာရေးစက္ကူကို ထုတ်ယူပြီး မမလေးဆီကို စားရေးပါ”တဲ့။

           တို့မြေးအဘွား တစ်ယောက်ဆီ တစ်ယောက် စာမရေးစတမ်းလို့ သဘောတူ | ထားတာကို မေမေကြီး မမေ့ပါဘူး။ ဒီသဘောတူချက်ကို မေမေကြီး လေးစား ရမှာပေါ့။ ဒါပေမဲ့ သိပ်တော့ မလိုက်နာချင်ဘူး။

            ဒီစာမျက်နှာတွေဟာ အတောင်ပေါက်ပြီး သူ့ဘာသာသူတော့ အမေရိကကို သွားမှာ မဟုတ်ဘူး။ သမီးလေး ဒီကို ပြန်လာချိန်မှာ မေမေကြီး သက်ရှိထင်ရှား ရှိမနေတော့ဘူးဆိုရင် ဒီစာမျက်နှာတွေက သမီးလေးကို ကြိုဆို နေကြမှာပေါ့ကွယ်။

            ဒီအကြောင်းတွေ မေမေကြီး ဘာဖြစ်လို့ ပြောနေမိသလဲ သိလား။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ တစ်လပျော့ပျော့လောက်တုန်းက မေမေကြီးဘဝ မှာ ပထမဦးဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့တယ်။ ဒီတော့ နောက်ထပ် ခြောက်လ ဒါမှမဟုတ် ခုနစ်လလောက်အကြာဆိုရင် သမီးလေးကို တံခါးဖွင့်ပေးဖို့၊ ပွေ့ဖက်ကြိုဆိုဖို့ မေမေကြီး ရှိချင်မှ ရှိတော့မယ်။ ဒီအလား | အလာကိုလည်း ထည့်တွက်ထားရတော့မယ်လေ။ တစ်ခါတုန်းက မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်ကွဲ။ နာခြင်း၊ ဖျားခြင်းအကြောင်းကို မသိလောက် အောင် ကျန်းမာသူတစ်ဦး နာဖျားပြီဟေ့ဆိုရင် ကောက်ကာငင်ကာနဲ့ အသည်း အသန်ဖြစ်တတ်တယ်တဲ့။ မေမေကြီးလည်း အဲဒီအတိုင်းဖြစ်ခဲ့တာပဲ။

              တစ်မနက်မှာပေါ့။ နှင်းဆီပင်ကို ရေလောင်းနေတုန်း တစ်ယောက် ယောက်က မီးခလုတ်ကို ပိတ်ပစ်လိုက်သလိုမျိုး ဖြုန်းခနဲ မှောင်အတိကျသွားတာ ကလား။ မစ္စတာရာဇ်မန်ရဲ့ မိန်းမသာ ခြံစည်းရိုးကြားကနေ မေမေကြီးကို မြင်တွေ့ မသွားရင် ခုလောက်ဆို သမီးလေး မိဘမဲ့ကလေးဖြစ်နေပြီပေါ့။ အင်း၊ မိဘမဲ့ကလေးတဲ့လား။ အဘွား ကွယ်လွန်သွားသူ တစ်ဦးကို ဒီလို သုံးနှုန်းခေါ် ဝေါ်တာ မှန်ရဲ့လား။ မေမေကြီးလည်း တိတိကျကျ မပြောတတ်ဘူး။ အဘိုး အဘွားတွေက သိပ်ပြီး အရေးမပါ အရာမရောက်တော့လို့ သူတို့သေဆုံး အခါ ခေါ်ဝေါ်သုံးနှုန်းဖို့ ဝေါဟာရ သတ်သတ်မှတ်မှတ် မထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ကွယ်။ အဘိုးတွေ၊ အဘွားတွေ သေဆုံးတဲ့အခါကျ အမဲ့ကလေးတွေ ကျန်ခဲ့တယ်လို့ ပြောလို့ မရဘူးကွဲ။ အဘိုးအဘွားတွေအဇမ်က ဘာနဲ့တူသလဲဆိုတော့ မေ့တတ်လျော့တတ်လွန်းတဲ့ တို့တစ်တွေဟာ ဆောင်းနေကျ ထီးကို လမ်းဘေးမှာ မေ့ထားခဲ့သလိုမျိုး ဖြစ်နေတယ်လေ။

          ဆေးရုံပေါ်မှာ သတိပြန်လည်လာတဲ့အခါကျတော့ မေမေကြီး ဘာဆို ဘာမှ မမှတ်မိတော့ဘူး။ မျက်စိနှစ်လုံး မဖွင့်ခင် စိတ်ထဲမှာ တစ်မျိုးကြီး ခံ စားရတယ်။ နှုတ်ခမ်းမွေးတွေ အရှည်ကြီးပေါက်နေသလိုပဲ။ ကြောင်နှုတ်ခမ်းမွေး တွေလိုပေါ့။ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့မှ နှုတ်ခမ်းပေါ်ကကျော်ပြီး နှာခေါင်းမှာတပ်ထားတဲ့ ပလတ်စတစ်ပိုက်ကလေးနှစ်လုံးကို တွေ့ရတယ်။ မေမေ ကြီးရဲ့ နံဘေးပတ်လည်မှာလည်း ထူးထူးဆန်းဆန်း စက်ကိရိယာတွေချည်းပဲ။ ရက်နည်းနည်းရတော့ မေမေကြီးကို တခြားလူနာနှစ်ယောက်နဲ့အတူ သာမန်လူနာ | ခန်းထဲ ပြောင်းရွှေ့နေရာချပေးထားတယ်။ တစ်ညမှာတော့ မစ္စတာ ရာမန်တို့ | လင်မယားရောက်လာတယ်။ သူတို့က ပြောပြတယ်လေ၊ “ရှင့်ခွေးဟာ ရှင့် အသက်သခင်ပဲ။ ဒီခွေးကလေး ဟောင်လိုက်ပုံက သဲကြီးမဲကြီးပါပဲရှင်” တဲ့။

            မေမေကြီး ထထိုင်ခွင့်ရပြီး နောက်တစ်နေ့မှာ လူနာတွေ လိုက်စစ် တုန်းက အကြိမ်ကြိမ် တွေ့ဖူးနေတဲ့ ဆရာဝန်ကလေးတစ်ယောက် အခန်းထဲ | ဝင်လာတယ်။ သူက ကုလားထိုင်တစ်လုံးဆွဲယူပြီး မေမေကြီးရဲ့ ခုတင်နံဘေး `မှာ ထိုင်တယ်။

“အဒေါ်ကြီးကို ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ အဒေါ်ကြီးအတွက် ကူညီ ဆုံးဖြတ်ပေးဖို့ ဆွေမျိုးရင်းချာတွေ မရှိတော့ ကျွန်တော် အဒေါ်ကြီးကိုပဲ တိုက် ရိုက်ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပဲ”

' လို့ သူက စကားစတယ်။ သူစကားပြောနေတုန်း မေမေကြီးက သူပြောနေတာကို နားထောင်မယ့်အစား သူပြောပုံဆိုပုံကို ကြည့်နေမိတယ်။ သူ့နှုတ်ခမ်းတွေက ပါးပါးကလေးတွေရယ် သိတယ်မဟုတ်လား၊ မေမေကြီးက လည်း နှုတ်ခမ်းပါးပါးနဲ့ လူတွေကို ဘယ်တုန်းကမှ ကြည့်မရခဲ့တဲ့သူ။ သူ့ ပြောစကားအရဆိုရင် မေမေကြီးရဲ့ ရောဂါအခြေအနေက ဆိုးရွားလွန်းတဲ့အတွက် အိမ်ကို ပြန်လို့မဖြစ်ဘူးတဲ့။ ဒီတော့ ဘိုးဘွားရိပ်သာမှာ သွားနေပါတဲ့။ လူနာပြုစုဖို့ ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့ ဘိုးဘွားရိပ်သာနာမည် နှစ်ခု၊ သုံးခုကို သူကရွတ်ပြတယ်။ ဒါပေမဲ့ မေမေကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်မိသွား တယ်ထင်ပါရဲ့၊ ဘာဖြစ်လို့လဲဆိုတော့ သူက ကမန်းကတန်း စကားဖြည့်ပြော တယ်လေ။

           'ကျွန်တော်ပြောတဲ့ ဘိုးဘွားရိပ်သာတွေကို ဟိုတုန်းက လူအိုရုံတွေ မျိုးလို့ မထင်လိုက်နဲ့နော်။ခုတ် ဘိုးဘွားရိပ်သာက အစစအရာရာ ကွာခြား နေပါပြီ။ နေရောင်ရတဲ့ အခန်းတွေနဲ့၊ လမ်းလျှောက်ဖို့ ပန်းခြံကျယ်ကြီးတွေနဲ့”

           ဒါနဲ့ မေမေကြီးက မေးလိုက်တယ်။ 'ဆရာ၊ အက်စကီးမိုးလူမျိုးတွေ အကြောင်း ဆရာနည်းနည်းပါးပါးများ သိပါသလား"လို့။ ။

“ဟာ၊ သိတာပေါ့” လို့ သူက ပြောရင်း မတ်တတ်ရပ်လိုက်တယ်။ “ဒါဆိုလည်း ပြီးတာပါပဲ။ ဒေါ်ကြီးကတော့ သေရမယ်ဆိုရင် သူတို့သေနည်းမျိုး နဲ့ပဲ သေဖို့ ရည်ရွယ်ထားတယ်” ။

မေမေကြီးရဲ့ စကားကို သူသိပ်ပြီး အဓိပ္ပာယ်ပေါက်ပုံ မရဘူး။ ဒါ နဲ့ မေမေကြီးက ထပ်ဖြည့်ပြောတယ်။

'အဖြူရောင် ဆေးသုတ်ပြီး ရှင်းသန့်နေတဲ့ အခန်းထဲက ခုတင်ပေါ် မှာ တစ်နှစ်လောက်ပိုပြီး အသက်ရှင်နေထိုင်ရမှာနဲ့စာရင် ဒေါ်ကြီးက ကြီး ရဲ့ စားဖိုဆောင်ထဲက အိုးခွက်ပန်းကန်တွေကြားထဲမှာ မှောက်လျက်လဲပြီး သေ သွားတာမျိုးကို ခံယူချင်တာဘွဲ့

            သူဟာ တံခါးပေါက်ဆီကို လျှောက်သွားနေပြီ။ ဒါပေမဲ့ တံခါးက | ထွက်ပြီး မျက်စိအောက်က ပျောက်မသွားမီ ချာခနဲ လှည့်ကြည့်တယ်။ သူ့ မျက်နှာပေါ်မှာ မလိုတမာ အပြုံးမျိုးနဲ့ပေါ့။

'လူတွေ တော်တော်များများက အဲဒီစကားမျိုး ပြောကြတယ်ဗျ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဒီကို ပြန်ပြေးလာကြတာပါပဲ။ သူတို့ဟာ ကြောက် ဒူးတုန်နေပြီး သူတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ အသနားခံကြတာပါ”

                နောက်သုံးရက်အကြာမှာ စာရွက်စာတမ်းတချို့ကို လက်မှတ်ထိုးပြီး ဆေးရုံပေါ်က ဆင်းခဲ့တယ်။ သူတို့လက်မှတ်ထိုးခိုင်းတဲ့ ပုံစံက်တွေက ရယ်ချင်စရာကြီး။ တကယ်လို့ မေမေကြီး သေဆုံးသွားတယ်ဆိုရင် တာဝန်ရှိသူဟာ မေမေကြီးသာဖြစ်ကြောင်း ဝန်ခံလက်မှတ်ထိုးပါတယ်တဲ့လေ။ အဲဒီစာရွက် တွေကို လက်မှတ်ထိုးပြီး ခေါင်းသေးသေးမှာ နားကွင်းအကြီးကြီးတပ်ထားတဲ့ သူနာပြုဆရာမတစ်ယောက်ရဲ့ လက်ထဲကို အပ်လိုက်တယ်၊ ပြီးတော့ မေမေကြီး ရဲ့ ပစ္စည်းပစ္စယ အနည်းအကျဉ်းကို ပလတ်စတစ် လက်ဆွဲအိတ်ထဲထည့်တယ်။ အငှားကား ရပ်နားစခန်းရှိရာကို ထွက်ခဲ့တယ်။ ။

           ပန်းခြံဂိတ်ပေါက်ဝမှာ မေမေကြီးကို မြင်လိုက်တာနဲ့ ဘတ်ဟာ အရူးလေးတစ်ကောင်လို ချာလပတ် လှည့်ပတ်ပြေးနေတော့တယ်။ နောက်ပြီး သူ့ရဲ့ ပျော်ရွှင်ကြည်နူးမှုကို ထင်ထင်ရှားရှားပြတဲ့ အနေနဲ့ မရပ်မနား ဟောင်တော့တာပဲ။ အဲဒီလို လှည့်ပတ်ပြေးပြီး မရပ်မနားဟောင်နေတဲ့အတွက် ပန်းခင်း နှစ်ခု ပျက်ခြင်းမလှ ပျက်သွားတယ်။ ဒီတစ်ချီတော့ မေမေကြီး သူ့ကို ဆူပူ ကြိမ်းမောင်းချင်စိတ် မဖြစ်ဘူး။ သူ့နှုတ်သီးတစ်ခုလုံး ရွှံ့တွေပေကျံပြီး မေမေ ကြီးအနားကို တိုးကပ်လာတော့

“ကဲ မိတ်ဆွေဟောင်းကြီးရေ၊ တို့များ ပြန်လည်ဆုံစည်းကြပြန်ပြီပေါ့

ကွယ်' ,

လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့နားရွက်တွေရဲ့ နောက်ဘက်နား ကို ပွတ်သပ်ပေးလိုက်တယ်။

           အဲဒီနေ့ရဲ့ နောက်မှာတော့ မေမေကြီး ဘာဆိုဘာမှ မလုပ်တော့ဘူး။ဒါမှမဟုတ်လည်း အနည်းအကျဉ်းကလေးလောက်ပဲ လုပ်တော့တယ်။ နာမကျန်း ဖြစ်ပြီးကတည်းက မေမေကြီး ကိုယ်ခန္ဓာရဲ့ ဘယ်ဘက်ခြမ်းဟာ တုံ့ပြန်မှုလေး ကွေးလာတယ်။ အထူးသဖြင့် ဘယ်ဘက်လက်ဟာ အရမ်းလေးကွေးလာတယ်။ ဒီလို လေးကွေးလာတာကို အရှုံးပေးလိုက်ဖို့ဆိုတာကို မေမေကြီး အကြီးအကျယ် မခံမရပ်နိုင် ဖြစ်မိတယ်။ ဒီတော့ အဲဒီ ဘယ်ဘက်လက်ကို တခြားလက်တစ် ဖက်ထက် ပိုပြီး အသုံးချခဲ့တယ်။ ဘယ်ဘက်လက်ကောက်ဝတ်မှာ ဖဲကြိုးအနီစ ကလေး ချည်ထားတယ်။ ဒါမှ တစ်ခုခုကို လှမ်းယူမယ်ဆိုရင် ညာလက်ကိုမသုံးဘဲ ဘယ်လက်ကို သုံးဖို့ သတိရအောင်လေ။ တို့များရဲ့ ကိုယ်ခန္ဓာအစိတ် ( အပိုင်းတွေ မှန်မှန်ကန်ကန် အလုပ်လုပ်နေသရွေ့ ကာလပတ်လုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ ဘယ်လောက်ကြောက်စရာကောင်းတဲ့ ရန်သူတွေ့ဖြစ်နိုင် တယ်ဆိုတာကို တို့များသိမြင်သဘောပေါက်မှု မရှိကြဘူး။ ဒါပေမဲ့ တို့များ တစ်ချက်ကလေးသတိလစ်ပြီး အကာအကွယ်မဲ့သွားတာနဲ့ တို့တစ်တွေ ခံလိုက် ရပြီသာ မှတ်ပေတော့။

            ဒီတော့ကွယ် မေမေကြီး အရင်ကလို မဟုတ်တော့ဘူးဆိုတာ သိမြင် လာရတဲ့ နောက် ဝေါ်တာရဲ့ မိန်းမကို သော့တစ်စုံအပ်ထားလိုက်တယ်။ သူက - မေမေကြီးကို ကြည့်ဖို့၊ ပြီးတော့ မေမေကြီး လိုအပ်တာတွေ ဝယ်ခြမ်းပေးဖို့ နေ့စဉ်နေ့တိုင်း အိမ်ကို ဝင်လာပေးတယ်လေး ။

            မေမေကြီး အိမ်ထဲနဲ့ ခြံပြင်ထဲမှာသာ လှည့်ပတ်သွားလာနေရင်း သမီးလေးအကြောင်း တစ်ကွေးတည်း တွေးနေမိတယ်။ ဘယ်လောက်ထိ တွေး နေမိသလဲဆို အစွဲအလမ်းတစ်ခုလိုကို ဖြစ်လာတော့တယ်။ ဒါနဲ့မေမေကြီး တယ်လီဖုန်းရှိရာဆီကို အကြိမ်ကြိမ် သွားတယ်။ စကားပြောခွက်ကို ကောက် ကိုင်တယ်။ သမီးလေးဆီကို အကြောင်းကြားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့ အဲဒီလို ကောက်ကိုင်ပြီး တယ်လီဖုန်းအိတ်ချိန်းကိုရောက်တိုင်း မူလစိတ် ကူးကို ဖျောက်ဖျက်ပစ်ခဲ့တယ်။ ည့်ဦးပိုင်းတွေကျတော့ မေမေကြီးရဲ့ လက် တန်းကုလားထိုင်ကြီးပေါ်မှာထိုင်တယ်။ မေမေကြီးရဲ့ ရှေ့မှာ ဘာဆိုဘာမှ မရှိ။ ဟာလာဟင်းလင်းကြီး။ မေမေကြီးရဲ့ ပတ်ပတ်လည်မှာ ဘာအသံမှမရှိ။ တိတ် ဆိတ်မှုအတိ။ မေမေကြီး ကိုယ့်ကိုယ်ကိုယ် တစ်မေးတည်း မေးနေမိတယ်။ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ရမလဲ လို့။ ဟုတ်တယ်၊ အကောင်းဆုံးဖြစ်အောင် ထုံးစံအတိုင်း သမီးလေးအတွက် အကောင်းဆုံးဖြစ်အောင်ပါ။ မေမေကြီး အတွက် မဟုတ်ပါဘူး။ မေမေကြီးအတွက်ကတော့ကွယ်၊ ဒီလောကကြီးကို မမေကြီး စွန့်ခွာသွားချိန်မှာ သမီးလေး မေမေကြီးအနီးမှာ ရှိနေရင် ပိုကောင်း တာပေါ့။ ခုလို မေမေကြီး မကျန်းမမာဖြစ်နေကြောင်း သမီးလေးဆီကို အကြောင်း ကြားလိုက်ရင် သမီးလေး အမေရိကမှာ နေရေးအစီအစဉ်ကို ဖျက်ပြီး ဒုန်းစိုင်း ချလာမယ်ဆိုတာ မေမေကြီး သိတာပေါ့။

            ဒါပေမဲ့ အဲဒီနောက်မှာ ဘာတွေ ဖြစ်လာမလဲ။ မေမေကြီးက နောက်ထပ် သုံးလေးနှစ်ဆက်ပြီး အသက်ရှင်နေရင်ကော။ မေမေကြီး ဘီးတပ်ကုလား ထိုင်ပေါ်မှာ နေရကောင်းနေရနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ချင်ချို့တဲ့နေမယ်။ အဲဒီအချိန်မှာ သမီးလေးက မေမေကြီးကို တာဝန်အရ ပြုစုစောင့်ရှောက်နေရမယ် လေ။ ဒီတာဝန်ကြီးကို သမီးလေး အနစ်နာခံစိတ်အပြည့်နဲ့ ကြိုးစားထမ်းဆောင် လိမ့်မယ်။ ဒါပေမဲ့ အချိန်တန်လာတဲ့အခါ သမီးလေးရဲ့ အနစ်နာခံစိတ်ဟာ ဒေါသနဲ့ ခါးသီးမှုအဖြစ် အသွင်ပြောင်းသွားလိမ့်မယ်။ နှစ်ကာလတွေ တစ်နှစ် ပြီးတစ်နှစ် တအိအိ ကုန်သွားတဲ့အခါ ခါးသီးမှုတွေ ဖြစ်ထွန်းလာမယ်။ ပြီးတော့ သမီးလေးရဲ့ ငယ်ဘဝတွေ အလဟဿ ဖြစ်ကုန်မယ်။ သမီးလေးအပေါ် ထားတဲ့ မေမေကြီးရဲ့ မေတ္တာတရားဟာ မေမေကြီး ဖြစ်စေချင်သလို မဖြစ်ဘဲ ၊ ကိုယ့်ရှူးကိုယ်ပတ်ပြီး သမီးလေးကို တစ်ဖက်ပိတ်လမ်းထဲ အတင်းအဓမ္မ တွန်း ပို့ရာ ရောက်သွားမယ်။ အဲဒါကတော့ သမီးလေးဆီ ဘာကြောင့် ဖုန်းမဆက်၊ ချင်ရသလဲဆိုတာ မေမေကြီးရဲ့ ရင်ထဲက အသံတစ်သံက ပြောနေတဲ့ ကြောင်း ကျိုးပြချက်ပေါ့။

            ဒါပေမဲ့ အဲဒီအသံက တယ်လီဖုန်းမဆက်ဖို့ ကန့်ကွက်ပြီး မကြာခင် မှာပဲ တယ်လီဖုန်းဆက်တာ မှန်တယ်လို့ မေမေကြီး ဆုံးဖြတ်မိပြန်ရော။

             မမကြီး တွေးကြည့်တယ်လေ။ သမီးလေးက အိမ်ရှေ့တံခါးမကြီး ကို ဖွင့်လိုက်မယ်။ အဲဒီအချိန်မှာ သမီးလေးဆီကို မေမမကြီးနဲ့ ဘတ်တို့ အပြေးအလွှားလာပြီး ဟေးလားဝါးလား လုပ်တာကို ကြုံရမယ့်အစား ကာလကြာမြင့်စွာကတည်းက လူသူမနေတော့တဲ့ ဟာလာဟင်းလင်းအိမ်ကြီးကို တွေ့ကြုံရင်ဆိုင်ရမယ်ဆိုရင် သမီးလေး ဘယ်လိုခံစားရမလဲ။ ဆီးကြိုနှုတ်ဆက်မယ့် သူ တစ်ဦးမှမရှိတဲ့ အိမ်အပြန် ခရီးထက် ရင်နာစရာကောင်းတဲ့ အဖြစ်မျိုး ရှိနိုင်ပါဦးမလားကွယ်။

              ကဲ၊ တကယ်လို့ သမီးလေးရှိတဲ့ ဆီကို မေမေကြီး သေဆုံးပြီဖြစ် ကြောင်း အကြောင်းကြားတဲ့ ကြေးနန်းစာရောက်လာရင်ကောကွယ်။ ဒါဟာ သစ္စာဖောက်တဲ့ အပြုအမူတစ်ရပ်လို့ သမီးလေး အဓိပ္ပာယ်မဖွင့်ပေဘူးလား။ မေမကြီးက မလိုတမာစိတ် မွေးတယ်လို့ကော မထင်ပေဘူးလား။ လွန်ခဲ့တဲ့

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)