Skip to product information
1 of 3

Other Websites

မြတ်ငြိမ်း - ကိုယ်ပိုင်စည်းပွားတည်ထောင်နည်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်သို့ ရောက်ရှိမည့် စိတ်လှုပ်ရှားတက်ကြွ ဖွယ် ခရီးစဉ်ကို စတင်လျှောက်လှမ်းတော့မည်ဟု မဆုံးဖြတ်မီ သင့် ကိုယ်သင် ဝေဖန်စိစစ်ကြည့်ပါဦးဟု အကြံပေးပါရစေ။ သင်လျှောက် မည့်လမ်းကို ပိတ်ဆို့တားဆီးထားမည့် စိတ်ပိုင်းဆိုင်ရာ အဟန့် အတားတစ်ခုခု ရှိနေသလား ဆိုတာကို စိစစ်ကြည့်ပါ။ ၎င်းအဟန့် အတားများက သင့်အားထုတ်မှုများ မအောင်မြင်အောင် တားဆီး ပိတ်ဆို့ထားနိုင်သောကြောင့် ဖြစ်၏။ သည်တော့ ၎င်းအဟန့်အတား များကို ခုချက်ချင်းပဲဖော်ထုတ်ပါ။ ပြီးတော့ ထိုအရာတွေကို အမြစ် ပြတ် သုတ်သင်ရှင်းလင်းပစ်ဖို့ ချက်ချင်းဆောင်ရွက်ပါ။

          ဘယ်အကြောင်းအရာကသင့်ကို နောက်တွန့်စေသလဲ သင် နောက်တွန့်နေခြင်းသည် အကြောင်းတစ်ခုခုကြောင့် ဖြစ်ရမည် မဟုတ်လျှင် သင် သည်စာအုပ်ကို သည်လောက်ထိ ရောက်အောင် ဖတ်နေလိမ့်မည်မဟုတ်။

         ကျွန်တော်ဆိုလျှင် ကျွန်တော်၏ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားများကို အချိန်မီဆန်းစစ်ဖော်ထုတ်ခြင်း မပြုနိုင်ခဲ့။ ရလဒ်မှာ ကျွန်တော်၏ အောင်မြင်နေသော ပထမဦးဆုံး ကိုယ်ပိုင်လုပ်ငန်းကို စွန့်လွှတ်လိုက်ရ၏။ ကျွန်တော့်ကိစ္စကို သက်လတ်ပိုင်းအရွယ်မှာ ကြုံရသည့် ဘဝအလှည့်အပြောင်းဟု ကောက်ချက်ဆွဲလို့ ရ၏။ ကျွန်တော်တို့ တော်တော်များများတွင် သည်လိုအလှည့်အပြောင်းမျိုးတွေ အသက်လေးဆယ်ကျော်မှာ ကြုံရတတ်၏။ တချို့ဆို သည့်ထက်စောပြီး ကြုံရ တတ်သည်။ တချို့ကျတော့လည်း အသက်ခြောက်ဆယ်နားကပ်ပြီး အလုပ်မှ အနားယူရတော့မည်ဆိုမှ ကြုံရတတ်သည်။ ကျွန်တော့်ကိစ္စတွင် အသက်ငါးဆယ် အရွယ်၌ အဆိုပါအလှည့်အပြောင်းက မိုးကြိုးပစ်ချလိုက်သလို ဖြစ်ပေါ်ခဲ့လေသည်။

           ကျွန်တော်က အလွန်အောင်မြင်နေသော ကြော်ငြာအေဂျင်စီတစ်ခုကို စတင်တည်ထောင်ခဲ့သူ။ ၎င်းအေဂျင်စီ၏ ဥက္ကဋ္ဌ၊ အုပ်ချုပ်မှုဒါရိုက်တာနှင့် ရှယ် ယာအများစု ပိုင်ဆိုင်သူ။ (မိုးကြိုးက နှစ်ကြိမ်တိတိ ပစ်ခဲ့၏။) ကျွန်တော်တို့အေဂျင်စီ၏ စတော့စာချုပ်များက တန်ဖိုးရှိသည်။ ဒေါင်ဒေါင်မြည်ခိုင်မာသည်။ | လုံခြုံ စိတ်ချရသည်။ သည်လုပ်ငန်းကြီး ဆုံးရှုံးပျက်စီးဖို့ဆိုသည်မှာ သည်အေဂျင်စီ၏ | ဥက္ကဋ္ဌ သို့မဟုတ် သူ့ဇနီးကိုသတ်ပစ်မှပဲ ဖြစ်နိုင်မည်။ ။

          သို့ဖြစ်သည့်တိုင် ထိုလုပ်ငန်းကို ကျွန်တော် လက်လွှတ်ဆုံးရှုံးလိုက်ရ သည်။ သည်လုပ်ငန်းထဲမှ ကျွန်တော့်ကိုယ်ပိုင်ရှယ်ယာများ ဆုံးရှုံးသွားခြင်းမဟုတ်။ ကျွန်တော်ကိုယ်တိုင် သန္ဓေတည်မွေးဖွားပေးခဲ့သော၊ တစ်နေ့တစ်နေ့ နာရီပေါင်း များစွာ အလုပ်လုပ်ပြီး ထုထောင်ခဲ့သော၊ ကျွန်တော့်ဇာတ်သိမ်းခန်းမတိုင်မီ နှစ်လ သုံးလအလိုလောက်က အမြတ်ငွေအမြောက်အမြားပေးပြီး ဝယ်ယူဖို့ ကမ်းလှမ်းခြင်း ခံရသော လုပ်ငန်းကြီးတစ်ခုလုံးကို ကုမဏီကြီးတစ်ခုလက်ထဲသို့ စတာလင်ပေါင် တစ်ပေါင်တည်းဖြင့် လွှဲပြောင်းပေးအပ်လိုက်ရသောကြောင့်ပင်။ သည်လိုလွှဲပြောင်း ယူမည့် ကုမဏီကြီးတစ်ခုရှိသည့်အတွက် ကျွန်တော့်မှာ စိတ်သက်သာရာပင် ရမိ သေးသည်။ အကြောင်းမှာ ဘဏ်မှပိုထုတ်ငွေ ပေါင် ၁၀၀၀၀၀ ကိစ္စ ပြေလည် သွားသောကြောင့် နောက်ပြီး အကြီးအကျယ်အငြင်းပွားမှုမှ ကင်းလွတ်သွားသောကြောင့်ပင်၊ သို့တည်းမဟုတ်ပါကလည်း ထိုစဉ်က ကျွန်တော် ထိုအတိုင်း ထင်ခဲ့ သည်လေ။

          ကျွန်တော့်လုပ်ငန်း ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ အထက်ပါမေးခွန်းကို ကျွန်တော် နေ့စဉ်နေ့တိုင်း နှစ်နှင့်ချီပြီးကြာအောင်မေးခဲ့၏။ တကယ့်အဖြေမှန်ကိုကား မရခဲ့။ အကြောင်းမှာ ကျွန်တော်က အဖြေကို မဟုတ်သည့်နေရာတွေမှာ လိုက်ရှာနေခဲ့သောကြောင့်ဖြစ်၏။ • အပြင်းပွားမှုကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ အငြင်းပွားရတာကိုကျွန်တော် နှစ်ခြိုက်သဘောကျသည်။) ဘဏ်မှ ငွေပိုထုတ်မှုကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ လုပ်ငန်းက ခိုင်မာသည်။ ပိုထုတ်ငွေကို ပြန်ဆပ်နိုင်သည်။) အဓိကကျသော အုပ်ချုပ်ရေးပိုင်းကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ သူတို့အားလုံး ကုမဏီအကျိုးရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ အိမ်တွင်းရေးပြဿနာတွေကို ကျွန်တော်အပြစ်တင်ခဲ့၏။ (မမှန်၊ ကွယ် လွန်ရှာပြီဖြစ်သည့် ကျွန်တော့်ဇနီးသည် အသက်ရှင်လမ်း မရှိတော့သည့် တိုင် ထိုစဉ်က ကျွန်တော့်ထက်ပင် စိတ်ဓာတ်ကြံ့ခိုင်ခဲ့သည်။) အဘိုးကြီး ဂျွန်ဘာလီကွန်းကို ကျွန်တော် အပြစ်တင်ခဲ့၏။ (မမှန်။ အတိုင်ပင်ခံထံမှ အကြံဉာဏ်များရယူခြင်းသည် အဓိကအကြောင်းရင်း မဟုတ်။)

           သည်တော့ ဘယ်နေရာမှာ လွဲချော်သွားသလဲ ။ ထိုနေ့က စိတ်ဆင်းရဲခြင်းကြီးစွာဖြင့် မိုးရေးထဲလျှောက်လှမ်းလာခိုက် အမှန်တရားက ကျွန်တော့်ဆီသို့ တိုးတိုးတိတ်တိတ်ကလေး ရောက်လာသည်။ ရလိုက်သည့်အဖြေက ကျွန်တော်ရှာဖွေဖော်ထုတ်ရမည့် စိတ်နှလုံး ငြိမ်းချမ်းမှု အတွက်လည်း အဓိကသော့ချက်ဖြစ်နေသည်။ တကယ်တော့ ကျွန်တော့်ပိုင်ဆိုင်မှု ၊ အားလုံးကို ကျွန်တော် ပေးပစ်လိုက်ခြင်းသာဖြစ်၏။

          အသက်က ငါးဆယ်။ အောင်မြင်သောစီးပွားရေးလုပ်ငန်းတစ်ခု ရှိသည်။ ငွေကြေး ကြွယ်ဝသည်။ ခပ်သေးသေးလုံးချင်းအိမ်တစ်လုံး ရှိသည်။ ဂုဏ်ယူဝင့်ကြွားလောက်သည့် ကားသုံးစီးရှိသည်။ ဒါတွေအားလုံး ပေးပစ်လိုက်ရသည်။ တိုတို တုတ်တုတ် ပြောရလျှင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ယုံကြည့်စိတ် ပျက်ပြားပြီး အရှုံးပေးထွက်ပြေးခဲ့၏။ ဘာကြောင့်လဲ။

  • ရှင်းရှင်းလေးပါ။ ကျွန်တော် အောင်မြင်မှုနှင့် မထိုက်တန်သေး။

          ကျွန်တော့်ကိုယ်ပိုင်လုပ်ငန်း၊ ကျွန်တော့် အသက်မွေးဝမ်းကျောင်းမှုနှင့် ကျွန်တော်ပိုင် စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးလက်လွှတ်လိုက်ရရုံမဟုတ်သေး၊ ပြည်တွင်း အခွန်ဦးစီးဌာနက ကျွန်တော့်ကို ခုနစ်နှစ်လုံးလုံး စုံစမ်းစစ်ဆေးတာလည်း ခံခဲ့ရ သည်။ ကျွန်တော့်လိုအဖြစ်မျိုး ဘယ်သူမှမကြုံရစေချင်ပါ။ (ပြည်တွင်းအခွန်ဦးစီး ဌာန၏ အားထုတ်ကြိုးပမ်းမှုမှာ အသေးစိတ်လွန်း၊ နှံ့နှံ့စပ်စပ် ရှိလွန်းသည်။နောက်ဆုံးတွင် သူတို့က ကျွန်တော့်အား ပေါင် ၁၄ဝဝဝ ကျော် ပြန်အမ်းပေးခဲ့ကြ သည်။)

အောင်မြင်မှုကိုတည်ဆောက်ဖို့ ဆည်းပူးလေ့လာခြင်း

          အောင်မြင်မှုကိုတည်ဆောက်ဖို့ ဘယ်အချိန်မှာ အဆင်သင့်ဖြစ်မည်လဲ။ လွယ်ပါသည်။ သင့်အား တွန့်နှံ့အောင်လုပ်နေသည့် အကြောင်းရင်းကို ရှာဖွေဖော် ထုတ်ပြီးသည်နှင့် အဆင်သင့်ဖြစ်နေပါပြီ။ ၎င်းအကြောင်းရင်းကို ဖော်ထုတ်သိရှိ ချိန်၌ သင်သည် အသက် နှစ်ဆယ်ပဲရှိသေးသည်ဆိုလျှင် သင် လက်ခမောင်းခတ်ဖို့ပဲ ရှိသည်။ သို့ပေမယ့် လူတော်တော်များများအတွက်တော့ အဆိုပါ အမှန်တရားကို တွေ့ရှိလက်ခံနိုင်ဖို့ သည့်ထက်မက အချိန်ယူရလေ့ရှိပါသည်။ ။

          သည်တော့ သင့်ကို ဘယ်လိုအကြောင်းအရာက ဟန့်တားနေသလဲ။ သည်အဟန့်အတားကို ဖော်ထုတ်ရမည့်အချိန်၊ အနေအထားကို ဆန်းစစ်ဝေဖန်ပြီး သင့်ဘဝကို ပြန်လည်လှုပ်ရှားရမည့်အချိန်သည် ယခုပဲဖြစ်ပါသည်။ ။

          သင့်အား စိတ်အနှောင့်အယှက်ပေးနေသည်မှာ ယခုခေတ် လက်သုံး စကား သုံးမျိုးထဲမှ တစ်မျိုးမျိုးဖြစ်နေနိုင်သလား။ လူလျှော့တဲ့အထဲ ပါသွားလို့၊ အငြိမ်းစားယူထားလို့၊ အပယ်ခံဖြစ်နေလို့။ ။

          အလုပ်လက်မဲ့ဖြစ်နေလို့ သင် စိတ်ဓာတ်ကျနေသလား၊ သင်သည် အိုကြီးအိုမဖြစ်နေပြီဟု လူတွေပြောသည်ကို ကြားနေရတာ နားကြားပြင်းကတ်နေပြီ လား၊ သင်သည် အသက်ငယ်လွန်းသေးသည်ဟု လူတိုင်းက ပြောနေကြသလား။ သို့မဟုတ် သင်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အလုပ်တစ်ခုထဲမှာ ခြေကျွံ နေတာလား။

စိတ်ပိုင်းဆိုင်ရာ အဟန့်အတားများကို ကျော်လွှားလွန်မြောက်ခြင်း

          သင့်အနေအထားကို အကျိုးသက်ရောက်မှု ရှိစေနိုင်သော စိတ်ပိုင်း ဆိုင်ရာအဟန့်အတား တစ်ခုချင်းစီကို ကျွန်တော်တို့ ဆန်းစစ်ကြည့်ရအောင်။လူလျော့ခံရသည့်အထဲမှာ သင်ပါသွားလို့ စိတ်ဓာတ်ကျနေသလား လူလျှော့ခံရသည့်အထဲမှာ ပါသွားခြင်းသည် တော်တော်အခံရခက်သည်။ဟုတ်ပါသလား။ မနေ့က သင်သည် အများသူငါလို လူအုပ်ထဲက လူတစ်ယောက် ဖြစ်၏။ ယနေ့တော့ သင်သည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေပြီ။ သင့်အလုပ်ရှင်က သင့်အား ကရုဏာကြေးကလေး တော့ ပေးကောင်းပေးလိုက်မည်။ သို့ပေမယ့် ရက်ရက်ရောရောပေးတာမျိုးတော့ ရှားပါသည်။ သည်အသပြာစကလေးသည်လည်း မသုံးမဖြစ်၊ မပေးမဖြစ်ကိစ္စတွေကြောင့် လက်ထဲမှာ နွေးအောင်ပင်ကိုင်မထားရဘဲ ပျောက်ခြင်းမလှ ပျောက်သွား ပြီ၊ ချေးထားသောအကြွေးတွေ ပြန်ဆပ်ဖို့၊ ဝယ်ထားသည့်ပစ္စည်းဖိုးတွေ ချေဖို့ဟုတ်ပြီ။ သင်အလုပ်ပြုတ်နေပြီ။ သည်တော့ ဘာလုပ်မည်လဲ။ | အိမ်မှာထိုင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမည့်အစား အပြင်ထွက်ပြီး သင့်အနာဂတ်ဘဝအတွက် တစ်ခုခုကြံစည်လုပ်ကိုင်ခြင်းက ကျေနပ်နှစ်သက်စရာ မကောင်းပေဘူးလား။ တကယ်တော့ သင်လုပ်စရာအလုပ်တစ်ခု ရှိကိုရှိနေပါသည်။

          အငြိမ်းစားယူတာ သိပ်စောနေသလား သင်အငြိမ်းစားယူခါနီးနှစ်တွေတွင် သင်လျှောက်လှမ်းမည့်လမ်းကြောင်း ကို စနစ်တကျ စီမံကိန်းချမထားလို့ကတော့ သင်သည် ဆိုးရွားသောရာသီဥတုနှင့် ကြုံရပေလိမ့်မည်။ တချို့လူတွေက စောစောစီးစီးကြီး အငြိမ်းစားယူလိုက်ကြ၏။ သူတို့လက်ထဲမှာ ငွေကြေး အမြောက်အမြားရှိသည်။ သို့ပေမယ့် သင့်ကိုယ်သင် အားမလိုအားမရဖြစ်သည့် ခံစားချက်တွေ အကြီးအကျယ်ခံစားနေရသည်။

          သင်သည် ကျန်းမာရေးဒေါင်ဒေါင်မြည်ပြီး ကြံ့ခိုင်သန်စွမ်းနေသည့်တိုင် သင့်စွမ်းအင်များအတွက် ထွက်ပေါက်တစ်ခုတော့ လိုအပ်နေပါသေးသည်။ သည်တော့ စီးပွားရေးသဘောသဘာဝရှိသည့် ထွက်ပေါက်တစ်ခုထက် တခြားဘယ်လို ထွက်ပေါက်က ပိုကောင်းပါဦးမည်လဲ။

          အကယ်၍ သင်သည် အမြတ်အစွန်းမလိုသည့် အနေအထားမျိုးရှိလျှင် ၎င်းအမြတ်အစွန်းများကို ထိုက်တန်သင့်မြတ်သောလုပ်ငန်းများသို့ ပေးလှူပစ်လို့ ရ၏။ ဆက်ဖတ်ပါဦး။

အမြဲတစေ ငြင်းပယ်ခံနေရလို့ စိတ်ဓာတ်ကျနေသလား

          ကျွန်တော် ထိုအနေအထားမျိုးနှင့် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရဖူးပါသည်။ ကျွန်တော့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ဆုံးရှုံးလက်လွှတ်လိုက်ရပြီးနောက်ပိုင်းအိမ်မှာပင် ရုံးခန်းဖွင့်ပြီး ဈေးကွက်ဖော်ဆောင်ရေး အတိုင်ပင်ခံလုပ်ငန်းကို နှစ် အတန်ကြာအောင် လုပ်ခဲ့၏။ ၎င်းလုပ်ငန်း အောင်မြင်ပါသည်။ သို့သော် စီးပွား ပျက်ကပ် ကျရောက်လာသည်။ ၁၉၉ဝ ပြည့်နှစ် အောက်တိုဘာလမှာတော့ စီးပွား ပျက်ကပ်၏ အကျိုးဆက်က ကျွန်တော့်ကိုပါ ထိုးနှက်တော့၏။

            ကျွန်တော့်အလုပ်ရှင်များအတွက် ကျွန်တော်သည် ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်လာသည်။ ကျွန်တော့်ကိုပေးနေသည့် ငွေကြေးသည် အပိုအသုံးစရိတ်ဖြစ်လာ သည်။ သူတို့ ကျွန်တော့်ကို အတိုင်ပင်ခံ ဉာဏ်ပူဇော်ခ မပေးနိုင်တော့။

            တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်ဆီကို အလုပ်ရပ်စဲစာတွေ တဖွဲဖွဲရောက်လာ သည်း ဘာပဲဖြစ်ဖြစ် အလုပ်ရှင်တစ်ဦးကတော့ ကျွန်တော့်ကို တစ်နည်းတစ်ဖုံ အသုံးချလို့ရနိုင်သေးသည်ဟု ယူဆပုံရသည်။ သူက ကျွန်တော့်ကို သူ့လခစားအဖြစ် ခန့်အပ်သည်။ ထိုအလုပ်တွင် ၁၂ လ ကြာသည်။ နောက်တော့ သူလည်း အရှုံး တွေပေါ်ပြီး လုပ်ငန်းပါရပ်လိုက်ရ၏၊

            နောက်ပိုင်းတွင် ကာလအတန်ကြာသည့်တိုင် သိပ်အကျိုးအမြတ်မရှိသည့် လှုပ်ရှားမှုများဖြင့် ကျွန်တော် လုံးလည်ချာလည်လိုက်နေသည်။ ထို့နောက် နာမည် ကြီး စာအုပ်ထုတ်ဝေရေး တိုက်ကြီးတစ်တိုက်တွင် ကြော်ငြာကိုယ်စားလှယ် လုပ် သည်။ သိပ်ကြာကြာမစောင့်လိုက်ရပါ သူတို့က ကျွန်တော့်ကို ကန်ထရိုက်စေ့စပ် ညှိနှိုင်းရေးသမားအဖြစ် အလုပ်ခန့်လိုက်သည်။ ထို့နောက် ကျွန်တော့်ကို အလုပ် ဖြတ်လိုက်ပြန်သည်။ မရှေးမနှောင်းမှာပင် သူတို့လုပ်ငန်းကြီးလည်း ပြိုလဲသွားတော့ ၏။ အားကျအထင်ကြီးစရာ ကောင်းလောက်သည့် ဇာတ်လမ်း မဟုတ်ပါချေ။ ဆက်ဖတ်ပါဦး။

အလုပ်လက်မဲ့ဖြစ်နေလို့ ကြံရာမရ ဖြစ်နေသလား

            ထိုသို့ဖြစ်နေလျှင် မဖြစ်ပါနှင့်ဟု သင်စိတ်ချမ်းသာရေးအတွက် ပြောပါရ စေ။ သင့်မြတ်လျော်ကန်သော နေရာဌာနတွေမှာသာ ရှာဖွေကြည့်ပါ။ သင့်အား လက်တွေ့အကူအညီပေးနိုင်သူတွေ အများကြီးရှိပါသည်။ ကျွန်တော် အဆင်ခြင် ဉာဏ်ကင်းမဲ့စွာ သည်စကားကို ပြောခြင်းမဟုတ်။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်လက်မဲ့ဖြစ်ခဲ့သည်။ သို့သော် အကူအညီတောင့်ခံလို့ရမည့် နေရာဌာနများကို ရှာဖွေရမည်ဖြစ်ကြောင်း သိနားလည်ထားသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်ဘဝကို တစ်ကျော့ပြန်စနိုင်ခဲ့လေသည်။ ဆက်ဖတ်ပါဦး၊

သင် အိုကြီးအိုမ ဖြစ်နေပြီလို့ ဘယ်သူက ပြောသလဲ

             သည်စကားမျိုး ကျွန်တော့်မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောဝံ့သူတော့ တစ်ယောက်မျှမရှိသေး။ သို့ပေမယ့် သူတို့ သည်အတိုင်း အတွေးပေါက်နေကြမှာတော့ သေချာသည်။ သည်တော့ ဘာဖြစ်သေးလဲ။ သူတို့ မှားနေသည်။ သူတို့ မှားနေကြောင်း ကျွန်တော် သက်သေထူပြလို့ရသည်။

သင်ငယ်လွန်းသေးသည်လို့ ဘယ်သူကပြောသလဲ

             သည်နေရာမှာလည်း သူတို့မှားသည်။ အကြီးအကျယ် မှားသည်။ နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်သည် လူငယ်တွေလက်ထဲမှာရှိသည်။ သည်တော့ စွန့်ဦး | တီထွင် လုပ်ငန်းရှင်တစ်ဦး ဖြစ်လာအောင် လေ့လာဆည်းပူးဖို့ သင် စောလွန်း၊ ငယ်လွန်းနေသေးသည်ဆိုတာ ဘယ်တော့မျှမရှိပါး

သင် ရှေ့မတိုးသာ နောက်မဆုတ်သာ ခြေကျွံနေသလား

            သင် လောလောဆယ် လခစားအလုပ် လုပ်နေသည်။ လခကောင်းသည်။ ရာထူးတစ်ခု ရထားသည်။ နောင်ရေးအာမခံချက် ရှိသည်။ သို့သော် သေချင်လောက်အောင် စိတ်ပျက်ငြီးငွေ့နေသည်။ စားရမှာလည်း သဲနှင့်ရှပ်ရှပ်၊ ပစ်ရမှာ လည်း အဆီနှင့်ဝင်းဝင်း။ သို့ဆိုလျှင်တော့ သည်ကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုလုပ် လိုက်ပါ။

            ပြန်လည်တိုက်ပွဲဝင်ခြင်း သင့်အား တွန့်ရွံ့နေအောင် ဘယ်လိုအကြောင်းအရာတွေက ဖန်တီးနေ သလဲ။ အဆိုပါအကြောင်းအရာ အစစ်အမှန်ကို ဖော်ထုတ်သိရှိဖို့ အချိန်တော်တော် ယူရလေ့ရှိ၏။ သင့်စိတ်ကို သင် တော်တော်ကြီး လေ့လာဆန်းစစ်ရ၏၊ ဝေဖန် ပိုင်းခြားရ၏။ သည်ကြားထဲကပင် အဖြေက ခနဲဖျတ်ခန် သင့်ဆီရောက်လာတတ်

              ကျွန်တော့်တုန်းကဆို ကျွန်တော်အလုပ်ပြုတ်သွားသည့်နေ့မှာမှ အဖြေ က ဘွားခနဲပေါ်လာသည်။ နှစ်ပေါင်းများစွာကြာအောင် မဆီလျော်သည့် နေရာ ဌာနတွေမှာ အဖြေလိုက်ရှာနေခဲ့ပြီးနောက် အဖြေပေါ်ချင်တော့လည်း အစစ အရာရာ ပျိုးခနဲဖျတ်ခနဲ သူ့နေရာနှင့် ကွက်တိခွင်ကျ ပေါ်လာတော့၏။ နာရီ အနည်းငယ်အတွင်း ကျွန်တော့်ကိုဒုက္ခပေးနေသည့် အဓိကပြဿနာကို ဖော်ထုတ်လိုက်နိုင်၏။ ထိုမျှမကသေးဘဲ ကျွန်တော့်ဘဝကို နာလန်ထနိုင်အောင် ပြန်လည် | တိုက်ပွဲဝင်ဖို့လည်း အသင့်ဖြစ်နေတော့၏။

                ကျွန်တော်၏ ပုဂ္ဂလိက ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များဟုသော တိမ် သလ္လာများက ကျွန်တော့်ဆီကို အဖြေမှန်ကို ယူဆောင်လာပါသည်။ ကျွန်တော့်အား တွန့်အောင်ရွံ့ အောင် ကြိုးကိုင်နေသည်မှာ စိုးရိမ်ပူပန်စိတ်ဖြစ်ပါသည်။ ကျွန်တော့် ဘဝ နာလန်ထအောင် လုပ်ရမည့်လမ်းစဉ်မှာ ကျွန်တော့်အား အလုတ်ဖြုတ်ပစ် ခဲ့သည့် နယ်ပယ်မှာပင် ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ဖြစ်၏။ ထိုလုပ်ငန်းကို စိုးရိမ် ပူပန်စိတ် ကင်းကင်းဖြင့် ဖြစ်ထွန်းအောင် အားထုတ်ကြိုးပမ်းဖို့ပဲဖြစ်၏။

                  ဘဝဖျက်မည့် အဆိုပါစိတ်ခံစားချက်သည် ကျွန်တော့်ကို တစ်သက်လုံး တအိအိ ကိုက်ဖဲဝါးနေခဲ့၏။ ထိုသို့ ကိုက်ဖဲဝါးနေသည်မှာ အပြင်ပန်းအရ မဟုတ်။ ကျွန်တော့်ပြောစကားတွေ သို့မဟုတ် ကျွန်တော့်လုပ်ရပ်တွေမှာ ပေါ်လွင် ခြင်း မရှိ။ သို့သော် သည်ခံစားချက်ကြီးက ကျွန်တော့်ဖုံးကွယ်စိတ်မှာ ခိုတွယ်နေ ခြင်းဖြစ်၏။ ကျွန်တော် တစ်ခုခုအကြောင်း မတွေးမီ၊ မပြောမီ၊ မလုပ်မီကပင် သည်စိတ်တကြီးကကျွန်တော့်ကိုခြောက်လှန့်နေခဲ့၏။ စိုးရိမ်ပူပန်မကိုကျွန်တော် ဖျောက်မရအောင် အစွဲကြီးစွဲနေသည်။ သူ့ကို ပစ်ပယ်မထားနိုင်။ ကျွန်တော်၏ ယခင်စီမံကိန်းများကို သူက လွှမ်းမိုး၏။ ချုပ်ကိုင်၏။ ရလဒ်ကတော့ ၎င်းစီမံကိန်း များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးပစ်ခြင်း ဖြစ်တော့၏။

             ပြန်လည်ထူထောင်ရေး လမ်းဖောက်ခြင်း ကျွန်တော်က တော်သည်။ တော်သည်မှ တော်တော်ကြီးကို တော်သည်။ ထိုနေ့ စောစောပိုင်းတုန်းက ကျွန်တော့်ကိုကန်ထုတ်လိုက်သည့် လုပ်ငန်းနယ်ပယ်မှာ ကျွန်တော်က တော်သည်။ ကန်ထရိုက်လုပ်ငန်းများ စေ့စပ်ညှိနှိုင်းရေး အလုပ်။ ဒါတွင်ကရိုးလား။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ခြင်းမရှိသော် လည်း ကျွန်တော့်မှာ အခြားအခြားသော လုပ်ငန်းပေါင်းစုံနှင့် ပတ်သက်၍လည်း အသိပညာ အများကြီးရှိသည်။ ကြော်ငြာလောကမှာ နှစ်ပေါင်း ၃၀ ကျော် လက်တွေ့ အတွေ့အကြုံလည်း ရှိထားသည်။ သည်တော့ အောင်မြင်သော စာအုပ် ထုတ်ဝေရေး သမားတစ်ဦးဖြစ်လာဖို့ ကျွန်တော့်မှာ အရည်အချင်းပြည့်စုံသည်ဟု ကျွန်တော် တွက်ဆသည်။

              ထိုနေရာ၊ ထိုအခိုက်မှာပင် ကျွန်တော် သန္နိဋ္ဌာန်ချလိုက်၏။ ကျွန်တော် တွက်ဆသည်။ မတည်ရင်းနှီးငွေရော၊ အခြားသော အထောက် အကူပစ္စည်းများပါ

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)