မြတ်ငြိမ်း - ကိုယ့်ကိုယ်ကိုယ်ကိုးကွယ်
အောင်မြင်မှု
လော့စ်အိန်ဂျလိစ်တွင် လူရွှင်တော်တစ်စုနှင့် ကျွန်တော် ထိုင်နေ သည်ကို မှတ်မိ၏။ သူတို့အားလုံးလည်း ကျွန်တော့်လိုပင် ဟာသခွင်ထဲ တိုးဝင်နိုင်ဖို့ မျှော်လင့်ချက်တွေ ပွေ့ပိုက်ထားသူများ ဖြစ်၏။ ကျွန်တော် က ကမ္ဘာပေါ်မှာ အပြိုင်အဆိုင်အများဆုံးဆိုသည့် ဈေးကွက်သို့ အရောက် သွားခဲ့သည်။ ထိုလောကမှာ အလုပ်ဝင်လုပ်ရင်း တစ်နှစ်အတွင်း လက် လှမ်းမီသရွေ့ ပညာကို ဆည်းပူးမည်ဟု ဆုံးဖြတ်ထားသူ။ ခေတ်ကာလမှာ ၁၉၈၅။ ဟာသဇာတ်ဆိုသည်မှာ ရော့အင်ရိုးလ်အသစ်တစ်မျိုးလားဟု မေးသည့်ခေတ်။ အောင်မြင်မှု၏အဓိပ္ပာယ်ကတော့ ချမ်းသာကြွယ်ဝခြင်း၊အောင်မြင်ကျော်ကြားခြင်း၊ မြို့ထဲက ဘယ်စားသောက်ဆိုင်မှာမဆို တန်း မစီဘဲ ကျော်ဖြတ်ဝင်ခွင့်ရခြင်း၊ နောက်ပြီး ပြိုင်ကားတွေ၊ မိန်းမချောချော လှလှတွေ၊ ပြီးတော့ ဘက်ဗာလီတောင်ကုန်းများတွင် အိမ်ကြီး မဟာ တစ်လုံး။ ထိုထိုဤဤ အရာများက ကျွန်တော်တို့ စိတ်ကူးအယဉ်ကြီးယဉ်နေသည့် ဆုလာဘ်များ။ ကျွန်တော်တို့ လိုချင်တပ်မက်ရှိလွန်းလှ သည့် နတ်သုဒ္ဓါဟင်းခွက်ကြီး။
ကျွန်တော် ထိုနေရာသို့ ရောက်နေတာ ခြောက်လလောက်ရှိပြီ။ ကလပ်အသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်တော့ တဖြည်းဖြည်း တိုးဝင်လို့ ရခဲ့ပြီ။ ကျွန်တော့်ကို ဘယ်သူကမျှ လခပေးပြီး ငှားမထားသေး။ သိုပေမဲ့ အနည်းဆုံး သီတင်းပတ်ကုန်ရက်တွေမှာတော့ အလုပ် လုပ်ရသည်။ နောက်ပြီး တစ်ယောက်ယောက်က မျက်စိကျသွားနိုင်သည့် အလား အလာလည်း အမြဲရှိသည်။ ကျွန်တော်တို့အားလုံး ဖက်တွယ်ထားသည့် အလားအလာ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အထဲက ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ မျက်စိကျသူ မရှိသေးခြင်းပင်။ သည်တော့ ရုပ်ရှင်တစ်ပွဲအပြီးတွင် ကျွန်တော်တို့ ငွေကြယ်ပွင့်လောင်း လျာတစ်စု လုပ်နေကျအလုပ်မှာ အရက်ဆိုင်တစ်ဆိုင် သို့မဟုတ် စား သောက်ဆိုင်တစ်ဆိုင်သို့ သွားကြခြင်းပင်။ ပြီးတော့ ဆိုင်မှာထိုင်ပြီး အိမ်မပြန်မီ အချိန်ဖြုန်းကြမည်။ အိမ်အပြန်လမ်းမှာကျတော့ ပြိုင်ဘက် လူရွှင်တော်များ၏ အရည်အချင်းတွေကို ဝေဖန်ရေး ဓားဖြင့် တစ်စစီ၊ တစ်ပိုင်းစီဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ကြမည်။
မှတ်မှတ်ရရ ထိုတစ်ညကတော့ ကျွန်တော်သည် ညဉ့်လုံးပေါက် ဖွင့်သည့် ထမင်းဆိုင်တစ်ဆိုင်တွင် အခြားလူရွှင်တော်အုပ်စုတစ်စုနှင့် အတူရှိနေသည်။ ကျွန်တော်တို့ အာအတွေ့ဆုံးအကြောင်းကိုပဲ အာပေါင် အာရင်း သန်နေကြသည်။ ထိုအခိုက် ဘာမျှထူးထူးထွေထွေ မစဉ်းစားဘဲ သတိပြုလိုက်မိသည်မှာ ကျွန်တော်တို့ ပြောဆိုဆွေးနွေးခြင်း ခံရသည့် လူရွှင်တော်များကို အတန်းနှစ်တန်း ခွဲထားလေ့ရှိခြင်းပင်။ ပါရမီကလေး တော့ သူ့အတိုင်းအတာနှင့်သူ ရှိကြသည်။ သို့ပေမဲ့ ကျွန်တော်တို့ လောက်ပင် အလုပ်မဖြစ်သူတွေက တစ်တန်း။ သည်လူတွေကတော့ကြီးကြီးကျယ်ကျယ်အောင်မြင်သူများဖြစ်လာဖို့ အလားအလာ အလွန့် အလွန်နည်းသူများဟု ကျွန်တော်တို့က သတ်မှတ်သည်။ ကျွန်တော်တို့ ထက် သိသိသာသာအောင်မြင်သူအုပ်စုကိုတော့ ကျွန်တော်တို့က ကံကောင်း သူများဟု သတ်မှတ်ကြသည်။
အောင်မြင်ရေးကို စိုးမိုးခြယ်လှယ်သည့် စွမ်းအား၊ ပြဋ္ဌာန်းသည့် စွမ်းအားသည် ကံတရားဖြစ်သည်ဟု ကျွန်တော်တို့ မှတ်ယူကြ၏။ ကံ တရားက ပုံစံအမျိုးမျိုးဖြင့် ကျွန်တော်တို့အထဲမှ တစ်ယောက်ယောက်ကို လာရောက်လက်တို့ချင်တို့မည်။ မတို့ဘဲ နေချင်လည်း နေမည်။ ကျွန်တော်တို့တွင် ထိပ်တန်းသို့ရောက်စေမည့် အကြောင်းတရားတစ်ခုခု ရှိနေ ပါစေဟု ကျွန်တော်တို့အားလုံး ဆုတောင်းကြသည်။ ကံတရားက ကျွန်တော် တို့တစ်တွေကို တစ်ယောက်ချင်း ရွေးထုတ်ခေါ်သွားပါစေဟု ကျွန်တော် တို့အားလုံး ဆုတောင်းကြသည်။
သို့သော် ကျွန်တော်တို့တစ်တွေ အောင်မြင်ရေးကို သည်နည်း သည်ပုံဖြင့် ရှုမြင်သုံးသပ်ခဲ့ခြင်းသည် မှား၏။ တကယ်တော့ အောင်မြင် သူများသည် ဘယ်တော့မျှ ဆုတောင်းရုံ တောင်းနေခြင်းမပြု။ သူတို့က ယုံကြည်ထားကြသည်။ ကျွန်တော်တို့တွေအကြား ခြားနားချက်မှာ ဒါပဲ ဖြစ်၏။ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းအကြား ခြားနားချက်မှာ ဒါပဲ ဖြစ်၏။
ထိုည နောက်ပိုင်းကစပြီး ထူးခြားသောအတွေ့အကြုံတွေကို ကျွန်တော် ကြုံခဲ့ရ၏။ ၎င်းအတွေ့အကြုံများက ကျွန်တော် ကိုင်စွဲထားသော ကိုယ့်ကိုယ်ကိုယ်မြင်သည့် အမြင်နှင့် ကိုယ့်အလားအလာကို မြင် သည့် အမြင်နှစ်ရပ်ကို ထာဝစဉ်ပြောင်းလဲပစ်လိုက်ပါတော့သည်။ နောက်ပိုင်းတွင် အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်း ဆိုင်ရာ အစည်းအဝေးများ၊ ကျွန်တော့်အား ခေါ်ယူတိုင်ပင်သည့် အစည်းအဝေးများ၌ လူတွေ၏ရင်ဖွင့်သံပေါင်းများစွာကို ကြားခဲ့ရ၏။ သူတို့က ပုံစံအမျိုးမျိုး၊ စကားလုံးအသွယ်သွယ်ဖြင့် တင်ပြကြ၏ ။ သူတို့ တင်ပြ ပြောဆိုသည့်စကားများမှာ ၁၉၈၅ ခုနှစ်က လော့စ်အိန်ဂျလိစ်တွင် ကျွန်တော် ပြောခဲ့သည့်စကားများ၏ သံတူကြောင်းကွဲတွေသာ ဖြစ် နေ၏။
ကျွန်တော် ကံသေကံမ ပြောနိုင်တာတစ်ခုရှိသည်။ အောင်မြင်ခြင်း သည် ကံတရားနှင့်ဆိုင်သည့်ကိစ္စမဟုတ်။ ကံတရားဆိုသည်မှာ အလျဉ်း သင့် ကြုံကြိုက်သည့်ကိစ္စဖြစ်ပြီး အောင်မြင်ခြင်းကတော့ စီစဉ်ပုံဖော်ရ သည့် ကိစ္စဖြစ်၏။
အောင်မြင်ခြင်းသည် ကံတရားနှင့် ဆိုင်သည့်ကိစ္စ ဖြစ်သည်။ သက်သေထူလိုလျှင် မည်သည့်အရှုံးသမားကိုမဆို မေးကြည့်ပါ။
အားလ် ဝီလ်ဆင်
သည်တော့ အောင်မြင်ခြင်းက စီစဉ်ပုံဖော်ရသည့် ကိစ္စဆိုလျှင် ပုံစံပြာ သို့မဟုတ် စီမံကိန်း၊ စီမံချက်က ဘယ်မှာလဲ။
ထိုမေးခွန်းအတွက် အဖြေအား အောင်မြင်ခြင်း၏ အဓိပ္ပာယ်ကို ဘယ်လိုသဘောပေါက်သလဲဆိုသည့်အချက်ဖြင့် စရပါသည်။ ခင်ဗျာ ဘဝမှာ ခင်ဗျား တကယ်လိုချင်တပ်မက်တာ ဘာလဲဟု ကျွန်တော် မေးလျှင် သင် ဘယ်လိုဖြေမည်လဲ။
ငွေ၊ ကျော်ကြားမှု၊ လွတ်လပ်ခွင့်...ဖြစ်ချင်ရာ ဖြစ်မည်။ ကိုယ့် အထွာနှင့် ကိုယ်ပေါ့ ။ ကုမ္ပဏီတော်တော်များများက အမြတ်အစွန်း ကြီးထွားမှုနှင့် အသိအမှတ်ပြုခံရမှုတို့ကို လိုလားတောင့်တသလိုပေါ့။
သို့ပေမဲ့ ငွေရှိရုံသက်သက်က သင့်အား အောင်မြင်သူ ဖြစ်အောင်ပြုလုပ်ပေးသလား။ ဘယ်လုပ်ပေးနိုင်မလဲ။ မဟုတ်ပါက ထီပေါက် သူတွေ၊ ဘဏ်ဓားပြတွေ၊ အမွေတွေ အများကြီး ဆက်ခံရသူတွေကို အကြီးအကျယ် အောင်မြင်သူတွေအဖြစ် တစ်ခါတည်းသတ်မှတ်ရတော့ မည် မဟုတ်လား။ သည်တော့ ကျော်ကြားမှုကကော။ ကျော်ကြားမှု ရလျှင် အောင်မြင်မှု သို့မဟုတ် ပျော်ရွှင်မှုရမည်ဟု အာမ မခံနိုင်ကြောင်း ကို သမိုင်းက လက်တွေ့ပြခဲ့ပြီ။ ထို့အပြင် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အရယူနိုင်ခြင်းသည်လည်း ကျော်ကြားမှုရခြင်းလိုပါပဲ။
အောင်မြင်မှုကို အကောင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုသည်မှာ သင်၏ ကိုယ်ရေး ရည်မှန်းချက်များနှင့် လုပ်ငန်းရည်မှန်းချက်များ တဖြည်းဖြည်း အကောင်အထည်ပေါ်လာခြင်းဟု ကျွန်တော် ယုံကြည်သည်။ ချမ်းသာ ကြွယ်ဝခြင်း၊ ကျော်ကြားခြင်းနှင့် အခြားအရာများသည် ၎င်းရည်မှန်းချက် များ ပေါက်မြောက်ခြင်း၏ ဘေးထွက်အကျိုးများသာ ဖြစ်၏။
သင့်ဘဝမှာ သင် ဘာကိုလိုလားတောင့်တသလဲဟု အောင်မြင်သူ တစ်ဦးအား မေးကြည့်ပါ။ သူ့အဖြေသည် ယောင်တိယောင်ဝါး သို့ မဟုတ် သိမ်းကျုံးသည့်အဖြေမျိုးဖြစ်မည်မဟုတ်။ သူ့အတွက် အောင် မြင်မှုဆိုတာ ဘာလဲဆိုသည်ကို ရှင်းလင်းပြတ်သားစွာ အဓိပ္ပာယ်ဖွင့်ပြ လိမ့်မည်။ သို့ရာတွင် အဆိုပါရည်မှန်းချက်ပန်းတိုင်သည် ဘဏ်စာရင်း မှာရှိသည့် ငွေပမာဏတစ်ခု သို့မဟုတ် ယေဘုယျ ပျော်ရွှင်မှု အနေ အထားတစ်ခု ဖြစ်လိမ့်မည်မဟုတ်။ အဆိုပါရည်မှန်းချက်ပန်းတိုင်သည် အလွန်တိကျသည့် ပစ်မှတ်တစ်ခုဖြစ်လိမ့်မည်။ ၎င်းပစ်မှတ်ကို ထိမှန်ပြီ ဆိုလျှင် လိုအင်ဆန္ဒပြည့်ဝပြီး နှစ်ထောင်းအားရ ခံစားရမည် ဖြစ်၏။
လူတစ်ဦးတစ်ယောက်ချင်းမှာဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဖြစ်စေ ထိုသို့ ရည်မှန်းချက်ပန်းတိုင်ကို ပီပီပြင်ပြင် အဓိပ္ပာယ်ဖွင့်နိုင်စွမ်း ရှိခြင်းသည် အောင်မြင်မှုရရာရကြောင်းကို ဖော်ဆောင်ပေးသည့် စွမ်းရည်တစ်ရပ်ဖြစ်၏။ အောင်နိုင်သူများသည် သင်တို့ ကျွန်တော်တို့ ရသည့် အခွင့်အရေးမျိုးပဲ ရ၏။ သင်တို့ ကျွန်တော်တို့ ကြုံသည့် စိတ်ပျက်စရာ မျိုးပဲ ကြုံရ၏။ ရေရှည်အောင်မြင်မှု ရသူများကို အများသူငါနှင့် မတူအောင် ခွဲထုတ်ပစ်လိုက်သည့်အရာမှာ သူတို့၏ တွေးခေါ်ပုံ တွေးခေါ် နည်းနှင့် သူတို့၏ စိတ်သဘောထားပင်ဖြစ်သည်။ လူ့ဘဝမှာ လူတိုင်း လူတိုင်း ထိန်းချုပ်မှုအပြည့်အဝပြုနိုင်စွမ်းရှိသည်မှာလည်း ထိုအရာနှစ်ခု သာဖြစ်၏။
အောင်မြင်ခြင်းသည် ကံတရားနှင့်ဆိုင်သည့် ကိစ္စမဟုတ်၊ စီစဉ်ပုံ ဖော်ရသည့်ကိစ္စ ဖြစ်၏။ အောင်နိုင်သူများသည် အခွင့်အရေး ပိုရသူများ မဟုတ်၊ သူတို့က အခွင့်အရေးကို ဖန်တီးယူသူများ ဖြစ်၏။ သူတို့က ယာယီအခက်အခဲများကြောင့် သူတို့၏ အတ္တပုံရိပ်ကို ညှိုးနွမ်းမှေးမှိန် စေခွင့်မပြု။ သူတို့က ယာယီအခက်အခဲများကို ရုပ်ဖျက်လာသည့် အခွင့် အရေးများဟု သဘောထားသည်။ အောင်ရမည်ဟူသောသူတို့၏ အဓိဋ္ဌာန်ပြုချက်ကို အထောက်အကူပြုသည့် အခွင့်အလမ်းများဟု ရှုမြင် သည်။
သင်သည် အနာဂတ်ဘဝအတွက် ဘယ်လို အိပ်မက်မျိုးပဲ မက်မက်၊ ၎င်းအိပ်မက်သည် ဖြစ်နိုင်ခြေရှိသည့်ဘောင်အတွင်းမှာ ရှိလျှင် ၎င်းအိပ်မက်သည် လက်တွေ့ ဖြစ်မြောက်လာနိုင်၏။ သို့သော် သူဌေးဖြစ် ဖြတ်လမ်းနည်း သို့မဟုတ် ထိပ်တန်းရောက်ဂါထာတစ်ပုဒ် တွေ့လိုတွေ့ငြား ဟူသော မျှော်လင့်ချက်ဖြင့် စာတစ်အုပ် (ဤစာအုပ်အပါအဝင်)ဖတ်ခြင်း ဖြင့်တော့ သင့်ရည်မှန်းချက် ပေါက်မြောက်အောင်မြင်လိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင့်ဘဝကို အောင်မြင်မှုနှင့် ပျော်ရွှင်မှုပန်းတိုင် ဆီသို့ အမှန်တကယ် ဦးတည်စေချင်သည်ဆိုလျှင် သင်သည် အမှန် တကယ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားဖို့လို၏။ ချေဖျက်၍ မရနိုင်သော
မိတ်ဆက်စကား
တစ်ခါတလေ လောကကြီးက တော်တော့်ကို မျက်နှာလိုက်သည့် လက္ခဏာရှိ၏။ သင်သည် အလုပ်ကို ခါးချိုးလုပ်သည်။ အစွမ်းကုန် အားထုတ်သည်။ သို့သော် ဘာတစ်ခုမျှဖြစ်ထွန်းမလာသလို ရှိ၏။ သို့ဖြစ်စေကာမူ လိုရာဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်သူတွေရှိနေ၏။ သူတို့ကျတော့ နတ်သူငယ်ကလေးတွေ၏ ငြိမ့်ညောင်း ညက်ညောမှုမျိုးဘာကြောင့် သည်လို ဖြစ်နေရသလဲ။
ကျွန်တော့် အဖေသည် ဘယ်သူ့ အကူအညီကိုမျှ မယူဘဲ ဂလက် | စကို မြို့တွင် အထွေထွေ ရောဂါကုဆရာဝန် အလုပ်ကို လုပ်၏။ အလုပ် ပိသည့် ဒဏ်နှင့် စိတ်ဖိစီးသည့် ဒဏ်နှစ်ရပ်ပေါင်းခံရပြီး ငါးဆယ့်နှစ်နှစ် အရွယ်မှာ သေသွားသည်။ သူ့ဘဝ တစ်လျှောက်လုံး သူ့မိသားစုနှင့် သူ့လူနာတွေအတွက် ကိုယ်စိတ် နှစ်ပါးစလုံး မြှုပ်နှံပေးဆပ်ခဲ့သည့် သူလို လူကြီး၊ သည်လိုဖြစ်ရတာတော့ တော်တော်ကြီးကို မတရားသည့် သဘောရှိ၏။ ထို့နောက်မှာတော့ ကျွန်တော်။ အသက် နှစ်ဆယ့်ကိုးနှစ်ပဲ ရှိသေးသည်။ ဘဝမှာ ပထမဦးဆုံး အကြိမ်အဖြစ် တကယ့်အောင်မြင် မှုကို အတိုင်းအတာ တစ်ခုအထိရယူ ဆွတ်ခူးဖို့ ဟန်ပြင်နေချိန်။ သည် | အချိန်မှာမှ ကျွန်တော်မှာ ကင်ဆာရောဂါဖြစ်နေပြီဟု ရောဂါ ဖော်လိုက် ကြသည်။ မျက်နှာသာ မရလိုက်ပုံများ ပြောပါတယ်။
ဘဝမှာ ထိုသို့ဖြစ်လာချိန်အထိ ကျွန်တော့်မှာ မရေမရာ မပြတ် မသားမျှော်လင့်ချက်ကလေးတွေတော့ ရှိသည်။ ကျွန်တော် အောင်မြင်လာလိမ့်မည်ဟု။ ကံကြမ္မာက ကံကောင်းမှုကလေးတွေ ပေးသနားပြီး | အာမခံလျက်ရှိသော ဘဝတစ်ခုကို ပျော်ရွှင်ခံစားရလိမ့်မည်၊ ငွေကြေးကို မပူမပင် မကြောင့်မကြ သုံးရလိမ့်မည်ဟု။ အနာဂတ်ဘဝမှာ ဖြစ်စေ ချင်သည့် အာသီသများအတွက် လှုပ်ရှားနေဖို့လိုအပ်ကြောင်း ကျွန်တော် သိသည်။ သို့ သော် ဘာကြောင့်မှန်းမသိ။ ကျွန်တော်လှုပ်ရှားသည် ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ သိပ်ထူးထူးခြားခြားကြီး ဖြစ်လာမည်ဟု တကယ်တမ်းမယုံကြည်။ တစ်နည်းပြောရသော် ကျွန်တော့်ကံကြမ္မာသည် ( တစ်စုံတစ်ဦး၏ လက်ထဲမှာ အကြွင်းမဲ့ ရောက်နေသည်ဟု ကျွန်တော် ခံစားရသည်။ သည်တော့ဖြစ်စေချင်သည့်အောင်မြင်မှုတွေ ဖြစ်ထွန်းလာအောင် လှုပ်ရှားဆောင်ရွက်ရမည့်အစား အောင်မြင်မှုတွေဖြစ်ပေါ်လာအောင် ထိုင် စောင့်နေခြင်း၏ အကျိုးဆက်အဖြစ် ကျွန်တော်အထမမြောက်၊ မအောင် မြင်သော ဘဝဖြင့် နေထိုင်ရသည်။ အချိန်တွေ တရိပ်ရိပ်ကုန်သွား သည်ကို ကြည့်ရင်း ရင်ထဲမှာ ဒေါသတွေ ဆူပွက်နေသည်။ ကိုယ့်ကိုယ်ကိုယ် တော့ ခွင့်လွှတ်သနားတတ်ပြီး အခြားတစ်ပါး သူများအပေါ်အပြစ်တွေ ပုံချဖို့ အမြဲအသင့်ဖြစ်နေသည်။ တစ်စုံတစ်ခု ဘွားခနဲ ဖြစ်ပေါ်လာချိန် အထိ မိမိ၏ အနာဂတ်ကို ဆိုင်းငံ့ထားဖို့ ဆန္ဒပြင်းလွန်းနေသည်။
ဥမမည် စာမမြောက် ကလေးဘဝလောက်ကတည်းက ကျွန်တော် | သည်အတိုင်းဖြစ်ခဲ့၏။ တခြားကလေးတော်တော်များများ နည်းတူကျွန်တော့်အနာဂတ် ဘဝမှာ ဘာတွေ ဖြစ်လာမည်လဲဟု အတွေးကြွယ်ခဲ့ သည်။ ကျွန်တော်၏ ကလေးဘဝ အိပ်မက်တွေ ပြည့်မြောက် အောင်မြင် | မည်လားဟု အတွေးကြွယ်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ အဲဒါတွေ ဘယ်တော့မျှ ဖြစ်လာမှာမဟုတ်ဟု တိတ်တိတ်ကလေး စွဲမှတ်ယုံကြည်ခဲ့သည်။ ရှုံးနိမ့်မှုနှင့် ဆန္ဒမပြည့်ဝမှုကို မလွဲမသွေ ဖြစ်ပေါ်စေသည့် အဆိုပါ အမြစ်တွယ် ယုံကြည်ချက်ကို နှံ့နုတ်ပစ်ဖို့ မလွယ်။ ကျွန်တော် ကျောင်းတက်သည်။ အောင်မြင်မှာမဟုတ်ဟု ယုံကြည်ထားသည်။ ကျွန်တော် | ယုံကြည်တာ မှန်သည်။ ကျွန်တော်တက္ကသိုလ် တက်သည်။ အောင်မြင်မှာမဟုတ်ဟု ယုံကြည်ထားသည်။ နောက်တစ်ကြိမ် မှန်ပြန်သည်။ ဤကား ကိုယ့်သဘော ကိုယ်ဆောင်ပြီး ကိုယ့်နိမိတ်ကိုယ်ဖတ်ခြင်းများ တည်း။ သို့သော် တစ်ခါတစ်ရံတွင် အောင်မြင်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသည့် ကိစ္စများကို ကြိုးစားလုပ်ကိုင် ကြည့်သောအခါ ကျွန်တော် တကယ်အောင်မြင်ခဲ့သည်။ အံ့သြစရာကောင်းသည့် အချက်ဖြစ်၏။
ကျွန်တော်မှာ ကင်ဆာရောဂါဖြစ်နေပြီဟု သိရပြီး နောက်ပိုင်းကျ မှသာ အတွေးကွင်းဆက်ကလေးတစ်ခုက ကျွန်တော့်အား လှုပ်နှိုးလိုက် သည်။ ထိုးထွင်း သိမြင်မှုရသည့်အခိုက်အတန့်ကလေးအတွင်း သင်ခန်း စာတစ်ခုရလိုက်သည်။ အဆိုပါ ရိုးရိုးစင်းစင်း သိမြင်သဘော ပေါက်မှု ကလေးသည် ကျွန်တော့်အတွက်တော့ ဘဝအကွေ့အပြောင်းဖြစ်စေမည့် အတွေ့အကြုံတစ်ခုဖြစ်သည်။ အဆိုပါ သိမြင်သဘောပေါက်မှုကလေး သည် ဤစာအုပ်ကိုရေးဖြစ်အောင် ကျွန်တော့်အား လမ်းပြခဲ့သည်။ အဆို ပါ သိမြင်သဘောပေါက်မှုကလေးမှာ ရှုပ်ထွေးနက်နဲခြင်း သို့မဟုတ် ခမ်းနားကြီးကျယ်ခြင်းမရှိ။ ကျွန်တော် စကြဝဠာကြီး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ခြင်းမဟုတ်။ ပျော်ရွှင်ချမ်းမြေ့သော ဘဝကို နေ့ချင်းညချင်းရရှိစေမည့် ရိုးရိုးလွယ်လွယ် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ခြင်းမဟုတ်။ သို့သော် အောင်နိုင်သူတွေ ဘာကြောင့်အောင်နိုင်ကြသလဲဆိုတာကိုတော့ နားလည်သဘောပေါက်ခဲ့ပါသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျွန်တော်လက်လှမ်းမီသရွေ့ အရာရာတိုင်းကို ဖတ်ရှုခဲ့သည်။ လေ့လာမှတ်သားခဲ့သည်။ နောက်ပြီး ကျွန်တော် သင်ယူဆည်းပူးလို့ရမည့် အတွေ့အကြုံရှိသူများနှင့် စကား ပြောခဲ့သည်။ ထပ်ပြန်တလဲလဲ ကြားသိလာရသော အခြေခံသဘောတရား တွေကို ကျွန်တော်က ရောနှောပေါင်းတင်သန့်စင်ပစ်သည်။ ရှင်းလင်း လွယ်ကူပြီး ချက်ချင်းအသုံးချလို့ရသည့် ပုံစံတစ်ခုပေါ်လာအောင်လုပ်သည်။ အသိပညာတစ်မျိုးတည်းသည် စွမ်းအားမဟုတ်ကြောင်း ကျွန်တော် သဘောပေါက်သည်။ စွမ်းအားအစစ်အမှန်ဖြစ်လာဖို့ အသိပညာကို စနစ်တကျ တပ်ဆင်အသုံးပြုတတ်ဖို့လိုပါသည်။ ကျွန်တော့် အသိပညာကို ကျွန်တော် စတင်အသုံးချသည်။ ပို၍ပြတ်သားသော ရည်မှန်းချက်များ ထား၊ အပြုသဘောဆောင်သော စိတ်ဓာတ်မွေးပြီးဘဝမှာ ကျင်လည် နေထိုင်သည်။ အသွင်ပြောင်းမှုမှာ မြန်ဆန်လွန်းသိသာလွန်းပြီး ရင်ဖို လှိုက်မောစရာကောင်းလွန်းလှပါသည်။ အတိတ်ကာလက ခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများနေရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ စိတ်အေးချမ်းမှုဆိုသည့် စိတ်အင်အားများ ဖြစ်ထွန်းလာသည်။ ယခုတော့ | ဘဝကို အမီလိုက်နိုင်ပြီဟု ယုံကြည်စိတ်ချ ခံစားရသည်။ သို့မဟုတ် | ကျွန်တော့် မိတ်ဆွေတစ်ဦးအား ပြောပြသလို “ခုမှပဲ လောကကြီးနဲ့အံဝင်ခွင်ကျဖြစ်တော့တယ်” ဟုဆိုရပါမည်။ ကျွန်တော့်အနာဂတ် ဘဝ သည် ရှောင်ရှားရမည့် မရေရာ မသေချာမှုတွေပြည့်နေသော ဝင်္ကပါကြီး မဟုတ်တော့။ ထွေးပွေ့ ရင်ဆိုင်ပြီး ပျော်ရွှင်ကြည်နူးရမည့် အတွေ့အကြုံ တွေ အပြည့်ရှိသော ခရီးစဉ်ကြီးဖြစ်နေပြီ။ ကျွန်တော် ပျော်နေပါသည်။
စေမည့် ရိုးရိုးလွယ်လွယ် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ခြင်းမဟုတ်။ သို့သော် အောင်နိုင်သူတွေ ဘာကြောင့်အောင်နိုင်ကြသလဲဆိုတာကိုတော့ နားလည်သဘောပေါက်ခဲ့ပါသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျွန်တော်လက်လှမ်းမီသရွေ့ အရာရာတိုင်းကို ဖတ်ရှုခဲ့သည်။ လေ့လာမှတ်သားခဲ့သည်။ နောက်ပြီး ကျွန်တော် သင်ယူဆည်းပူးလို့ရမည့် အတွေ့အကြုံရှိသူများနှင့် စကား ပြောခဲ့သည်။ ထပ်ပြန်တလဲလဲ ကြားသိလာရသော အခြေခံသဘောတရား တွေကို ကျွန်တော်က ရောနှောပေါင်းတင်သန့်စင်ပစ်သည်။ ရှင်းလင်း လွယ်ကူပြီး ချက်ချင်းအသုံးချလို့ရသည့် ပုံစံတစ်ခုပေါ်လာအောင်လုပ်သည်။ အသိပညာတစ်မျိုးတည်းသည် စွမ်းအားမဟုတ်ကြောင်း ကျွန်တော် သဘောပေါက်ထားသည်။ စွမ်းအားအစစ်အမှန်ဖြစ်လာဖို့ အသိပညာကို စနစ်တကျ တပ်ဆင်အသုံးပြုတတ်ဖို့လိုပါသည်။ ကျွန်တော့် အသိပညာကို ကျွန်တော် စတင်အသုံးချသည်။ ပို၍ပြတ်သားသော ရည်မှန်းချက်များ ထား၊ အပြုသဘောဆောင်သော စိတ်ဓာတ်မွေးပြီးဘဝမှာ ကျင်လည် နေထိုင်သည်။ အသွင်ပြောင်းမှုမှာ မြန်ဆန်လွန်းသိသာလွန်းပြီး ရင်ဖို လှိုက်မောစရာကောင်းလွန်းလှပါသည်။ အတိတ်ကာလက ခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများနေရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ စိတ်အေးချမ်းမှုဆိုသည့် စိတ်အင်အားများ ဖြစ်ထွန်းလာသည်။ ယခုတော့ ဘဝကို အမီလိုက်နိုင်ပြီဟု ယုံကြည်စိတ်ချ ခံစားရသည်။ သို့မဟုတ် ကျွန်တော့် မိတ်ဆွေတစ်ဦးအား ပြောပြသလို “ခုမှပဲ လောကကြီးနဲ့ အံဝင်ခွင်ကျဖြစ်တော့တယ်” ဟုဆိုရပါမည်။ ကျွန်တော့်အနာဂတ် ဘဝ သည် ရှောင်ရှားရမည့် မရေရာ မသေချာမှုတွေပြည့်နေသော ဝင်္ကပါကြီး မဟုတ်တော့။ ထွေးပွေ့ရင်ဆိုင်ပြီး ပျော်ရွှင်ကြည်နူးရမည့် အတွေ့အကြုံ တွေ အပြည့်ရှိသော ခရီးစဉ်ကြီးဖြစ်နေပြီ။ ကျွန်တော် ပျော်နေပါသည်။
ကျွန်တော်၏ အတွေးသစ် အမြင်သစ်မှ သီးပွင့်လာသည့် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ခူးဆွတ်ခံစားရင်း ဤလောကအမြင်ကို အခြားသူများအား ဝေမျှပေးဖို့၊ အောင်မြင်မှုတွေ ရအောင် ကူညီဖို့ စိတ်အားထက်သန်မှုတွေ ရင်နှင့်အပြည့် ဖြစ်လာသည်။ သို့ဖြင့် စနစ်တစ်ခုလုံးကို မွေးရာပါအောင်နိုင်သူများ ဟု ကျွန်တော် ကင်ပွန်းတပ်ထားသည့်နှစ်ရက်ကြာ သင်ရိုးမာတိကာဖြစ်အောင် ကျိုချက် ပစ်လိုက်သည်။ ကနဦးပိုင်းတွင် သင်တန်းဖွင့်ပြီး နီးစပ်ရာလူများကို အခမဲ့ပို့ချပေးခဲ့၏။ ယနေ့တော့ ကျွန်တော်ရည်မှန်းချက်ထားသည့် အတိုင်း လုပ်ငန်းက ကြီးထွားကျယ်ပြန့်လာပြီ။ အောင်မြင်မှုများဖန်တီးနိုင် ရေးအတွက် လူတွေ တစ်ဦးချင်းနှင့် အဖွဲ့အစည်းတွေ အတွင်းမှာရှိနေသည့် ငုပ်နေသော စွမ်းအင်များကို ဤသင်တန်းက ဖော်ထုတ်ပေးနေပြီ။ ဖွံ့ဖြိုးတိုး တက်အောင် ဖော်ဆောင်ပေးနေပြီ။ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ပြောင်းလဲရေး၊ ဝယ်သူအလေးထားရေးနှင့် အဖွဲ့ လိုက်ဆောင်ရွက်ရေးဆိုင်ရာ | သင်တန်းများတွင် မွေးရာပါအောင်နိုင်သူများ အတွေးအမြင်ကိုကျွန်တော်တို့ တပ်ဆင်အသုံးချနေပြီ။ တိတိကျကျပြောရလျှင် ကျွန်တော် တို့ ဘယ်လိုလုပ်သလဲဆိုတာထက် ဘယ်လိုတွေးသလဲ ဆိုတာက ထွက် ပေါ်လာသည့် ရလဒ်ကို တိုက်ရိုက်အကျိုးသက်ရောက်စေသည့် စီးပွားရေး နှင့် ဘဝနယ်ပယ်အားလုံးတွင် မွေးရာပါအောင်နိုင်သူများ အတွေး အမြင်ကို အသုံးပြုလို့ ရပါသည်။
ယခုအခါ ကျွန်တော်က ကမ္ဘာအနှံ့မှာ ကျင်းပသည့် ဆွေးနွေးပွဲ များ၌ ဟောပြောပို့ချသည်။ အောင်မြင်ခြင်းဆိုင်ရာ အစိတ်အပိုင်းများ သည် အကြွင်းမဲ့ဖြစ်သည်။ ထာဝရ ဖြစ်သည်။ ပုံသေဖြစ်သည်။ နောက် ပြီး ဤအစိတ်အပိုင်းများကို မှုန်းခြယ်သည့် အဆင်တန်ဆာများနှင့် | သိပ်မဆိုင်ဟု ကျွန်တော်ကသိမှတ်ယုံကြည်သည်။ အောင်မြင်ခြင်းဆိုသည်မှာ ကံကောင်းထောက်မမှု သက်သက် မဟုတ်တော့။ အောင်နိုင် ခြင်းကတော့ ရှေ့ဆုံးက ဖြစ်လာခြင်း သို့မဟုတ် ငွေတွေ အများကြီး ရသည့်အတွက် စိတ်ချမ်းသာခြင်းသာဖြစ်၏။ မှားသလိုနှင့် အမှန်တရား တွေပါနေသည့် ဆိုရိုးတစ်ခုကို ကျွန်တော်တို့အားလုံး အသိအမှတ် ပြု ကြ၏။ သင်သည် ချမ်းသာပြီးဆင်းရဲ နေနိုင်သည်။ သင်သည် ကြီးမြင့်သော ရာထူး ဂုဏ်သိမ်ကို ခံစားပြီး စိတ်ဒုက္ခ ရောက်နေနိုင်သည် ဆိုသည့် ဆိုရိုးစကား။ ။
အောင်မြင်သူများနှင့် စီးပွားရေးလုပ်ငန်းများသည် အတွင်းကို အောင်နိုင်သူများ ဖြစ်၏။ အောင်မြင်ခြင်းသည် အတွင်းခံစားချက်နှင့် အတူအပြင်ဖော်ပြချက်များဖြစ်သည်။ ကျွန်တော်၏ သုတေသနပြုချက် | များထဲတွင် အသစ်အဆန်း ဆိုလို့ဘာတစ်ခုမျှဖော်ထုတ်တွေ့ရှိ မထားပါ။ သို့ပေမဲ့ ကျွန်တော့်တွေ့ရှိချက်များသည် ကျွန်တော့်အတွက်ဖြစ်နေ၏။တစ်ခါတစ်ရံ ကျွန်တော် ဟာသနှောသည့်အတိုင်း ပြောရလျှင် ဘဝက | လမ်းညွှန် လက်စွဲစာအုပ်တစ်အုပ် မပါဘဲ ဖြစ်ပေါ်လာသည်... သို့တိုင်ကျွန်တော်တို့က ဘဝ၏ စိန်ခေါ်ချက်များကို ကျော်လွှားဖို့ဗီဇပါစွမ်းရည် များနှင့်အတူမွေးဖွားလာကြပါသည်။ လက်စွဲစာအုပ်နှင့်အနီးစပ်ဆုံးအရာ သည် ကျွန်တော်တို့၏ ရင်တွင်းမှာပဲ တည်ရှိနေရပါမည်။ ထိုနေရာမှာ ထိုအရာရှိနေကြောင်းကို ကျွန်တော်တို့မေ့လျော့နေကြ၏။ ။
ဤစာအုပ်ကိုရေးသားရခြင်းမှာ ကျွန်တော် ရရှိထားသော ထာဝစဉ် နှင့် ပုံသေ မှန်ကန်နေသည့် အသိပညာကို သင့်အား မျှဝေလိုသောကြောင့် ဖြစ်၏။ နောက်ပြီး သင်၏ ငုပ်နေသော အောင်စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်သည့် လက်တွေ့ကျသော၊ | အသုံးပြုရလွယ်ကူသော အစီအစဉ်တစ်ခုနှင့် မိတ်ဆက်ပေးလိုသောကြောင့်ဖြစ်၏။
ကျွန်တော် ဧဝရက်တောင်ထိပ်ရောက်အောင် တက်ပြခဲ့ခြင်းမဟုတ် သလို အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရအောင် အစွမ်းပြခဲ့ခြင်းလည်း မဟုတ်။ သို့ပေမဲ့ ကျွန်တော် ကျော်ဖြတ်ခဲ့သည့် အသိတရားရှာဖွေရေး | ခရီးလမ်းမကြီးကလည်း တော်တော်ကြိုးစား အားထုတ်လျှောက်လှမ်းရပါသည်။ ကျွန်တော်သည် အနာဂတ်ဘဝ၏ မရေရာ မသေချာမှုများနှင့် | ပတ်သက် ၍ မချင့်မရဲဖြစ်မှုများ၊ စိုးရိမ်ပူပန်မှုများကို ခံစားခဲ့ရ၏။ သင် | ဘယ်လို လိုမပြည့်ခံစားချက်မျိုးတွေ တွေ့ကြုံခံစားခဲ့ရသည်ဖြစ်စေသင် ဘယ်နေရာကလာကြောင်း ကျွန်တော်သိနေသည်ဟု တထစ်ချယုံ ကြည်ထားလိုက်ပါ။
သင်ဘယ်သူပဲဖြစ်ဖြစ်၊ သင့်ပတ်ဝန်းကျင်က ဘယ်လိုအနေအထား မျိုးတွေပဲဖြစ်ဖြစ် ဤစာအုပ်သည် သင့်အတွက်ဖြစ်ပါသည်။ ဤစာအုပ်သည် “ကိုယ့်ဟင်းကိုယ် စိတ်ကြိုက်ချက်စားနည်း” စာအုပ်မျိုးမဟုတ်ဟု | ကျွန်တော်ထင်သည်။ ဤစာအုပ်သည် သင်ကြိုက်သည့်ဟင်းကိုရွေးစားဖို့ အသင့်ချက်ပေးထားသည့် ဟင်းပွဲများနှင့် ပိုပြီးတူသည်ဟု သဘောရ၏။ ဤစာအုပ်ထဲမှာ ဖော်ပြထားသည့် သင်ခန်းစာတွေထဲမှ သင့်အတွက် အဓိပ္ပာယ်ရှိမည့်၊ နောက်ပြီး သင်ကျင့်သုံးနိုင်မည်ထင်သည့် သင်ခန်းစာ များကို ရွေးထားလိုက်ပါ။ ပြီးတော့ ဘဝပေး တာဝန်အတိုင်းအောင်နိုင်သူ အဖြစ် ဝင့်ထည်စွာရပ်တည်ပါလေ။ ဤစာအုပ်ပါ အသိပညာနှင့်အတူသင်တောင့်တသော အနာဂတ်ဘဝကို နားလည်သဘောပေါက်ခြင်းကို ပေါင်း စပ်အသုံးချလျှင် သင့်ဘဝကို သင်ထူးခြားပြောင်းလဲသွားအောင် လုပ်နိုင် ပါသည်။ တစ်ခုတော့ ရှိသည်။ သည်လိုလုပ်ဖို့ သိပ်လွယ်လှသည်တော့ မဟုတ်။ သင့်အနေဖြင့် လမ်းကြောင်းမှန်ပေါ်တွင် ဇွဲအပြည့်၊ တာဝန်ယူမှု အပြည့်၊ ပြဋ္ဌာန်းချက်ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ဖို့ လိုအပ်၏။ သို့ပေမဲ့ သည်လမ်းကိုသင် လျှောက်လှမ်းနိုင်ပါသည်။
အမှန်များဟု ယခု ကျွန်တော် သိထားသည်များကို လူငယ်ဘဝက သိခဲ့ရ၊ နားလည်ခဲ့ရလျှင် ဘယ်လောက် ကောင်းလိုက်မည်လဲဟု ဆန္ဒ ဖြစ်မိပါသည်။ ကျွန်တော်တို့အတွက် ကျွန်တော်တို့ဘာသာ ချမှတ်ထား သည့် ရည်မှန်းချက်များကို ပေါက်မြောက်အောင်မြင်နိုင်မည်မဟုတ်၊ ကျွန်တော်တို့၏အိပ်မက်များကို လက်တွေ့ ဖြစ်အောင် အကောင်အထည် ဖော်နိုင်မည်မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် နားချဖို့ အလွန်လွယ်ကူ၏။ ကျွန်တော်ကတော့ သင့်အား ယုံကြည်ချက်တစ်ခုဖြစ်ပေါ်လာအောင် ကူညီနိုင်စွမ်း ရှိလိမ့်မည်ဟု နှလုံးသားထဲက ယုံကြည်နေ၏။ ၎င်းယုံ ကြည်ချက်မှာ သင် ပေါက်မြောက်အောင်မြင်နိုင်သည် ဟူ၍။ အဘယ်ကြောင့်ဆိုသော် သင်စွမ်းဆောင်နိုင်မည်ဟု ယုံကြည်နေလျှင် သင် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ကျွန်တော်သိထားသောကြောင့်ဖြစ်ပါ သည်။