Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မြင့်စိုးလှိုင် - အောင်စည်သာသို့ပေးစာ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

          ဖိုးစည်... ။

          တယ်လီဖုန်းနဲ့ စကားပြောရတာ အားမရလို့ စာနဲ့ပဲ ရေးပြီး ပြောတော့မယ်။ မင်းက စာအုပ်တိုက်တစ်တိုက်ထောင်မယ်၊ မဂ္ဂဇင်းတစ်စောင်လည်း ထုတ်ချင်တယ်ဆိုပြီး ဘဘကို လုံးချင်းစာအုပ်တွေ ဘာသာပြန်ခိုင်း၊ မဂ္ဂဇင်း အတွက် ဆောင်းပါးတွေ ရေးခိုင်းလာတယ်။ ဘဘကတော့ မင်းကို (လူကောင်ကြီး ဘယ်လောက်ပဲထွားထွား) ကလေး လေးလို့ပဲ စိတ်ထဲထင်နေတာမို့၊ မင်းက အဲဒီလိုတွေ ပြောဆို လုပ်ကိုင်လာတော့ ဟုတ်မှဟုတ်ပါ့မလားလို့ အောက်မေ့မိ တယ်။ ဪ.. ကလေးပေမဲ့ လုပ်ချင်ကိုင်ချင်စိတ် ရှိတယ် ဆို တော်သားပဲလို့ မှတ် ချက်ချပြီး အမှတ်တမဲ့ပဲ နေလိုက်ပါ တယ်။

          ဒါပေမဲ့ ခုတော့ မင်းက ဘဘဆီ ဖုန်းဆက်ပြီး မဂ္ဂဇင်း ထုတ်ဝေခွင့်ရပြီ၊ ဇန်နဝါရီလကုန်ရင် ထုတ်ရတော့မယ်၊ စာမူ ထပ်ရေးပေးပါ ဦးလို့ ပြောတယ်။ ဘာရေးပေးရမလဲဆိုတော့ “ဟိုအရင် ဘဘ ရေးခဲ့တဲ့ 'ပထမတန်းစားလူ” စာအုပ်ထဲကဆောင်းပါးမျိုးလေ”တဲ့။ “အေး... ရေးပေးမယ်”လို့ သဘောတူလိုက် တယ်။

          ရေးမယ်ပြင်တော့ ပထမဦးဆုံး စဉ်းစားမိတာက စောစောက ပြောခဲ့ သလို မင်းရဲ့ အသက်အရွယ်ပဲ။ တကယ်ဆို မင်းအသက်က ခုမှ ၁၈ နှစ်လောက်ရှိသေးတဲ့ဟာ စီးပွားရေးလုပ်ငန်းထဲဝင်ဖို့ ငယ်သေးသလား လို့ပါ။

          အဲဒီလို စဉ်းစားမိတုန်း ဖျတ်ခနဲဆို ကိုယ်ရေးခဲ့တဲ့စာ ကိုယ်ပြန် သတိရလိုက်တယ်။ ပထမတန်းစားလူ” စာအုပ်ထဲက “ခြေတစ်လှမ်း နဲ့လည်း ကုဋေတစ်သန်း တန်နိုင်တယ်”ဆိုတဲ့ ဆောင်းပါးမှာ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဘီလ်ဂိတ်တစ်ယောက် စီးပွား ရေးလောကထဲ ခြေစုံပစ်ဝင်တုန်းကလည်း တက္ကသိုလ်တက်ရင်း တန်းလန်း ၁၉ နှစ်သားပဲ ရှိသေးတယ် ဆိုတာလေ။ ဒါတောင် ဘီလ်ဂိတ်တို့ ကုမ္ပဏီ စထောင်တော့ ၁၉၇၅ ခုနှစ်။ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကပေါ့။ အဲဒီတုန်း က “စီ”လို့ခေါ်တဲ့ တစ်ကိုယ်ရေသုံးကွန်ပျူတာ တော်လှန်ပြောင်းလဲမှု ဖြစ်စဉ်က စလုံးရေစပဲ ရှိသေးတယ်။ ခုလို တိုးတက်မှု အရှိန်အဟုန် မြန်ဆန်လွန်းတဲ့ အိုင်တီခေတ်ကြီးထဲ ရောက်နေချိန်မျိုးမှာ ၁၈ နှစ်သား ဆိုတာ ဘယ်ငယ်တော့မှာလဲ။ ဘဘ မှားသွားတယ်ကွာ။

          ကောင်းပြီ၊ ဒါဆိုလုပ်ပေါ့၊ လုပ်ရင်တော့ ကချော်ကချွတ် မလုပ်နဲ့။ ပထမတန်းစားဖြစ်အောင်လုပ်။

          ဒီနေရာမှာ အလုပ်နဲ့ပတ်သက်လို့ ဝီလျမ်ဝဲလ်ဒ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကိုတော့ မှတ်သားစေချင်တယ်။ သူက ခုလို ပြောတယ်။

          The best preparation for the work is not thinking about work, talking about work or studying for work: it is work.

William Weld

          “အလုပ်အတွက် အကောင်းဆုံး ပြင်ဆင်နည်းက အလုပ်အကြောင်း စဉ်းစားနေတာ၊ အလုပ်အကြောင်း ပြောဆိုနေတာ၊ အလုပ်အတွက် လေ့လာနေတာ မဟုတ်ဘူး။ အလုပ်လုပ်နေတာပါ”တဲ့။

          သူ့စကားက ဖြုန်းခနဲ ကြားလိုက်ရရင် ဂျစ်တစ်တစ်နဲ့ တမင် ကောတာလို့ ထင်ရတယ်။ သေသေချာချာ စဉ်းစားကြည့်တော့ ကော တာ မဟုတ်ဘူး။ လိုရင်းတိုရှင်း ပြောလိုက်တာပါ။ ဒါကြောင့် သူ ဆိုလိုချင်တဲ့အဓိပ္ပာယ် ပေါ်လွင်အောင် နည်းနည်းခွဲခြမ်းစိတ်ဖြာကြည့် သင့်တယ်။

          အလုပ်တစ်ခု လုပ်ကြကိုင်ကြတော့မယ်ဆိုရင် သူသူကိုယ်ကိုယ် အလုပ်နဲ့ပတ်သက်လို့ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရတာထုံးစံပဲ။ အဲဒီလို ပြင်ဆင်တဲ့အထဲမှာ အလုပ်အကြောင်း ကိုယ့်ဘာသာကိုယ် စဉ်းစားရတာလည်း ရှိတယ်၊ ကိုယ့်အသိုက်အဝန်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြောဆိုရတာလည်း ရှိတယ်။ ကိုယ်လုပ်မယ့်အလုပ်ရဲ့ လုပ်ငန်းသဘာဝနဲ့ ပတ်သက်လို့ နားလည် တတ်ကျွမ်းအောင် လေ့လာဆည်းပူးရတာလည်း ရှိတယ်။

          ဒါပေမဲ့ အဲဒီကိစ္စတွေကိုချည်း ဦးစားပေးနေပြီး တကယ်တမ်း လက်တွေ့ လုပ်ရမယ့် အလုပ်စခန်းက ဘယ်ရောက်မှန်းမသိ ဖြစ်တတ် တာမျိုးတွေလည်း ရှိတယ်။ တစ်ခါလာ စဉ်းစားတုန်း၊ တစ်ခါလာ ပြောတုန်းဆိုတုန်းနဲ့ တစ်ခါလာ လေ့လာဆည်းပူးလို့ မဆုံးအောင် ဖြစ်နေ မယ်ဆိုရင် အဲဒါ အလုပ်မဖြစ်တော့ဘူး၊ အလုပ်လည်း မဟုတ်တော့ဘူး။

          တို့မြန်မာစကားမှာ ဆိုရိုး ရှိတယ်။ “ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးနီး” တယ်ဆိုတာ ဒါမျိုးပေါ့။

          အလုပ်ဆိုတာက စိတ်ဝင်တစားနဲ့ လုပ်ကြည့်ရတယ်။ လုပ်နေရ တယ်။ ဘာမျှလုပ်ကိုင်ဆောင်ရွက်မှုမရှိရင် အလုပ်”လို့ မခေါ်နိုင်ဘူး။

          ခုနပြောတဲ့ အလုပ်အတွက် အကောင်းဆုံးပြင်ဆင်နည်းတွေထဲက အလုပ်အကြောင်း စဉ်းစားတာ၊ ပြောဆိုတာ၊ လေ့လာဆည်းပူးတာတွေ ကို သီးသန့်ပိုင်းခြားထားရမှာ မဟုတ်ဘဲ လုပ်နေရင်းစဉ်းစား၊ လုပ်နေရင်း ပြောဆို၊ လုပ်နေရင်း လေ့လာဆည်းပူးရမှာ ဖြစ်ပါတယ်၊ ဒါမှသာ “မုဆိုး စိုင်သင်ဆိုသလို၊ လုပ်ရင်းကိုင်ရင်းရလာတဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး လုပ်ငန်းကျွမ်းကျင်မှုလည်း ရှိလာလိမ့်မယ်။ ဒါဆို ဝီလျမ် ဝဲလ်ဒ် ဆိုလိုတဲ့ အလုပ်သဘောကို နားလည်လောက်ပြီ ထင်ပါတယ်။

          အလုပ်လုပ်တဲ့ နေရာမှာတော့ ခေါက်ရိုးကျိုး အသားသေနေတဲ့ နည်း၊ သမားရိုးကျနည်းအတိုင်း အမြဲတမ်း နောက်ယောင်ခံလိုက် မလုပ် နဲ့။ အစဉ်အလာရှိတဲ့အတိုင်း၊ ထုံးစံအတိုင်းချည်း မှေးမလုပ်နဲ့။ ကိုယ့် ကိုယ်ပိုင် ထိုးထွင်းဉာဏ်သုံးပြီး ဖန်တီးဆန်းသစ်မှုပါအောင်လုပ်။

          အေး.. ဖန်တီးဆန်းသစ်တယ်ဆိုတာက ပြောတော့သာလွယ်တာ၊ လက်တွေ့ လုပ်တဲ့အခါမှာ သိပ်လွယ်တာ မဟုတ်ဘူး။ အမှားအယွင်းတွေ၊ အကျအရှုံးတွေ၊ ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ရင်ဆိုင်ရမှာ သေချာတယ်။ ဒါတွေကို ကြောက်နေလို့ မဖြစ်ဘူး။ သတ္တိမွေးပြီး ဆန်းသစ် တီထွင်ရမှာပဲ။ ဒီနေရာမှာ ဖေ့သ် ရင်းဂိုးလ်ဒ်ဆိုတဲ့ပုဂ္ဂိုလ်က လုပ်ငန်းသမား၊ စီးပွားရေးသမားတွေ သိရှိနားလည်ကျင့်သုံးနေတဲ့ အချက်တစ်ချက်ကို ခုလိုရေးသားခဲ့ဖူးတယ်။

          The great enemy of creativity is fear. When we're fearful, we freeze up-like a nine-year-old who won't draw pictures, for fear everybody will laugh. Creativity has a lot to do with a willingness to take risks.

          Think about how children play. They run around the playground, they trip, they fall, they get up and run some more. They believe everything will be all right. They feel capable; they let go. Good businesspeople behave in a similar way: they lose $ 15 million, gain $ 20 million, lose $ 30 million and earn it back. If that isn't playing, I don't know what is!

Faith Ringgold

          “ဖန်တီးဆန်းသစ်မှုရဲ့ ကမ္ဘာ့ရန်ကတော့ ကြောက်ရွံ့မှုပဲ။ သူသူ ကိုယ်ကိုယ် ကြောက်အားပိုနေရင် ဘာမျှလုပ်လို့မရတော့ဘူး။ ကိုးနှစ် သားကလေးတစ်ယောက်၊ လူတကာ ဝိုင်းရယ်မှာ စိုးတာကြောင့် ပုံဆွဲ လို့မရသလိုပေါ့။ ဖန်တီးဆန်းသစ်မှုဆိုတာက ဖြစ်ချင်ရာဖြစ်၊ ထက်သန် တဲ့ဆန္ဒနဲ့ လုပ်စရာရှိတာတွေကို စွန့်ပြီး လုပ်ရတာပဲ။

          ကလေးတွေ ဘယ်လိုကစားသလဲ တွေးကြည့်ပါ။ ကစားကွင်းကို ပတ်ပြေးကြတယ်။ ခလုတ်တိုက်တယ်၊ လဲတယ်၊ ပြန်ထတယ်၊ ရှေ့ ဆက်ပြေးတယ်။ သူတို့စိတ်ထဲ အရာရာအဆင်ပြေရမယ်လို့ ယုံကြည် ထားတယ်။ လုပ်နိုင်တယ်လို့ပဲ ခံစားတယ်။ ပြီးရင် လူကို လွှတ်ပေး လိုက်တာပဲ။ အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းသမားဆိုလည်း ဒီနည်းအတိုင်း ကျင့်သုံးကြတာပဲ။ ဒီလူတွေ ဒေါ်လာ ၁၅ သန်း ရှုံးတယ်။ ဒေါ်လာ သန်း ၂၀ ပြန် မြတ်တယ်၊ ဒေါ်လာ သန်း ၃ဝ ရှုံးတော့လည်းရအောင်ပြန်ရှာကြတာပဲ။ ဒါကိုမှ ကစားတာလို့ မခေါ်ရင် တခြား ဘာခေါ်ရမှန်း ကျွန်တော်လည်း မသိတော့ဘူးဗျာ”တဲ့။

          ဒါပါပဲ... ဖိုးစည်။ မင်းလည်း တစ်ပွဲတစ်လမ်း ဝင်ကစားတာပဲ လို့ သဘောထားပြီး ဘဝကစားကွင်းကြီးထဲမှာ အားရပါးရ စပြေး လိုက်စမ်းပါ။

          အေး.. သတ္တိတော့ ရှိပစေနော်။

          ကြောက်စိတ်နဲ့ ပြေးရင် တဗိုင်းဗိုင်းလဲတတ်သလို နာလည်း ပိုနာ တတ်တယ် သိလား။

အလုပ်အပေါ် ယုံကြည်ပျော်မွေ့တတ်ပါစေ ၊

          ဖိုးစည်... ။

          ၂၀၁၁ ခုနှစ်၊ မတ်လ ၂ ရက် (တောင်သူလယ်သမား နေ့)တုန်းက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ ကုန်သည်ကြီး များဟိုတယ်၊ ပုဂံခန်းမမှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းမိတ်ဆက် ပွဲအရ မင်းတည်ထောင်ချင်တဲ့ စာအုပ်တိုက် (The Essence Book House) စတင်သက်ဝင်ခဲ့ပြီး ၊ မင်းထုပ်ဝေချင်တဲ့ မဂ္ဂဇင်းတစ်စောင် (Our Ways) လည်း ထုတ်ဝေခဲ့ပြီ ဆိုတော့ မင်းဆီ ပထမဦးဆုံးရေးလိုက်တဲ့စာထဲမှာ ဘဘ ပြောခဲ့သလို ဘဝဆိုတဲ့ကစားကွင်းကြီးထဲ မင်း ရောက်သွားပြီပေါ့။

          အေး.. ဘဝကစားကွင်းထဲ ဝင်ကစားကြတဲ့အခါ တက်တက်ကြွကြွ ပျော်ပျော်ပါးပါး ကစားတတ်ဖို့လိုတယ်။ သဘောကတော့ ကိုယ့်လုပ်တဲ့အလုပ်အပေါ် ယုံကြည်နေဖို့နဲ့ ပျော်မွေ့နေဖို့ လိုတယ်ပေါ့။ အင်္ဂလိပ်လူမျိုး စားရေးဆရာ၊ အနုပညာဝေဖန်ရေးဆရာ ဂျွန် ရပ်စ်ကင် ပြောခဲ့ဖူးတဲ့စကား ရှိတယ်။