Myint Soe Hlaing - Rabindranath Tagore"s Stray Birds
(၁)
နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ ရောက်လာ ပြီးတော့ ပျံထွက်သွားကြတယ်။
သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ခနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။
အို ---
လောကရဲ့ ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်---
မင်းတို့ ရဲ့ ခြေရာကို ငါ့စကားလုံးတွေအဖြစ်
ထားရစ်ခဲ့ ပါကွယ်။
(၃)
လောကသည်
ချစ်သူ့ ရှေ့၌
သူ၏ခမ်းနားကြီးကျယ်မှု မျက်နှာဖုံးကိုလုပ်လိုက်၏။
ယင်းသည်
သီချင်း တစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။
(၄)
ကမ္ဘာမြေ
သူ့ အပြုံး တဝေဝေ။
လုပ်ပေးတာက
သူ့ မျက်ရည်စတွေ။
(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ခနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္တာရဟာ
တဟုန်းဟုန်း တောက်လောင် နေရတယ်။
(၆)
နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ပြည် ကြယ်ပွင့်လေးတွေနဲ့လည်း
မင်းလွဲရပေဦးမယ်။
(၇)
ကနေတဲ့ရေပြင်ရယ်-----
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကိုမေတ္တာရပ်ကြတယ်။
သူတို့ ရဲ့
မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။
(၈)
သူ့ရဲ့
တမ်းတမ်းတတ မျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါရောက်လာ စိုးမိုးနေ။