Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

မျိုးမင်းရန်အောင် - ပျောရွှင်မှုကိုအခုပဲရယူလိုက်စို့

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

          အလုပ်နဲ့ပတ်သက်တာ၊ ပိုက်ဆံနဲ့ပတ်သက်တာ၊ စိုးရိမ်ပူပန်မှုတွေ၊ မအောင်မမြင်ဖြစ်မှုတွေ၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြား ဆက်ဆံ ရေးတွေ၊ မိသားစုအရေးကိစ္စတွေ၊ အနာဂတ်အတွက် ကြိုတင်စီစဉ်မှုတွေ ဒါတွေအားလုံးနဲ့ ပတ်သက်ပြီး သင့်ရဲ့ ထင်မြင်ယူဆမှု၊ ယုံကြည်မှု၊ ကိုင် တွယ်ဆောင်ရွက်မှု စတာတွေဟာ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအခေါ် တွေပဲဖြစ်ပါတယ်။

          ဒီအပေါ်မှာ မိမိတို့ရဲ့ ဘဝကို အုတ်မြစ်ချတည်ဆောက်ထားတာ ဖြစ်လို့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအခေါ်ဒဿနဟာ သင်နဲ့ သင့် မိသားစုအတွက် သိပ်ကိုအရေးကြီးပါတယ်။ ။

          ဒါနဲ့ပတ်သက်ပြီး လူတွေ ပြောတတ်ကြတာများ ရှိပါတယ်။

          “အကြောင်းမရှိဘဲနဲ့ ဖြစ်လာတာမျိုးမရှိ၊ အကြောင်းကြောင့်သာ အကျိုး (ဆိုးကျိုး၊ ကောင်းကျိုး) အကုန်ဖြစ်လာရတာ”

          “ဘေးဒုက္ခဆိုတာ အခွင့်အလမ်းပဲ”

           ဒါမှမဟုတ် ။

          “လူတိုင်းဟာ အယုတ်တမာကောင်တွေချည်းပဲ”

          ဒါမှမဟုတ်

          စသည်စသည်ဖြင့် ပြောကြဆိုကြတာတွေ ရှိပါတယ်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာတွေပဲပေါ့။ ။

          ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အခွင့်အလမ်းတွေ အားလုံးကို သင်တို့ ကျွန်ုပ်တို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဒဿနအမြင် အတွေး အခေါ်ဆိုတဲ့ မှန်ဘီလူးကတစ်ဆင့်သာ တွေးခေါ်မြော်မြင်သုံးသပ်ကြတာအဲဒီအတွေးအခေါ်အရ ဘယ်ကိစ္စ၊ ဘယ်ပြဿနာရပ်တွေကို ခုခံ တွန်းလှန်မယ်၊ ဒါမှမဟုတ် ဘယ်ကိစ္စ၊ ဘယ်ပြဿနာတွေကိုတော့ ဆက် လက်ရင်မဆိုင်ဘဲ ဒီအတိုင်းပဲ ထားလိုက်မယ်.... စတာတွေကို ဆုံးဖြတ် ကြတာပါ။

          ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုလူတွေလဲ၊ အရမ်းစမတ်ကျတဲ့၊ သစ်လွင်သပ်ရပ်ကြော့မော့နေကြ တဲ့၊ အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေလား။ မဟုတ်ရေးချ မဟုတ်ပါ။ ဘဝ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပုဂ္ဂိုလ်ရေး