မျိုးမင်းရန်အောင် - ရွေးကောက်ပွဲအနိုင်ယူနည်းနိဿရည်း
(၁) နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့အတွက် သင့် မှာ သဘာဝအရလည်း ဗီဇပါရမီရှိတယ်၊ စွမ်းဆောင် ရည်လည်းရှိတယ်၊ အတွေ့အကြုံ အတွေးအမြင်လည်း ရှိတယ်၊ ကြိုးလည်း ကြိုးစားတယ်။
သင့်မှာ ဒါတွေအားလုံး ပြည့်စုံပြီ။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ဒီအချက် အလက်တွေ၊ ဒီအရည်အချင်းတွေ ပြည့်စုံရုံနဲ့တင် လုံလောက်ပြီးမြောက်ပြီလား။ မလုံလောက်သေးပါဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲအနိုင်ရဖို့ ဘာတွေ ဘာတွေ လုပ်ရဦးမယ်၊ ဘယ်အချက်တွေ ဘယ်အချက်တွေ လို အပ်တယ်ဆိုတာ ကျိုးကြောင်းဆီလျော်မှုရှိရှိနဲ့ အစီ အစဉ်တကျ တင်ပြလိုက်ပါတယ်။ လိုတာယူပြီး မလို တာ ပယ်ပါလေ။
(၂) သင် သတိပြုရမှာက (သတိပြုအမိဆုံးဖြစ်ရမှာ က) သင်နေတဲ့နိုင်ငံဟာ ဘာနိုင်ငံလဲ၊ သင်နေတဲ့မြို့ဟာ ဘာမြို့လဲ၊ သင် ဘယ်နေရာအတွက် (ဥပမာ- ပြည်သူ့ လွှတ်တော်လား၊ တိုင်းဒေသကြီးလွှတ်တော်လား) ရွေး ကောက်ပွဲဝင်မှာလဲ၊ အဲဒါကို ပြတ်ပြတ်ထင်ထင် သတိ ထားရမယ်။ ပြတ်ပြတ်ထင်ထင် လေ့လာထားရမယ်။
ရွေးကောက်ပွဲဝင်တော့မယ်လို့ ဆုံးဖြတ်ချက် ချပြီးကတည်းက သင် ဘယ်သူနဲ့တွေ့တွေ့၊ ဘယ် အုပ်စုနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်စကားပြောပြော “ငါဟာ လေ့လာစရာတွေရှိသေးတယ်၊ ငါဟာ ဒီလူ ဒီလူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ လွှတ်တော်ကိုယ်စား လှယ်ဖြစ်ချင်တယ်။ ဒါဟာ ရန်ကုန်ဖြစ်တယ် (သို့) မန္တလေးဖြစ်တယ်” လို့ စိတ်ထဲမှာ ဆီမန်းမန်းသလို နှလုံးသွင်းထားပါ။
ဘယ်သူနဲ့တွေ့တွေ့၊ ဘယ်အုပ်စုနဲ့ လက်ဖက် ရည်ဆိုင်ထိုင်ထိုင်ဆိုတာက လူထုလူတန်းစားအလွှာ မရွေးကို ဆိုလိုတာပါ။ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေ ဒီဟာ မက်ဆာချူးဆက်၊ ကိန်းဘရစ်ချ်မြို့တော် ကနေ ကွန်ဂရက်အမတ်နေရာအတွက် ဝင်ရောက် အရွေးခံတော့ မဲဆန္ဒနယ်မြေများရဲ့ အောက်ခြေအထိ ဆင်းပြီး ပြည်သူကို မျက်နှာမူဖို့ ကြိုးစားခဲ့တာပါ။ဒီလို အောက်ခြေအထိ ဆင်းခဲ့တဲ့အတွေ့အကြုံဟာ ဂျွန်အက်ဖ်ကနေ ဒီကို ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရှိစေရုံသာမက နောင် သူ အမေ ရိကန်သမ္မတကြီးဖြစ်လာတဲ့အခါမှာလည်း အလွန် အသုံးဝင်ခဲ့ပါတယ်။
နောက်တစ်ချက်က စကားပြောဖို့ ဖြစ်ပါတယ်။ ရှေးရောမခေတ်ကတော့ ဖိုရမ်တွေမှာ စကားပြောဆို ဆွေးနွေးကြတာပါ။ လူနှစ်ယောက် ဒါမှမဟုတ် လေး ငါးယောက်ပေါ့လေ။ အကြောင်းအရာတစ်ခုကို ပြော ကြဆိုကြ၊ အချေအတင် ဆွေးနွေးကြနဲ့ပေါ့။
အခု ၂၁ ရာစုမှာလည်း ဖိုရမ်တွေရှိပါတယ်။ ဖိုရမ်တွေ၊ ဒီဘိတ်တွေမှာ ပင်တိုင်ဆွေးနွေးသူ မဟုတ်တောင်မှ ထပြီး မေးခွန်းမေးတာ၊ ထောက်ပြတာ စတာ မျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။ နိုင်ငံရေးသမား ဖြစ်ချင်မှတော့ စကားမပြောချင်လို့ ၊ စကားပြော မကောင်းလို့ မရပါဘူး။
ရွေးကောက်ပွဲကို သင်တစ်ယောက်တည်း ဝင် မှာမဟုတ်ပါ။ တစ်ယောက်တည်း ပြိုင်ဘက်မရှိ ရွေးကောက်ပွဲဝင်တယ်ဆိုတာ တစ်ပါတီအာဏာရှင်စနစ် နဲ့ ခေတ်မှာသာ ရှိတာပါ။ အဲဒီခေတ်ကုန်သွားပါပြီ။ အနည်းဆုံးတော့ ဒါ အနည်းဆုံးပြောတာနော်... သင့် မဲဆန္ဒနယ်မှာ သင်နဲ့ ပြိုင်ရမယ့် နောက်တစ်ယောက်တော့ ရှိနေမှာ အသေအချာပါ။ အဲဒီတစ်ယောက်နဲ့ သင်နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရင် အပြိုင်ပြောကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင် နိဂုံးချုပ် ရမယ်ဆိုရင် စကားပြောမကောင်းရင်၊ စကားပြောကောင်းဖို့ လေ့ကျင့်မထားဘူးဆိုရင် နိုင်ငံရေးသမား လုပ်ကို မလုပ်ချင်ပါနဲ့။
(၃) ခရစ်မပေါ်မီ ဘီစီ ၆၄ တုန်းက ရောမနိုင်ငံ ရေးကဝိကြီး Quintus Tullius Cicero ရေးသားခဲ့တဲ့ How To Win An Election ဆိုတဲ့စာအုပ်မှာ ဂရိပညာရှိကြီး Demetrius ရေးသားတဲ့ Demosthenes စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ဖို့ ရွေးကောက်ပွဲဝင်မယ့် သူ့အစ်ကိုကို မှာပါတယ်။ အဲဒါကတော့ ခရစ်မပေါ်မီ က ဖတ်ရမယ့်စာအုပ်ပါ။ ဒီနေ့ခေတ် နိုင်ငံရေးသမား တွေအတွက်ကတော့ ဘာစာအုပ်ဖတ်ရမလဲ မမေးနဲ့၊ အကုန်ဖတ်ကြလို့ တိုက်တွန်းရမှာပါ။ အထက်မှာ ရေး ခဲ့သလို နိုင်ငံရေးသမားတစ်ယောက်ဟာ စကားပြောကောင်းဖို့ လိုသလို စာဖတ်အားကောင်းဖို့လည်း လိုပါ တယ်။ စာပေဝမ်းစာရှိရပါမယ်။ ၂၁ ရာစုမှာ တန်းမီတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့အတွက် ဖတ်စရာစာအုပ်တွေ အလွယ်တကူရနိုင်ပါတယ်။ အင်တာနက် က ဆွဲချလို့ရပါတယ်။ ဒီလောက် ပညာဉာဏ်ဗဟု သုတ သိုက်ကြီးကို လွယ်လွယ်ကူကူနဲ့ တူးဖော်လို့ရချိန် မှာ မဆည်းပူး၊ မလေ့လာ၊ မသင်အံ၊ မကျက်မှတ်ဘူးဆို ရင်တော့ သင့်ဒေါသနဲ့ သင်”လို့သာ ဆိုရပါလိမ့်မယ်။
နောက်တစ်ခုက ကိုယ့်ကို အခိုင်အမာထောက် ခံမယ့်အုပ်စုကို ရွေးတတ်ဖို့လိုပါတယ်။ ပညာတတ် လူလတ်တန်းလွှာအုပ်စုလား၊ အခြေခံလူတန်းစားတွေ လား၊ စက်ရုံအလုပ်သမားတွေလား၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အားလုံးရဲ့ထောက်ခံမှုကို ရဖို့လိုပေမဲ့ အထူးအုပ်စုများ (Special Interest Groups) ဆိုတာကတော့ ရှိပါတယ်။လူမှုရေး တက်ကြွလှုပ်ရှားသူဆိုရင် ဒီလိုအုပ်စုမျိုးတွေ သင့်မှာ သေချာပေါက်ရှိပါလိမ့်မယ်။ သူတို့ရဲ့ ထောက် ခံမှုကို ခိုင်မာသထက် ခိုင်မာအောင်၊ သိပ်သိပ်သည်။ သည်းနဲ့ ကျကျနန ဖြစ်နိုင်သမျှ ဖြစ်အောင် စည်းရုံး ထားရပါလိမ့်မယ်။
နောက်တစ်ချက်က လူငယ်အင်အားစုပါ။ လူငယ်တွေဆိုတာ တက်ကြွတယ်၊ ရဲရင့်တယ်၊ သူရဲ ကောင်း ကိုးကွယ်တတ်တယ်၊ စံပြုထားရမယ့်လူကိုရှာဖွေချင်တယ်၊ အားကိုးချင်တယ်၊ အဲဒီလူဆီက သင် ယူချင်တယ်။ ဒါ့ကြောင့် အရည်အချင်းရှိပြီး ထက်မြက် တဲ့ လူငယ်လေးများကို မွေးမြူထားပါ။ ဒီနေရာမှာ မွေးဆိုတဲ့ ဝေါဟာရစကားလုံး ပါဝင်လာတာကြောင့် “ဆရာမွေး၊ တပည့်မွေး” ဆိုတဲ့ အင်မတန်ဆိုးဝါး အကျည်းတန်တဲ့ စရိုက်နဲ့ ရောထွေးမပစ်စေချင်ပါဘူး။
ဒီမှာလည်း ကြုံတုန်း သတိပေးရရင် လူငယ် တွေထဲမှာ အမျိုးသားလည်း ပါဝင်သလို အမျိုးသမီး လည်း ပါဝင်နိုင်ပါတယ်။ အမျိုးသမီးလေးတွေနဲ့ ဆက်ဆံရေးကတော့ လုံးဝစောင့်ထိန်းရမှာပါ။ နိုင်ငံ ရေးသမားတစ်ယောက်အတွက် အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံး စောင့်ထိန်းရမှာက အမျိုးသမီးကိစ္စ ဖြစ်တယ်ဆိုတာကို သင် မမေ့မလျော့ နှလုံးသွင်းထား ရပါလိမ့်မယ်။
နောက်တစ်ခုက မိတ်ဆွေသူငယ်ချင်းအပေါင်း အသင်းများဖြစ်ပါတယ်။ သာမန်မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများမဟုတ်ဘဲ ဆရာကြီးရွှေဥဒေါင်း စကား ငှားသုံးရမယ်ဆိုရင် “ရင်ဘတ်မိတ်ဆွေများ” ဖြစ်ပါတယ်။ မိသားစုပြီးရင် သင်နဲ့ နိစ္စဓူဝကြုံဆုံနေ ရမှာ အဲဒီသူငယ်ချင်းမိတ်ဆွေတွေ ဖြစ်ပါတယ်။ သူတို့ နဲ့လည်း အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံပြီး သူတို့အားကို ယူရပါလိမ့်မယ်။
(၄) အထူးအုပ်စုများ (Special Interest Groups) သင့်ကို ချစ်ခင်ကြည်ညိုလေးစားတဲ့ လူငယ်လုံမငယ် များ၊ သင့်ရဲ့ ရင်ဘတ်မိတ်ဆွေများ... သင် တတ်နိုင် သမျှ သူတို့အားလုံးရဲ့ အကျိုးကို ဆောင်ရွက်ပေးပါ၊ အကြံကောင်း ဉာဏ်ကောင်းပေးပါ၊ ကူညီပါ၊ သူတို့ အခက်အခဲတွေကို တတ်နိုင်သမျှ ဖြေရှင်းပေးပါ။ တစ်ဖက်မှာလည်း သူတို့ ပြောဆိုတင်ပြသမျှကို လေး လေးစားစားနဲ့ နားထောင်ပါ၊ မှတ်သားပါ။ မလောက် လေး မလောက်စား လက်တောက်လောက်ကောင်လေး မို့လို့၊ ဘာမှမတတ်တဲ့ အခြေခံလူတန်းစားကမို့လို့... စသည်ဖြင့် အထင်သေးစိတ်မထားဘဲ သူတို့ ပြောဆို တင်ပြသမျှ၊ သူတို့အခက်အခဲမှန်သမျှကို လေးလေး စားစားနဲ့ နားစိုက်ပါ၊ ဂရုပြုမှတ်သားပါ။ တတ်နိုင်တာ ဆောင်ရွက်ပေးပါ။ ရှင်းရှင်းနဲ့ တဲ့တိုးရေးရမယ်ဆိုရင် တော့ သင့်ကျေးဇူး သူတို့အပေါ်မှာ ရှိနေပါစေ။
ကိုယ့်ကျေးဇူး သူတို့အပေါ်မှာ ရှိဖို့မလိုတဲ့ သူ များအတွက်ကတော့ လွယ်ပါတယ်၊ သူတို့ကျေးဇူး သင့်အပေါ်မှာ ရှိနေပါစေ။ သူတို့ကျေးဇူး သင့်အပေါ် မှာ ရှိနေကြောင်းကိုလည်း မကြာမကြာ နှုတ်က ထုတ်