Skip to product information
1 of 1

Other Websites

မောင်၀ံသ - ရှေ့နေကြီးပယ်ရီမေဆင်နှင့်လင်ကွာမလေးအမှု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

(၁)

ပေါလ်ဒရိတ်နှင့် နံနက်စာစားရန် ကိုးနာရီတိတိတွင် ပယ်ရီမေဆင် ရောက်လာသည်။

ဒရိတ် စုံစမ်းထောက်လှမ်းရေး အေဂျင်စီကို ထူထောင်ထားသူ ပေါလ်ဒရိတ်သည် ရှေ့နေကြီး ပယ်ရီမေဆင်နှင့် အဆောက်အအုံတစ်ခုတည်း၊ အထပ်တစ်ထပ်တည်းတွင် ရုံးခန်းဖွင့်ထားသည်။ အမှုပေါင်းများစွာတွင် ပယ်ရီမေဆင် အား စုံထောက်လုပ်ငန်းဖြင့် ကူညီခဲ့သူဖြစ်သည်။

“ဗျို့..ပယ်ရီ၊ ခင်ဗျား စက္ကန့်သုံးဆယ် နောက်ကျတယ်နော်”ဟု ဒရိတ်” က လှမ်းပြောသည်။

မေဆင်က ခေါင်းယမ်းပြီး “မင့်နာရီက စက္ကန့်သုံးဆယ်မြန်နေတာပါ ကွာ၊ စားစရာတွေ မှာပြီးပြီလား”

“မှာပြီးပါပြီတဲ့ဗျာ၊ မကြာခင် ရောက်လာပါလိမ့်မယ်။ဒါထက် ဒီနေ့ သတင်းစာထဲက ကျွန်တော့်ကြော်ငြာကို တွေ့ပြီးပြီလား”

“မတွေ့ရသေးဘူး၊ ဘာကြော်ငြာလဲ"

“ဟို ဖင့်ချ်လေအမှုကိစ္စအတွက်ပေါ့။ ဒီနေ့ထုတ်သတင်းစာတွေအပြင် မနေ့က ညနေထုတ် ဘလိတ်(ဓားသွား) သတင်းစာမှာလည်း ထည့်သေးတယ်။

စားပွဲထိုးက အစားအစာများကို ယူလာသည်။ ဒရိတ်က ကြော်ငြာကို ထုတ်၍ ဖတ်ပြလိုက်သည်။

ဆုငွေ ဒေါ်လာတစ်ရာ 

သုံးရက်နေ့ ညနေစောင်း ငါးနာရီအချိန်လောက်က ဟစ်ခမန် ရိပ်သာလမ်းနှင့် ဗာမီဆီလိုလမ်းဆုံတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားသည်။ ဗာမီဆီလိုလမ်းအတိုင်း အရှေ့ဘက်ဆီသို့ တရကြမ်းမောင်းလာသော ဆီဒင်ကားအနက်ကြီးက ဟစ်ခမန်ရိပ်သာလမ်းအတိုင်း မြောက်ဘက်သို့ သွားနေသည့် နှစ်ယောက်စီးဖို့ဒ်ကားကို တိုက်သွားသည်ဟု သိရသည်။ ထိုလမ်းဆုံနားတွင် တာယာလဲနေသည့်ကားထဲ၌ ထိုင်နေသူအမျိုးသမီး 'ငယ်တစ်ယောက်က အပြင်းမောင်းနေသည့် ဆီဒင်ကားကြီး၏ နံပါတ်ကို မှတ်စုစာအုပ်တွင် ရေးခြစ်မှတ်သားလိုက်သည်ဟုဆိုသည်။ တိုက်ပြီး ပြေးသည့်ကားနှင့် ယာဉ်မောင်းကို ဖော်ထုတ်နိုင်ရန် သတင်းပေးသူ မည်သူ့ကိုမဆို ဒေါ်လာငွေတစ်ရာ ချက်ချင်းပေးမည်။

ဒရိတ်စုံစမ်းထောက်လှမ်းရေး အေဂျင်စီ၊ စာတိုက်သေတ္တာအမှတ် (၆၂၄) ကို ဆက်သွယ်ပါ။

စာဆုံးသောအခါ“တစ်ခုခုတော့ အကြောင်းထူးလာသင့်တယ်ကွ၊ ဖင့်ချ်လေ ကောင်လေးဟာ တော်တော်အထိနာသွားတယ်။ ကိုယ်တော့ တိုက်ပြီးပြေးတဲ့ ` ယာဉ်မောင်းဆိုရင် သိပ်မုန်းတာပဲ'ဟု ပယ်ရီမေဆင်က ပြောသည်။

“သူအရက်သောက်ထားလို့ မရပ်ရဲတာ ဖြစ်မှာပေါ့ဗျာ။ ဟိုရပ်ထားတဲ့ ကားပေါ်ကလူတွေလည်း တကယ်မြင်ချင်မှမြင်လိုက်မှာပါ"ဟု ဒရိတ်က ပြော သည်။

“သိရသလောက်တော့ သူတို့ တကယ်မြင်လိုက်ရတယ်တဲ့ကွ၊ ကား ထဲမှာ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် ရှိနေတယ်တဲ့၊ သူတို့ ကားက အရောင်နုနုဆီဒင်မှန်ကာ ခပ်သစ်သစ်တဲ့၊ အမျိုးသမီးက နံပါတ်ကို မှတ်ထားလိုက်တယ်။ ဖင့်ချ်လေရဲ့ ဖို့ဒ်ကားကလေး ဓာတ်တိုင်ကို ပစ်တိုက်ပြီး တဲ့နောက်မှာ ဆီဒင်ကားနက်ကြီးလည်း အခင်းဖြစ်တဲ့ နေရာကနေ အတင်း မောင်းပြေးတော့တာပဲတဲ့”

“သူတို့ထွက်ဆိုတာနဲ့ ခင်ဗျားအမှုသည် ပြောပြတာနဲ့ ပြောင်းပြန်ဖြစ်နေရင်ကောဗျား ဘယ့်နှယ်လုပ်မလဲ”

“သူတို့ကသာ အမှန်ကိုပြောရင် ဒီလိုမဖြစ်နိုင်ပါဘူး။ ကားထဲက စုံတွဲ ဆိုတာ ဘယ်သူတွေလဲ၊ ကိုယ်သိချင်တယ်။ အခု လျှိုနေပြီးတော့ နောက်မှ ဖြုန်းခနဲ ထွက်လာပြီး တရားခံဘက်က ပင်းထွက်လိုက်တာနဲ့ တစ်မျိုးဖြစ်မသွား စေချင်ဘူး”

စားပွဲထိုးက ဒရိတ်အတွက် သူ့ရုံးမှ ဖုန်းလာကြောင်း၊ ကြေငြာသည့်အတိုင်း သတင်းပေးစာ ရောက်လာကြောင်းပြောရာ တစ်ယောက်ယောက်ကို

အငှားယာဉ်နှင့် အပို့လွှတ်ရန် ပြန်ပြောလိုက်ဖို့ ဒရိတ်က စားပွဲထိုးအား ခိုင်းလိုက်သည်။

“ဖင့်ချ်လေ သူငယ်ကလေးဟာ ခါးကျိုးသွားတယ်ကွ၊ သူဘွဲ့ယူဖို့ ရှိတယ်။ ကျောင်းမပြီးသေးဘူး။ ဒီယာဉ်မောင်းကိုတော့ မရအရ လိုက်ချင်တာပဲ ကွာ”ဟု မေဆင်က ဆက်၍ပြောသည်။

“ဟိုကားရဲ့ ယာဉ်မောင်းက မူးနေလို့များလားမှ မသိဘဲ၊ တော်တော် ကြာ ဖင့်ချ်လေရဲ့ကားက ဝင်တိုက်တာပါလို့ ပြောချင်ပြောနေမှာ”

“တိုက်ပြီးပြေးတဲ့ စွဲချက်နဲ့ အပြတ်နွာလိုက်မှာပေါ့”

“ခင်ဗျားကသာ ထင်နေတာကိုး၊ သူက နောက်ခံတောင့်တဲ့ မျက်နှာကြီး ဖြစ်ချင်ဖြစ်နေမှာ၊ အာမခံကုမ္ပဏီက လူတွေနဲ့ ပေါင်းပြီး ဆေးရုံနဲ့ ဆရာဝန်ခကို ပေးပြီး ကျေအေးလိုက်နိုင်တယ်၊ ခင်ဗျားကိုတော့ နည်းနည်းပါးပါး ပေးမယ်လေ"

“တော်စမ်းပါကွာ၊ ထမင်းစားတောင် ပျက်လာပြီ၊ ဘယ်လိုလုပ်ရမယ် ဆိုတာ ကိုယ်သိပါတယ်၊ ဟို ဆီဒင်ကားနက်ကို ဘယ်သူမောင်းတယ်ဆိုတာ သာ မင်းရှာပေးစမ်းပါ”

စားပွဲထိုးယူလာသော စာအိတ်ကို ဒရိတ်က ကိုင်ကြည့်ပြီး ခပ်လေးလေး တစ်ခုပါသည်ဟု ပြောကာ ဖွင့်၍ လှုပ်ချရာသော့တစ်ချောင်းထွက်ကျလာသည်။

မနေ့က နေ့စွဲနှင့်ဟု ပြော၍ စာကို ဖတ်လိုက်သည်။ လူကြီးခင်ဗျား

‘ဘလိတ်’သတင်းစာကြော်ငြာနဲ့သက်ဆိုင်သူကတော့ သူတို့သဘောအလျောက် လူကြီးမင်းတို့ဆီကို လာမည်မဟုတ်ပါ။ ကျွန်ုပ်ကမူ တရားမျှတမှုကို လိုလားသူဖြစ်၍ အောက်ပါသတင်းကို ပါးလိုက်ပါသည်။

ထိုယာဉ်တိုက်မှုဖြစ်သည့်အချိန်က လူစီဘာတန်ဆိုသည့် အမျိုးသမီးနှင့် ကျွန်ုပ်တို့ မသိသော အမျိုးသားတစ်ယောက်သည် မစ္စဘာတန်၏ ညိုရောင်ဖျော့ဖျော့ဆီဒင်ကား၏ တာယာ ကိုလဲပြီးခါစဖြစ်သည်။ လမ်းဆုံ၏ အရှေ့ဘက်နား ခပ်ရောက်ရောက် ဗာမီဆီလိုလမ်း၏ တောင်ဘက်ဘေးမှာ ကားကို ကပ် ၍ ရပ်ထားသည်။ မစ္စဘာတန်က ယာဉ်တိုက်သည်ကို မြင်ရ၍ သတိရှိသဖြင့် ကားနံပါတ်ကို ရေးမှတ်ထားလိုက်သည်။

ထို့နောက် သူမ၏အဖော်ကို ပြောပြရာ အဖော်မှာ ကြောက်ဒူးတုန်သွားသည်။ ထိုအချိန်က သူသည် သူမနှင့် အတူရှိနေသည်ကို သိသွားကြလျှင် သူ့ဘဝပျက်လိမ့်မည်ဟု ရှင်းပြသည်။ ကျွန်ုပ်သည် လူစီဘာတန်နှင့် လွန်စွာ ရင်းနှီး သည့် မိတ်ဆွေဖြစ်သည်။ သူမလည်း စိတ်သောကရောက်နေပါသည်။ အခြေအနေအရ လူကြီးမင်းတို့လိုချင်သည့် သတင်း ကိုလည်း မပေးနိုင်။ အခင်းဖြစ်သည့် နေရာတွင် သူမ ရှိနေပါသည်ဆိုသည်ကိုလည်း ဖွင့်မပြောနိုင် ဖြစ်နေပါသည်။

တောင်ဂွန်ဒိုလာလမ်း၊ အမှတ် (၇၁၉)၊ သူမ၏အခန်းငှား ဂေဟာမှ သူမ၏အခန်းတံခါး သောပွားကို ပို့လိုက်ပါသည်။ သူမ၏ အခန်းနံပါတ်မှာ (၂၀၈) ဖြစ်ပါသည်။ အသေးစား အခန်းငှားဂေဟာဖြစ်၍ ခလုတ်ကလေးကို နှိပ်ပြီး ဂျက်ကလေး ကို ဖြုတ်၍ အပြင်တံခါးမကြီးကို ဖွင့်နိုင်ပါသည်။ ၅ ရက်နေ့ ညနေ ၂ နာရီနှင့် ၅ နာရီအကြားတွင် ထိုအခန်းကိုသွားလျှင် မည်သူမျှ ရှိမည် မဟုတ်ပါ။ အခန်းထဲရှိ ဧည့်ဆောင်၏ အရှေ့မြောက်ထောင့်တွင် စာရေးစားပွဲတစ်လုံး ရှိပါသည်။ ထိုစားပွဲအတွင်းရှိ ယာဘက်ခိုအိမ်ခန်းကလေးထဲတွင် သားရေ အနှောင့်နှင့် မှတ်စုစာအုပ်ကလေးတစ်ခု ရှိပါသည်။ ဒုတိယ နောက်ဆုံးစာရွက်၏ အတွင်းစာမျက်နှာ၌ လူကြီးမင်းတို့ အလိုရှိသော ကားနံပါတ်ကို တွေ့ရပါလိမ့်မည်။ အားလုံးအမှန်တွေသာဖြစ်ပြီး လူကြီးမင်းတို့ ကျေနပ်သည့်အခါတွင် ဆုငွေဒေါ်လာ တစ်ရာကို ထုတ်ယူရန် စီစဉ်ပါမည်။

သင်တို့၏ ခင်မင်လှစွာသော

မိတ်ဆွေတစ်ယောက် “

လက်နဲ့ ရေးထားတာများ ပါသေးသလားဟု”ဟု မေဆင်က မေး လိုက်သည်။

“တစ်လုံးမှ မပါပါဘူးဗျာ၊ စာကိုယ်အတိုင်း အားလုံး လက်နှိပ်စက်နဲ့ ` ရိုက်ထားတာချည်းပဲ”

“မှန်း... ကိုယ်ကြည့်စမ်းမယ်၊ လက်နှိပ်စက်ရိုက်ထားတာက မသေသပ် ပါကလား၊ လက်နှိပ်စက်မကျွမ်းကျင်တဲ့လူ ရိုက်တာလို့ ဆိုရမယ်"

“ခင်ဗျား ဘယ်လို တွက်မိသလဲ”

“ကိုယ်သိရင်ပြောတောင်မနေဘူး၊ ကိုယ့်ကို ထောင်ချောက်တစ်ဆင်တာ ဖြစ်ပုံရတုယ်၊ ဒါပေမဲ့ တို့အနေနဲ့ ဒါဟာ ပစ်ပယ်ထားလို့ မရနိုင်တဲ့ သဲလွန်စက်လေးတစ်ခုပဲ”ဟု မေဆင်က ပြောပြီး သော့ကို အင်္ကျီအိတ်ထဲ၌ လိုက်သည်။



 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)