Skip to product information
1 of 2

Other Websites

မောင်၀ံသ - မှန်တာပြောသစ္စာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လူ့အဖွဲ့အစည်းအတွက်အပေါင်းလက္ခဏာများ

အခုတလော ကျွန်တော်တို့နိုင်ငံမှာ မျှော်လင့်အားတက်စရာ ဖြစ်ရပ်အချို့ ခပ်စိပ်စိပ်

ပေါ်ထွက်လာနေတာအားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ နိုင်ငံအရေးကိစ္စမှန်သမျှရဲ့  အခေါင်အချုပ်ဖြစ်တဲ့ နိုင်ငံရေးနယ်ပယ်မှာ ထူးခြားသိသာတဲ့ အပြောင်းအလဲတွေ

ပေါ်ထွက်လာနိုင်ဖွယ်ရှိတဲ့ အရိပ်လက္ခဏာတွေကို မြင်တွေ့နေကြရခြင်းက ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ မျှော်လင့်ချက် အဆင့်ကို အမြင့်ဆုံးသို့ ရောက်ရှိနေစေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့လို မြန်မာနိုင်ငံ အတွင်းမှာ တစ်လျှောက်လုံး ရှိလာခဲ့ကြ သူတွေရဲ့ သဘောထားမျှသာ မဟုတ်ပါဘူး။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကြီးနဲ့ ဆက်စပ်ပြီး ပြည်ပကိုရောက်ရှိ သွားခဲ့ကြသူတွေ ဟာလည်၊ တိုင်းပြည်အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေ ကြတယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်ရှစ်ဆယ့်ရှစ် လှုပ်ရှား ရုန်းကန်မူကြီးရဲ့ အကျိုးဆက်ရလဒ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တဲ့ “ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမည်ရှိ လက်နက် ကိုင် ကျောင်းသားအဖွဲ့အစည်းရဲ့ တက်ကြွ လှုပ်ရှားသူတစ်ဦးအဖြစ်ကနေ ပညာရှင်အဖြစ်ကို ပြောင်းလဲသွားခဲ့သူတစ်ဦးနေပြည်တော် နှီးနှောဖလှယ်ပွဲတစ်ခုကို ရောက်လာပြီး“ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးလို့ ရင်တွေခုန်နေပါတယ်” လို့ ပြောခဲ့တဲ့ အကြောင်း မှတ်သားလိုက်ရတယ်။

အရပ်ဘက်အခြေပြုလူထုအဖွဲ့များ 

ကျွန်တော်တို့နိုင်ငံမှာ(နည်းလွန်းပြီး နှေးလွန်းသေးတယ်လို့ဆိုလိုကဆိုစေ ဦးတော့) အခုလို နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲ တိုးတက်လာနေချိန်မှာ ကျွန်တော်ထူးထူးခြားခြားသတိပြုမိနေတဲ့အပြောင်းအလဲနယ်ပယ် တစ်ခုကတော့ Civil Society လို့ခေါ်တဲ့အရပ်ဘက်အခြေပြု လူထုအဖွဲ့အစည်းများ နယ်ပယ် ဖြစ်ပါတယ်။ အခုတလော သီးသန့် ပရဟိတလုပ်ငန်းတစ်ခုခုကို အာရုံစိုက် လုပ်ဆောင်ဖို့ စိတ်တူကိုယ်တူ သဘောချင်းတူကြတဲ့ မိတ်ဆွေတွေ စုစည်းပြီးအဖွဲ့ကလေးတွေ ဖွဲ့စည်းထူထောင်လာကြတဲ့ သတင်းတွေကို ကျွန်တော်တို့ အဆက်မပြတ် ကြားလာနေရပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု (တစ်နည်း) ကမ္ဘာကြီးပူနွေးလာမှုကို အန်တုစိန်ခေါ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့တွေ၊ ငွေကြေးချို့တဲ့ဆင်းရဲနွမ်းပါးသူတွေမှာ သွေးလိုအပ်တဲ့ပြဿနာ ပေါ်ပေါက်လာရင် နေရာမရွေး၊ အချိန်မရွေးသွေးရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ သွေးလှူရှင် အဖွဲ့တွေကျူရှင်လခမတတ်နိုင်လို့ အခြေခံပညာရေးနဲ့ ဖြစ်စေ အဆင့်မြင့် ပညာရေးနဲ့ဖြစ်စေအလှမ်းဝေးနေကြရရှာသူတွေကို ပညာအလှူ ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ ပညာဒါနအဖွဲ့တွေ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖဆိုတဲ့ လူသားတွေရဲ့ ပထမဦးဆုံးသော ဆရာဖြစ်တဲ့ မိဘ နှစ်ပါးမရှိရှာကြလို့ လူ့အဖွဲ့အစည်းမှာ အမြဲတမ်း အောက်ကျ နောက်ကျနဲ့ နေသွား ကြရဖို့များနေတဲ့ ကံအကျိုးပေးမလှသူ ကလေးငယ်တွေအတွက် တတ်နိုင်သမျှထောက်ပံ့ ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ မိဘမဲ့ကလေး ကူညီရေးအဖွဲ့တွေ၊ အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာ ကြုံရတတ်တယ်ဆိုတဲ့လူလောကကြီးမှာ တရားမျှတမှုကို တောင်းဆိုဖို့ မစွမ်းနိုင်ရှာကြသူတွေကိုဖေးမကူညီဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ ဥပဒေ အထောက်အကူ ပြုအဖွဲ့တွေ၊ နိုင်ငံတကာ အဆင့်မီဆေးရုံကြီးတွေဟောတစ်ခု ဟောတစ်ခု ပေါ်ပေါက်လာနေချိန်မှာ ကွမ်းယာဆိုင်က စပ်ဆေး လေးတွေနဲ့ပဲ စခန်းသွားနေကြရရှာတဲ့ “ဖွတ်ကျောပြာစု ခရုဆန်ကျွတ်” လူတန်းစား တွေရဲ့ကျန်းမာရေးအတွက် တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ ကျန်းမာရေးဒါနအဖွဲ့တွေ စသဖြင့် စသဖြင့် သာဓုမခေါ်ဘဲ မနေနိုင်

လောက်စရာ ပရဟိတအဖွဲ့လေးတွေ အခုတလော အလျှိုအလျှိုပေါ်ထွက်လာတာကို မြင်တွေ့ကြားသိနေရပါတယ်။

သုမင်္ဂလာဖောင်ဒေးရှင်း နှီးနှောဖလှယ်ပွဲ ပြီးခဲ့တဲ့ စနေတနင်္ဂနွေ စက်တင်ဘာ ၃-၄ က မှော်ဘီညောင်နှစ်ပင်နားက မေတ္တာရှင် ရွှေပြည်သာကျောင်းမှာ ဒယ်အိုးဆရာတော်လို့ ထင်ရှားတဲ့ အရှင်သုမင်္ဂလက ပရဟိတ အသင်းပေါင်း ၁၀၀၀ကျော်ကို ဖိတ်ကြားပြီး ပရဟိတအသင်းများ

အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲ တစ်ရပ် ကျင်းပတယ်။

သုမင်္ဂလာဖောင်ဒေးရှင်းတည်ထောင်ဖို့ပြင်ဆင်မှုတွေလည်း တင်ပြတယ်။ ပရိသတ် ၃၀၀၀ လောက်တက်ရောက်တဲ့ အဲဒီ နှီးနှောဖလှယ်ပွဲကြီးကို ဧည့်သည်အဖြစ်

ကျွန်တော်ရောက်သွားပါတယ်။ အလွန်မှလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခဲ့ရ ပါတယ်။

တကယ်တော့ ကျွန်တော်တို့နိုင်ငံသားတွေဟာ အကူအညီလိုအပ်နေသူတွေကို အကူအညီပေးတဲ့ကိစ္စ နယ်ပယ်မှာတစ်နည်းပြောရရင် ပရဟိတ လုပ်ငန်းနယ်ပယ်မှာ ဒေသအဆင့်ကိုတောင် ကျော်လွန်ပြီး ကမ္ဘာ့အဆင့်အထိ ဂုဏ်သတင်း မွှေးပျံ့ကျော်ကြားခဲ့တဲ့ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အလည်အပတ်ရောက်ရှိဖူးကြတဲ့ နိုင်ငံခြားသားတိုင်းက ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဖော်ရွေပျူငှာမှု အကူအညီပေးတတ်မှုတို့ကို မထုတ်ဖော်မချီးကျူးဘဲမနေနိုင်အောင် ဖြစ်လေ့ ရှိကြတာ ကမ္ဘာသိဖြစ်ပါတယ်။ တစ်ဆက်တည်းပြောရရင် အဲဒီ အကူအညီပေးချင်တဲ့ စိတ်ဓာတ်အခံနဲ့ လွတ်လပ်မှုရဲ့ ပေါင်းစည်းခြင်းတစ်ခုအဖြစ် အရပ်ဘက်အခြေပြု လူထုအဖွဲ့ အစည်းတွေ ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားအားကောင်းခဲ့ဖူးပါတယ်။

အပြောင်းအလဲများကြောင့် ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ၁၉၆၀ အစောပိုင်းနှစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေက ကျွန်တော်တို့ လူ့ အဖွဲ့အစည်းရဲ့ အခြားသော နယ်ပယ်တွေလိုပဲ အဲဒီနယ်ပယ်ကိုလည်းပြောင်းလဲပစ်လိုက်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ “နိုင်ငံတော် စည်းလုံးညီညွတ်မှုကို ကာကွယ်စောင့်ရှောက်သော ဥပဒေ” က မြန်မာနိုင်ငံရေးမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှတစ်ပါး အခြားသော နိုင်ငံရေးပါတီများရဲ့ တည်ရှိမှုကို နိဂုံးချုပ်သွားစေခဲ့တယ်။ တစ်ချိန်တည်းမှာ နိုင်ငံရေးရဲ့ အခက်အလက်မျှသာဖြစ်တဲ့ အဲဒီအရပ်ဘက် အခြေပြု လူထုအဖွဲ့ အစည်းတွေဟာလည်း လုံးလုံးလျားလျားပျောက်ကွယ်သွားတာ မဟုတ်ဘူးလို့ ပြောမယ်ဆိုရင်တောင် တစ်စတစ်စ ချည့်နဲ့အားနည်းသွားခဲ့ရတာတော့ အမှန်ပဲ၊ ဖြစ်ပါတယ်။

အချောင်သမားအတွေးအခေါ်တွေ ပြည်သူလူထုအများစုကြီးရဲ့ စိတ်ဓာတ်ရေးရာ ရှုထောင့်ကကြည့်မယ် ဆိုရင်တော့ “ဝဝစားဝေးဝေးနေ ဝင်မပါနဲ့” ဆိုတဲ့ “ဝသုံးလုံး အတွေးအခေါ်“မလုပ် မရုပ် မပြုတ်”ဆိုတဲ့ “မသုံးလုံး အတွေးအခေါ် “ခေါ်ရင်လာ ခိုင်းတာလုပ် ခံမပြောနဲ့ ခိုးစား” ဆိုတဲ့ “ခလေးလုံးအတွေးအခေါ် စတဲ့အချောင်သမားအတွေးအခေါ်တွေ လွှမ်းမိုးတွင်ကျယ် လာခဲ့တာ အမှန်ပါပဲ။ ဒီအခြေအနေနဲ့ တစ်ဆက်တည်းမှာ အများအကျိုးကို လွတ်လွတ်လပ်လပ် တန်းတူရည်တူ အခြေခံနဲ့ စိတ်တူသဘောတူသူတွေချင်း စုပေါင်း လက်တွဲလုပ်ဆောင်ကြရတာဖြစ်တဲ့ အရပ်ဘက် အခြေပြု လူထုအဖွဲ့အစည်းတွေ လုံးလုံးလျားလျားသက်ဝင်ပြတ်မသွားဘဲ ဘာသာရေးဝတ်အသင်းတွေ ပုံသဏ္ဌာန် နဲ့ ငွေ့ငွေ့ကလေးကျန်နေသေးတာအတွက်တော့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ပြင်းထန် ခိုင်မာတဲ့ အများအကျိုးပြုစိတ်ဓာတ်ကိုလည်း ကျေးဇူးတင်ရပါတော့မယ်။

ချိတ်ဆက်တည်းနှောင်ထားရတယ်

တကယ် တော့ အဖွဲ့အစည်းဆိုတာ ကျွန်တော်တို့လူသားတွေနဲ့ တစ်ပါ တည်းလိုလို မွေးဖွားပေါ်ပေါက်လာခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သမိုင်းဦး ဘုံမြေခေတ်မှာ ဆင်တွေ၊ ကြံ့တွေလိုလည်း ခွန်အားမကြီး၊ ကျားတွေ၊ ခြင်္သေ့ တွေလိုလည်း မသန်မာ၊ မြွေတွေ ကင်းတွေလိုလည်း အဆိပ်မရှိ၊ သမင်တွေ၊ ဒရယ် တွေလိုလည်း မပေါ့ပါး မလျင်မြန်တဲ့ လူသားတွေဟာ မိမိတို့ဘဝရပ်တည် ရှင်သန်ရေးအတွက် မိမိတို့ အချင်းချင်း ကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်တည်းနှောင်ထားကြတဲ့ လူ့အဖွဲ့အစည်းအပေါ်မှာပဲ လုံးလုံး လျားလျား မှီခိုအားထားခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့်လည်“လူဆိုတာ အဖွဲ့အစည်းအားဖြင့်သာ ရှင်သန် ရပ်တည် နိုင်တဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်တယ်” (Human is an social animal)လို့ ပညာရှင်တွေက

ဖွင့်ဆိုခဲ့ကြတာဖြစ်ပါတယ်။ လူသားရဲ့ အဲဒီမွေးရာပါပိုဆိုင်င်ခွင့်ကို လူသားဆီက ပုံသဏ္ဌာန်တစ်မျိုးမျိုးနဲ့ ခွဲထုတ်ဖို့ ကြိုးစားခဲ့သူ မှန်သမျှဟာလည်း မအောင်မြင်ခဲ့ ကြောင်း အခိုင်အမာအကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားအားလုံး မျှော်လင့် တောင့်တ နေကြတဲ့ ဒီမိုကရေစီနိုင်ငံတော်တစ်ခု ပေါ်ပေါက်လာတော့မယ်လို့ မျှော်လင့်နိုင်တဲ့ အရိပ်အယောင်တွေ စတင်မြင်တွေ့နေကြရပါပြီ။ဒီအချိန်မှာ အရပ်ဘက် အခြေပြုလူထုအဖွဲ့အစည်းတွေအပြိုင်းအဆိုင်ပေါ်ထွက်လာနေတာဟာ နိုင်ငံကို ချစ်မြတ်နိုးသူ

အားလုံး လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြရမယ့် အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ လူသားတွေ (တစ်နည်း) ပြည်သူတွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေဟာလည်း တစ်နေ့တခြား များပြားလာနေတာမို့အဲဒါတွေ အားလုံးကို အစိုးရတစ်ခုတည်းက ဒိုင်ခံဖြေရှင်းပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတဲ့ အချက်ဟာ အရင်ကထက် ပိုပိုပြီးထင်ရှားပေါ်လွင် မြင်သာလာနေပါ တယ်။ ဒါကြောင့်လည်း အခြေအနေနဲ့ လိုအပ်ချက်အရ အရပ်ဘက် အခြေပြု လူထု အဖွဲ့အစည်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။တစ်နည်းပြောရရင် ဒီအဖွဲ့အစည်း တွေဟာ နိုင်ငံ့အကျိုးအမှန်တကယ်သယ်ပိုးထမ်းဆောင်နေတဲ့ အစိုးရတွေအတွက် အနုတ်လက္ခဏာ မဟုတ်ပါဘူး။ အပေါင်းလက္ခဏာသာ ဖြစ်ပါတယ် ဒီအချက်ကို သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာနိုင်ငံ အစိုးရကလည်း ကောင်းကောင်းကြီး သိရှိထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

၆၊ စက်တင်ဘာ ၂၀၁၁

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)