မောင်၀ံသ - စတီး၀ဲလ်နှင့်မြန်မာပြည်စစ်မျက်နှာ
စတီးဝဲလ် (သို့မဟုတ်) နိုင်ငံရေးပရိယာယ်များ၏ သားကောင်တစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ထင်ရှားခဲ့သော စစ်သူကြီးများအနက် တရုတ် မြန်မာ၊ အိန္ဒိယ စစ်မျက်နှာတွင် တာဝန်ယူခဲ့ရသော အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဒဗလျူ စတီးဝဲလ်သည် အငြင်းပွားစရာ သမိုင်းကြောင်းတစ်ခုကို ကျန် ရစ်စေခဲ့သူဖြစ်၏။
ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တပ်များ၏ ဦးစီးဦးဆောင်များ အဖြစ် အမှုထမ်းခဲ့ကြသော စစ်ဗိုလ်ချုပ်များအနက် ကံဆိုးသူ ကံကောင်းသူများ အသီးသီးရှိကြသလို ရာထူးမှဖယ်ရှားခြင်းခံရသော စစ်ဗိုလ်ချုပ်များလည်း အများ အပြား ရှိခဲ့ကြသည်။ ယင်းတို့အနက် ဥရောပစစ်မျက်နှာမှ ဗိုလ်ချုပ်ကြီးပက်တန် ဆိုလျှင် ရာထူးမှပြတ်ခဲ့ရလင့်ကစား ကံကောင်းသည်ဟု ဆိုနိုင်သေး၏။ ပက်တန် သည် စစ်ရေးအရ သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရ၏။ သူ့ အကြောင်း ပြောကြ၊ ရေးကြလျှင်လည်း ချီးကြူးအမွန်းတင်မှုက များခဲ့သည်။
သို့ရာတွင် ဗိုလ်ချုပ်ကြီး စတီးဝဲလ်မှာမူကား: ကံအဆိုးဆုံး စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်ခဲ့ရှာသည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်အစိုးရ၏ ဦးစားပေး စစ်မျက်နှာများအနက် အလေးထားခြင်း မခံရဆုံးသော စစ်မျက်နှာ တစ်ခုကို တာဝန်ယူခဲ့ရသည်။ သူဦးဆောင်မှုပေးရသော လက်နက်ကိုင်တပ်များ မှာလည်း ကျီးလန့်စာစားဖြစ်နေသော တရုတ်ချန်ကေရှိတ်တပ်များဖြစ်၏။
စတီးဝဲလ် ၏ အဓိကစစ်ပွဲအတွေ့အကြုံမှာ ၁၉၄၂ ခုနှစ်တွင် မြန်မာပြည်မှစစ်ရှုံးပြီး ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး ၁၉၄၄ခုနှစ် အောက်တိုဘာလတွင် ရာထူးမှထုတ်ပယ် ခြင်းခံရချိန်အထိ၊ ကျန်သောအချိန်ကာလများမှာ သူသည် တရုတ်ခေါင်းဆောင် ချန်ကေရှိတ်နှင့် အချင်းများနေခဲ့ရသည်သာများခဲ့၏။ စတီး၀ဲလ်သည် ချန်ကေရှိတ် ၏ စစ်ဦးစီးချုပ်အနေဖြင့် ဂျပန်ထိုးစစ်ကို ပြန်လည်တွန်းလှန်ရန် ချန်ကေရှိတ်အား စစ်ဆင်ရေးများကို အကြံပေးတင်ပြခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။ စစ်ရေးစွမ်းရည်နှင့် အမြော်အမြင်ရှိသော ဗိုလ်ချုပ်ကြီး စတီးဝဲလ်သည် သံတမန်ရေး မသမာမှုများနှင့် နိုင်ငံရေးပညာပြမှုများအကြားတွင် ဘေးကျပ်နံကျပ် ဖြစ်ခဲ့ရပုံ များကို ဤစာအုပ်တွင် ဖော်ပြထား၏။
ချန်ကေရှိတ်၏ ကာကွယ်ရေးဦးစီးချုပ်တစ်ဦး အနေဖြင့်လည်းကောင်း၊ တရုတ်၊ မြန်မာ၊ အိန္ဒိယစစ်မြေပြင်ရှိ အမေရိကန်တပ်မှူးအနေ ဖြင့်လည်းကောင်း၊ စတီးဝဲလ် ရင်ဆိုင်ခဲ့ရသည့် ပြဿနာရပ်များကို နားလည်နိုင်ရန် ၁၉၄၂ ခုနှစ်က တရုတ်ပြည်အခြေအနေ၏ နောက်ခံကားချပ်ကို သိရှိထားဖို့လိုအပ်သည်။
၁၉၄၂ ခုနှစ်တွင် တရုတ်ပြည်သည် ဂျပန်တပ်များကို တွန်းလှန်တိုက်ခိုက် လျက်ရှိသည်။ မန်ချူးရီးယားကို ၁၉၃၁ ခုနှစ်က ဂျပန်တို့ ဝင်ရောက်တိုက်ခိုက်ချိန် မှစ၍ တရုတ်ပြည်တွင် ကြိုးကြား၊ ကြီးကြား ဟိုတစ်ကွက် သည်တစ်ကွက် ၊ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ဂျပန်တို့နှင့်ဖြစ်ပွားသော တိုက်ပွဲများသည် ၁၉၃၇ ခုနှစ် နောက်ပိုင်းတွင် ကြီးမားကျယ်ပြန့်လာသည်။ ၁၉၃၇ ခုနှစ်တွင် ကွန်မြူနစ်အမျိုးသား ရေးဝါဒီတို့က ခိုင်မာမှုမရှိသော 'ညီညွတ်ရေးတပ်ဦး”ကို ဖွဲ့စည်းထူထောင်ခဲ့၏။ သို့သော် အဆိုပါ ဂျပန်ဆန့်ကျံင်ရေးအဖွဲ့အစည်းသည် တရုတ်ပြည်အလယ်ပိုင်း၌ ပဋိပက္ခများဖြစ်ပွားပြီး ၁၉၄၁ ခုနှစ်တွင် ကွဲကြ ပြဲကြ သည်။ 'ညီညွတ်ရေးတပ်ဦး' သည် ဂျပန်တို့ကို တားဆီးနိုင်စွမ်း မရှိခဲ့။
၁၉၃၉ ခုနှစ်တွင် ဂျပန်တို့သည် တရုတ်ကမ်းခြေဒေသများကို သိမ်းပိုက် ထားသည်။ အရေးပါသော ဆိပ်ကမ်းများကိုလည်း ဂျပန်တို့ သိမ်းပိုက်ထားကြ သည်။ ထိုအခြေအနေကြောင့် တရုတ်တို့အနေဖြင့် တစ်ခုတည်းသော ထွက်ပေါက် အဖြစ် မြန်မာပြည်ကို အသုံးပြုကာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရတော့၏။ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန်အတွက် ရန်ကုန်မြို့မှ ယူနန်ပြည်နယ်သို့ ဖောက် လုပ်ထားသည့် လမ်းမကြီးကို အသုံးပြုရသည်။
သို့သော် ၁၉၃၉ ခုနှစ်နောက်ပိုင်းတွင်မူ ဂျပန်တို့သည် တရုတ်ပြည် အတွင်းပိုင်းသို့ ရှေ့တိုး၍ မချီတက်ကြတော့ပေ။ ဂျပန်တို့သည် ၎င်းတို့၏တပ်များအား အခြားရှေ့တန်းစစ်မျက်နှာများသို့ ရုပ်သိမ်းသွားကြ၏။ ထို့နောက် ၁၉၄၀ ပြည့်နှစ်တွင် အင်ဒိုချိုင်းနားဒေသကိုလည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် မြန်မာပြည်ကိုလည်းကောင်း ဂျပန်တို့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ကြတော့၏။
စတီးဝဲလ် ရောက်ရှိသွားသော ၁၉၄၂ ခုနှစ်တွင် တရုတ်ပြည်၌ သုံးပိုင်းကွဲနေ ၏။ ဂျပန်တို့ သိမ်းပိုက်ထားသော ကမ်းခြေဒေသ၊ မော်စီတုံးခေါင်းဆောင်သော ကွန်မြူနစ်တို့ စိုးမိုးထားသော အနောက်ပိုင်းရှန်ဟဲဒေသ၊ ချန်ကေရှိတ်ခေါင်းဆောင်သော အမျိုးသားရေးဝါဒီတို့ အာဏာခိုင်မြဲနေသော အနောက်တောင်ပိုင်း ချုံကင်း ဒေသဟု အပိုင်းသုံးပိုင်းကွဲနေသည်။ ဂျပန်တို့ကလည်း သူ့ကာကွယ်ရေးနှင့်သူ။ ကွန်မြူနစ်တို့ကလည်း သူ့တပ်နှင့်သူ အမျိုးသားရေးဝါဒီတို့ကသူ့အင်အားနှင့်သူ။
ဆိုဗီယက်နှင့် အမေရိကန်တို့က ချန်ကေရှိတ်ကို တရုတ်ပြည်၏တကယ့် အစစ်အမှန်ခေါင်းဆောင်ဟု ယူဆသည်။ အမှန်စင်စစ်၌မူ ချန်ကေရှိတ်သည် သူ့နေရာ သူ့ဒေသ ကွက်ကွက်လေးတွင်သာ အာဏာပြနိုင်သည့် ခေါင်းဆောင် တစ်ဦးထက် မပိုပါချေ။ ချန်ကေရှိတ်၏တပ်များသည်လည်း ကိုယ့်ဒေသ၌သာလျှင် စိုးမိုးထားနိုင်ကြသည်။ နိုင်ငံရေး မကျွမ်းကျင်ရုံသာမက အဂတိလိုက်စားမှု များလည်း ချန်ကေရှိတ်အုပ်စုတွင် အမြောက်အမြားရှိနေ၏။ ။
၁၉၄ဝ ပြည့်နှစ်မတိုင်မီ တရုတ်ပြည်ဆိုင်ရာ အမေရိကန်စစ်သံမှူးအဖြစ် စတီးဝဲလ် တာဝန်ထမ်းဆောင်ခဲ့စဉ်က တရုတ်တပ်များကို ဂျာမန်နှင့် ရုရှတပ်တို့က
လေ့ကျင့်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးလျက်ရှိသည်။ ဂျပန်၊ ဂျာမနီနှင့် ရုရှုတို့ ၁၉၄၀ ပြည့်နှစ်တွင် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုများ ပြု
လုပ်လာသည့်အခါတွင်မူ ချန်ကေရှိတ်သည် အမေရိကန်တို့ဘက်သို့ဦးလှည့်ကာ အကူအညီတောင်းလာသည်။ ချန်ကေရှိတ်နှင့် ၎င်း၏ယောက်ဖ တီဗွီဖွန်း တို့သည် အမေရိကန်တို့ထံမှ လက်နက် ခဲယမ်းမီးကျောက်များတောင်းဆိုကြ၏။ အထူး သဖြင့် လေယာဉ်များ တောင်းဆိုကြသည်။
၁၉၃၇ ခုနှစ်မှစ၍ တရုတ်ပြည်တွင် ရောက်ရှိနေသော အမေရိကန်လေတပ် မတော် အငြိမ်းစားအရာရှိ ချင်းနောက် သည် တရုတ်ပြည်အနေဖြင့် လေတပ်အင်အား ရှိလာမှသာလျှင် ဂျပန်တို့အား ပြန်လည်တိုက်ထုတ်နိုင်မည်ဖြစ်ပြီး ထိုးစစ်ဆင်နိုင်မည်ဟု ယုံကြည်ထားသူဖြစ်၏။
ချန်ကေရှိတ် တရုတ်တပ်များ၏ စစ်ရေးစွမ်းရည်နှင့် စိတ်ဓာတ်ကို အမေရိကန်တို့က မယုံမရဲရှိခဲ့သော်လည်း တရုတ်ပြည်တွင် အမေရိကန်တို့ ပါဝင်ပတ်သက်မှုမှာ များသည်ထက် များလာ၏။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ပုလဲဆိပ်ကမ်းကို ဂျပန်တို့တိုက်ခိုက်ပြီး နောက်ပိုင်း၌ကား သမ္မတ ရုစဗဲ့သည် ချန်ကေရှိတ် အား တရုတ်ပြည်စစ်မျက်နှာ မဟာမိတ်တပ်ပေါင်းစု၏ တပ်မှူးချုပ်အဖြစ် အသိအမှတ်ပြုလိုက်သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတီးဝဲလ်အား ချန်ကေရှိတ်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ပေး စေလွှတ်လိုက်၏။
ချန်ကေရှိတ်၏လက်အောက်တွင် စတီးဝဲလ်အနေဖြင့် မည်မျှ အခက်အခဲကြုံတွေ့ခဲ့ရပုံ၊ ကြံစည်သမျှ၊ လုပ်ကိုင်သမျှ အချည်းနှီးအလဟဿ ဖြစ်ခဲ့ရပုံများကို ဤစာအုပ်တွင် ဖော်ပြထား၏။ အမေရိကန် အကူအညီမပါပဲ စစ်ကို ကျော်လွှားနိုင် သည်ဟု ချန်ကေရှိတ်က တစ်ဘက်ကပြောကြားပြီး အခြားတစ်ဘက်တွင်မူ အမေရိကန်လေယာဉ်အကူအညီများ ရရှိမှသော ဂျပန်တို့ကို မောင်းထုတ်နိုင်မည်ဟု ပြောဆိုခဲ့သည်။ ဤသို့ စကားနှစ်ခွပြောပြီး သဘောနှစ်မျိုးရှိနေသူ၏ လက်အောက် တွင် စတီးဝဲလ် အနေဖြင့် မည်မျှ ဘေးကျပ်နံကျပ်ဖြစ်မည်ကို တွက်ဆနိုင်ပါ လိမ့်မည်။
တရုတ်တို့ လိုလားနေသော အမေရိကန်အကူအညီများသည် ဂျပန်တို့အား မောင်းထုတ်ရာတွင် အသုံးပြုမည်မဟုတ်ပဲ ကွန်မြူနစ်များအား တိုက်ခိုက်ရာတွင် အသုံးပြုမည်ဖြစ်သည့်အပြင် ချန်ကေရှိတ် ၏ ကူမင်တန်အမျိုးသားရေးဝါဒီတို့ လွမ်းမိုးရာဒေသရှိ တပ်မှူးများအပေါ်၌သာ သြဇာညောင်းအောင် အသုံးပြုလိမ့် မည်ဟု အမေရိကန် စစ်အကြံပေးပုဂ္ဂိုလ်အချို့က သုံးသပ်မိကြသည်။ ချန်ကေရှိတ် အနေဖြင့် ဂျပန်တပ်များအား ကြည်းကြောင်းမှထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ် ခြင်းဖြင့် ၎င်း၏လျော့လျည်းလျည်း နိုင်ငံရေးအနေအထားဆုံးပါးသွားမည်ကို စိုးရိမ်တွေဝေလျက်ရှိသည်ကို စတီးဝဲလ်က နားလည်သဘောပေါက်ထားသည်။
ချန်ကေရှိတ်သည် ချင်းနောက်ကဲ့သို့ပင် ဂျပန်တို့အား လေကြောင်းကိုအသုံး ပြ၍ တိုက်ခိုက်လိုသည်။ ထိုသို့ ပြုလုပ်မည်ဆိုပါက ၁၉၄၃ ခုနှစ်နောက်ပိုင်း၌ ဂျပန်တို့ ထိုးစစ်ဆင်လာအောင် ရန် စ,ရာရောက်မည်ဖြစ်ကြောင်း စတီးဝဲလ်ကသည့်အခြေအနေမျိုး ဆိုက်ခဲ့ရ၏။
စတီးဝဲလ်သည် စရိုက်လက္ခဏာအားဖြင့် အသိခေါက်ခက် အဝင်နက်ပြီး အကဲဖမ်းရခက်သည့် ပုဂ္ဂိုလ်မျိုးဖြစ်၏။ ဗြိတိသျှတပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဆလင်းကမူ စတီးဝဲလ် အား ကောင်းစွာ စာနာနားလည်ခဲ့သည်။ ဆလင်းသည်စတီးဝဲလ် အား နှဝ်လိုသဘောကျရုံမျှမက ယုံကြည်ကိုးစားမှုလည်းရှိသည်။ စတီးဝဲလ်သည် သူမလိုလားသော နိုင်ငံရေးသမားများနှင့် အလုပ်လုပ်၍ မဖြစ်သည်ကို ဆလင်းက သိထား၏။ စတီးဝဲလ်သည် တစ်ဦးချင်းအနေအားဖြင့် ရိုးသား နှစ်လိုဖွယ် တစ်ဦးဖြစ်သည်။ သို့သော် သူ၏ လက်အောက်ငယ်သားများ အပါအဝင် အခြားသူများနှင့် ဆက်ဆံရာ၌မူ ကြမ်းလွန်း၊ ပြတ်လွန်း တုံးတိတိ နိုင်လွန်းသည်ဟု ဗြိတိသျှတပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဆလင်း က မှတ်ချက်ချခဲ့သည်။
စတီးဝဲလ်၏ အတွေ့အကြုံများမှာ စစ်ရေး၊ သံတမန်ရေး၊ လူမှုဆက်ဆံရေး စသည်အားဖြင့် ဘက်ပေါင်းစုံမှ သင်ခန်းစာယူဖွယ်အတိ ရှိနေသည်ကို ဤစာအုပ် တွင် လေ့လာမှတ်သားနိုင်မည် ဖြစ်ပါကြောင်း။