Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်ဝဏ္ဏ - အပျင်းပြေဖတ်ဖို့ဖလော်ဆော်ဖီ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

(Philosophy) ဖလော်ဆော်ဖီနဲ့ Logic (ယုတ္တိဗေဒ) ဟာ စိန်နဲ့တူပါတယ်။ (အဖိုးတန်ပါတယ်)။ သောကြာဂြိုဟ်ပေါ်ကို အာကာသယာဉ် လွှတ်လိုက်တော့ “စိန်ကို မှန်ပြတင်းအဖြစ် သုံးရတယ်။ သောကြာဂြိုဟ်မျက်နှာပြင်မှာ ဖိအားသိပ်ကြီးတယ်။ အဲဒီဒဏ်ကို “စိန်”ပဲ ခံနိုင်တယ်။ ဒီတော့ အဖိုးတန် ပါတယ်။ (ဆားနဲ့လည်း တူတယ်ခင်ဗျ၊ အသင့်အတင့်ပဲ သုံးရပါတယ်)

ဒါပေမဲ့ ဘတ်စ်ကားစီးတဲ့အခါ စိန်တစ်ဆင်စာ မဝတ်သင့်ပါဘူး။ လိုအပ်တဲ့အခါမှပဲ ဝတ်ဆင်သင့်တယ်။ ဒီလိုပဲ Logic နဲ့ ဒဿနဗေဒ (Philosophy) ဟာ လိုသလောက် လိုအပ်တဲ့အခါမှပ် အသုံးပြုသင့်ပါတယ်။

လောဂျစ်သိပ်ဝါသနာကြီးတဲ့ စစ်ကိုင်းဆောင်က ကျောင်းနေဖက် တစ်ယောက် ညတစ်ညမှာ “ခွေးက ဘာကြောင့်အူတာလဲ” လို့ အော်ရင်း ပေါက်သွားလို့ စိတ်ကျန်းမာရေးဆေးရုံ ပို့လိုက်ရဖူးပါတယ်။ (လောဂျစ်အကြောင်း အရပ်စကားနဲ့ ‘မည်သည့်လူမျှ မျောက်မဟုတ်” ဆိုပြီး စရဏမဂ္ဂဇင်းမှာ ရေးထားပါတယ်။ ဗြောင်ပဲဗျို၊ ကြော်ငြာ ဖြတ်ဝင်တာပါ) တက္ကသိုလ်တက်တုန်းက ကျွန်တော်တို့ ဒဿနိကဗေဒ (ဒဿန ဗေဒ)ကျောင်းသားတွေကို တခြားဘာသာရပ်ယူတဲ့ ကျောင်းနေဖက်တွေက “ကမ္ဘာ့ငကြောင်ကြီးများအဖွဲ့ လို့ ထောမနာပြုကြပါတယ်။ သူတို့မမှားပါဘူး။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့သင်တဲ့ ဒဿနိကဗေဒ (Philosophy)ဟာ “မှန်တော့မှန်တယ်၊ ဒါပေမဲ့ မမှန်ဘူး။ မှားတော့ မှားတယ်၊ ဒါပေမဲ့ မမှားဘူး” ဆိုတဲ့ ပညာရပ်မျိုးပါ။ (ကြောင်တော့ ကြောင်တယ်။ ဒါပေမဲ့ “လုံလောက်တဲ့” (Sufficient) အကြောင်းပြချက်နဲ့ ကြောင်တာပါ)

အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် ကျောင်းသားဘဝတုန်းက အတွေ့ အကြုံတစ်ခုကို တင်ပြပါရစေ။ ကျွန်တော် တက္ကသိုလ်တက်တဲ့ (၁၉၆၅/ ၆၆ က ၁၉၆၉/ ၇ဝ လောက်) အချိန်အတွင်းမှာ အဲဒီတုန်းက ဆိုဗီယက် ပြည်ထောင်စုက ထုတ်ဝေတဲ့ စာအုပ်စာတမ်းတွေက ဈေးသိပ်ချိုပါတယ်။ လေးငါးကျပ်လောက်နဲ့ ခေါင်းအုံးအိပ်လို့ရတဲ့ စာအုပ်အထူကြီးတွေ ဝယ်လို့ ရပါတယ်။ ဝါဒဖြန့်စာအုပ်တွေ ဆိုဗီယက်သံရုံးမှာ သွားတောင်းရင် အလကားရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ဒဿနိကဗေဒ ကျောင်း သားတွေကြားထဲမှာ Karl Marx ရဲ့ ဒိုင်ယာလက်တစ်နည်းကျ ရုပ်ဝါဒဟာ သိပ် “ရေပန်းစား” ခဲ့ပါတယ်။

(၂၁ ရာစုမှာ Karl Marx ရဲ့ ကျမ်းတွေကို အသေးစိတ် ပြန်လေ့လာ နေကြပါပြီ၊ ဝေဖန်ဆန်းစစ်ရင်း လေ့လာတာပါ)

ကျွန်တော်တို့ကို သင်တဲ့ ဆရာတွေကြားမှာလည်း ရုပ်ဝါဒဘက် သန်တဲ့ဆရာတွေ ရှိသလို နာမ်ဝါဒဘက်သန်တဲ့ ဆရာတွေလည်း ရှိပါတယ်။ ပညာကို ပညာရပ်အတိုင်းပဲ သင်တဲ့ ဆရာ၊ ဆရာမတွေလည်း ရှိပါတယ်။ ခြင်း (အဲဒီအချိန်က ရုပ်ဝါဒမှ ရုပ်ဝါဒဆိုတဲ့ ကျွန်တော်တို့ဆရာ ဦးစိုးမြင့် ဟာ နောင်တစ်ချိန် ကျွန်တော်တို့ ကျောင်းကထွက်လာပြီးတော့ အင်းဝိဇ္ဇာ” လမ်းကို လိုက်ပါတော့တယ်။ ဘယ်လောက်အောင်မြင်သလဲ ကျွန်တော် မသိပါ။ ဆရာ ဦးဆန်းလွင် (စာရေးဆရာ ဒါရိုက်တာ ဦးဆန်းလွင်) ဟာ ဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုတဲ့ ဘာသာမဲ့ဆရာပါ။ နောက်တော့ ဆရာ ဦးဆန်းလွင်ဟာ ရှင်အာဒိစ္စရံသီ”ဘွဲ့ နဲ့ သံဃာ့ဘောင်ဝင်၊ တရားဟော၊ တရားပြ၊ တရားအားထုတ်ရင်း ပျံလွန်သွားပါတယ်။ ဆရာ ဒေါက်တာ (ဦး) သန်းနိုင်က (ဆိုဗီယက်) ရုရှားနိုင်ငံက ပါရဂူဘွဲ့ ယူပြီး ပြန်ရောက်စပါ။ ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား ပျော်စရာကြီးခင်ဗျ။

ဆရာမကြီး ဒေါ်မေတင်ထွတ်၊ဆရာမကြီး ဒေါ်ခင်ဆက်ရီ၊ ဆရာမကြီး ဒေါ်သန်းဆွေ၊ ဆရာမကြီး ဒေါ်ခင်အေးသီ၊ ဒေါ်ခင်စန်း၊ ဆရာ ဦးသန်းအောင်ကြီးအစရှိတဲ့ ဆရာ၊ ဆရာမကြီးတွေကတော့ သင်ရိုးကို ကျေညက်အောင် သင်ပြ နိုင်တဲ့ ဆရာ၊ ဆရာမကြီးတွေပါပဲ) ၊

ကျွန်တော်တို့တစ်တွေဟာ ရုပ်ဝါဒကို အများဆုံးပြော၊ အများဆုံး ငြင်းကြပါတယ်။ “ဒိုင်ယာလက်ထီကယ် မထီရီယယ်လစ်ဇင်”လို့ ပြောရတာ ကို ခံတွင်းတွေ့နေတဲ့အချိန်ပါ။ အဲသလို တဖောင်ဖောင် ပြောနေကြတာကို ပါမောက္ခဆရာကြီး ဒေါက်တာ (ဦး) ခင်မောင်ဝင်း ကြားသွားပါလေရော။ မကြားလည်း ခံနိုင်ရိုးလားဗျာ။ ပါမောက္ခကြီးရဲ့ ရုံးခန်းနောက်ဘက်ကပ်ရက် ကော်ရစ်ဒါမှာ ဆူညံဆူညံ ငြင်းခုံနေကြတာကိုး။

တစ်နေ့တော့ ပါမောက္ခ ဒေါက်တာ (ဦး) ခင်မောင်ဝင်းက ကျွန်တော် တို့ ဝိဇ္ဇာတစ်တန်းလုံးကော၊ မဟာဝိဇ္ဇာ အရည်အချင်းစစ်နဲ့ မဟာဝိဇ္ဇာတန်း သားတွေပါခေါ်ပြီး ဝိဇ္ဇာခန်းမမှာ လက်ချာ” ပေးပါတော့တယ်။ အနောက် တိုင်းရုပ်ဝါဒရဲ့ သမိုင်းကြောင်းကို ခြေရာကောက်ပြပါတယ်။ ကျွန်တော်တို့ နားလည်လွယ်အောင် ဟေရာကလိတပ်ရဲ့ ‘လူတစ်ယောက်ဟာ မြစ်တစ်စင်း ထဲကို နှစ်ခါမဆင်းနိုင်”(အင်္ဂလိပ်လိုက 'You step and do not step into the same river: we are and we are not' oğu weuss Goosdoĉ:công တစ်ခါ ဆင်းနိုင်တယ်။ နောက်တစ်ခါ ထပ်မဆင်းနိုင်ဘူး။ ကျွန်ုပ်တို့ဟာ ရှိတယ်။ တစ်ပြိုင်နက်တည်းမှာ မရှိဘူး”) တိုက်ရိုက်ပြန်ရင် အဲဒီအတိုင်းပဲ။ အဲဒါကိုရှင်းရင် အခန်းတစ်ခန်းစာလောက် ရေးရလိမ့်မယ်။ ကြုံတော့ ဆွေး နွေးတာပေါ့ ဗျာ။ ။

အဲဒီပြောင်းလဲမှု သဘောတရားလောက်က စပါတယ်။ အဲဒီနောက် လူစီပု (Lucipus) နဲ့ ဒီမိုခရိတပ်ရဲ့ အဏုမြူဝါဒ (Atomism) (အိန္ဒိယက ချာရ်ဝက (Charvaka) တို့ရဲ့ ရုပ်ဝါဒ) အကြောင်းပြောပါတယ်။ လောက မှာ ရှိရှိသမျှ အဏုမြူတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့အကြောင်း ဒီမိုခရိတပ်ရဲ့ အယူ (ism) ကို ရှင်းပြပါတယ်။ ပလေတိုရဲ့ နိုင်ငံတော် (Republic) အကြောင်း၊ အာရစ္စတိုတယ်ရဲ့ ထာဝရနာမ်ဝါဒအကြောင်း၊ အဲဒီနောက် အာရစ္စတိုတယ်ရဲ့ အတွေးအခေါ်လွှမ်းမိုးမှုကြောင့် အလယ်ခေတ် (အမှောင်ခေတ်) ဥရောပမှာ နှစ်တစ်ထောင်လောက် ခေတ်နောက်ကျခဲ့ပုံ၊ အဲဒီနောက် ပြန်လည်ဆန်းသစ် ကြပုံ၊ သိပ္ပံထွန်းကားပုံ၊ အတွေးအခေါ်များ ပြောင်းလဲ လာပုံအကျဉ်း၊ ဟေဂယ်ရဲ့အနန္တဝိညာဉ်တော် (Absolute Idea) ရဲ့ အားနည်းချက် စသဖြင့် စိတ်ဝင်စား အောင် ပို့ချပါတယ်။

အဲဒီနောက် “ဗျူဟားဘက်ရှ်”ရဲ့ ရုပ်ဝါဒ။ ပြီးတော့ မာ့ခ်စ်ရဲ့ ဒိုင်ယာ လက်တစ်နည်းကျ ရုပ်ဝါဒ။ မာ့ခ်စ်ရဲ့ ဆင်းရဲနုံချာလှတဲ့ဘဝ (မာ့ခ်စ်ဟာ ဆွေကြီးမျိုးကြီးထဲကပါ။ သူ့ရဲ့ ဇနီး ငယ်ချစ်ဦး ဂျင်နီဝက်စ်ဖဲလဲင်းကလည်း ပရပ်ရှားဝန်ကြီးတစ်ယောက်ရဲ့ နှမ။ ဒါပေမဲ့ မာ့ခ်စ်ရဲ့ ဇနီး “ဂျင်နီ” ဟာ ဆင်းရဲငတ်ပြတ်ပြီး ဆေးကုစရိတ်မရှိလို့ ကွယ်လွန်ခဲ့ရရှာပါတယ်။ မာ့ခ်စ် ကိုယ်တိုင်လည်း ပြင်သစ် ဒဿနဆရာကြီး ဖရက်ဒရစ်အိန်င်က ထောက်ပံ့ ထားလို့ မသေရုံတမည်နဲ့ “ဒဿနဆင်းရဲခြင်းအကြောင်း” နဲ့ “အရင်းအနှီး ကျမ်းကြီးတွေ ပြုစုခဲ့တာပါ။ အရင်းအနှီး”(Das Kapital) ကို အဆုံးသတ်ခါ နီးမှာ ရိုးရိုးရှင်းရှင်းပြောရရင် ငတ်ပြီးကွယ်လွန်ခဲ့ပါတယ်။ အရင်းအနှီး” ကျမ်းကို ဖရက်ဒရစ်အိန်င်က နိဂုံးကမ္ပတ် အဆုံးသတ်အပိုင်းကို ရေးခဲ့ပါ တယ်။

အဲဒီ “အရင်းအနှီး ́ကျမ်းကြီးနဲ့ 'ဒဿန ဆင်းရဲခြင်း” (Poverty of Philosophy) ကျမ်းကြီးနှစ်ကျမ်းနဲ့ ပတ်သက်ပြီး (မာ့ခ်စ်ဟာ အဲဒီကျမ်း နှစ်ကျမ်းပဲ ပြုစုခဲ့ပါတယ်) ဟာသလေးတစ်ပုဒ် ရှိပါတယ်။ အပျင်းပြေဖတ် ကြည့်ပါ။

အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ကွဲနေတဲ့အချိန်တုန်းက အနောက် ဂျာမနီ အနောက်ဘာလင်မြို့ကို ခရီးသွား တိုးရစ်တွေ ရောက်လာပါတယ်။ ခရီးသွားလမ်းညွှန်က ကားလ်မာ့ခ်စ် အထိမ်းအမှတ်ပြတိုက်ကို ခေါ်သွားပြီး ပြသရှင်းလင်းပါတယ်။

ဒါက ခေါင်းဆောင်ကြီး ကားလ်မာ့ခ်စ်အတွက် ဂျာမန်တွေက ဂုဏ်ပြုတဲ့အနေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ ကားလ် မာ့ခ်စ်ဟာ ကျမ်းကြီးနှစ်ကျမ်းပဲ ပြုစုခဲ့ပါတယ်။ တစ်ခုက အရင်းအနှီး” (Das Kapital) ကျမ်းကြီးဖြစ်ပါတယ်။ နောက်တစ်ခုက ဒဿနအတွေးခေါ် ဆင်းရဲခြင်း” (Poverty of Philosophy) ကျမ်းကြီးဖြစ်ပါတယ်။ ကျွန်မတို့ အနောက်ဂျာမနီမှာ ‘အရင်းအနှီး” ကြီးပဲရှိပါတယ်။ အဲ... “အတွေးအခေါ် ဆင်းရဲခြင်း” ကြီးကတော့ ကွန်မြူနစ် အရှေ့ ဂျာမနီမှာ ရှိပါတယ်။”

ဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ကားလ်မာ့ခ်စ်ရဲ့ ဒိုင်ယာလက် တစ်နည်းကျရုပ်ဝါဒ၊ သိပ္ပံနည်းကျ ရုပ်ဝါဒအကြောင်းတွေ ကျကျနန ရှင်းပြ ပါတယ်။ ဒီတော့ ကျွန်တော်တို့စိတ်ထဲမှာ “တို့ပါမောက္ခကြီးလည်း ရုပ်ဝါဒကို သဘောကျတယ်ထင်ပါရဲ့”လို့ တွေးမိလာပါတယ်။ အဲဒီအချိန် မှာပဲ ဆရာ ဒေါက်တာ ဦးခင်မောင်ဝင်းက ရုပ်ဝါဒရဲ့ အားနည်းချက်တွေကို တစ်စချင်း ဆွဲထုတ်ပြတော့တာပါပဲ။ ရုပ်ဆိုတာ ဘာလဲ။ 'What is matter' ဆိုတဲ့ ကိစ္စလောက်က စပါတယ်။

(ရှည်လျားထွေပြားမှာစိုးလို့ အကျဉ်းချုပ်ပါ့မယ်) ၊

ရုပ်ဆိုတာ စိတ်မဟုတ်တာတွေ အားလုံးကိုပြောတာပါပဲ။ ရုပ်ကို သိပ်အလေးအနက်ပြုမိရင် နာမ်၊ ဒါမှမဟုတ် စိတ်ကို နားလည်မှု နည်းလာ မယ်။ စိတ်ဆိုတာ ရုပ်ကဖြစ်တဲ့ စွမ်းအင်တစ်မျိုးပါပဲလို့ ထင်လာတတ်တယ်။ ဒီအခါမှာ စိတ်နဲ့ပတ်သက်နေတဲ့ ကိုယ်ကျင့်တရားကအစ ကိုးကွယ်ရာ ဘာသာအထိ အထင်အမြင်တွေ လွဲနိုင်တယ် စသဖြင့် ရုပ်ဝါဒကို ဝေဖန် ပြလိုက်တာ ကျွန်တော်တို့ အထင်ကြီးထားတဲ့ ဒိုင်ယာလက်ထီကယ် မထီရီ ယယ်လစ်ဇင်ဟာ မြောင်းထဲလွှင့်ပစ်ရမလို ဖြစ်သွားပါတော့တယ်။

(မှန်တော့ မှန်တယ်၊ ဒါပေမဲ့ မမှန်ဘူးဆိုတဲ့ သဘောပါပဲ) ဒါဖြင့်ရင် ကျွန်တော်တို့ ပါမောက္ခဟာ နာမ်ဝါဒကို သဘောကျတာလား။ ဆရာကြီး ဦးခင်မောင်ဝင်းက နာမ်ဝါဒအကြောင်းကို ဂရိတွေးခေါ်ရှင် ပိုက်သာဂိုရလောက်က စပါတယ်။ သင်္ချာသာလျှင် (ဒြပ်မဲ့သဘောသာလျှင်) လောကကြီး ရဲ့ အချက်အချာဆိုတဲ့ သဘောတရားပါ။ အဲဒီနောက် အာရစ္စတိုတယ်ရဲ့ နာမ်ဝါဒ၊ အလယ်ခေတ်တွေးခေါ်ရှင် စိန့်သောမတ်စ်အကွိုင်းနပ်တို့ အကြောင်း၊ 'Henry Bergson' ရဲ့ အနိစ္စသဘောတရား၊ သင်္ခါရသဘော၊ စိတ်အလျဉ်သဘော (Stream of conciousness) တရားတွေ ပြောလိုက် တာ H.Bergson ကို ထိုင်ရှိခိုးချင်စိတ် ပေါက်လာပါတယ်။ သူ့ရဲ့ဝါဒဟာ ဗုဒ္ဓဝါဒနဲ့ နည်းနည်းဆင်တူပါတယ်။ ဒါပေမဲ့ ကိုးကွယ်ရာ မဟုတ်ပါ။

(H.Bergson: Creative Evolution)

ဂျာမန်တွေးခေါ်ရှင် ကန့် (Kant) ရဲ့ အယူအဆ။ ပြီးတော့ ဟေဂယ် (Hegel) ရဲ့ ဒိုင်ယာလက်တစ်နည်း၊ အနန္တဝိညာဉ်တော် စသဖြင့် နာမ်ဝါဒရဲ့အားကောင်းချက်တွေ၊ စိတ်ချမ်းသာမှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ သံသရာ ကိစ္စ၊သိပ္ပံပညာက လက်လှမ်းမမီတဲ့ ကိစ္စတွေအကြောင်း ဟောပြောပို့ချပါ တယ်။ ရုပ်ကနေ စွမ်းအင်အဖြစ်ပြောင်းလဲပုံ၊ ရူပဗေဒရဲ့ နောက်ဆုံးတွေ့ရှိ ချက်၊ (ရုပ်ကနေ စွမ်းအင်သဘောကို အမြဲပြောင်းလဲနေသော၊ အမြဲဟူ၍ မရှိသော၊ ဘာမှမရှိသော ဟင်းလင်းပြင် လောကကြီး) အကြောင်းတွေ ရှင်းပြ ပါတယ်။

ပြီးတော့မှ အဲဒီနာမ်ဝါဒရဲ့ အားနည်းချက်တွေကို ဆွဲထုတ်ပြတော့ တာပါပဲ။ ဒိုင်ယာလက်တစ်နည်းနဲ့ ရှင်းမရတဲ့အဆုံး “ဟေဂဲလ်” ရဲ့ Absolute Idea (အနန္တဝိညာဉ်တော်ကြီး) ကို (ဘာကြီးမှန်းမသိဘဲ) နာမ်ဝါဒီ တွေက ဆွဲထုတ်ပြတဲ့အကြောင်း စသဖြင့်ပေါ့ဗျာ။

အဆုံးမတော့ အဲဒီနာမ်ဝါဒကြီးကိုလည်း ဘယ်ချောင်ထဲ လိုက်ရှာ ရမလဲ မသိတော့ဘူး ဖြစ်သွားတယ်။ (မှားတော့မှားတယ်၊ ဒါပေမဲ့ မမှားဘူး) ဆိုတာမျိုး ဖြစ်တယ်။ အဆုံးသတ် ပို့ချမှုကတော့ မတောက်တခေါက် အသိညဏ်ဟာ သိပ်အန္တရာယ်ကြီးတယ်။ (Little knowledge is very dangerous) ဆိုတဲ့ သဘောမျိုးနဲ့ ပို့ချချက်ကို အဆုံးသတ်ပါတယ်။

(မော်တော်ကားကို မတတ်တတတ်နဲ့ပြင်ရင် ပိုပျက်သွားတတ်တယ်လေ)

ကျွန်တော်မှတ်မိသလောက် ရေးတာမို့ အမှားအယွင်းတွေ ပါနိုင်ပါ တယ်။ လိုရင်းသဘောကတော့ အစွန်းရောက် အတွေးအခေါ်တွေဟာ ‘မနိပ်ဘူး'ယထာဘူတမကျဘူးလို့ သိစေချင်တယ်လို့ ထင်ပါတယ်။ ကိုယ် တိုင် တွေးခေါ်ဆင်ခြင်စေချင်တယ်လို့ ယူဆပါတယ်။ အဲဒီနေ့က ပါမောက္ခကြီး ဒေါက်တာ ခင်မောင်ဝင်းရဲ့ လက်ချာဟာ သုံးနာရီလောက် ကြာမယ် ထင်ပါ တယ်။ အဲဒါလည်းပြီးရော ကျွန်တော်တို့တစ်တွေ လက်ဖက်ရည်ဆိုင်မှာ အသံတိတ် ငိုင်မိကြပါတယ်။ တို့သင်နေတာ ဘာလဲ။ ဟိုဟာ မဟုတ်၊ ဒီဟာမဟုတ်၊ ဟုတ်တာ ဘာရှိသလဲ... စသဖြင့်ပေါ့။

ဦးမြဝင်း (ဆရာကြီးမြဝင်း၊ ဒဿန) တို့ကိုတော့ အဲဒီအကြောင်း မဟာဝိဇ္ဇာအရည်အချင်းစစ်နဲ့ မဟာဝိဇ္ဇာတန်းတွေမှာ ဆွေးနွေးခိုင်းတယ်လို့ပြောပါတယ်။ (ရုပ်ဝါဒ သဘောကျတဲ့လူတွေက တစ်ဖက်၊ နာမ်ဝါဒ သဘောကျတဲ့လူတွေက တစ်ဖက် ဆွေးနွေးခိုင်းပါသတဲ့။)