Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်ဝဏ္ဏ - အဂ္ဂကောင်းကင်ဘုံတရားရုံးချုပ်နှင့်မဟူရာမာရ်(ခေါ်)ဆေတန်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

၁)

ဆရာဒေါက်တာခင်မောင်ညိုသည် သူ့တပည့်ဖြစ်သော မောင်ဥက္ကာကို စာအုပ်တစ်အုပ် လက်ဆောင်ပေး၏။ မောင်ဥက္ကာသည် ကျွန်တော်၏ သားဖြစ် သည်။ ထိုစာအုပ်ကို ကျွန်တော်လည်း ဖတ်၏။ စာအုပ်အမည်မှာ ဘုရားသခင် သို့ အီးမေးလ်ပို့ခြင်း တဲ့။ ဘုရားသခင်၏ အီးမေးလ်လိပ်စာမှာ (God@ Heaven.com) ဟူ၏။

ကျွန်တော့်သမီးကြီးတွင် သူ့လုပ်ငန်းကလေး လုပ်ဖို့ရန် ကွန်ပျူတာလေး တစ်လုံးရှိ၏။ ရှိစုမဲ့စုလေး ပေါင်နှံရောင်းချပြီး ဝယ်ထားခြင်းဖြစ်ပါသည်။

(၂)

ကျွန်တော်သည် ဟိုစပ်စပ် သည်စပ်စပ် သိချင်သော ဝါသနာ၊ တစ်နည်း အားဖြင့် လက်ဆော့၊ ခြေဆော့နှင့် အငြိမ်မနေတတ်သော ဝါသနာရှိ၏။ ဤ သည်မှာလည်း သဘာဝကျပါသည်။ ချားလ်စ်ဒါဝင်က လူသည် မျောက်ကဲ့သို့သော မျိုးနွယ်တစ်ခုမှ အဆင့်ဆင့် တိုးတက်လာခြင်းဖြစ်သည်ဟု ဆိုခဲ့ပါသည်။ မျောက်နှင့် အမျိုးတော်သော ကျွန်တော်တို့သည် မျောက်ကဲ့သို့ပင် ဆော့တတ်လေသည်။

တစ်ညသ၌ ကျွန်တော်သည် သမီး၏ ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ဆရာ ဒေါက်တာခင်မောင်ညို ညွှန်းသော လိပ်စာအတိုင်း မဟုတ်ဘဲ ကျွန်တော် စိတ် ကူးရသလို “ထာဝရ ဖန်ဆင်းရှင်သခင်” ထံ အီးမေးလ် ပို့လိုက်၏။ ကျွန်တော် ပို့သော အီးမေးလ်မှာ -

ဘဘဖန်ဆင်းရှင် သခင်ဘုရား။ ကျွန်တော်တို့ လူသားတွေကို ဖန်ဆင်းခြင်းနှင့် လူသားများနှင့် လူ့လောကကြီး ပျက်သုဉ်းခြင်းအကြောင်းကို သိလိုပါ သည်။ အစဉ် သနားတော်မူသောအားဖြင့် ဖြေကြားပေးတော်မူ • • •

လျှပ်စစ်မီး ခေတ္တပျက်သွားသဖြင့် ဖန်ဆင်းရှင်သခင်ထံသို့ အီးမေးလ် ရောက်၊ မရောက် မသိရတော့ပါ။ ထို့ကြောင့် ကျွန်တော်လည်း အိပ်ရာဝင် လိုက်သည်။ ကျွန်တော့်ဇနီးက ခေါင်းရင်းတွင် ဖယောင်းတိုင်လေးထွန်းပြီး တရားထိုင်နေ၏။

ကျွန်တော်လည်း အိပ်လိုက်၏။

(၃)

မှေးခနဲ အိပ်ပျော်သွားစဉ် ကျွန်တော့်ဇနီးက နှိုး၏။

 “အစ်ကို တယ်လီဖုန်းလာတယ်”

“ဘယ်ကလဲကွာ၊ ညဉ့်နက်သန်းခေါင်ကြီး တော်တော်နှောင့်ယှက်တာပဲ”

ထာဝရ ဖန်ဆင်းရှင်သခင်ရဲ့ ရုံးတော်ကတဲ့ ကျွန်မလည်း ရှင့် သူငယ် ချင်း ပန်းချီဝသုန် မူးမူးရူးရူးနဲ့ နောက်တယ်ထင်ပြီး ပြန်ဟောက်သေးတယ်။ သူက အစစ်အမှန်ဖြစ်တယ်လို့ပြောတယ်။ ရှင် ဘာတွေ လျှောက်လုပ်ထားသလဲ ကျွန်မ ရင်တုန်လိုက်တာ”

ဟာ - ဟုတ်လား။ အရေးကြီးတယ်ကွာ။ ဒါပေမဲ့ မင်း ဘာမှ မပူနဲ့။ ထာဝရ ဖန်ဆင်းရှင်သခင်ဟာ မေတ္တာတော် အနန္တရှိတယ်”

ကျွန်တော် တယ်လီဖုန်းကို သွားကိုင်လိုက်သည်။

“အမိန့်ရှိပါ ခင်ဗျား။ ကျွန်တော် မောင်ဝဏ္ဏပါ”

အေး-ငါဟာ ဖန်ဆင်းရှင်သခင် ကိုယ်တိုင်က အမိန့်ပေးလို့ ဆက်သွယ် လိုက်တဲ့ အဂ္ဂဘုံက ပြန်ကြားဆက်သွယ်ရေးဌာနတာဝန်ခံ ကောင်းကင်တမန် နတ်မင်းကြီးတစ်ပါးပဲ”

မှန်ပါတယ် အရှင်၊ ကျွန်တော် အရှင်တို့ထံ အီးမေးလ် ပို့မိပါတယ်။ အပြစ်ယူတော်မမူပါနဲ့

အပြစ်မယူပါဘူးကွာ။ ဒါပေမဲ့ ငါတို့အံ့ဩနေလို့ မင်းဆီကို ဖုန်းဆက် လိုက်တာ”

အရှင် ကျွန်တော်မျိုးပို့လိုက်တဲ့ အီးမေးလ်ဟာ မပြည့်စုံသေးပါဘူး။ ပြီးတော့ ကျွန်တော်မျိုးရဲ့ လိပ်စာလည်း မပို့ရသေး။ ဖုန်းနံပါတ်လည်း ...”

ဟေ့ကောင် ဖန်ဆင်းရှင်ဆိုတာ အလုံးစုံသိမြင်တဲ့ ကိုယ်တော်မြတ် ဆိုတာ မင်းမေ့နေပြီလား၊ ဖုန်းနံပါတ်လောက်တော့ ဖန်ဆင်းရှင်သခင် မပြောနဲ့ တို့ရဲ့ အငယ်ဆုံးလက်ထောက်ရဲ့ ဒရဝမ်တောင်မှ သိတယ်ကွ။ နားလည်လား”

မှန်ပါ့ ခွင့်လွှတ်တော်မူပါ နတ်မင်းကြီး ခင်ဗျာ”

အေး - ထာဝရဖန်ဆင်းရှင် သခင်ဟာ သတ္တဝါတိုင်းပေါ်မှာ တူညီ မျှတတဲ့ သနာကရုဏာနဲ့ ခွင့်လွှတ်ခြင်း ရှိတော်မူတယ်။ ဒါပေမဲ့ တို့သိချင် တာက မင်း ဘယ်လိုနည်းနဲ့များ ကောင်းကင်အဂ္ဂဘုံနဲ့ အဆက်အသွယ်ရအောင် လုပ်လိုက်တာလဲ”

မှန်ပါ။ ကွန်ပျူတာက တစ်ဆင့် အီးမေးလ် ပို့လိုက်မိပါတယ်”

အဲဒါပဲ။ အဲဒါကို တို့သိချင်တယ် ဒီလိုကိစ္စမျိုး ရှိသလား၊ ဖန်ဆင်းရှင် သခင်ကိုယ်တိုင် ဆက်သွယ်မှရမယ့်ကိစ္စ မင်းတို့လူတွေက ဘာကြောင့် ဒီလို ပေါက်ပေါက်ရှာရှာတွေ လုပ်ကြရသလဲ ။

ကျွန်တော်မျိုး တီထွင်ရခြင်း မဟုတ်ပါ အရှင်၊ အမေရိကန် ကာကွယ် ရေးဌာန ပင်တဂွန်က စပြီးနောက် ဘီလ်ဂိတ်ဆိုတဲ့ ငနဲက လျှောက်လုပ်လိုက် တာပါ”

ထားပါတော့ကွာ။ မင်းတို့လူတွေဟာ တော်တော် ကမြင်းတာပဲ။ မင်းတို့ ဘာသာမင်းတို့ တီထွင်လုပ်ပြီးမှတော့ ထားလိုက်ပါတော့ ကဲ - အခု မင်းသိချင် တဲ့အကြောင်း ပြန်ပြောစမ်း”

မှန်ပါ။ ဖန်ဆင်းရှင်သခင်၏ ပြန်ကြားဆက်သွယ်ရေးဌာန နတ်မင်းကြီး ခင်ဗျား။ ကျွန်တော်မျိုး သိချင်တာက ဖန်ဆင်းရှင်သခင်က လူ့လောကကို ဖန်ဆင်းခဲ့ပုံနဲ့ လူ့လောကကြီး ပျက်စီးမယ့် ကိစ္စကို သိချင်ပါတယ် အရှင်”

အဲဒါ ရှေးဟောင်းကျမ်းတွေထဲမှာ မှတ်ခိုင်းထားတယ်လေကွာ”

မှန်ပါ၊ လူကိုဖန်ဆင်းပြီးနောက် လူဟာ တားမြစ်ထားတာကို လုပ်မိလို့ အပြစ်ဖြစ်ပြီး “အဲဒီအပြစ်ကြောင့် တစ်ချိန်ချိန်မှာ လူ့လောကကြီး ပျက်သုဉ်းပြီး ဝိညာဉ်တွေကို မကောင်းသူပယ်၊ ကောင်းသူကယ်နည်းနဲ့ ဖန်ဆင်းရှင် သခင်က ဆုံးဖြတ်ချက်ချမယ်လို့ အကြမ်းအားဖြင့် သိထားကြကြောင်းပါ အရှင်”

“အေး - အဲဒါပဲ။ ဒီထက်ရှင်းတာ ဘာရှိသေးလဲ ။

“ကျွန်တော်မျိုးက ဘယ်လိုပျက်သုဉ်းမလဲဆိုတာလေး သိချင်တာပါ အရှင်”

အဲဒါ မင်းတို့လူတွေအပေါ်မှာပဲ တည်တယ်။ မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြလို့ ဖန်ဆင်းရှင် သခင်ကိုယ်တော်မြတ်မှာ လူ့လောကကြီးကို အထပ် ထပ်အခါခါ ဖန်ဆင်းရတဲ့ အကြောင်းပေါင်း မရေမတွက် နိုင်တော့ဘူးကွာ”

ဘယ်လိုဘုရာ့။ အထပ်ထပ်အခါခါ ဖန်ဆင်းတော်မူတယ် ဟုတ်လား”

အေး- ဟုတ်တယ်။ ဖန်ဆင်းရှင်သခင် သိပ်ပင်ပန်းနေပြီ။ နောက်ထပ် တစ်ခါ ဖန်ဆင်းဖို့ကို အလေးအနက် စဉ်းစားရတော့မယ်တဲ့”

နောက်ထပ် ဖန်ဆင်းဖို့ဆိုတော့ ကျွန်တော်မျိုးတို့ လူ့လောကကြီး ပျက် သုဉ်းဦးမှာပေါ့။ ဟုတ်သလား အရှင်”

အေး- ဖြစ်တာနဲ့ စပြီးရင်ပျက်တာနဲ့ ဆုံးတယ်လေကွာ။ မင်း မမှတ်မိ တော့ဘူးလား”

“မှန်ပါ။ သတိရကြောင်းပါ ဘုရား”

“မင်းတို့ လူ့လောကကြီး ပျက်သုဉ်းဖို့ ပြဿနာစခဲ့သေးတယ်”

“ဘယ်လိုများဖြစ်ပါလိမ့် ဘုရား”

အေး- အဆိုးဆုံးကတော့ အဖျက်သမားဆေတန်က အိုင်စတိုင်းကို ဝင် ပူးပြီး အနုမြူစွမ်းအင်လုပ်တဲ့ သီဝရီနည်းပေးလိုက်တာပဲ” ။

ခင်ဗျာ - အိုင်စတိုင်းဆိုတာ ၂ဝ ရာစုရဲ့ အကြီးအကျယ်ဆုံး သိပ္ပံပညာရှင် ပုဂ္ဂိုလ်ကြီးမဟုတ်ပါလား ဘုရား”

အေး- မင်းတို့လူသားတွေကတော့ အဲသလိုယူဆလိမ့်မယ်။ တကယ်က အဲဒီ အနုမြူဗုံးဆိုတဲ့ လက်နက်ကို ထွင်နိုင်အောင် မဟူရာဆေတန်နတ်က အိုင်စတိုင်းတို့၊ ဖာမီတို့၊ ရူသာဖို့ဒ်တို့တစ်တွေကို ဝင်ပူးပြီး နည်းပညာတွေ ပေးလိုက်တာကွ။ အဆုံးမှာတော့ မဟူရာမာရ်နဲ့ ငါတို့ ညှိနှိုင်းဆွေးနွေးလိုက် ရတယ်။ အဲဒီဗုံးကို လုံးဝ မသုံးဖို့ ငါတို့က ပြောတယ်။ “မဟူရာဆေတန်” က သူ လက်လွန်ပြီးပြီဖြစ်လို့ တစ်လုံးလောက်တော့ သုံးခွင့်ပြုပါ။ နောက်နောင် ဘယ်တော့မှ မသုံးစေရပါဘူးလို့ ကတိပေးတယ်။ ဒါနဲ့ပဲ အတော်ကြာ ငြင်းခုန် ကြရတယ်။ နောက်ဆုံးမှာတော့ သုံးခွင့်ပေးလိုက်ရတယ်”

အဏုမြူဗုံး တစ်လုံး မဟုတ်ပါဘုရား။ နှစ်လုံးဖြစ်ပါတယ်။ ဟီရိုရှိမားနဲ့ နာဂဆကီမြို့ နှစ်မြို့ပါဘုရား”

အေး - မဟူရာမာရ်က ဉာဏ်နီ ဉာဏ်နက် သိပ်သွားတယ်ကွာ။ ဖန်ဆင်းရှင်သခင်ဆီက ခွင့်ပြုချက်က တစ်လုံးဂဏန်းအားဖြင့် “၁” စာအားဖြင့် (တစ်)ဆိုပြီး သေသေချာချာ ရေးပေးလိုက်တယ်။ အဲဒါကို “ဆေတန်က ကြား ဖြတ်ပြီး “၁(တစ်) + “၁(တစ်) လို့ မလိမ်တစ်ပတ် လုပ်လွှတ် လိုက်တယ်။ ဒီလိုနဲ့ အဏုမြူဗုံးနှစ်လုံး ဖြစ်သွားတာ။ မဟူရာ ဆေတန်နတ်ကို ခေါ်မေးတော့ သူ့ကွန်ပျူတာ လက်နှိပ်စက် စာရေးမက စာကြမ်းကိုလျှမ်းပြီး (၁) တစ်ကို နှစ်ခါ ထပ်ရိုက်လိုက်မိတာပဲ ဖြစ်ပါတယ်လို့ လျှောက်ထားတယ်”

ဒါဆို ၁၁ လုံး ဖြစ်သွားမှာပေါ့ ဘုရား”

“အေး- အဲဒါကို ဆေတန်က ၁ + ၁ လို့ ပြင်ခိုင်းလိုက်သတဲ့။ သူ့ကိုပဲ ကျေးဇူးတင်ရမလိုပေါ့ကွာ။ ဒါနဲ့ဖြစ်ပြီးပြီဆိုတော့ ငါတို့လည်း ပြန်ပြင်လို့ မရတော့ဘူး။ ဒါကြောင့် ဂျပန်နဲ့ အနောက်ဥရောပ အပါအဝင် အားလုံးကို အမြန်ဆုံးပြန်တိုးတက်အောင် အမေရိကန်က တစ်ဆင့် မာရှယ်စီမံကိန်းနဲ့ လုပ်ခိုင်းလိုက်ရတယ်” ။

မှန်လှပါ။ မာရှယ်စီမံကိန်းကလည်း သိပ်အလုပ်မဖြစ်ပါ ဘုရား။ ဒါနဲ့ ဟစ်တလာနဲ့ တိုဂျိုတို့ကော ဘုရား။ မာရ်ဝင်ပူးတာ ပဲလား”

အေးလေကွာ။ ဒါကြောင့် စစ်ကြီးတိုက်ကြတာပေါ့” “အရှင်တို့က သိထားရင် အဲဒီလိုမဖြစ်အောင် တားဆီးတော် မမူနိုင်ဘူး လား ဘုရား”

ဖန်ဆင်းရှင်သခင်က ကြိုးစားခဲ့ပါသေးတယ်ကွာ။ ဟစ်တလာ ဆိုတဲ့ ကောင် စောစောစီးစီး မရဏမင်းလက်ထဲ အပ်နိုင်ဖို့ ငတ်ပြတ်ပြီး သေအောင် တို့ကို လုပ်ခိုင်းသေးတယ်ကွ။ ဒါပေမဲ့ မဟူရာ ဆေတန်နတ်က ဟစ်တလာကို နာဇီပါတီ ထူထောင်ဖို့ မူကြမ်းအယူအဆကို ထည့်ပေးလိုက်တယ်။ သူကိုယ် တိုင်ပဲ ဟစ်တလာကို ကယ်ပြီး ငါတို့ မမြင်ကွယ်ရာမှာ မထင်မရှားဖြစ်အောင် ကာကွယ်ထားခဲ့တယ်။ တို့ပြန်ပြီး စစ်ဆေးကြည့်တော့ နာဇီပါတီက ဂျာမနီမှာ အာဏာရနေပြီ။ ကျန်တာတွေတော့ မင်းတို့ သိပြီးသားပဲ”

အရှင်တို့က စစ်မဖြစ်အောင် တားဆီးလိုက်ဖို့ ကောင်းပါ တယ်။ ဘုရား”

“မဟူရာမာရ်နတ်က သူစထားတဲ့ အလုပ်မို့သူပဲ အဆုံးသတ်လို့ရမယ်လို့ ပြောသကွ။ ဒါကြောင့် အမြန်ဆုံးဖြစ်အောင် အဆုံးသတ်ပါလို့ ထာဝရ ဖန် ဆင်းရှင်သခင်က အမိန့်ပေးလိုက်တယ်။ ဒီဆေတန်က ကောက်ကျစ်စဉ်းလဲ တယ်ကွာ။ အဏုမြူဗုံးလုပ်နည်း ပေးလိုက်တော့တာပဲ”

စစ်ကြီးပြီးတော့ စစ်အေးခေတ်ရောက်တယ် ဘုရား။ ကျွန်တော်မျိုးတို့တစ်ကမ္ဘာလုံး လက်ဝဲလက်ယာ တိုက်ခိုက်ရေးတွေ ဖြစ်လာပါတယ် ဘုရား။ အဲဒါကို အရှင်တို့က ခွင့်ပြုတော်မူလိုက်ပါသလား ဘုရား ။

ဟာ - ဒီကောင် မောင်မင်းသိဖို့ ဥပမာတစ်ခု ပြောပြမယ်။ ဟက်တက် ကွဲတဲ့ ဒဏ်ရာတစ်ခုရရင် အဲဒီအနာကို အပ်နဲ့ချုပ်၊ ဆေးထည့်ပြီးရင် ချက်ချင်း ပျောက်သလား”

မပျောက်ပါဘုရား။ တစ်ပတ်တန်သည်၊ တစ်လတန်သည်တော့ စောင့်ရ ကြောင်းပါ ဘုရား”

ဒီဥပမာအတိုင်းပဲ မောင်မင်း၊ ဖြစ်ခဲ့တဲ့ စစ်ကြီးရဲ့ ဒဏ်ရာကို ပြန်ကုရ တာ ချက်ချင်းမပျောက်နိုင်ဘူး”

မှန်ပါဘုရား။ ကျွန်တော်မျိုးတို့ လူသားတွေကိုယ်တိုင်က အဖျက် လုပ်ငန်းတွေ မလုပ်မှရမယ်ဆိုတာ သဘောပေါက်ပါပြီ ဘုရား”

အေး - မင်းတို့လူသားတွေ ကိုယ်တိုင်မဆင်မခြင် လုပ်ခဲ့ကြလို့ လူ့ လောကကြီး အခါခါပျက်စီးခဲ့ရတဲ့အကြောင်း ရှိသေးတယ်ကွဲ”

အခါခါ၊ ဟုတ်လား ဘုရား။ ဒါဖြင့် ကျွန်တော်မျိုးတို့ ယခု လက်ငင်းဖြစ် နေတဲ့ လူ့လောကအပြင် ရှေးရှေးကလည်း ရှိခဲ့ဖူးတယ်ပေါ့။ ဟုတ်ပါသလားဘုရား”

အေး - အများကြီးရှိခဲ့ဖူးတယ်”

“ကျွန်တော်မျိုးကို အစဉ်သနားသော မေတ္တာတော်ဖြင့် ပြန်လည် ပြောပြပေးဖို့ လျှောက်ထား အသနားခံအပ်ပါတယ် ဘုရား”

ငါ့မှာ အဲသလောက် အချိန်မရှိဘူးကွာ။ ခုလောက် စကားပြောရတာ ကိုက မင်းတို့ သတိရှိဖို့ပြောချင်လို့ပဲ။ ဖန်ဆင်းရှင်သခင်ဟာ မဟာမေတ္တာတော် ထားရှိတော်မူတဲ့အတွက် မင်းသိချင်တဲ့ အချက်အလက်တွေကို ကောင်းကင်ဘုံ ကွန်ပျူတာ မင်မိုရီထဲကနေ မင်းရဲ့ သမီး ကွန်ပျူတာထဲ ပို့ခိုင်းလိုက်တယ်။ ဒေါက်တာခင်မောင်ညိုပေးတဲ့ အင်တာယူနီဗားစ်နက်၊ ဆော့ချအင်ဂျင် ထဲဝင်ပြီး ခရီရေတာ မင်မိုရီ ဆိုတာကို နှိပ်လိုက်ပေတော့ မောင်ဝဏ္ဏရေ။ ငါ မင်းကို ကောင်းချီးပေးလိုက်ပါတယ်။ ဂွဒ်ဘိုင် - ဂွတ်ဒ်နိုက် - ဆွီဒရင်းမ်”

ဖန်ဆင်းရှင်သခင်၏ ကိုယ်စားလှယ်တော်သည် တယ်လီဖုန်း ချလိုက်ပြီ ဖြစ်၏။

“ဂျလောက်”