မောင်ဝဏ္ဏ - လို၍မရသောဆင်းရဲ
မောင်ဝဏ္ဏ
ကိုယ်တိုင် လက်နဲ့ပေးလိုက်လည်း ရတာကို တုန်လှုပ်ချောက်ချားနေလို့ ကျူတိုရီယယ် အဖြေလွှာထဲမှာ ခုံနံပါတ်တပ်ပြီး ရည်းစားစာပေးခဲ့တယ် လေ။ မေ့လောက်ရောပေါ့နော်။ မ အတွက်တော့ ဒါမျိုးတွေများ ဟာ ဟား ရိုး ဟိုး ဟိုး နေပြီထင်ပါရဲ့ ။ သတိရသေးတယ်ဆိုရင်တော့ အဆစ် ထပ်ထည့်ပြီး လွမ်းပစ်လိုက်မယ်။ မှတ်ပလား။
အလှရွှန်းစိုသာမောရာ မြကျွန်းညိုကဗျာတောမှာ
တလောက ဆရာကန်တော့ပွဲမှာ ပါမောက္ခတွေဖြစ်နေကြတဲ့ အစ်မ ဒေါက်တာတင်တင်ထွန်းတို့၊ ဒေါ်ရီရီမြင့်တို့နဲ့တွေ့တယ် (ပင်စင်နီးနေ ကြပြီတဲ့)။ စကားစပ်မိတော့ မ လည်း ညွှန်မှူးပါပဲတဲ့လေ။ ဟိုး လာချင် ရင်အနီးလေး၊ မလာချင်ရင် ခရီးဝေးတဲ့။ ပြည်နယ်မြို့တော်မှာတဲ့လေ။ အငြိမ်းစားတော့မယ်တဲ့။ ရာထူးမတက်လို့တဲ့။ ဒုချုပ်ဖြစ်လောက်ပြီတဲ့။ ဖြစ်နိုင်တာပေါ့လေ၊ မ လည်း ခေသူမှမဟုတ်တာ။ ကျွန်တော်ကတော့ ကလေကြီးပါပဲ။ လမ်းပေါ်မှာ လေတုန်း။ နွေလေပွေထဲမှာ ကတ္တရာလမ်း ပေါ် တရွတ်တိုက်လွင့်တတ်တဲ့ ကုက္ကိုရွက်ကြွေလိုပေါ့။
ပါမောက္ခအစ်မတွေနဲ့တွေ့၊ စာအုပ်တွေဇွတ်ငှားပြီး ပြန်လာတော့ သား “ဖိုးပြေ” ကို မေးတယ်။ “အဲဒီ အဘွားကြီးတွေ လှလားသား” သားကပြန်ပြောတယ်။ “ငယ်ငယ်က လှမယ်ထင်တယ်”တဲ့။ ကျွန်တော် က “ ဒါကြောင့်လည်း.. ကို ဟိုငတိ အသည်းစွဲချစ်ခဲ့တာပေါ့ကွာ၊ ဒါပေမဲ့ သူတို့အချစ်ကံက ခေသကွ၊ အကြောင်းတစ်ခုကြောင့် မပေါင်းကြရဘူး” အဲသည်လိုပြောပြီးမှ ကျွန်တော် အပြင်ဘက်က ရှုပ်ယှက်ခတ်နေတဲ့လူ တွေ၊ ကားတွေကိုကြည့်မိတယ်။ အဲဒီမြင်ကွင်းဟာ ကျွန်တော့် အသိ အမှတ်ပြု အာရုံထဲကိုမရောက်ဘူး။ ဆူညံသံတွေလည်း မကြားရဘူး။ ဘာမှမမြင်ဘူး။ ဘာမှမကြားရဘူး။ ဘယ်မှန်းမသိတဲ့ တစ်နေရာကိုငေးနေမိတယ်။ တစ်စုံတစ်ရာက ဆွဲဆောင်လို့ ဆင်ခြင်သိမ့်လျက် လိုက် ပါသွားနေတဲ့ ခန္ဓာငါးပါးစလုံးဟာ အသိမဲ့ကင်းစွာ ရွေ့လျားနေတယ်။ ဘယ်ဆီဘယ်ဝယ် မသိပေဘူး။
ပြီးတော့ သားကို ကျွန်တော်ပြောတယ်။ “တစ်နေရာကို မောင်း ကွာ” ဆိုတော့ သားက “ဘယ်ကိုလဲ” တဲ့။
“ကျောင်းထဲကွာ”
“ဖေဖေ ကျောင်းထဲက ပြန်လာတာပဲလေ” တဲ့။
ကျွန်တော်က “အေး.. အဲဒီကျောင်းထဲပဲ ပြန်မောင်းကွာ”
သားကကျွန်တော့်ကို “ဖေဖေလည်း `ဟတ်”ထိနေပြီ မဟုတ်လား” ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲ ပြန်မောင်း တယ်။ ဝိဇ္ဇာမဟာဌာနရှေ့မှာ ရပ်တယ်။ ကျွန်တော် ကားပေါ်ကဆင်း တယ်။ သားက အလိုက်တသိနဲ့ “သား... ကားပေါ်ကပဲ စောင့်နေမယ်။ ကက်ဆက်နားထောင်ချင်လို့” လို့ ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ကိုယ်ချင်းစာပြီး ခဏ တစ်ဖြုတ် “လေလွင့်ခွင့်” ပြုလိုက်သလို ခံစားရတယ်။ ဟုတ်ပါ့ ဗျာ၊ ကျွန်တော့်သားက ကျွန်တော့်ကို ခဏတစ်ဖြုတ် လေလွင့်ခွင့် ပေးလိုက် တာပါပဲ။
ကံ့ကော်တောတွေ တော်တော်ရင့်ကျက်နေပြီ။ ဝိဇ္ဇာမဟာဌာန ကြီးရဲ့ လက်ယာဘက်ထောင့်မှာရှိတဲ့ စွယ်တော်ပင်ကလေးတောင် စွယ် တော်ပင်ကြီး ဖြစ်နေပြီ။ ပင်စည်တွေ ကွေးလို့ညွှတ်လို့ တည်ငြိမ်စွာ လှပနေပြီဗျာ။ စွယ်တော်ပင်လည်း ရင့်ကျက်စွာ ကွေးညွှတ်နေပြီပေါ့လေ။ ကျွန်တော် “နေရစ်တော့ မြသီလာ” ခဲ့တာပဲ သုံးဆယ်နဲ့မှ ရှစ်နှစ်ကြီး တောင် ရှိပြီပဲဗျာ။ လူငယ်တွေအတွက်တော့ ရန်ကုန်တက္ကသိုလ်ဝင်းကြီး ဟာ သိပ်ခံစားဖို့ကောင်းတဲ့နေရာ ဟုတ်တော့မယ် မထင်ဘူးဗျာ။ သူတို့တေးထပ်တွေ၊ ဘာတွေ ကြိုက်တတ်တာပေါ့ဗျာ။ ကျွန်တော်တို့ သားတွေ ကတော့ သူတို့ကို အိမ်အပြင်ခဏသွားစေချင်ရင် အဲဒီခေတ်ဟောင်းတို့ “ပြန်ပြန်၊ ပြန်ပြန်၊ ပြန်ပြန်ဆို” တို့ ဖွင့်လိုက်တာပဲ။ တစ်ယောက်မှ အနားမကပ်တော့ဘူး။ လစ်ကုန်ကြတာပဲ။
အဲ.. မိုးတွေ မဲကြီးသဲကြီးရွာတော့ နောက်ထပ် ရတုတစ်ပုဒ် သတိရတယ်ခင်ဗျ။ မင်း နဝဒေးကြီးရေးတဲ့ မိုးတောအလိုက်ရတုကဗျာ။ တစ်ပိုဒ်တည်း မှတ်မိတာ ခင်ဗျ။
မည်းဘိသည်လည်း မည်းဘိသည်၊ ကြူးခြည်ရင့်ဟုန်၊ တသုန် သုန်လျှင်၊ ပဇ္ဇန်နတ်ကျော်၊ ခေါ်လတုံတုံ၊ သံဟုန်ခြိမ်းထစ်၊ လျှပ်စစ် ပြီးပြောင်၊ တိမ်တောင်ရွေ့ လျား၊ မြောက်သို့ပါးခဲ့၊ မြလားကြင်ကျွမ်း၊ တမ်းတမ်းမယ့်မှာ၊ မကြိုးလာဟု၊ ဗျာပါဝှက်လှိုက်၊ အောက်မေ့ကြိုက် ဝယ့်၊ စောင်းလိုက်၏သို့ ၊ သည်းခြေဘိခြင်း၊ ပစ္စုန်ကျင်းလျှင်၊ ငွေပြင်း ခါခါ၊ မိုးဒေဝါသည်၊ မရွာနှင့်လေ ချမ်းတော့၏...”တဲ့။
ကြိုက်လွန်းလို့ အလွတ်ကျက်ထားတဲ့အတိုင်း မှတ်မိသလို ရေး လိုက်တာပါ။ (ပညာရှင်များ အမြင်မတော်ရင် ပြင်တော်မူကြပါလိမ့်မယ်။ ကျွန်တော်က အရေးပါတဲ့ကောင်မှ မဟုတ်တာကြီး) ၊
သည်လိုနဲ့ မိုးဖွဲသွားတော့ ပြန်လာခဲ့တယ်။ ကျွန်တော့်သားက လည်း ဘာစိတ်ကူးပေါက်နေသလဲ မသိဘူးဗျာ။ ကားထဲမှာ အမေရိကန် တောသီချင်း(ကန်းထရီး) အလွမ်းတစ်ပုဒ် ဖွင့်နေတယ်ခင်ဗျ။ ဟိုတယ်လ် ကာလီဖိုးနီးယား အီးဂဲလ်အဖွဲ့က တီးခတ်သီဆိုထားတာ ခင်ဗျ။ ဟော်လို ဂစ်တာနဲ့(ကပ္ပလီဗုံ) ဒရမ်ကလည်း ကောင်းလိုက်တာဗျာ။ အဲဒီသီချင်း 0523:00 Qs 'Sweet summer sweet, some days to remember some days to forget, Period. 1969' ဆိုတာပါသဗျ။ ကျွန်တော့် အတွက် ဇာတ်ဝင်သီချင်း ရေးထားတာကျနေတာပဲ။ ကွက်တိဗျာ။ကျွန်တော့်နှလုံးသား နိုင်ငံတော်ကို အင်အားသုံးပြီး ဝင်ရောက်စီးနင်း တိုက်ခိုက် ဗုံးကြဲရင်း တတိယမ္ပိ ကျူးကျော်သိမ်းပိုက် ဖောက်ခွဲဖျက်ဆီး အပစ်ခံခဲ့ရတဲ့နှစ်ဟာ အဲဒီ ၁၉၆၉ ခုပေါ့ဗျာ။
တိတိကျကျပြောရရင် ၁၉၆၉ ခု၊ ဧပြီလ ၅ ရက်နေ့ခင်ဗျ။ မင်းက လည်း ဒါမျိုးကျတော့ မှတ်ဉာဏ်တော်တော်ကောင်းပါလားလို့ မထင်နဲ့ ဗျာ။ အများအားဖြင့်က မေ့မေ့လျော့လျော့ ဖြစ်ကုန်ပြီ။ အခု စာရေးနေတဲ့ ဒီလဟာ သီတင်းကျွတ်လား၊ တန်ဆောင်မုန်းလားမသိဘူး။ လက်မှတ် ထိုးပြီး နေ့စွဲတပ်ရင် သတင်းစာလိုက်ရှာရတယ်။ ဒါမှမဟုတ် တစ် ယောက်ယောက်ကိုမေးရတယ်။ အဲ.. ဒါပေမဲ့ ခုနလို တတိယမ္ပိ သုံးကြိမ် မြောက် ကျွန်တော့်နှလုံးသားနိုင်ငံကို ဖျက်ဆီးသိမ်းပိုက်ခံရတဲ့နေ့ကိုတော့ ဘယ်မေ့လိမ့်မတုံး။
သားက “ဟိုတယ်လ်ကာလီဖိုးနီးယားကို ကျွန်တော်မကြိုက်ဘူး ထင်လို့ ပိတ်မယ်လုပ်တယ်။ ကျွန်တော်က “မပိတ်နဲ့သား၊ အဲဒီသီချင်း ဖေဖေသိပ်ကြိုက်တယ်၊ နည်းနည်းကျယ်ကျယ်ဖွင့်” လို့ ပြောလိုက်တယ်။ သားက ဘူဒါးကြီး ဘရိုးကင်းဟတ်ဖြစ်နေပြီဆိုတဲ့ မျက်နှာမျိုးနဲ့ ပြုံးသ ဗျ။ ကိစ္စမရှိပါဘူး။ သားအဖပဲ ပွင့်ပွင့်လင်းလင်းပေါ့။ သားက `အေးဆေး ပဲ။ မိုးဖွဲဖွဲထဲမှာ ကံ့ကော်တောထဲက ဖြည်းနှေးလေးကန်တဲ့ စိတ်ခြေ လှမ်း” တွေနဲ့ ပြန်ထွက်ခဲ့တယ်။ သူကတော့ ကားပေါ်မှာ။
ကံ့ကော်တောထဲက ထွက်ခါနီး လက်ဝဲဘက်မှာရှိတဲ့ ရှင်းသန့်သန့် ကွက်လပ်တစ်ခုကို သတိထားမိတယ်။ မိုးဖွဲဖွဲအောက်မှာ ဗိုလ်အောင် ကျော် အထိမ်းအမှတ်ကျောက်တိုင်ပုက ငုတ်တုတ် ။
ဟိုးခပ်လှမ်းလှမ်းမှာ အုတ်နီနီနံရံပေါ်က ရှေးဟောင်းပုံစံ အားကစား ရုပ်ကြွတွေကို လှမ်းမြင်ရတယ်။ ဝိုးတဝါးပါ။ အဲဒါ ရန်ကုန်တက္ကသိုလ် အားကစားရုံလေ။ ကျွန်တော်၊ ကိုပြည့် (ဆရာအောင်ပြည့်) တို့တစ်တွေနဲ့