မောင်းထောင်ဆရာတော်ဘုရားကြီး - ဒေါသကထာ
ဒေါသကထာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ အာသီသပုဗ္ဗကဂန္တာရမ္ဘ
ဓမ္မရာဇာ အဟံ ဗုဒ္ဓေါ၊ သီတေန ဒေါသပါဝကံ။
သုနိဗ္ဗာပေသိ မဂ္ဂန၊ ရာဇံ ပါလေတု သော ဇိနော။
ပလျာဝတ္တဂါထာ။
ဇိနော၊ မာရ်ငါးပါးကို၊ ထွားထွားညက်ညက်၊ ပယ်ဖျက်ခုတ်ထွင်၊ အောင်မြင်တော်မူပြီးထသော။ ယောဓမ္မရာဇာ၊ အကြင် မြတ်စွာဘုရားသည်။ သီတေန၊ ချမ်းအေးလှစွာသော။ မဂ္ဂန၊ အနာဂါမိမဂ်ရေဖြင့်။ ဒေါသပါဝကံ၊ အမျက်ဒေါသတည်းဟူသော ကိလေသာမီးကို။ သုနိဗ္ဗာပေသိ၊ ငြိမ်းစေတော်မူလေပြီ။ သောဓမ္မရာဇာ၊ ထိုမြတ်စွာဘုရားသည်။ ရာဇံ၊ ငါတို့မင်းဖျား၊ မင်းတရား ကြီးကို။ ပါလေတု၊ စောင့်ရှောက်နိစ္စ၊ မတော်မူစေသော။
ဂန္တာရမျှသုံးမျိုး
ဤဂါထာကား ရှိခိုးပူဇော်ခြင်းလျှင် ရှေးရှိသော ပဏာမ ပုဗ္ဗကဂန္တာရမျှ ရတနာသုံးပါးကို ရှေးဦးမဆွထားခြင်းဟူသော ဝတ္ထုပုဗ္ဗက ဂန္တာရမျှ အောင်ဆု မင်္ဂလာ ပတ္ထနာခြင်းလျှင် ရှေးရှိသော အာသီသပုဗ္ဗက ဂန္တာရမျှ ရှေးရှေးပညာရှိဆရာမွန်၊ ဆရာမြတ်တို့၏ ထုံးတမ်းဖြင့် ကျမ်းကိုအားထုတ်ခြင်း ဂန္တာရမ္ဘသုံးပါး တို့တွင် ယခု အသက်ရှည်ကြောင်း ဆုတောင်းပတ္ထနာ အာသီသ ရှေးရှိသော အာသီသပုဗ္ဗက ဂန္တာရမျှကို မဆွမူအပ်သတည်း။
ပဋိညာဉ်
ဤယခုအခါ၌ သတ္တဝါတို့အား မပြတ်ညှဉ်းဆဲတတ်သော တစ္ဆေ၊ မြေဘုတ် အလား ဆိုးဝါးသော အရုပ်အဆင်းရှိသော ဒေါသ၏ ယုတ်မာညစ်ညမ်း ဟော့ ရမ်းဟန်၊ မိုက်မဲတွေဝေဟန်၊ အရုပ်အဆင်း ညစ်နွမ်းဟန်များကို ထင်ရှားအောင် ပြဆိုရာ ဒေါသကထာကို အားထုတ်အံ့။
မာတိကာငါးရပ်
ထိုသို့ အားထုတ်ရာ၌ မှတ်သားဆောင်ယူ လွယ်စိမ့်သောငှာ။
၁။ ဒေါသ၏ ဝစနတ္ထနှင့်တကွ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ကိုပြဆိုရာ ပဌမ ပရိစ္ဆေဒ။
၂။ ဒေါသ၏ဖြစ်ကြောင်း သမုဋ္ဌာန်ကို ပြဆိုရာ ဒုတိယ ပရိစ္ဆေဒ။
၃။ ဒေါသ၏ အပြစ်ကိုပြဆိုရာ တတိယ ပရိစ္ဆေဒ။
၄။ ဒေါသ၏ ကင်းရာကင်းကြောင်း၊ ပယ်ရာပယ်ကြောင်း တရားကိုပြဆိုရာ စတုတ္ထ ပရိစ္ဆေဒ။
၅။ ဒေါသကင်းသဖြင့် ရအပ်သောအကျိုးကို ပြဆိုရာ ပဉ္စမ ပရိစ္ဆေဒ။ ဤမာတိကာ ၅-ရပ်တို့ဖြင့် ပြဆိုအပ်သတည်း။
၂။ ဒေါသ၏ ဝစနုတ္ထ၊ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊
ပဒဋ္ဌာန်တို့ကို ပြဆိုရာ ပဌမ ပရိစ္ဆေဒ
ထို မာတိကာ ၅-ရပ်တို့တွင် ပဌမ ပရိစ္ဆေဒ၌ သတ္တဝါတို့အား အမျက် ထွက်သောအခါ အဘယ်စိတ်ဖြစ်သနည်း။ သတ္တဝါတို့အား အမျက်ထွက်သော အခါ ဒေါသစိတ်ဖြစ်၏။ ထိုဒေါသမူစိတ်ကို အဘယ့်ကြောင့် ဒေါသမူဟူ၍ ဆိုအပ်သနည်း။ ဒေါသစေတသိက်ဟု ဆိုအပ်သော မူလတရားနှင့်တကွဖြစ်သောကြောင့် ဒေါသမူစိတ်ဟူ၍ ဆိုအပ်၏။ ထိုဒေါသစေတသိက်သည် အပြစ်နှင့်တကွ မကောင်းသောအကျိုးကို ပေးတတ်သော အကုသိုလ်ဓမ္မ၊ အပြစ်မရှိ၊ ကောင်းသော အကျိုးကိုပေးတတ်သော ကုသိုလ်ဓမ္မ၊ ဤတရား ၂-ပါးတို့တွင် အဘယ်တရား နည်း။ ဒေါသစေတသိက်သည် အပြစ်နှင့်တကွ မကောင်းသောအကျိုးကို ပေးတတ် သော အကုသိုလ်ဓမ္မတည်း။
ဒေါသခေါ်ရပုံ
ထိုဒေါသသည် အဘယ့်ကြောင့် ဒေါသမည်သနည်း။ ပြစ်မှားကြမ်းတမ်း တတ်သောသတ္တိကြောင့် ဒေါသမည်၏။ “ဝစနတ္ထ လက္ခဏ ရသာ ဒီဟိ ပန ဓမ္မာ ဧဝ ပရိယေသိတဗ္ဗာ”။ ပန၊ အဟုတ်အဟတ်၊ မှတ်သားရာသည်ကို ပြဆိုအံ့။ ဝစနတ္ထ လက္ခဏ ရသာ ဒီဟိ ဧဝ၊ ဝစနတ္ထ၊ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြင့်သာလျှင်။ ဓမ္မာ၊ ပရမတ္ထ တရားတို့ကို။ ပရိယေသိတဗ္ဗာ၊ ရှာမှီး အပ်ကုန်၏။
ဝစနတ္ထ
ဤကဲ့သို့ အဋ္ဌကထာသခင် ကျေးဇူးရှင်တို့ ပြဆိုတော်မူသည့်အတိုင်း ဝစနတ္ထ၊ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ကို ပြဆိုအံ့။ ဝစနတ္ထဟူသည်ကား ဒုဿတီတိဒေါသော။ ယော သဘာဝေါ၊ အကြင်သဘောတရားသည်။ ဒုဿတိ၊ဒေါသကထာပြစ်မှားကြမ်းတမ်းတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သော သဘာဝေါ၊ ထို သဘောတရားသည်။ ဒေါသော၊ ဒေါသမည်၏။
လက္ခဏာ စသည်
ထိုဒေါသသည် လှံတံဖြင့် ခတ်အပ်သော မြွေကဲ့သို့ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏။ မိုးကြိုးစက်ကျသကဲ့သို့ စူးဝင်ခြင်းကိစ္စရှိ၏။ တစ်နည်းကား...တောမီးကဲ့သို့ မိမိ၏ မှီရာပုဂ္ဂိုလ်ကို ပူလောင်စေခြင်း ကိစ္စရှိ၏။ ရအပ်သော အခွင့်ရှိသော ရန်သူကဲ့သို့ ချုပ်ချယ်ခြင်းလျှင် ထင်သော အခြင်းအရာရှိ၏။ အဆိပ်ဖြင့် ရောနှောအပ်သောဆေးကဲ့သို့ ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းအာဃာတ ဝတ္ထုလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ၏။
ဒေါသ၏ အမည်အမျိုးမျိုး
ထိုဒေါသကိုပင်လျှင် ဗျာပဇ္ဇနဟူလည်းကောင်း၊ စဏ္ဍိက္ကဟူ၍လည်း ကောင်း၊ ဝိရောဓဟူ၍လည်းကောင်း၊ ပဋိဝိရောဓဟူ၍လည်းကောင်း၊ အပရိပုဏ္ဏဝစနဟူ၍လည်းကောင်း၊ ဒုရုတ္တဟူ၍လည်းကောင်း၊ အသျရောပဟူ၍လည်းကောင်း၊ အနတ္တမနဟူ၍လည်းကောင်း၊ ဝါယုသခဟူ၍လည်းကောင်း ဤသို့ အစရှိကုန်သော များစွာကုန်သော အမည်တို့ဖြင့် ခေါ်ဆိုအပ်၏။ ထိုအမည် အပေါင်းတို့တွင် အမျက် ထွက်သည်ရှိသော် ပကတိသဘောကို စွန့်စေတတ်သောကြောင့် ဒေါသသည် ဗျာပဇ္ဇနမည်၏။
ဒေါသအတွက် အဆင်းပျက်
ထိုစကား မှန်၏။ ဒေါသသည် အမျက်ထွက်သည်ရှိသော် သူတစ်ပါး တို့ထက် သာလွန်၍ အဆင်းအရုပ်အရေသည် ရွှေစင်နိက္ခဇမ္ဗူဒကဲ့သို့ လှပသော သူပင်ဖြစ်သော်လည်း တစ္ဆေ၊ မြေဘုတ်အလားကဲ့သို့ သနားစရာဟူသမျှ၊ ချစ်စရာ ဟူသမျှ၊ ခင်စရာဟူသမျှတို့သည် တောမီးသင့်သော မြက်၊ နွယ်၊ ချုံကဲ့သို့ ကုန်စင် ပျောက်ခန်းလေကုန်၏။
မြေဘုတ်တမျှ ဤဒေါသ
ထို့ကြောင့် ဒေါသသည် နာမ်တရားဖြစ်၍ စက္ခုဝိညာဉ်ဖြင့် မမြင်စကောင်း သော်လည်း ဤလောက၌ တစ္ဆေ၊ မြေဘုတ် ပူးကပ်လာသည်ရှိသော် ထိုတစ္ဆေ၊ မြေဘုတ်၏ အရုပ်အဆင်း အသွင်အပြင်ကို မမြင်ရသော်လည်း ပူးကပ်သောသူ၏ အမူအရာကို မြင်သဖြင့် ကြမ်းတမ်းသည်၊ နူးညံ့သည်၊ ဘယ့်နှယ် အလိုဆန္ဒ ရှိသည်။ ဖြူလိုသည်၊ မည်းလိုသည်။ ဤသို့ စသည်ဖြင့် အနုမာန အာရုံဖြစ်၍ ရမ်းဆသောအားဖြင့် သိရသကဲ့သို့ ဒေါသ ဥပါဒ်လာသည်ရှိသော် လူနှင့်မမျှ၊ နတ်နှင့်ပင် လှပသော်လည်း ရှုံ့တွသောမျက်နှာ အသားအရေ၊ နီသောပါးနား၊ မျက်တောင်၊ မျက်လုံးရှိသဖြင့် သူတစ်ပါးတို့ ရှုကြည့်ချင်စရာမရှိအောင် ဖောက်ပြန်သောပုဂ္ဂိုလ်၏ အရုပ်အဆင်းကို မြင်သဖြင့် ဒေါသတရား၏ ဆိုးဝါးသော အရုပ် အရေရှိသည်၏အဖြစ်ကို စင်စစ်မုချ အနုမာနအားဖြင့် ဆ၍ သိအပ်သည်သာ လျှင်တည်း။ ဤကဲ့သို့ ဆ၍သိအပ်သောအရာကို အနုမာနနည်းဟူ၍ သဒ္ဒါအရာ တတ်လိမ္မာကုန်သော ရှေးဆရာသူမြတ်တို့ မိန့်တော်မူကြ၏။ သည်ကိုရည်၍ ရှေး ဆရာတို့လည်း မီးခိုးမြင်ထ၊ မီးကိုဆသော်၊ သိရဧကန်၊ မှန်သည့်အတူဟူ၍ စပ်ဆို ကြကုန်၏။
နှီးနှောချက်
ဥပမာ သံသန္ဒနကို ထုတ်ဆိုသည်ရှိသော် ဒေါသကို တစ္ဆေ၊ မြေဘုတ်ကို ကဲ့သို့ ထားအပ်၏။ ထိုဒေါသကိန်းသောပုဂ္ဂိုလ်ကို တစ္ဆေ မြေဘုတ်ပူးကပ်သော သူကို ကဲ့သို့မှတ်အပ်၏။ ထိုဒေါသကိန်းသော ပုဂ္ဂိုလ်အား ဒေါသကိန်းသည်ရှိသော် ပြု၍ သင့်မသင့်ပြောဆို၍ သင့်မသင့်ကိုမျှ မထောက်ချင့်နိုင်ဘဲ ဤသူကား ငါ့ထက် အသက်အရွယ် ကြီးပေသည်။ ငါ့ထက် သီလ၊ သိက္ခာကြီးပေသည်။ ငါ့ထက် ဇာတိဂုဏ် ကြီးပေသည်။ ငါ့ထက် ပညာဂုဏ် ကြီးပေသည်။ ဤသို့ စသည်ဖြင့် မမြင်မြော်နိုင်၊ ပြောမိပြောရာ၊ ဆိုမိဆိုရာ၊ ပြုမိပြုရာ စိတ်ထင်တိုင်း ပြောဆို ပြုကျင့်ခြင်းကို ထိုတစ္ဆေ၊ မြေဘုတ် ပူးကပ်အပ်သောသူအား တစ္ဆေ၊ မြေဘုတ် ပူးကပ်အပ်သောသူအား တစ္ဆေ၊ မြေဘုတ် ပူးကပ်သည်ရှိသော် ကသောင်းကနင်း
နိဒါန်း
ဤကျမ်းကို ရေးခဲ့သူ
ဤကျမ်းစာကို မင်းဆရာဖြစ်တော်မူ၍ ပညာသာမိ ကဝိဓဇ မဟာဓမ္မ ရာဇာဓိ ရာဇဂုရု သွင်းထုခတ်နှိပ် တံဆိပ်နာမ အလှူတော်ခံရပြီး ဗုဒ္ဓဘာသာဝင် တိုင်း၏ ကျေးဇူးတော်ရှင်ကြီးတစ်ဦး အထူးဖြစ်တော်မူသော မောင်းထောင်ဆရာ တော်ဘုရားကြီးသည် ရေးသားစီရင်တော်မူခဲ့လေသည်။
ဤသူတို့ တောင်းပန်မှုကြောင့်
ရေးသားတော်မူခြင်းအကြောင်းကား ကုန်းဘောင်မင်းဆက်တွင် ၁၀ဆက်မြောက်ဖြစ်၍ မန္တလေးမြို့တည်၊ နန်းတည်ဖြစ်တော်မူသော ပဉ္စမသင်္ဂါယနာတင် | အရှင်မင်းတုန်းမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့သည် ကြီးမားအပြစ်ဖြစ်စေ တတ်ငြား ဒေါသတရား၏ ဖြစ်ပွားသမျှ အစစဆိုးကျိုး၊ အမျိုးမျိုးကျိုးဆက် ဖြစ်အပျက်သာဓက သဘာဝအဖုံဖုံကို အစုံစုံ ရေးသား၍ ပေးသနားတော်မူပါမည့် အကြောင်းဖြင့် ကောင်းစွာ လျှောက်ချက်တောင်းပန်သည့်အတွက်ကြောင့်ပင် ဖြစ်ပါကြောင်း။
ကျမ်းပြုခြင်းရာ ဒေါသကထာ
ယင်းသို့ မင်း၊ မိဖုရားနှစ်ပါးတို့၏ သနားလို့ ဖွယ်ရာသောစကား၊ လျှောက်ထားရှာသော တောင်းပန်ချက်ကို ပွားသက်ထောက်ညှာ ကရုဏာဟုန် ရှိခဲ့တုံသဖြင့် ဉာဏ်စုံဖွင့်၍ အဆင့်ဆင့်သောကျမ်းရိုး၊ အမျိုးမျိုးသော အကိုးအကား၊ဂါထာစုတ္တိယများလည်း ဖက်စွက်၊ အနက်နှင့်တကွ၊ သက်သက်စကားပြင်၊ ပုံဝတ္ထု များနှင့် စံတင်၍ စီရင်ရေးသားခဲ့ရာ ဤဒေါသကထာကျမ်းကား ၅-ခန်းသော အဆစ်အပိုင်းတို့ဖြင့် သိုင်းဝိုင်းမိမိ တိတိကျကျ ဒေါသ၏သဘာဝ စသည်ကို ရေးသားပြထားသည်နှင့်အညီ အမည်နှင့်သကတ်၊ ဒြပ်နှင့်ဂုဏ် လိုက်လျောစုံသည်ဖြစ်ရာ ထို့ကြောင့်သာလည်း ကျမ်းပြုဆရာတော်ဘုရားကြီးသည် ဒေါသကထာ | ဟု ကိုယ်တော်တိုင် အမည်မှတ်၍ ကမ္ပည်းတပ်ခဲ့ပါကြောင်း။
ဤကျမ်းကို သုံးသပ်ရကျိုး
ဤသို့လျှင် ဂုဏ်နှင့်ဒြပ် ထင်အပ် လျော်ညီစွာသော ဤဒေါသကထာ မည်သော ကျမ်းစာကို သေချာစွာ ဖတ်ရှုကျင့်သုံး လိုက်နာခြင်းပြုက လောကီ ငြိမ်းချမ်းမှုအစုကို ရမှုနှင့်ဧကန် ကြုံရမည်မှန်သည့်ပြင် ထာဝစဉ် ငြိမ်းချမ်းရေး ဟူသော သန္တိသုခငြိမ်းချမ်းရေးကိုလည်း အေးဆေးအောင်မြင်စွာ ရနိုင်ဖို့အကြောင်း ကောင်းစွာ ဖန်တီးပေးစွမ်းရှိသည်ကို သိကြရပေလိမ့်မည် ဖြစ်ပါကြောင်း။
ကျွန်ုပ်တို့၏ ဤအချိန်၊ ဤခေတ်၊ ဤလောက၊ ဤအခြေအနေ သတ္တဝါ တို့၏ ကျင့်သုံးပြုမူပုံတွေသည် ဒေါသမီးတွေတောက်လို့၊ သောင်းကျန်းမှုတွေ နှောက်လို့၊ ပြစ်မှားမှုတွေရောက်လို့၊ ဖျက်ဆီးမှုတွေမြောက်လို့ဟု ဒေါသအရှိန်တွေ အလျှံတောက်ကာ ဒေါသအဓမ္မကိုသာ လက်ကိုင်စုရုံး ကျင့်သုံးပြုမူနေကြသူ များခဲ့လေပြီး၊
သို့လျှင် ဒေါသအဓမ္မကို ကျင့်သုံးပြုမူနေကြသူများသဖြင့်လည်း...
(၁) ထိုဒေါသ၏ ပပျောက်ငြိမ်းချမ်းရေး။
(၂) အဒေါသဟူသော မေတ္တာငြိမ်းချမ်းမှု တည်ထောင်ရေး။
(၃) သို့တည်ထောင်ခြင်းကြောင့် ရအပ်သော ကိုယ်စိတ်ချမ်းသာ ငြိမ်းချမ်း
ရေး။ စသော လောကီငြိမ်းချမ်းရေးတို့ဖြင့်လည်း အဝေးကြီးဝေးနေကြရမည့်ပြင် ထာဝစဉ် ငြိမ်းချမ်းရေးဟူသော လောကုတ္တရာ မဟာငြိမ်းချမ်းရေးကြီးကို ရဖို့ရန် | အတွက်လည်း အခက်ကြီး ခက်နေကြရပေတော့မည်။
သို့ဖြစ်လေရာတွင် အမျက်ဖြေဆေးကြီးအသွင်၊ မေတ္တာရေစင်ကြီးအလား မခြားတူစွာ ဤဒေါသကထာကို သေချာစွာ ဖတ်ရှုကျင့်သုံး လိုက်နာခြင်း ပြုကြက..
(၁) လောကီမှု ငြိမ်းချမ်းရေး။
(၂) လောကုတ္တရာမှု ငြိမ်းချမ်းရေးတို့ကို အေးဆေးအောင်မြင်စွာ ရနိုင်
ရာသောအကြောင်း ကောင်းစွာ ဖြစ်ပေမည်ကိုကား ဤကျမ်းစာကို ရှုကြည့်မိသူတိုင်း ကောင်းစွာ သိရပေမည်ပင်။
ပုံနှိပ်ထုတ်ဝေခြင်း
သို့ဖြစ်အင်ကြောင့် အကြင်သို့သော ငြိမ်းချမ်းမှုတို့ကို ရမှု၊ ရပိုင်၊ ရနိုင် စေရန်အကြောင်း ကောင်းစွာရည်စူး၍ အထူးစေတနာ တိုက်တွန်းကာဖြင့် ဒေါသ ကထာမည်သော ဤကျမ်းစာကို ကျွန်ုပ်တို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက် ပါဠိဆရာကြီး ဆရာဉာဏ် အမှူးရှိသော ပါဠိဆရာ ဦးမောင်ကြီး၊ ဦးကြင်မောင်၊ ဦးစိုးဝင်း၊ ဆရာကြင်၊ ဦးစိုးမြင့်၊ ဦးသိန်းထွန်း၊ ဦးကျော်တင့်တို့က ကောင်းစွာ ပြုပြင် ခေတ်မှီစီစဉ်ကာ ထုတ်ဝေဖြန့်ဖြူးအပ်ပါသတည်း။