Skip to product information
1 of 2

Other Websites

မောင်သွေးချွန် - အောင်မြင်ကြီးပွါးမင်္ဂလာခြေလှမ်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မင်္ဂလာသမိုင်းကြောင်း

          ခူးပြီး ခပ်ပြီး စားဖို့ အသင့်ပြင်ထားတဲ့ ထမင်း တစ်လုတ်၊ ထမင်းတစ်ပွဲရဲ့ သမိုင်းကြောင်းကို သင်စဉ်းစားအောက်မေ့ကြည့် ဖူးပါသလား။

          ထမင်းမဖြစ်မီက ဆန်၊ ဆန်မဖြစ်မီက စပါး၊ စပါးမဖြစ်မီက ကောက်ပင်၊ ကောက်ပင် မဖြစ်မီက ပျိုး၊ ပျိုး မဖြစ်မီက မျိုး ဆိုပြီး အဆင့်ဆင့် ဖြတ်သန်းခဲ့ရပုံတွေ...။ အဲဒီစပါးဆိုတဲ့ မျိုးကို ရဖို့သော် မှ ရှေးက ဘိုးဘွားစဉ်ဆက်တို့ နွားနဲ့ဖက်ပြီး ထွန်ရ၊ထယ်ရ၊ စိုက်ရ၊ ပျိုးရ၊ ရိတ်သိမ်းရနဲ့ ဘယ်လောက်ချွေးမြေကျ ရင်းနှီးပေးဆပ်ခဲ့ရပါ သလဲ။ ပန်းကန်ထဲ ရောက်လာတဲ့ ထမင်းဆိုတာ ခဏတာ အဆာပြေမျှမှသည် ဘဝ၏ ရုပ်ဓာတ်ကြီးထွားအားဖြစ် ရှင်သန်စေရုံမျှ... တစ်ဘဝ၏ တစ်ခဏလေးများအတွက် ထမင်းတစ်လုတ်၌ပင် ရာဇဝင်သမိုင်းကြောင်း ရှိနေပေရာ သံသရာကြီးတစ်ခုလုံး၏ ဝဋ် ဆင်းရဲအပေါင်းမှ လွတ်မြောက်ချမ်းသာစေတတ်သောတရားတော် မြတ်အပေါင်း၌ သမိုင်းကြောင်း အဘယ်မျှ ခိုင်ခံ့သည်ကိုဆိုဖွယ်ရာမရှိပါချေပြီ။ ဒီတရားတော်တွေကို အလွယ်တကူသိနားလည်အောင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းလုံး ကိုယ်ကျိုးစွန့် အနစ်နာခံပါရမီ ဖြည့်ကျင့်တော်မူပြီးမှ တရားဓမ္မကို တွေ့ရှိ ဖော်ထုတ်ခဲ့သော ရှင် တော်မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်အနန္တမှာလည်း ပူဇော်လို့ မကုန်နိုင်ရာပါပြီ။

          ဘုရားဟောတရားတော်များအနက်မှ “မင်္ဂလာတရားတော်" သည်လည်း မြေက မြက်ပေါက်သလို အလွယ်ကလေး ဖြစ်ပေါ်လာ ခဲ့သည်မဟုတ်ပါချေ။ “မင်္ဂလာ'ဟူသော အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ ပင် လူတွေကို မဆိုထားနှင့်၊နတ်ဗြဟ္မာတို့သော်မှ ဉာဏ်မီမီ စံမီမီ ဖွင့်ဆိုနိုင်ခြင်း မရှိခဲ့ပါချေ။ တစ်နေ့ တစ်ရက်၊ တစ်ပတ်တစ်လမျှသာမက နှစ်ကာလများ ရှည်ကြာသွားရာ နတ်တို့၏သက်တမ်းနှင့် ၁၂ နှစ်ကြာသွားသည်အထိ“မင်္ဂလာ'ဆိုတဲ့ အဓိပ္ပာယ်ကိုတိကျသေချာ ရေရေရာရာနားလည်နိုင်ခြင်း မရှိခဲ့ကြပါတဲ့။ အဲဒီ နတ်သက် ၁၂ နှစ်ဆိုတာ လူတို့ရဲ့ သက်တမ်း၊ လူတို့ရဲ့ အချိန် ရေတွက်ပုံနဲ့သာ တွက်ကြည့်ရင် နှစ်ပရိစ္ဆေဒ ထောင်ချီပြီး ကြာညောင်းရင့်ထော်ခဲ့ တာ တွေ့ရပါလိမ့်မယ်။

          'ငါတို့’ လူ့ပြည်မှာ ဘုရား ပရိနိဗ္ဗာန်စံဝင်တာဟာ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ရှိသွားပြီ၊ သူတို့ တာဝတိံသာမှာ နှစ်ဆယ့်ငါးရက် ပဲ ရှိကြသေးသတဲ့”ဆိုတဲ့ ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး နှိုင်းယှဉ်တွက်ချက်မှုနဲ့သာ ချိန်ထိုးကြည့်ပါလေ။

          အဲဒီ နတ်သက်၁၂ နှစ်တာကာလပတ်လုံးဟာ “မင်္ဂလာ'ဆို တဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို မဖွင့်ဆိုနိုင်တာ တစ်ခုတည်းအတွက်နတ်ပြည်မှာငြိမ်းချမ်းရေး မရခဲ့ဘူး။ နတ်အချင်းချင်း အချေ အတင် ဖြစ်လိုက်ကြတာ နတ်သံတွေညံလို့တဲ့လေ။

          အချို့နတ်သားတွေက မကြောင့်မကြ၊ မတောင့်မတနဲ့ စည်း စိမ် ခံစားနေရတာ မင်္ဂလာ။အချို့ကလည်း မိမိ အလွန်လိုလားနှစ်သက်နေတဲ့ ဣဋ္ဌာရုံ၊ အတိဣဋ္ဌာရုံတွေချည်း ခံစားနေရတာ မင်္ဂလာ။အချို့ကျပြန်တော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ သန့်ပြန့်သည်ဖြစ်စေ၊ ညစ်စုတ်သည်ဖြစ်စေ၊ တစ်ဖက်ကလည်းပဲ နှစ်သက်လက်ခံ၊ ပျော်စံ မယ်၊ မိမိဘက်ကလည်းပဲ နှစ်သက်ကြည်ဖြူ စိတ်တူကြမယ်ဆိုရင် ဒါ မင်္ဂလာပဲရယ်လို့...။

         သူတို့ဉာဏ်တစ်ညို၊ တစ်ထွာ၊ တစ်ပေလောက်နဲ့ အဖြေပေး ငြင်းခုံနေကြလေရဲ့တဲ့။

- မင်္ဂလာဓာရဏ ကထာ၊ စာ-၁၃ ။ 

          နတ်တို့သနင်း သိကြားမင်းကြီးလည်း နတ်သဘင်အစည်း အဝေးပြီးတိုင်းပြီးတိုင်း ဒီမင်္ဂလာပြဿနာအဖြေရှာ ညှိနှိုင်းကြလေ တိုင်း ခေါင်းခဲရရှာသတဲ့။

          မင်္ဂလာ...မင်္ဂလာ... မင်္ဂလာဆိုတာ ဘာကို ခေါ်တာလဲ။

          လူ့ပြည်လူ့ဘဝတုန်းက လူ့အကျိုးသယ်ပိုးကုသိုလ်ကောင်း ကျိုးတွေ ပြုကျင့်ခဲ့လို့ သိကြားမင်းဖြစ်လာခဲ့ရပေမယ့် မင်္ဂလာရဲ့ အဓိပ္ပာယ်ကိုတော့ သူလည်း ပြည့်ပြည့်စုံစုံ မဖွင့်နိုင်ရှာဘူးတဲ့။သူ့ ထက်သာတဲ့ နတ်ဗြဟ္မာတွေဆီ ချဉ်းကပ်မေးမြန်းကြည့်ပြန်တော့ လည်း ရေရာသေချာတဲ့အဖြေလွှာ ပါမလာခဲ့ဘူးတဲ့လေ။ ဒါနဲ့ လူ့ပြည်ကို ဆင်း၊ ပုဏ္ဏားယောင်ဆောင်ပြီး သမဏ ဗြဟ္မဏ၊ ပဏ္ဍိတ အမည်ခံတွေဆီ သွားရောက်တီးခေါက်ကြည့်ပြန်ပါသော်လည်း

          “မင်္ဂလာ'ရဲ့ အဖြေမှာ ရေရာသဲကွဲခြင်းမရှိ၊ မှောင်အတိကျလို့သာနေပါတော့တယ်။

          ဒီလိုနဲ့ နတ်သက်နဲ့ ၁၂ နှစ် (လူသက်အားဖြင့် နှစ်ပရိစ္ဆေဒ ထောင်ချီ) သာကြာသွားတယ်။ မင်္ဂလာအဖြေစကား မကြားခဲ့ရ၊ မင်္ဂလာအဖြေ"ဆိုင်းငံ့ထားဆဲမှာပဲ လောကမှာ ဘုရားဆိုတာပွင့် ပေါ်လာပြီး၊ တစ်လောကလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်လာပါရော။ ဒီအခါမှာ သိကြားမင်းကြီးကလည်း သူ အင်မတန် သိချင်နေတဲ့ မင်္ဂလာအဖြေစကား ကြားချင်လွန်းလို့ နောက်ပါအခြံအရံ များနှင့်တကွ သန်းခေါင်ယံမှာလူ့ပြည်ဆင်းလာခဲ့ပါတယ်။ဘုရား ရှင်ကို သူကိုယ်တိုင်ကတော့ မေးမြန်းလျှောက်ထားခြင်း မပြု။သူ့ ကိုယ်စား နတ်သားတစ်ပါးကို လျှောက်ထားစေပါတယ်။

          “ဘုန်းတော်ကြီးသောမြတ်စွာဘုရား... နတ်ဗြဟ္မာတို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ ထိုများပြားလှစွာသော ဝေနေယျတို့သည် တစ်ဆယ့်နှစ်နှစ်သို့တိုင် တိုင် မင်္ဂလာပါဆိုသော စကားလုံးလေးရဲ့ အဓိပ္ပာယ်သဘောများကို တွေးတောကြံဆ၊ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြည့်ခဲ့ကြပါသည်ဘုရား။

သို့တစေလည်း...

          မင်္ဂလာရဲ့ သဘောသွားနှင့်တစ်သားတည်း မကျလှပါသဖြင့်လိုလားသောချမ်းသာမှုများကို ပြည့်ဝစုံလင်စွာ ခံစားခွင့်မရခဲ့ကြပါ ဘုရား။

          သို့ပါ၍ ချမ်းသာမှုကို မင်္ဂလာနှင့်အညီ လိုလားတောင့်တနေကြပါကုန်သော ဝေနေယျတို့ကို သနားသောအားဖြင့် ထိုမင်္ဂလာ ဆိုသော စကားတစ်လုံး အဓိပ္ပာယ်ကို ကရုဏာရှေ့သွား ဈာန်ယာဉ်ပွားကာ ဟောကြားတော်မူပါဘုရား” ။

- ၁၉၉၄၊ မင်္ဂလာဓာရဏကထာ၊ စာ-၁၆။ 

          အဲဒီလိုလျှောက်ထားတဲ့အခါကျမှဘုရားရှင်ဟာမင်္ဂလာတရားတော်ကိုအစ၏ကောင်းစေခြင်း၊အလယ်၏ ကောင်းစေခြင်း၊ အဆုံး၏ ကောင်းစေခြင်းများဖြင့် ဟောကြားတော်မူခဲ့တယ်လို့ ဆို ပါတယ်။

          ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဘုရားဟော မင်္ဂလာတရားတော်ဆိုတာ ကလေးကအစ၊ သက်တမ်းစေ့နေ အဘိုးအို အဘွားအိုအရွယ်တွေအထိ အားလုံးနဲ့ အကျုံးဝင်အောင် ဆစ်၍ပိုင်း၍ မင်္ဂလာဆောင်စေခဲ့ပါတယ်။ မင်္ဂလာဆောင် ဆိုတာ မိန်းမနဲ့ယောက်ျား အိမ်ထောင်ကျဖို့ မင်္ဂလာဆောင်တာမျိုးမဟုတ်ဘူး။

          မကောင်းရာရှောင်၊ ကောင်းရာဆောင်တာ မင်္ဂလာပါ လို့ ရှေးဦး သိမှတ်ဖွယ်အဖြစ် ရေးသားဟောကြားတော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ မင်္ဂလာဖွင့်ဆိုချက်ကတော့

          မင်္ဂ လုနာတိ မင်္ဂလံ၊ ပုညသမ္ဘာရ မူလကံ

          မင်္ဂ- မကောင်းမှုမျိုး ဒုစရိုက်ဆိုးကျိုးမှန်သမျှကို၊ လုနာတိ ရိတ်ဖြတ်တတ်ချေ၏။ 

          ဣတိ-ဤသို့ မကောင်းသောအမှု ဒုစရိုက်အစုစုတို့ကိုပုပ်နေသော သရက်သီး၏ မကောင်းချည်းကို ပယ်လှီးရိတ်ထစ်ပစ်ရ၏ သို့၊ ရှုပ်နေသော မြက်မှိုက်တို့ကို အရင်းကလှိုက် ရိတ်လိုက်ရ၏သို့။

          ယခုဘဝ ဤကစ၍ ဖျက်ဆီးစင်စစ် ထားပစ်ခဲ့ရချေသောကြောင့်၊ မင်္ဂလံ-မင်္ဂလာဟူ၍ ခေါ်ဆိုရချေ၏။မင်္ဂလံ-ကာလသားကြီး၊သမီးဘဝ၊ ရှုပ်ကြပွေပွေ၊ဉာဉ်ဆိုးတွေကို ကိုယ်နေကောင်းမှန်၊ စိတ်ထား မှန်ဖြင့် လွန်မြောက်စေရ၏။

          တံ-ထိုမင်္ဂလာဆိုသောစကားသည်၊ ပုညသမ္ဘာရမူလကံ - ကောင်းမှုအဆောက်အအုံရဲ့ မူရင်းဇာစ်မြစ်စကားသာ အခြေတည်၏။

- ၎င်း၊စာ-၃။ 

          ဆရာတော်ဘုရားကြီးက မင်္ဂလာရဲ့ အဓိပ္ပာယ်ကို ဒီလို ဖွင့်ဆို ပြီးတဲ့နောက်မွေးစမှသက်တမ်းစေ့ အရွယ်အိုတွေအထိမင်္ဂလာတရားတော်ကို ဘယ်လို မိမိရရ ဆောင်ရမလဲဆိုတာ...

        သားတို့သမီးတို့ ... ။ ငါတို့ခေတ်က အသက်တစ်ရာတမ်းဆိုတော့ အသက်တစ်ရာ ကို ဆယ်ပိုင်း ပိုင်းရတယ်။ ဆယ်နှစ်သက်တမ်းတစ်ခုလျှင် တစ်ပိုင်း ကျပေါ့ ။ ထိုအပိုင်းလိုက်ပြီးတော့ ရုပ်ရည်များမှာ တက်စရာရှိလျှင် လည်း ထူးခြားလာတယ်၊ ကျစရာရှိလည်း ထူးထူးခြားခြားကျနေ တတ်တယ်။ စိတ်ရောကိုယ်ပါပဲ။

          ပထမမွေးစမှ ဆယ်နှစ်သားသမီးအထိ

          မူဠဒေသက - မသိတတ်တဲ့အရွယ်၊

          ဆယ့်တစ်နှစ်မှနှစ်ဆယ်အထိ

          ဓိဋ ဒဿက - ပျော်ပါးမှု အားတက်လာတဲ့အရွယ်၊ 

          နှစ်ဆယ့်တစ်မှသုံးဆယ်

          ဝဏ္ဏ ဒဿက - အလှသွေးအထက်မြက်ဆုံးအရွယ်၊

          သုံးဆယ့်တစ်မှ လေးဆယ် 

          ဗလဒသက - အင်အား အတောင့်ဆုံးအရွယ်၊

          လေးဆယ့်တစ်မှငါးဆယ်

          ပညာဒသက-ဉာဏ်အကောင်းဆုံး အရွယ်။ 

          ငါးဆယ့်တစ်မှ ခြောက်ဆယ်

          ဟာဒသက - အားလုံး ပြန်ဆုတ်သွားချိန်၊ 

          ခြောက်ဆယ့်တစ်မှ ခုနစ်ဆယ်

          ဝိဒသက - ခါးကုန်းစပြုလာချိန်၊ 

          ခုနစ်ဆယ့်တစ်မှ ရှစ်ဆယ်

          ပတ္တရ ဒသက- ကုန်းရုံမက ကော့လာချိန်၊ 

          ရှစ်ဆယ့်တစ်မှကိုးဆယ်

          မူဂဒသက -သတိမေ့လာချိန်၊ 

          ကိုးဆယ့်တစ်မှတစ်ရာအတွင်း 

          သယနဒသက - အိပ်ရာထဲ လှဲနေရချိန်၊

          အဲဒီလို မွေးစမှ အသက်တစ်ရာတမ်းအထိ မင်္ဂလာတရား တော်များကို ကွင်းဆက်မိမိ ကျင့်ဆောင်နိုင်အောင် ဖွင့်ဆို ရှင်းပြ ဆုံးမတော်မူခြင်းပင်လျှင် မင်္ဂလာဓာရဏကထာရဲ့ ထူးခြားပေါ်လွင် ချက် ဖြစ်ပါပေတော့တယ်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)