Skip to product information
1 of 2

Other Websites

မောင်သွေးချွန် - တိုင်ပေါ်အလံစိုက်ချင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းဝေးမှာ နိုင်ငံတော်ရဲ့မူဝါဒများ၊ တစ်နှစ်တာ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များနဲ့ ဆက်လက်ဆောင်ရွက်မယ့် ကိစ္စများကို ၂၀၁၂ မတ်လ ၁ ရက်နေ့မှာ မိန့်ကြားသွားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့် ခွန်းပေမို့ အားလုံးက မျှော်လင့်စောင့်စား နားထောင်ခဲ့ကြပါတယ်

          “ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီ နဲ့ လောကပါလတရားများထွန်းကားတဲ့ နိုင်ငံတော်သစ်တည်ဆောက်နိုင်ပြီ လားလို့မေးရင် ကျွန်တော်တို့အများကြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ်" လို့ ဝန်ခံပြောကြားသွားပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ မိန့်ခွန်းမှာ သမိုင်းတွင် မယ့်စတင်ခြင်း၊ အနာဂတ်သမိုင်းကြောင်းစာမျက်နှာသစ် စသည်ဖြင့် သမိုင်းနဲ့ ချီပြီး သမိုင်းစကားတွေပြောကြားသွားခဲ့တာကို သတိထားမိလိုက်ပါတယ်။ ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခြင်း၊ ဝါရှင်တန်ပို့စ်သတင်းထောက်နဲ့ တွေ့ဆုံခြင်း တွေမှာလည်း သမိုင်းစကားတွေ အလေးအနက်ထား ပြောကြားခဲ့တာ မှတ်မိ နေပါတယ်။ ဖူကူယာမားဂိုဏ်းသားတစ်ယောက်က ဒီနေ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် တပ်မတော်က ဦးဆောင်ခဲ့တယ်လို့ သုံးသပ်ပြပါတယ်။ မှန် သင့်သလောက်မှန်ပေမယ့် မပြည့်စုံပါဘူး။ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ဒီလို မိန့်ကြားသွားခဲ့ပါတယ် ။

          'ဒီအခြေအနေရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်းသက်သက်မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊အရပ်ဘက်လူ့အဖွဲ့အစည်းတွေလွှတ်တော်အရပ်ရပ်က လွှတ်တော်ကိုယ်စားလှယ် ကြီးတွေ တရားစီရင်ရင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ တပ်မတော်စတဲ့ state holder တွေ အားလုံး စည်းစည်း လုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်"

          နိုင်ငံတော် သမ္မတကြီးကတောင် စေ့စေ့ကြည့် ပြည့်စုံအောင် အားလုံးကို ခြုံငုံမိအောင် အမိအရပြောကြားသွားခဲ့ပါတယ်။ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် မှုမှာ အားလုံးပါဝင်နိုင်ရေး AIl Inclusive Political Process အတွက် တိုင်းရင်းသားအရေးကို အလေးပေးပြောကြားသွားခဲ့ပါတယ် ။

          'ခေတ်အဆက်ဆက် အခွင့်အရေးတောင်းဆိုနေကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ တစ်ခိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံလမ်းစဉ်မှာ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေဆောင်ရွက် ရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်း ညီအစ်ကို တိုင်းရင်းသား တွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည်ဖေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေဖြစ်ပါတယ် ။ 

. . . . . . . 

          “သာတူညီမျှ အခွင့်အရေးကို အားလုံးမျှဝေရရှိပြီး တန်းတူရည်တူဖြစ်ပေါ်လာဖို့ တောင်းဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန်တော်တို့ အစိုးရရဲ့ လိုလားချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ဒဏ်ရာတွေ စူးနစ်နေတဲ့ အတွေ့အကြုံတွေ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေကို ကျွန်တော်တို့အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်”

          'ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကိုအရေးကြီးပါတယ် ဒီနေ့ ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော် တို့မှာ ပရိယာယ်တွေ မရှိပါဘူး၊ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ..."

          နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းမှာ ခံစားမှုပါတယ်။ ပွင့်လင်းမှုရှိတယ်။ မျှော်မျှော်မြင်မြင်သုံးသပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ “ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှု' လို့ အတိအလင်းပြောကြားသွားပါတယ်။ တိုင်းရင်း သားအရေး၊ ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီး ပြောကြရာမှာ ပင်လုံစိတ်ဓတ်၊ ပင်လုံညီလာခံ ပင်လုံစာချုပ်ဆိုတာ မမေ့မလျော့မပေါ့မဆ အဓိက ထား ပြောကြားလုပ်ဆောင်ရမယ့် အဓိက သော့ချက်ပါပဲ။

          နိုင်ငံတော်သမ္မတကြီးက “ပင်လုံစိတ်ဓာတ်အကြောင်း ထည့်သွင်းပြော ကြားလိုက်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၂ မတ်လ ၁ ရက်နေ့ နိုင်ငံတော် သမ္မတမိန့်ခွန်းပြောကြားတဲ့ နေ့ရက်တစ်ရက်တည်း ကစ်နေ့တည်းမှာ ပဲ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်စည်းရုံးရေးခရီးစည်မှာ ပင်လုံစိတ်ဓတ် အကြောင်း အလေးအနက် ထည့်သွင်းပြောကြားသွားပါတယ်။

          “လွတ်လပ်ရေးရခဲ့တာလည်း ပင်လုံစိတ်ဓာတ်ကြောင့်ပဲ ဒီမိုကရေစီရဖို့ ဆိုရင်လည်း ပင်လုံစိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွတ်ရှိရမယ်” လို့ အလေးအနက်ပြောကြားသွားပါတယ်။

          ပင်လုံစိတ်ဓာတ်ဆိုတာ တိုင်းရင်းသားများရဲ့ စည်းလုံးညီညွတ်ရေးစိတ်ဓါတ်ပါပဲ။ နယ်ချဲ့ဗြိတိသျှအစိုးရက မြေပြန့်နဲ့တောင်ပေါ်၊ ဗမာ၊ ရှမ်း၊ကချင်၊ ကရင်၊ မွန် စတဲ့တိုင်းရင်းသားတွေအကြားသွေးခွဲခဲ့တာကို ဗိုလ်ချုပ်အောင်ဆန်းက မနားမနေ ကြိုးစားခဲ့ပြီ 'ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ် မဟုတ်ပါလား ပင်လုံစာချုပ်အရ တိုင်းရင်းသားများနဲ့အတူ လွတ်လပ်ရေး အရယူခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ရယ်လို့ ပေါ်ပေါက်ခဲ့တယ် မဟုတ်ပါလား။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မပြိုကွဲဖို့၊ လွတ်လပ်ရေး အဓွန့်ရှည်ဖို့ 'ပင်လုံစိတ်ဓာတ်နဲ့ပဲ ဆက်လက် တည်ဆောက် ရမှာဖြစ်ပါတယ်။ပင်လုံစိတ်ဓာတ်အရေးကြီးပုံကိုလည်း နိုင်ငံတော် သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘိုက ၂၀၁၂ မတ်လ ၁ ရက် ကြာသပတေးနေ့ မှာ တစ်နေ့တည်းမှာ အလေးအနက်ပြောကြားခဲ့ကြတာလည်း ထူးခြား သမိုင်းသင်္ကေတ တစ်ခုပါပဲ။

          နိုင်ငံတော် သမ္မတကြီးက မငြိမ်းချမ်းနိုင်သေးတဲ့ ကချင်ပြည်နယ် အနေအထားကို အထူးပြုထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ “စစ်ဘေးသင့် တိုင်းရင်းသားပြည်သူတွေ” ဆိုတဲ့စကားလုံးကိုလည်း တိတိကျကျ ဖော်ညွှန်း သွားပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖို့အတွက် ပထမဦးဆုံး နှစ်ဦး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်”လို့ ဆိုပါတယ်နိုင်ငံတော် သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ ကိုအနှစ်ချပ် ဖော်ပြရရင် 

          ၁။ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေး အပစ်ရပ် 

          ၂။ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေး၊ နိုင်ငံရေးလမ်းစဉ်တွေမှာ ပါဝင်ဆောင်ရွက် 

          ၃။ အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး

          အင်အားများ၊ ပြည်သူ့ကိုယ်စားလှယ်များအားလုံးပါဝင်ပြီး လွတ်တော်မှာ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဒီနေ့ ပြည်နယ်အဆင့်မှာပဲ အထိုက်အလျောက် အောင်မြင်သော်လည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ကချင်နဲ့ ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့ ပေမယ့် သဘောတူညီမှု မရရှိသေးပါဘူး။ ဒါကြောင့် နံပါတ်(၂) ပြည်ထောင်စုအဆင့်သို့ တက်လှမ်းဆွေးနွေးနိုင်ဖို့ အလွန့်အလွန်ကြိုးစားရဦးမှာပါ။ ပြည်ထောင်စုအဆင့်အောင်မြင်ရင် နံပါတ်(၃)အဆင့်ပန်းတိုင်ရောက်ဖို့ မ၀ေးတော့ပါဘူး။

          ငြိမ်းချမ်းရေးလမ်းပြမြေပုံအတိုင်း အောင်အောင်မြင်ပြင် ချီတက်နိုင် နိုင်ငံတော် သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အလေးအနက်ညွန်ပြ တဲ့ “ပင်လုံစိတ်ဓာတ် ရအောင် အထူးကြိုးစားကြရပါလိမ့်မယ်။ တိုင်းရင်းသား တွေ အစဉ်တစိုက်တောင်းဆိုလာတဲ့ ‘တန်းတူညီမျှရေး'မူကို နိုင်ငံတော်သမ္မတကြီးကလည်း မိန့်ခွန်းထဲမှာ သုံးလေးကြိမ်လောက် အလေးအနက်ထားမိန့်ကြားခဲ့ပြီးဖြစ်ပါတယ်။

          တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရရင် ... ဘာမှမရနိုင်၊ ငြိမ်းချမ်းရေးပန်းတိုင်အရောက်သွားရာမှာ ပင်လုံစိတ်ဓာတ်သာလျှင် အဓိက မောင်းနှင်ရေးအား ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

(၉-၃-၂၀၁၂ ထုတ် မန္တလေးအလင်းဂျာနယ်)

 

          ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၄င်းတို့ရဲ့ မူဝါဒသဘောထား လုပ်ငန်းစဉ်တို့ကို ၂၀၁၂ မတ်လ ၁၄ ရက်နေ့က ရုပ်မြင်သံကြားကနေဟောပြောတင်ပြသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီညက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်လာမှလာပါ့မလားလို့ ရင်တဖိုဖိုနဲ့ စောင့်စားခဲ့ရပါတယ်။ ဆင်ဖြူတော်မင်္ဂလာအခမ်းအနားနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အစည်းအ ဝေးပွဲမြင်ကွင်းကို ကြည့်ခဲ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည် ပေါ်လာပါတယ်။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒ၊ သဘောထားလုပ်ငန်းစဉ်တွေကို ကော့မှူး၊ ပုသိမ်၊ မြောင်းမြ၊ ထားဝယ်၊ မန္တလေး၊ မြစ်ကြီးနား။ ဟဲဟိုး၊ အောင်ပန်းစတဲ့မြို့ကြီးတွေဆီလှည့်လည်ဟောပြောစဉ်ကပင်အကြိမ်ကြိမ်နားထောင်ခဲ့ပြီးသားဖြစ်ပါတယ်။ ရုပ်မြင်သံကြားက ထုတ်လွှင့် ပြသတာဆိုတော့ ပိုပြီးအလေးအနက်ထားပြီး “နာဖူးထပ်မံ”အနေနဲ့ နာကြား ခဲ့ခြင်းပဲဖြစ်ပါတယ်။ 

          တရားဥပဒေစိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အဓိကရည်ရွယ်ချက်ကြီး ၃ ခုကို အခြေခံပြီး အခြားသော အရေးအရာများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်၊ အဲဒီမှာ. . .“နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းက အင်အားဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်ရမှာပြင် ပါတယ်” လို့ ထည့်သွင်း ပြောကြားသွားပါတယ် အမျိုးသမီးအရေးမြှင့်တင် ပေးဖို့ အရေးတယူပြောကြားသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဒီအချိန်အခါ ပြည်တွင်း ငြိမ်းချမ်းရေးအပြည့်အ၀မရသေးချိန်မှာ စစ်ဘေးစစ်ဒဏ်ကို အမျိုးသမီးနဲ့ ကလေးငယ်များ ပိုပြီး ခံစားနေရလို့ပဲဖြစ်ပါတယ်။ ပြီးတော့ “လိင်ကျွန်အဖြစ် လူကုန်ကူးခံရတာ၊ လူလူချင်းရောင်းစားခံရကာမှာလည်း အမျိုးသမီးတွေ အမျာစုဖြစ်နေတယ်မဟုတ်လား၊ ပြည်ပနိုင်ငံတွေမှာ တိရစ္ဆာန်တွေထက် ရက်ရက်စက်စက် အနှိပ်စက်ခံနေရတဲ့ “အိပ်ဖော်' အိမ်အကူ အမျိုးသမီးလေးတွေလည်း ရှိနေလေရဲ့။ စစ်မဲ့ဇုန်မြို့ကြီးပြကြီးတွေမှာလည်း ဘ၀နဲ့ခန္ဓာ အရင်းပြုပြီး အသက်ဆက်နေရတဲ့ အပျက်မလေးတွေကိုပြန်ကောင်းလုပ်ပေးဖို့လည်း ရှိနေပါသေး၊ တွေးကြည့်ရင် အမျိုးသမီးအခွင့်အရေး မြှင့်တင်ပေးမယ် အလုပ်တာဝန်တွေ အများကြီးပါ။

          ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးစံအရတော့ မြန်မာအမျိုးသမီးဆိုတာ အခွင့်အရေးနိမ့်ကျလှတယ် မဟုတ်ပါ။ ရာဇဝင်မှာ ပန်ထွာဘုရင်မ ရှင်စောပုဘုရင်မကြီးတို့ အထင်အရှားပေါ်ထွန်းခဲ့တာပဲ။ သို့သော် ဒီနေ့မှာတော့ နိမ့်ကျလာ တဲ့ အမျိုးသမီးများရဲ့ ဘ၀အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ပေးဖို့ အထူး လိုအပ်နေပါတယ်။ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ ဒေါ် စုစုနွေးတို့လို အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပါဝင်လာလို့ ဝမ်းသာ အားတက်တယ်။ စီးပွားရေးနယ်ပယ်မှာတော့ အမျိုးသမီးတွေ နေရာရခဲ့တာ ကြာပါပြီး ကုမ္ပဏီကြီးတွေမှာ မန်နေဂျာ အထွေထွေမန်နေဂျာ စသည်ဖြင့်တွေ့ရတယ်။ နိုင်ငံရေး နယ်ပယ်မှာတော့ အရေအတွက်ရော အရည်အချင်းအရပါ ပါဝင်မှုအားနည်းနေပါသေးတယ်။နိုင်ငံရေးဆိုတာ စီးပွားရေးလိုမဟုတ်ပေးဆပ်ရတာဖြစ်လို့ အမျိုးသားတွေတောင် တကယ်လုပ်ကြစတမ်းဆိုအင်တင်တင်ပဲ မဟုတ်လား။

          အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့ ဗိုလ်လ်ချုပ် အောင်ဆန်းကိုယ်တိုင်က ၁၉၃၆ ကျောင်းသားသပိတ်ကလတုန်းကအလေးအနက်ပြောခဲ့ဖူးပါတယ်။ ကိုအောင်ဆန်း (ဗိုလ်ချပ်)က 'ကျောင်းသူတွေ ကြည့်ရတာ မျိုးချစ်စိတ်ရှိပုံမရဘူး၊ သူတို့ဟာ စာတတ်ချင်လို့ လာ ကြတာမဟုတ်ဘူးဘွဲ့လိုချင်လို့ လာကြတာဗျာ ပြောရရင် ပကာသန စာသင်တာ၊ ကတော်ဖြစ်ချင်လို့' လို့ သုံးသပ်ခဲ့ဖူးပါတယ်။

          အမျိုးသားရေးကိစ္စတစ်ခုလုပ်ကြရင် ယောက်ျားတွေချည်းပဲ မဖြစ်ဘူး။ မိန်းမတွေလည်း ပါသင့်သလောက်ပါရမယ် ဒါမှ အောင်မြင်မှာ မိန်းမတွေ ပါလာရင် မိန်းမတွေမှာလည်း ခေါင်းဆောင်ရှိရမယ်။ခေတ်ပညာတတ်တွေ ဆိုပိုမကောင်းဘူးလား' လို့လည်း ပြောခဲ့ပါတယ်။

ကိုအောင်ဆန်း(ဗိုလ်ချုပ်) က လွတ်လပ်ပြီး မြန်မာပြည်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် “ဗိုလ်ခင် မောင်လေးကို ပြောနေခြင်းဖြစ်ပါတယ် ။

ကိုမောင်လေးက “မခင်မြတို့ မအမာ(နောင်လူထုဒေါ်အမာ)တို့ ကျောင်းသူ တွေ မြို့ထဲလှည့်လည်ဆန္ဒပြတော့ လိုက်ခဲ့တာပဲ”လို့ စောဒကတက်တော့ ကိုအောင်ဆန်းက အားမရနိုင်သေးဘူး။ 'ဒါလောက်ကလေးနဲ့ဗျာ' လို့

ငေါ့တော့တော့ ပြောခဲ့သေးသတဲ့ ။ ဒီလိုနဲ့ ၁၉၃၆ ကျောင်းသားသပိတ်ကြီးမှာ မခင်မြတို့၊ မအမာတို့ တက် တက်ကြွကြွပါဝင်လာတော့ ကိုအောင်ဆန်းအမြင်ပြောင်းသွားတယ်။ “ကျွန်တော် လူကဲခတ်မှားတယ်ဗျ။ မြန်မာမိန်းကလေးတွေကို အထင်သေးမိတာ လည်းမှားတယ်" လို့ ၀န်ခံရှာတယ်။ ။

'သပိတ်မှောက်တဲ့ညက (ရွှေဂုံတိုင် မော်လမြိုင်ဇရပ်မှာ) ငါးသေတ္တာဖောက်၊ ကြက်သွန်တွေလှီးပြီး ကျောင်းသားတွေကို ကျွေးလိုက်ကြတာ သူတို့ တစိတွေဟာ အဝိုင်းအစေကျနေတာပဲ။ သူတို့ကျောင်းသူတွေဟာ နောက်ဆုံးကြမှ မလောက်မင မဝတဝစားကြရတာကို မြင်ရပြန်တော့ ကျွန်တော်အတော် စိတ်ထိခိုက်တယ်။ အိပ်တော့လည်း ဖြစ်သလို အိပ်ကြရတာကိုး၊ အင်းဝ

ကျောင်းဆောင်ရှေ့မှာ သပိတ်တားကြတဲ့ အဖြစ်အပျက်တွေကို ပြန်ကြားရ တော့ ကျွန်တော် ယုံတောင်မယုံဘူး။ သတင်းစာထဲမှာ ဓာတ်ပုံတွေကိုမြင်ရ တော့မှကျွန်တော့်စိတ်ဟာ တုန်လှုပ်သွားတယ်၊ သူတို့တစ်တွေ နေပူကျဲကျဲ မှာ ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး သပိတ်တားကြတယ်။ အလိုတော်ရိတွေက မကြားတကြား သရော်ကြတာကို သူတို့ခေါင်းခံနေရတယ်။

ပရိုဖက်ဆာပီးကောက်က ကုလားထိုင်ထိုးပေးတော့ မခင်မြက ကျေးဇူးတင်ပါ တယ်ဆရာကြီး ကျွန်မတို့ မောင်ကြီးတွေနဲ့ပဲ အတူတူမတ်တပ်ရပါမယ် လို့ စကားချိုချိုနဲ့ သတ္တိပြလိုက်တယ်။အလိုတော်ရိတွေနဲ့ ဘောင်းဘီဝတ် ကပြားတွေကို သူတို့အတင်းတိုးသွားမယ်လုပ်ကြတယ်ဆိုတာတွေကို ကြားရတော့ ငါထင်တာတွေဟာ အမှားချည်းပဲလို့ မြင်လာတယ်ဗျာ”

“မမကြီးရယ် မအမာရယ် မခင်မြရယ် သပိတ်မှောက်တဲ့ညက ဘုရားရင်ပြင်ပေါ်မှာ ပြောကြတဲ့စကားတွေဟာ ကျွန်တော်တို့ ယောက်ျားလေးတွေကိုဆေးထိုးပေးလိုက်တာပဲ နင်တို့ ယောက်ျားတွေ ကျွန်မတို့လိုကတော်လောင်း တွေ့လောက်မှ လိုက်မလုပ်နိုင်ကြရင် ရှင်တို့ဟာ မိန်းမလျာတွေပဲ၊ ထမီဝတ်ထားကြလို့ မမကြီးပြောတာကို ကျွန်တော့နားထဲကမထွက်ဘူး”

“တက္ကသိုလ်စုံစမ်းရေးကော်မတီမှာ အစစ်ခံကြတုန်းက မခင်မြအစစ်ခံ ချက်က ရေပက်မဝင်ဘူး၊ အထိခိုက်ဆုံးပဲလို့ ဘိုင်ရှင်(ကိုရာရှင်)က ပြောတယ် အဲဒီ စုံစမ်းရေးကော်မတီမှာ မခင်မြ၊ မမကြီး၊ မအုန်း၊ မသန်းစိန်၊ မအမာ မရီရီစတဲ့ ကျောင်းသူတွေသာ အစစ်မခံရင် သတ္တိမကောင်းရင် တစ်ခါတည်း အရှက်ကွဲမှာပဲ။ ကျွန်တော်တို့လည်း မျက်နှာအိုးမည်းသုတ်ထားရမှာ မြန်မာ မိန်းကလေးတွေကို အထင်သေးမိတာ မှားတယ်ဗျာ ။

ကိုအောင်ဆန်း(ဗိုလ်ချုပ်)က မြန်မာအမျိုးသမီးများ နိုင်ငံရေးမှာ မပါ ရကောင်းလားလို့ အထင်မှားခဲ့တာကို အဲဒီလို ဝန်ခံခဲ့ပါတယ်။ အမှားကို ဝန်ခံပြောကြားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ရိုးဖြော့င်ပြီး သတ္တိရှိပုံကို လေးစားကြည်ညို ခဲ့ရပါတယ်။ ဒါကြောင့် ကိုအောင်ဆန်းသည် မခင်မြ သပိတ်မှောက်မှတ်တမ်းမှာ ဤသို့ ရေးသားလိုက်သည်” တဲ့။

“သပိတ်အတွင်း၌ သပိတ်မှောက်ကျောင်းသူများ၏ လုပ်ရည်ကိုင်ရည် အစွမ်းသတ္တိနှင့် ဇွဲကို တွေ့မြင်ခဲ့ရသဖြင့် မြန်မာအမျိုးသမီးများသည် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ၌ တစ်တပ်တစ်အား စွမ်းစွမ်းတမံ ပါဝင် နိုင်ကြမည်ဟု ကျွန်တော် ယုံကြည်သည်။

ကိုအောင်ဆန်း 

၁၀.၅.၁၉၃၆

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)