Skip to product information
1 of 2

Other Websites

မောင်သိန်းလွင် - ကမ္ဘာကျော်ကြားပုဂ္ဂိုလ်များ၏ မကျော်ကြားသောဖြစ်ရပ်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အိမ်ရှေ့မင်းသားရဲ့ တိတ်တခိုး အချစ်

၁၈၈၉ ခုနှစ် ဇန်နဝါရီလ မြူတွေဆိုင်းပြီး  မှိုင်းဝေနေတဲ့ ချမ်းအေးလှတဲ့ တစ်နံနက် နေမင်းကြီး ထွက်ပေါ်လုလုအရုဏ်တက် လင်းအားကြီး အချိန် တန်ခိုးအင်အားကြီးမားလှတဲ့ဩစထရိုဟန်ဂေရီယံ အင်ပါယာနိုင်ငံကြီးရဲ့ အိမ်ရှေ့မင်းသားရုဒေါ့ဖ်ရဲ့ အမဲလိုက်စခ န်းကစံအိမ်တော်။

 

ထွက်ပေါ်လာတာကပစ်စတိုသေနတ်သံ၃ချက်၊ကျယ်ကျယ်လောင်လောင်မြည်ဟီးပြီးတော့ပေါ့။ရုဒေါ့ဖ်ရဲ့စံအိမ်ထဲမှာတစ်ညလုံးအတူရှိနေကြတဲ့မိတ်ဆွေရောင်းရင်းတွေက၊ရုဒေါ့ဖ်ရဲ့အိပ်ခန်းကိုအပြေးလေးရောက်လာခဲ့ကြတယ်။

စိတ်လှုပ်ရှားစွာနဲ့တံခါးကိုတအားခေါက်ကြတယ်။ဒါပေမယ့်...အထဲကဘာတစ်ခုမှမတုန့်ပြန်...။ဒီတော့တံခါးကိုအတင်းကန်ကြောက်တွန်းဖွင့်ပြီးအတွင်းသို့ကမန်းကတန်းဝင်ခဲ့ကြတယ်။အထဲကဆီးကြိုလိုက်တဲ့မြင်ကွင်းကြောင့်သူတို့တစ်တွေအထိတ်တလန့်တအံ့တဩနဲ့အသက်ရှုရပ်မတတ်ဖြစ်ခဲ့ရပါတယ်။တစ်ခန်းလုံးကပရမ်းပတာကစဉ့်ကလျားဖရိုဖရဲ...။

ကုလားထိုင်တွေကပြိုလဲကျနေတယ်။ရှန်ပိန်အရက်ပုလင်းလွတ်တွေကလဲကြမ်းပြင်ပေါ်မှာပျံ့ကြဲ..လို့။အိပ်ရာပေါ်ကခေါင်းအုံးတွေမှာတော့ရဲရဲနီတဲ့သွေးတွေကစွန်းလို့...၊နံရံတွေမှာလဲသွေးတွေကစင်ပြီးပေကျံနေတယ်လေ။

အိမ်ရှေ့မင်းသားရုဒေါ့ဖ်က၀တ်စုံအပြည့်နဲ့..အမဲလိုက်(ရာမှာစီးတဲ့)ဖိနပ်ကိုတောင်စီးထားသေး..၊သူ့ရဲ့ခန္ဓာကိုယ်ကြီးကအိပ်ရာပေါ်မှာကန့်လန့်ဖြတ်လဲကျနေပါတယ်၊သူ့ရဲ့ဦးခေါင်းအထက်ပိုင်းကပွင့်ထွက်နေတယ်။ထားခဲ့တာလေးသန်စွမ်းလှပတဲ့ဆံကေသာတွေကဒဏ်ရာလေးကိုဖုံးလို့...။

 

ရုဒေါ့ဖ်(မသေခင်က)မြတ်မြတ်နိုးနိုးယုယုယယနဲ့ချော့မြူပွတ်သပ်ပြီးအနမ်းပန်းတွေပေခဲ့တဲ့ဆံကေသာလေးတွေပေါ့။သူမရဲ့(ခန္ဓာကိုယ်)အလှကလဲပြစ်မျိုးမှည့်မထင်ပါပဲ။ခေါမ(ဂရိ)နတ်သမီးလေးတစ်ပါးလိုအလှသွေးကြွယ်လို့...။အသက်ရှင်နေစဉ်တုန်းကလိုပဲသေဆုံးနေတဲ့အချိန်မှာလဲလှပပီးချစ်စရာကောင်းနေတုန်းပါပဲ။

 

ဒီကြေကွဲဖွယ်ဇာတ်လမ်းကလေးဖြစ်ပျက်ခဲ့တာဟာလွန်ခဲ့တဲ့ရာစုနှစ်တစ်ဝက်ကျော်ကျော်ကပါ။ဒါပေမယ့်အဲ့ဒီလူသတ်မှု(သို့မဟုတ်)ကိုယ့်ကိုယ်ကိုသတ်သေမှုအဖြစ်ဆိုးလေးဟာယခုခေတ်အချိန်ထိလဲထိခိုက်သက်ရောက်မှုတွေရှိနေဆဲပါ။

 

ကမ္ဘာ့သမိုင်းကြောင်းကိုတောင်(ပြောင်းလဲစေနိုင်တဲ့)အလွန်လေးနက်နက်ရှိုင်းတဲ့အ

ကျိုးဆက်တွေရှိခဲ့ပါတယ်။ရှင်းပြရမယ်ဆိုရင်တော့ရှင်းလင်းချက်ကရိုးရိုးလေးပါသူ့ရဲ့နံဘေးမှာကတော့သူ(သိပ်)ချစ်ရတဲ့(ချစ်သူ)အမျိုးသမီးရဲ့ရုပ်အလောင်း၊မိမွေးတိုင်းဖမွေးတိုင်းအတိုင်း(၀တ်လစ်စလစ်နဲ့)ပေါ့။သူမရဲ့နားထင်ကိုသေနတ်နဲ့ပစ်ပြီးသတ်ပြည်သူတွေရဲ့အကျိုးကိုလိုလားတဲ့အိမ်ရှေ့မင်းသားရုဒေါ့ဖ်သာမသေဘဲ၊ဆက်လက်ပြီးအသက်ရှင်နေဦးမယ်ဆိုရင်...။

 

သူ့ရဲ့ဩစတြီးယားတပ်မတော်အင်အားစုတွေကိုသူအထင်သေးမုန်းတီးတဲ့ဂျာမနီဘုရင်ကိုင်ဇာရဲ့တပ်တွေနဲ့မဟာမိတ်ဖွဲ့ဖို့ပေါင်းစည်းဖို့ကို၊(၁၉၁၄ခုနှစ်က)ငြင်းဆန်နေခဲ့မှာပါပဲ။လုံး၀ကျိန်းသေဖြစ်နိုင်တဲ့အချက်ကသူချစ်ခင်လိုလားတဲ့အင်္ဂလန်နိုင်ငံကိုစစ်ပြုတိုက်ခိုက်ဖို့လဲသူငြင်းဆန်ခဲ့မှာပါပဲ။ဒီလိုဆိုရင်(သူသာမသေခဲ့ရင်)ပထမကမ္ဘာစစ်ကြီးဆိုတာလဲပေါ်ပေါက်လာခဲ့မှာမဟုတ်သလို၊အဲ့ဒီရဲ့အကျိုးဆက်စ်တဲ့ဒုတိယကမ္ဘာစစ်ဆိုတာလဲပေါ်ပေါက်လာမှာမဟုတ်ပါဘူးရုဒေါ့ဖ်ဟာသူ့ချစ်သူကိုပစ်သတ်ပြီးနောက်မှသူ့ကိုယ်သူသတ်သေတာလား?သို့တည်းမဟုတ်...အခြားတစ်ယောက်ယောက်ကပဲသူတို့(၂)ဦးကိုသတ်သွားတာလား...?တာတော့၊ဘယ်သူမှ(မသိနိုင်)မသိကြပါဘူး။

 

ဒီလျှို့ဝှက်တဲ့ကြေကွဲဖွယ်အချစ်ဇာတ်လမ်းကိုသိချင်စိတ်ပြင်းပြလွန်းလို့လူ(၂၀)လောက်ကစာအုပ်တွေရေးခဲ့ကြပါတယ်။ဂျာမနီ၊အင်္ဂလိပ်၊အီတလီစတဲ့ဘာသာအမျိုးမျိုးနဲ့ပေါ့။ဒါပေမယ့်ကံဆိုးမိုးမှောင်ကျခဲ့တဲ့ဒီကြေကွဲဖွယ်အချစ်ဇာတ်လမ်းရဲ့ပြသနာကိုတော့ဘယ်သူမှမဖြေရှင်းနိုင်မဖော်ပြနိုင်ခဲ့ကြပါဘူး။အဲဒီပစ်ခတ်မှု(သတ်ဖြတ်မှု)ဖြစ်တဲ့အချိန်တုန်းကအမဲလိုက်စံအိမ်တော်မှာသူငယ်ချင်း(၂)ယောက်ပဲရှိပါတယ်။

 

မင်းသားဖိလစ်နဲ့မြို့စားကြီးတွိုက်ရို့စ်တို့ပေါ့။သူတို့(၂)ယောက်လုံးကတော့ကိုယ့်ကိုယ်ကိုသတ်သေတယ်လို့ထင်မြင်ယူဆကပါတယ်။ဗီယင်နာမှာရှိတဲ့လူတိုင်းလိုလိုသိထားကြသလို၊သူတို့လည်းသိထားကြတယ်လေ။အိမ်ရှေ့မင်းသားဟာ(သူ့ရဲစိတ်ဆန္ဒမပါဘဲမချစ်ဘဲ)စိတ်မချမ်းမြေ့စွာနဲ့အိမ်ထောင်ပြုခဲ့ရတယ်ဆိုတဲ့အကြောင်းပေါ့။

 

လွန်ခဲ့တဲ့(၈)နှစ်လောက်ကသူ(၆)လက်ထပ်ခဲ့ပတယ်။ဘယ်လ်ဂျီယံဘုရင်ရဲ့သမီးတော်ရွှေဝါရောင်ဆံပင်အလှနဲ့မင်းသမီးစတက်ဖနီကိုလေ။သူကသူမကိုမချစ်သလို၊သူမကလည်းသူ့ကိုမချစ်ပါဘူး။နိုင်ငံရေးရာကိစတွေကြောင့်သူတိုနှစ်ဦးကိုဇွတ်အတင်းလက်ထပ်ထိမ်းမြားပေးခဲ့တာပါ။တစ်ဦးနဲ့တစ်ဦးခပ်စိမ်းစိမ်းပါပဲ။သူမကလည်းကြင်ယာတော်မင်းသားဆီအခစားဝင်ရေက်ခဲ့တယ်။သွားခဲ့တယ်။ဒါပေမယ့်အခြားမိန်းကလေးတွေကိုမင်းသားကအရေးပေးရင်တော့အလွန်အမင်းနာလို၀န်တိုဖြစ်တတ်လေရဲ့၊

ရုဒေါ့ဖ်ဟာနေရာအနှံ့ခရီးဆန့်ဖူးတယ်(ဒေသန္တရဗဟုသုတကြွယ်ဝတယ်)ဘာစကား(၁၀)မျိုးကိုပြောဆိုနိုင်တယ်။စာအုပ်စာတမ်းတွေရေးသားပြုစုခဲ့တယ်။အလွန်ကျော်ကားလူသိများတယ်။စာအုပ်စာတမ်းတွေရေးသားပြုစုခဲ့တယ်။အလွန်ကျော်ကြားလူသိများတယ်။ဗီယင်နာတစ်မြို့လုံးကချစ် ခင်ခြင်းခံရသူ... နိုင်ငံတော်တစ်ဝှမ်းလုံးကအမြတ်တနိုးနဲ့အရေးထားပြီးလေးစားခံရတဲ့သူ...။(ရုဒေါ့ဖ်)အိမ်ရှေ့မင်းသားမသေမီတစ်နှစ်၊၁၈၈၈ခုနစ်မှာပေါ့။မှူးမျိုးမတ်နွယ်ထဲကမာရီဗက်ဆာရာဆိုတဲ့အမျိုးသမီးနဲ့ဆုံဆည်းခဲ့ကြတယ်။စွဲမက်စဖွယ်..ရွှင်ပျဖျတ်လတ်ပြီး...ညှို့ယူဖမ်းစားနိုင်တဲ့မိန်းမပျိုတစ်ယောက်ပါ။ သူမရဲ့ အသက် က(၁၉)နှစ်...အိမ်ရှေ့မင်းသားရဲ့အသက်က(၂၉)နှစ်...သူတို့နှစ်ဦးချစ်ရည်တူနှစ်ကိုယ်မျှခဲ့ကြတယ်လေ။မခွဲနိုင်မခွာရက်အောင်စွဲလမ်းမြတ်နိုးခဲ့ကြတယ်။ချစ်ပီတိတွေဖြာပြီးအချစ်အရှိန်ကြီးခဲ့ကြပါတယ်။

 

သူတို့ရဲ့အချစ်ဇာတ်လမ်းကတော်တော့်ကိုအထင်ကရဖြစ်လာတယ်။အမနာပပြောနာတွေကိုလျစ်လျူရှူ့ခံနိုင်ရ

 

 

မောင်သိန်းလွင်----ကမ္ဘာကျော်ကြားပုဂ္ဂိုလ်များ၏ မကျော်ကြားသောဖြစ်ရပ်များ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)