မောင်သိန်းဇော် - ညနေသည်ဖတ်ရှုရန်မျှသာ
မောင်သိန်းဇော်
စိတ်
မီးခိုးမထွက်ဘူး
မျှော်နံ့မရဘူး
အထဲမှာ လောင်မြိုက်တယ် ။ ။
mind
no smoke
no stench
psyche smoulders
from the inside
အမှိုက်များ
ကိုယ့်သမိုင်း ကိုယ်ဖွ
အမှိုက်တွေက ပွစာတက်
ရွဲ့စောင်း အတိတ်
ဘယ်သူ့စိတ်မှာ
ဘယ်သူ့အရိပ်လည်း
ဖျတ် ကနဲပေါ် -
အမိုက်အမှား အမှောင် အမုန်း
အားလုံး အမှိုက် သရိုက်တွေ
ဘဝလမ်း၌ တစ်ပုံတစ်ပင်
ထ ၊ မနေ့က
အမှိုက်တွေထဲက ထ
ရှာ ၊ ဒီကနေ့
အမှိုက်ထဲကရွှေရအောင်ရှာ
မနက်ဖြန် - အမှိုက်ထဲက
ရွှေမရတောင် ၊ အမှိုက်ကစ
ပြာသာဒ်မီးလောင်ဆိုတာလို
အနာဂတ်ကို
ပြာမကျအောင်သတိပြု ။ ။
refuse
why mess with history?
it gets trashy everywhere
in a distorted past
in whose mind
whose shadow fulgurates?
idiocy, inanity, incorrectness &
ill will
all those rubbishes
pile up on life's path
get up! out of
yesterday's litter!
pan for today's gold
at a garbage dump!
tomorrow - even if there's
no treasure in trash
be careful
not to reduce future to ash
landfill fire can char palace spires
အဲ့ဒီနောက်
မြင်နေရတဲ့ ကြယ်တွေဟာ
အဝေးကြီးမှာမဟုတ်ဖူးလို့
သံပြိုင် သီဆိုရင်း
ပြီးတော့
ညကြီး မသိအောင်
ငါတို့အားလုံး ခွဲခွါခဲ့ကြ ၊
အဝေးကြီးမှာ မဟုတ်ဖူးလို့
ထပ်မံ သီဆိုရင်း ။ ။