မောင်သိန်းဆိုင် - ပဆစ်အိမ်
ပဆစ်အိမ်
ပဆစ်ဝိုင်းကို မြင်ဖူးကြပါသလား။ ပဆစ် ကစားဖူးကြပါသလား။
အနည်းဆုံး ကျားနှင့် စစ်တုရင်လောက်တော့ ကစားဖူးကြလိမ့်မည် ထင်သည်။ မကစားဖူးဘူးထား၊ ဘေးကတော့ ရပ်ကြည့်ဖူးမည်အမှန်။
ပဆစ်သည် ကျား၊ စစ်တုရင် စသော ကစားနည်းများနှင့် ဆင်ဆင် တူသော ကစားနည်းတစ်ရပ်ဖြစ်သည်။ လူနှစ်ယောက်ရှိလျှင် ကစားနိုင် သည်။ လေးယောက်ကစားလျှင် ပို၍ မြိုင်သည်။
ပဆစ်ကွက်ကို ပိတ်စဖြင့် ချုပ်သည်။ ယူရငင်ရ လွယ်ကူအောင် အခေါက်အသိမ်း လွယ်ကူအောင် ဖြစ်မည်။ အပိုင်းပိုင်း အစစ၊ အစပ်စပ် အဖာဖာနှင့်မို့ စပ်စောင်သဖွယ် ထင်ရသည်။ အဖာအထေးတွေ တင်းကျမ်း ပြည့်နေသည်ဟု အောက်မေ့ရသည်။
စင်စစ် သွားရမည့် ကျားကွက်များပေတည်း။
ပဆစ်အိမ်မှာ ကြက်ခြေသဏ္ဌာန် လက်ယှက်တည်ရှိကာ လမ်းတွေ ကို ဖောက်သွယ်ထားသည်။ ကျားတစ်ကောင်၏ပြေးကွက်မှာ ရှစ်ဆယ်ရှိ သည်။ အကွက်ရှစ်ဆယ်ပေးပြီးနောက် အိမ်သို့ဝင်သည်။ ပြီး”သည်။
ကျားမှာ တစ်ဖက်ကို ရှစ်ကောင်ထားရသည်။ အားလုံးပေါင်း တစ် ဆယ့်ခြောက်ကောင်။
ကြွေက ခြောက်စေ့ရှိသည်။ ခရုတစ်မျိုးဖြစ်သည်။ တစ်ဖက်က စင်း ချော။ လုံးနေသည်။ တစ်ဖက်မှာတော့ ပါးစပ်ဟနေသည့်ပမာ ချိုင့်ခွက်ရာပါသည်။
ကြွေစေ့ ကို ဝိုင်းလည်ရှိ ကြွေပန်းကန်မှာ တစ်ပြိုင်နက် ပစ်ရသည်။
ခြောက်စေ့စလုံးမှောက်လျှင် ‘တစ်ခြောက် ။
ခြောက်ကွက်ပြေး။
ငါးစေ့မှောက် တစ်လုံးလန် ‘တစ်ဆယ်”။
ဆယ်ကွက်။
လေးစေ့မှောက် နှစ်လုံးလန် ‘တစ်ပါ။
နှစ်ကွက်သာ။
သုံးစေ့မှောက် သုံးလုံးလန် “တစ်သုံး။
သုံးကွက်။
နှစ်စေ့မှောက် လေးလုံးလန် ‘တစ်လေး။
လေးကွက်။
တစ်စေ့မှောက် ငါးလုံးလန် ‘တစ်စိတ်)။
ပြေးကွက်က အကွက်အစိတ်အထိ။
ခြောက်စေ့စလုံးလန်လျှင် တစ်ဗာရာ။
ဆယ့်နှစ်ကွက်ပြေး။
သည် ကစားနည်းတွင် “တစ်စိတ်”က အင်အားအရှိဆုံး။
တစ်စိတ်၊ တစ်ဗာရာ၊ တစ်ဆယ်၊ တစ်ခြောက်ပစ်နိုင်မှ “ကြွေနိုး” သည်။ “ကြွေနိုးသည်ဆိုခြင်းမှာ စတင်ပြေးခွင့်၊ စတင်ကစားခွင့်ရရှိခြင်းပင်။ သို့သော် ကြွေသုံးခါ ဆက်တိုက်နိုးပြန်တော့ တစ်မှတ်မှမရ။ “ကန်းလေ သည်။ “သေလေသည်။ ။
ကျားကို “ပို”ဟူ၍လည်း ခေါ်သေးသည်။ “ကြွေနိုးမှ “ပိုတင်ခွင့်ရှိ သည်။
ကျားရှစ်ကောင်စလုံးနိုးပြီးနောက် တစ်ပါ၊ တစ်စိတ်၊ တစ်ဗာရာ၊ တစ်ဆယ်ကျလျှင် တစ်ကွက် ပိုပြီးခွင့်ရသည်။ ဤသည်ကို ပိုတို့သည် ဟု ခေါ်သည်။
ပြေးလမ်းတစ်ခုတိုင်း၌ `အထိုင် အိမ်တစ်အိမ်စီ ရှိတတ်မြဲ။ အထိုင် အိမ်မှ ကျားကိုသတ်၍မရ။ အထိုင်မှလွတ်နေသော ကျားကို “ကျစ”ဟုခေါ် သည်။
“ကျစ ဘဝသည် အန္တရာယ်အများဆုံး၊ ဘေးဥပဒ်အရှိဆုံး။ ထို့ကြောင့်ငယ်ရွယ်သူတို့ကို “ကျစ မထောင်နှင့် ဟု လူကြီးသူမတို့က ဆုံးမတတ်သည်။
ပဆစ် ကစားနည်းတွင် ကျား၊ စစ်တုရင်တို့နှင့် ကွာခြားချက်မှာ ကျားတစ်ကောင် “သေလျှင် တစ်မြုံလုံးသေသည်။ ကျားတစ်ကောင်ကျလျှင် ကျားအားလုံး ကစားကွက်ပေါ်မှ ဆင်းပေးရသည်။ ကျနု(ကျားနု=စတင် ပြေးခွင့်ရသောကျား)များ ဖြစ်လာရန်...
ကြွေကို နှိုးပေဦး။
မိမိကျား အထိုင်အိမ်မှာမြဲဖို့ ကျစ မထောင်မိဖို့ အရေးကြီးသည်။ သည်ထက်အရေးကြီးသည်မှာ တစ်ဖက်ကျားကို သတ်ဖို့ပင်။
သည်ကစားနည်းမှာက မိမိကိုယ်တိုင် ပြေးဖို့ထက် တစ်ဖက်ကျားကို “သတ်ဖို့” အရေးအကြီးဆုံးဖြစ်သည်။ ဤသည်က ပညာခန်း ဖြစ်သည်။
ပဆစ်ဝိုင်းမှာ မျက်နှာချင်းဆိုင်မိပြီဆိုလျှင် ဘယ်လောက် ချစ်သူ၊ ဘယ်လောက်ခင်သူကိုမဆို ရန်သူအဖြစ်သာ သတ်မှတ်လိုက်ပေတော့။ ကြိုး ဝိုင်းထဲမှာဆုံကြသည့် လက်ဝှေ့သမား စိတ်ထားသာ ထားပေရော့။
ကိုယ်က မသတ်လျှင် သူက သတ်ပေရော့မည်။ ကိုယ်က မထိုးလျှင် သူက ထိုးပေရော့မည်။
သည်ကစားနည်း ကစားရင်း မင်းနှစ်ပါး ရန်ထဖြစ်ကာ စစ်ပွဲပင်ဖြစ် ပွားခဲ့ရဖူးသည်။ ပုဂံခေတ်က ဖြစ်သည်။ အနော်ရထာမင်း၏သားတော် စောလူးမင်းနှင့် ဥဿာပဲခူးစား ငရမန်ကန်းတို့ဖြစ်သည်။
ပဆစ်ကစားနည်းမှာ အနိုင်ဟုထင်နေလျက်က ရှုံးရသည်မျိုးရှိသည်။
ကျားတွေ ပန်းတိုင်မှာ စုပြုံ နေပြီး ကျကန်း တွေဖြစ်ကာ ရှုံးရသည် မျိုးလည်း ရှိသည်။ ။
“ကျနု မချန်မိ၍ သားကောင်မြင်ပါလျက် ကျည်မဲ့သည့်မုဆိုး၏ အဖြစ်မျိုးနှင့် ကြုံရသည်လည်း ရှိတတ်သေးသည်။
သို့ ပေမဲ့ ဒါတွေကိုထား.....။
အဓိက,ကတော့ တစ်ဖက်ကို အနိုင်အထက် “သတ်ဖို့ပင်။
ပဆစ်ဝိုင်းမှာ... ကြင်နာ၍မရ။
သနား၍မရ။
ညှာ၍မရ။
ကရုဏာထား၍မရ။
ကိုယ်က သတ်နိုင်လျှင် သတ်။
မသတ်နိုင်လျှင်တော့... ကိုယ်အသေ..၊ ကိုယ်အရှုံး..။
ဒါက... ပဆစ်၏ သဘော။
ပဆစ်၏ သဘာဝ။
ယခုတော့လည်း မသက်ဇင်သည် မိမိကိုယ်မိမိ ပဆစ်ဝိုင်းမှာ ပါဝင်လာမိပြီ ဟု ထင်သည်။
ကစားရမည့် လက်ရွေးစင်လေးယောက်ထဲမှာ တစ်ယောက်အပါ အဝင် ဖြစ်လာရပြီ အောက်မေ့သည်။
မိမိရယ်၊ ဦးတင်မောင်သန့်ရယ်၊ ဒေါ်ခင်မေမြိုင်ရယ်၊ ညိုမာသန့် ရယ်...။ ။
သည်လေးယောက်သည် ကစားကွက်၏ တစ်ဖက်တစ်ချက်မှာ ထိုင် မိကြပြီ၊ နေရာယူမိကြပြီ။
သည်တော့.. ပဆစ်ကစားသမားထုံးကို နှလုံးမူရတော့မည်။ သနားစိတ်ကို ဖျောက်ရမည်။ ညှာတာခြင်းတွေ၊ ကြင်နာခြင်းတွေကို ဥပေက္ခာ ပြုရတော့မည်။ ကရုဏာတရားကို ကျောခိုင်းရတော့မည်။
ပဆစ်ကစားသမား၏ အသည်းနှလုံးအတိုင်း ကျင့်သုံးရတော့ မည်။ ။
မသက်ဇင်၏လက်ထဲမှ တယ်လီဖုန်းစကားပြောခွက်သည် ရှိရင်းစွဲ အလေးချိန်ထက် လေးလံလာသည် ထင်ရသည်။ လက်မှာ ချွေးစေးပြန်ကာ စကားပြောခွက်သည် လျှောထွက်သွားလေမလားထင်ပြီး ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
တယ်လီဖုန်း လူခေါ်ခေါင်းလောင်းသည် တစ်ဖက်တွင် ကြာမြင့်စွာမောင်သိန်းဆိုင် မြည်နေရာမှ တစ်စုံတစ်ယောက်က ကောက်ယူလိုက်ဟန်ဖြင့် အသံတိတ်သွား သည်။
“ဟယ်လို...”ဟူသော ထူးသံမှာ မိန်းမသံ။
“ဒေါ်ခင်မေမြိုင်ပါလား” ကြိုးစားထိန်းချုပ်ထားသည့်အကြားမှပင် မသက်ဇင်၏အသံသည် တုန်ချင်လာသည်။
“ဟုတ်ပါတယ်၊ ဘယ်သူပါလဲ”
“ကျွန်မx x x ကျွန်မနာမည် မသက်ဇင်ပါ x x x အစ်မကြီးနဲ့တိုက် ရိုက်တွေ့ရတာ ဝမ်းသာပါတယ်x x x ကျွန်မမှာ ပြောစရာစကားတချို့ရှိ ပါတယ်x x x အစ်မကြီးရဲ့ ခင်ပွန်း ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူအခု ကျွန်မနဲ့ အတူရှိနေပါတယ်x x x သူကပဲ တယ်လီဖုန်း အဆက်ခိုင်းတာပါx x x ”
မသက်ဇင် အတန်ကြာ ဆိုင်းသွားသည်။ ညည်းညူသလို၊ သက် ပြင်းရှိုက်သလို အသံအနေအထားနှင့် ပြောလိုက်သည်။
“သူ.. သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့x x x ပြီးရင် ကျွန်မ...နဲ့ လက်ထပ်ချင်ပါတယ်တဲ့x x x ”
မသက်ဇင်သည် “ပဒေသရာဇာ စာပေလုပ်ငန်း အတွင်းသို့ ဝင်လာခါစက ဇာတ်လမ်းတစ်ပုဒ်ကို အစပျိုးခဲ့မိပြီဖြစ်ကြောင်း ရိပ်စားမိခြင်းမရှိသေးချေ။
သူမသည် ကုမ္ပဏီများ၊ လီမိတက်များ၊ လုပ်ငန်းကိုင်ငန်းကြီးများကို စိတ်ဝင်စားသူဖြစ်သည်။ ယင်းတို့ကို ကိုင်တွယ်အုပ်ချုပ်နေသော ပိုင်ရှင်၊ မန်နေဂျာ၊ အုပ်ချုပ်ရေးမှူး စသူတို့ကို လေးစားသူဖြစ်သည်။ သူတို့မှာ အာဏာရှိသည်၊ ပညာရှိသည်၊ ငွေရှိသည်၊ ထက်မြက်တက်ကြွသည်။
လောကတွင် လူတစ်ယောက် အထူးသဖြင့် ယောက်ျားတစ်ယောက် မှာ အာဏာရယ်၊ ပညာရယ်၊ ငွေရယ် ရှိဖို့လိုသည်ဟုလည်း မသက်ဇင် အလေးအနက် ခံယူထားသည်။ ယခု မသက်ဇင်၏ တွေ့ဆုံရမည့် “ဦးတင်မောင်သန့် ဆိုသူမှာ “ပဒေသရာဇာ စာပေလုပ်ငန်း ၏ပိုင်ရှင် ဖြစ်သည်။ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။ ထို့ကြောင့် မဆုံခင်ကအထင်ကြီးနှင့်သည်။
မသက်ဇင်သည် ‘ဝါဏိဇ္ဇအဖွဲ့ ၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။ ဝါဏိဇ္ဇဗေဒဘွဲ့ရများ စုစည်းထားသော အဖွဲ့ ဖြစ်သည်။ သမဝါယမဆန်သော ပုဂ္ဂလိက အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ ပုဂ္ဂလိကပိုင်လုပ်ငန်းများကို စာရင်းကိုင်ပေးသည်၊ စာရင်းစစ်ပေးသည်၊ စာရင်းပြုစုပေးသည်။ အမြတ်ခွန်၊ရောင်းခွန် စသော အခွန်ဘဏ္ဍာနှင့်ပတ်သက်သည့် အခက်အခဲများကို ကူညီ ဖြေရှင်းပေးသည်။ အခကြေးငွေအဖြစ် မြို့မြို့မြက်မြက် ယူသည်။
“ပဒေသရာဇာသို့ မသက်ဇင် ရောက်လာရသည်မှာ နှစ်ပေါင်းမြောက် မြားစွာက ပစ်ပယ်ထားသော စာရင်းများကို ပြုစုပေးဖို့ဖြစ်သည်။
မသက်ဇင်သည် “ပဒေသရာဇာ ဧည့်ခန်းတွင်ထိုင်ရင်း လုပ်ငန်းအခြေအနေကို အကဲခတ်သည်။ အခန်း၏အတွင်းပိုင်း၌ ပုံနှိပ်စက်များရှိပုံရသည်။ တစ်ခါတစ်ရံ စက်သံများ ထွက်လာတတ်သည်။ စာရိုက်၊ စာစီ၊ စာပြင် စသော လူအချို့ လှုပ်ရှားသွားလာမှုကို မြင်နေရသည်။
နံရံတွင် မတ်ရပ်ဗီရိုကြီးများရှိသည်။ စနစ်တကျမဟုတ်ဘဲ ပြန့်ကျဲ သောပုံစံဖြင့် စာအုပ်စာတမ်းတွေ ဗီရိုထဲမှာရှိနေသည်။ နံရံတွင် မူရင်းပန်းချီ ဒီဇိုင်းပုံများကို ဘောင်သွင်း ချိတ်ဆွဲထားသည်။
ဦးတင်မောင်သန့်၏အခန်းမှာ သီးသန့် တည်ရှိသည်။ ပေါ်လစ်ရောင် ပြောင်လက်နေသည့် သုံးထပ်သား ခန်းဆီးနှင့် မှန်နောက်ပြတင်းများတပ် ထားသည့် အခန်းဖြစ်သည်။
နေ့လယ် ဆယ့်နှစ်နာရီရှိပြီ။
နေပူကို ဖြတ်သန်းလာခဲ့ရ၍ မသက်ဇင်မှာ ပူလောင်အိုက်စပ်နေ သည်။ ချွေးပြန်နေသည်။ လက်ကိုင်ပဝါကလေးဖြင့်ပင် ယပ်ခတ်နေမိသည်။
သည်စဉ်တွင် ဦးတင်မောင်သန့်၏ အခန်းတံခါး ပွင့်လာသည်။
စောစောက မသက်ဇင်အား ခေတ္တစောင့်ပါဟုဆိုခဲ့သော စာရေးဖြစ် ဟန်တူသည့် သူ၏ ကိုယ်တစ်ပိုင်း ပေါ်လာသည်။ တံခါးကို ဟပေးထား ရင်း
“ဦးတင်မောင်သန့်ကို ဝင်တွေ့နိုင်ပါပြီ ဒေါ်သက်ဇင်”
မသက်ဇင်သည် မိမိ၏ ‘အတက်ချီကေ့စ်ကို ကောက်ယူလိုက်သည်။ စာရွက်စာတမ်း အများအပြားကို သယ်ယူနေကျဖြစ်သဖြင့် မသက်ဇင်သည် စလင်းဘက်လို၊ လက်ပွေ့အိတ်လို ပစ္စည်းမျိုးကို မကိုင်နိုင်ခဲ့ပေ။ အတက်ချီ ရော့စ်”ခေါ် လက်ဆွဲသေတ္တာပြားကလေးကို သယ်ယူနေရသည်။
အခန်းအတွင်းသို့ ဝင်လိုက်သောအခါ မသက်ဇင် ဦးစွာ သတိပြုမိ သည်မှာ အေးသွားခြင်းဖြစ်သည်။ လေအေးစက်တပ်ထားကြောင်း သတိပြု မိသည်။
မိမိနှင့်တူရူရှိ ကြီးမားသော ဖော်မီကာခင်း စားပွဲကြီးတစ်လုံး၏နောက် တွင် လူတစ်ယောက်ထိုင်နေကာ သူ့ အနီးတွင် လူတစ်ယောက်က ရပ်လျက် ရှိသည်။ ထိုင်နေသူမှာ ဦးတင်မောင်သန့်ဖြစ်မည်ဟု မသက်ဇင် မှတ်ချက် ချသည်။
“ဆရာ ဝါဏိဇ္ဇက ဒေါ်သက်ဇင်ပါ” စာရေးလုပ်သူက မိတ်ဆက်ပေး ပြီး တစ်ဆက်တည်းမှာပင် မသက်ဇင်ဘက်သို့ လှည့်၍
“ဒေါ်သက်ဇင်.. ဒါ ဦးတင်မောင်သန့်ပါ”
မသက်ဇင် အကဲခတ် မမှားပါ။ ထိုင်နေသူမှာ ဦးတင်မောင်သန့် ဖြစ်သည်။
ဦးတင်မောင်သန့်သည် ထူထဲသော မျက်မှန်ကိုင်းပေါ်မှကျော်ကာ မသက်ဇင်ကို ဖျတ်ခနဲ ကြည့်သည်။
“ဪ... ဟုတ်ကဲ့၊ ထိုင်ပါ ဒေါ်သက်ဇင်”
ကုလားထိုင်တစ်လုံးကို ညွှန်ပြသည်။ ထို့နောက် အကြည့်သည် စားပွဲပေါ်သို့ ပြန်ရောက်သွားသည်။
မသက်ဇင်သည် စားပွဲရှေ့ရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
စားပွဲပေါ်တွင် လုပ်ကိုင်လက်စ အလုပ်အချို့ ရှိသည်။ စာရွက်စာတမ်း များ ပြန့်ကျဲနေသည်။ စာရွက်များပေါ်တွင် ဒီဇိုင်းပုံတစ်ပုံရှိသည်။ ဦးတင် မောင်သန့်သည် ပုံကိုကြည့်နေသည်။ အာရုံဝင်စားနေပုံရသည်။
မသက်ဇင်သည် အခန်းကို အကဲခတ်သလို လိုက်ကြည့်နေမိသည်။
အခန်းနံရံကို မီးခိုးရောင်ဖျော့ဖျော့ သုတ်ထားသည်။ နံရံတွင် အဖိုး တန် ပန်းချီကားအချို့ ရှိသည်။ အခန်းထောင့်တစ်နေရာတွင် စားပွဲတစ်လုံး။ စားပွဲပေါ်မှာ လက်နှိပ်စက်။ အခန်းကြမ်းပြင်ကို အမွေးပွကော်ဇော ခင်းထား သည်။ မတ်ရပ်ဗီရိုများ၊ စာအုပ်စင်များရှိသည်။ အများဆုံး တွေ့မြင်နေရ သည်မှာတော့ အသုံးပြုပြီးဖြစ်ဟန်တူသော မူရင်း ဒီဇိုင်းပုံများ ဖြစ်သည်။
မသက်ဇင်သည် ဦးတင်မောင်သန့်ဘက်သို့ လှည့်လိုက်သည်။
သူသည် အံ့သြစရာကောင်းအောင် ငယ်ရွယ်နေသေးကြောင်း တွေ့ရ သည်။
အစကတော့ သည့်ထက် အသက်အရွယ် ပိုကြီးလိမ့်မည်ဟု ထင်ခဲ့ သည်။
ဆံပင်ကတော့ အနည်းငယ် ကျိုးကျဲစ ပြုပြီ။ သေသပ်စွာ ဖြီးထား သော ဆံပင်မှာ အသက်လေးဆယ်ရှိနေပြီဖြစ်သော လူတစ်ယောက်အဖို့ ရှည်သင့်သည်ထက် ပို၍ရှည်သည် ဆိုရမည်။
အသားလတ်လတ်၊ မျက်နှာက ခပ်သွယ်သွယ်၊ နှာတံပေါ်သည်။
နှုတ်ခမ်းသား ခပ်ပါးပါး၊ တင်းကျပ်စေ့စပ်သည်။
မုတ်ဆိတ်ကျင်စွယ်ကို ကောင်းစွာ ရိတ်ပယ်ထားသည်။
မသက်ဇင်နှင့် ဦးတင်မောင်သန့်တို့ အကြည့်ချင်းဆုံသည်။ ပထမဆုံး အကြိမ်အဖြစ် ဦးတင်မောင်သန့်၏အပြုံးကို မြင်ရသည်။ မသက်ဇင်အား အသိအမှတ်ပြုသည့်အပြုံး။ ဖော်ရွေစွာ နှုတ်ဆက်လာသည့်အပြုံး။
“ဦးမျိုးဆွေက မသက်ဇင် လာမယ့်အကြောင်း ကြိုပြီး ဖုန်းဆက်ထား တယ်”
“ဟုတ်ကဲ့”
ဦးမျိုးဆွေမှာ မသက်ဇင်၏ အကြီးအကဲဖြစ်သည်။
“ဝါဏိဇ္ဇ " ၏ ပထမခေါင်းဆောင်။
“ဪ... မိတ်ဆက်ပေးရဦးမယ်၊ ဒီက ကိုနန္ဒ။ ပန်းချီဆရာပါ”
ပန်းချီဆရာ ကိုနန္ဒမှာ အသားဖြူဖြူ အရပ်ရှည်ရှည်ဖြစ်သည်။ အသက်သုံးဆယ်ဝန်းကျင်။ ထိုပန်းချီဆရာ၏လက်ရာကို ဝတ္ထုစာအုပ် မျက် နှာဖုံးအချို့၌ မသက်ဇင် မြင်ဖူးသည်။
“တွေ့ရတာ ဝမ်းသာပါတယ်” မသက်ဇင် ပြုံးပြီး ပြောလိုက်သည်။ ကိုနန္ဒက ဟုတ်ကဲ့ သာဆိုသည်။
“ဒီဟာ သူ့လက်ရာပေါ့ "ဆိုကာ ဦးတင်မောင်သန့်က ဒီဇိုင်းကို မသက်ဇင်ရှေ့သို့ တိုးပေးသည်။ မသက်ဇင် ယူကြည့်လိုက်ရသည်။ | စာအုပ်မျက်နှာဖုံး ဖြစ်သည်။
‘သင့်အတွက် လက်တွေ့ ယောဂကျင့်စဉ်များ'တဲ့။
မွန်ရည်သားနားသော ယောက်ျားကြီးတစ်ဦး မျက်လွှာချကာ တင် ပျဉ်ခွေ ထိုင်နေသည့်ပုံ၊ တရားကျင့်နေသည့်ပုံ။
“ဘယ်လို သဘောရသလဲ မသက်ဇင်”
“ရှင်...”
ဦးတင်မောင်သန့်၏အမေးကို မသက်ဇင် နားမလည်လိုက်။
“ပုံကို ဘယ်လိုသဘောရသလဲလို့ပါ”
“ကျွန်မ မသိပါဘူး” ဒီဇိုင်းကို ပြန်ချထားလိုက်သည်။