Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်သိက္ခာ - ရေချိုငါးမျိုးစုံမွေးမြူနည်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အခန်း (၁)

ငါးအကြောင်း သိကောင်းစရာ

ကမ္ဘာပေါ်တွင် ကုန်းသတ္တဝါထက် ရေသတ္တဝါက ဦးစွာပေါ် ပေါက်လာခဲ့သည်။ ငါးတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း များကို ကျောက် ထပ်ကျောက်လွှာများတွင် တွေ့ရှိလေ့လာရခြင်းဖြင့် လွန်ခဲ့သောနှစ် ပေါင်းသန်းလေးရာခန့်က စတင်ပြီး ငါးသတ္တဝါဟူ၍ ပေါ်ပေါက်ခဲ့ ကြောင်း ခန့်မှန်းရသည်။ ။

ယနေ့အထိ ကမ္ဘာပေါ်တွင် ငါးအမျိုးစိတ်ပေါင်း တစ်သောင်း ခုနစ်ထောင်ခန့် တွေ့ရှိခဲ့ရပြီးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် မျိုးစိတ် ပေါင်း လေးသောင်းခန့်ရှိမည်ဟု ယူဆရသည်။ ထူးခြားသော ငါးမျိုး စပ်ကပြားများ များပြားစွာ တွေ့ရှိထားသည်။ နောက်ထပ်လည်း ဆက် လက်တွေ့ရှိရပေဦးမည်ဟု မျှော်လင့်ကြသည်။

ငါးမျိုးအလိုက် ကွာခြားချက်

ငါးတစ်မျိုးနှင့်တစ်မျိုး မတူကြ။ အရောင်အဆင်း အကျင့်နှင့် ပုံသဏ္ဌာန်မှစ၍ မတူ။ လေထဲတွင်ပျံဝဲနိုင်သော ငါးပျံများရှိသကဲ့သို့ ရေအောက်အနက်ပိုင်း မှောင့်နှင့်မည်းမည်းတွင် လျှပ်စစ်အရောင်များ ထွန်းတောက်စေကာ သွားလာနေသော ငါးမျိုးလည်းရှိသည်။

အစာစားခြင်း၌လည်း မတူ၊ အချို့ငါးက အသားမစား၊ ရေညှိ ရေမှော်များကိုသာ စားသည်။ တချို့ငါးက ရေသတ္တဝါအချင်းချင်း စားသည်။ အသားစားငါးက အသီးအရွက်စားငါးထက် ယေဘုယျအား ဖြင့် ပါးစပ်ကျယ်သည် လှုပ်ရှားမှုပိုမိုသွက်လက်သည်။

အချို့ငါးတွင် ပါးဟက်သာမက လေကိုတိုက်ရိုက်နိုင်သော အဆုတ်ကဲ့သို့ အင်္ဂါအစိတ်အပိုင်းပါသည်။ ဤငါးမျိုးသည် ကုန်းပေါ် သို့ ရောက်ရှိသော်လည်း အချိန်အတန်ကြာကြာ အသက်ရှင်လျက်နေ နိုင်သည်။ ထိုငါးမျိုးကို လေရှူးငါး ဟုခေါ်ပြီး ကျန်ငါးတို့မှာ ရေထဲ တွင်ရှိသည်။ အောက်ဆီဂျင်ကိုရှူသည့် ငါးများသာဖြစ်သည်။

လေအိတ်ရှိသောငါးက လေဖြည့်၍ ရေပေါ်တက်နိုင်သည်။ လေလျှော့၍ ရေအောက်ငုပ်နိုင်သည်။ လေအိတ်မပါသော ငါးလည်းရှိ သည်။

အချို့ငါးတွင် အကြေးခွံရှိသည်။ အချို့ငါးတွင် အကြေးခွံမရှိ။ အချို့ငါးငယ်များ၏ သက်တမ်းမှာ တစ်နှစ်ထက်မပို။ သို့ သော် သမုဒ္ဒရာအတွင်းကျက်စားနေသော ဆာလမွန်ငါးမျိုး မှာ ခြောက်နှစ် အထိ အသက်ရှည်သည်။ အချို့ပင်လယ်ငါးကြီးများ၏သက်တမ်းမှာနှစ်ငါးဆယ်ကျော်အထိ ရှည်ကြာတတ်သည်။ သို့သော် ယနေ့အထိ စူးစမ်းလေ့လာချက်အရ အသက်ရာကျော်ရှည်သော ငါးမျိုးကား ရှာဖွေ မတွေ့ရသေးပေ။

အရွယ်အစားများမှာလည်း အမျိုးမျိုး၊ အရွယ်ရောက်ပြီးသည့်တိုင် တစ်လက်မ၏ သုံးပုံတစ်ပုံသာ ရှည်လျားသော ငါးများရှိသလို ပေ ၇ဝ ကျော်သော ငါးကြီးများလည်းရှိသည်။

အမေရိကန်ငါး ဟီမီရမ်ဖိုင် သည် တစ်လက်မအရွယ်တွင် အရွယ်ရောက်သည်။ ဖိလစ်ပိုင်ငါး မက်တီဌ၆ မှာ လက်မဝက်အရွယ် တွင် မျိုးပွားသည်။ သို့သော် ရင်ကိုဒုန်း” ငါးမန်းမှာ ပေခုနစ်ဆယ်ကျော် ရှည်ပြီး နှစ်ဆယ့်ငါးတန်ကျော် အလေးချိန်ရှိသည်။ ။

တစ်ရွေးသားမျှအလေးချိန်ရှိသော ငါးကလေးများရှိသည်။ နှစ်ဆယ့်ငါးတန်ကျော် (ပိဿာချိန်တစ်သောင်းငါးထောင်ကျော်) အလေး ချိန်ရှိသော ငါးကြီးများကိုလည်း တွေ့ရှိရ၏။

ငါးများသည် ခရီးတိုကိုလျင်မြန်စွာ ကူးခပ်နိုင်သော်လည်း ခရီး ရှည်ကိုကူးလျှင် တစ်နာရီမိုင်နှစ်ဆယ်ခန့်မျှသာ ကူးနိုင်သည်။

ငါးအားလုံးသည် ရေထဲတွင်နေကြသော်လည်း နေထိုင်သည့် စရိုက်ချင်း ကွာခြားလေ့ရှိကြသည်။ ရေငန်တွင်သာ နေနိုင်သော ရေငန် ငါး၊ ရေချိုတွင်သာ နေနိုင်ကြသော ရေချိုငါးနှင့် ရေချိုရေငန် နှစ်မျိုး စလုံးတွင်နေနိုင်သော ငါးဟူ၍ သုံးမျိုးသုံးစားရှိသည်။ ။

ဥပမာ ငါးကွမ်းရှပ်ငါးသည် ရေငန်ငါးမျိုးဖြစ်၍ ရေချိုထဲတွင် ထားလျှင် သေဆုံးသည်။ သို့သော် ငါးရှဉ့်နှင့် ငါးသလောက်တို့ကားတစ်ချိန်တွင် ရေငန်နေ၍ တစ်ချိန်တွင် ရေချို၌ နေတတ်ကြသည်။

ငန်လွန်းသောရေငန်အရပ်၌ ရေငန်ငါးအားလုံး မနေနိုင်ကြ။ အာရှတိုက်ရှိ ပင်လယ်သေခေါ် ဒက်ဆီး“ ပင်လယ်သည် ငါးမျိုး အနည်းငယ်သာနေနိုင်အောင် ငန်သည်။

ရေငန်ငါးကို အချို့က ပင်လယ်ငါးဟု လွယ်လွယ်ကူကူ ခေါ်ဝေါ် ကြသည်။

ငါးများ၏ မျက်စိ

ငါးများတွင် မျက်စိများရှိသော်လည်း မျက်ခွံများမရှိသဖြင့် ကျယ် ကျယ်ဝန်းဝန်း မြင်နိုင်သည်။ မျက်စိမှိတ်၍ အိပ်မရပါ။ အလွန်ဝေး သောအရပ်သို့ ထွင်းဖောက်မမြင်နိုင်။ အလွန်ကြည်လင်သော ရေတွင် ပေသုံးဆယ်ထက် ပိုမမြင်။

ရေအောက်ဂူများတွင်နေထိုင်သော အချို့ငါးများမှာမူ မျက်စိပင် လုံးဝမမြင်ကြ။ အချို့ငါးများမှာ မျက်လုံးပင် မပါကြချေ။

ပင်လယ်အောက် အလွန်မှောင်မိုက်သော အရပ်မှငါးများကား မိမိကိုယ်မှ အလွန်အလျောက် အလင်းရောင်ထွက်စေ၍ ထိုအလင်းရောင် ဖြင့် သွားလာကူးခတ် အစာရှာဖွေကြသည်။

ကုန်းပေါ်နေ ကျောရိုးသတ္တဝါများ၏မျက်လုံးမှာ မှန်ဘီလူးကဲ့သို့ တစ်ဖက်ခုံးဖြစ်သည်။ ငါးများ၏မျက်လုံးမှာမူ တစ်ဖက်ခုံးမဟုတ်ဘဲ လုံးဝိုင်းသောပုံသဏ္ဌာန် ရှိသည်။ ။

ငါးအများစုတွင် မျက်လုံးတစ်စုံစီ ရှိကြသော်လည်း အချို့ငါး တွင် မျက်လုံးလေးလုံးကဲ့သို့ တည်ဆောက်ထားသည်။ တောင်အမေရိကတိုက်နှင့် အမေရိကအလယ်ပိုင်းတွင် အယ်နာဘလစ်၁၀ ငါးများမှာ အပေါ်ပိုင်းက လေထဲရှိ အရာဝတ္ထုများကို မြင်နိုင်ပြီး အောက်ပိုင်းက ရေထဲရှိ အရာဝတ္ထုများကို မြင်နိုင်သည်။

ငါးများ၏ မျက်လုံးအနေအထားပုံ သဏ္ဌာန် များသည် ရေအတိမ်အနက် အလင်းအမှောင်ကိုလိုက်ပြီး ပြောင်းလဲမှုရှိလေသည်။ ပေသုံးထောင် ကျော်ရေနက်ပိုင်းတွင် ကျက်စားသောငါးများ၏ မျက်လုံး သူငယ်အိမ်မှာ ကျယ်၍ကြီးမားသည်။ ပေကိုးထောင်ကျော် ရေအနက် တွင်ရှိသော ငါးများ၏မျက်လုံးသည် သေးငယ်သည်။

ငါးများ၏သဘာဝနှင့်လျော်ညီသော ကိုယ်ခန္ဓာအစိတ်အပိုင်း

ငါးများတွင် နှာခေါင်းပေါက်များ ထားရှိသော်လည်း အသက်ရှူဖို့ အသုံးချသည် မဟုတ်ပေ။ အနံ့ခံရန်အတွက်သာ ဖြစ်သည်။ သို့သော် အနံ့ကို ကောင်းစွာခံစားနိုင်သော သတ္တိမရှိ။ အာရုံကို ကောင်းစွာ မသိနိုင်ချေ။ ငါးမန်းများသာလျှင် အစာကို အနံ့ခံ၍ ရှာဖွေရာတွင် အလွန်တော်ကြသည်။ ။

ငါးများတွင် လှုပ်ရှားနိုင်သော လျှာမျိုးမရှိ။ ထူ၍ ကြမ်းတမ်းသော လျှာသာ ရှိသည်။ အရသာမခံဘဲ အစာကို တစ်ခါတည်း မျိုချတတ် သည်။ အစာကိုတစ်ခါတည်း မျိုချတတ်သဖြင့် အစာ၏ အရသာကို လည်း သိဟန်မတူ။ ငါးတို့ အစာရွေးသည်မှာ အရသာကြောင့်မဟုတ် ဘဲ အတွေ့အထိနှင့် အနံ့ကြောင့်သာလျှင် ဖြစ်ပေမည်။

အတွေ့ အထိသတ္တိအားကောင်းလှသော ငါးများလည်းရှိသည်။ ငါးပတ်သည် သူ၏ မေးဖျားတွင် တွဲလောင်းကျနေသော အာရုံမှင်ဖြင့်စမ်းသပ်သွားကြ၏။ ငါးခုများတွင်လည်း ဤအာရုံမှင် ၁၁ မျိုး ရှိသည်။

ငါး၏နားသည် ဦးခေါင်းထဲတွင် မြုပ်နေသဖြင့် အသံကို ကောင်းစွာ ကြားနိုင်လိမ့်မည်မဟုတ်ဟု သိပ္ပံပါရဂူများက ယူဆကြသည်။

ငါးတို့၏ အရောင်အဆင်းမှာ ယေဘုယျအားဖြင့် ကိုယ်ထည် အထက်ပိုင်းသည် အောက်ပိုင်းထက်ပို၍ အရောင်ရင့်၏။ အပေါ်ပိုင်း အရောင်သာဖျော့နေပါလျှင် ငါးစားငှက်များသည် ရေအရောင်နှင့် ခွဲခြားနိုင်သဖြင့် အလွယ်တကူ ဖမ်းယူစားနိုင်ကြပေလိမ့်မည်။ အောက် ပိုင်း အရောင်နက်နေလျှင်လည်း ရေထဲမှ ရန်သူငါးကြီးများသည်ကောင်းကင်အရောင်နှင့် ခွဲခြားနိုင်သဖြင့် အလွယ်တကူ ဖမ်းယူစားကြ မည်ဖြစ်သည်။ သဘာဝတရားက ယင်းတို့ ၏ ဘေးအန္တရာယ်ကို အရောင်အဆင်းဖြင့် ကာကွယ်ပေးထားပေသည်။

ထိုမျှသာမက ပတ်ဝန်းကျင်အရောင်နှင့် လိုက်လျောအောင်လည်း ပြောင်းလဲတတ်သေးသည်။ တောက်ပြောင်သော ပင်လယ်ရေညှိပင် များရှိရာ ပူအိုက်သောဒေသရှိ ငါးများမှာ တောက်ပြောင်သော အရောင် များရှိကြသည်။ မြစ်ဝကျွန်းပေါ်ရှိ ငါးဖယ်များ၏ အရောင်သည် ငွေ ရောင်တောက်ပပြီး ရေမှော်ပင်များ ထူထပ်စွာပေါက်ရောက်နေသော ရှမ်းပြည်နယ်မှ အင်းများကန်များထဲရှိ ငါးဖယ်များမှာမူ အမည်းရောင် သို့ ပြောင်းလဲနေကြောင်း တွေ့ရသည်။

ငါးအမျိုးအစားချင်းတူသည့်တိုင် နေရာဒေသကိုလိုက်၍ အရောင် အဆင်းပြောင်းလဲသည်။

ငါးများပြောင်းရွှေ့ခြင်း

ရေချိုရေငန်ငါးနှစ်မျိုးစလုံး မျိုးပွားရာ အစာရှာဖွေရာ အရပ်ဒေသ မှ ဆောင်းခိုရန်ရွှေ့ပြောင်းသွားတတ်ကြသည်။ ထိုသို့သွားလာခြင်းကိုဆောင်းခိုမှုအတွက် ရွှေ့ ပြောင်းသည်" ဟု ခေါ်ကြသည်။ အပူပိုင်း ဒေသရှိ ငါးများမှာမူ ရွှေ့ပြောင်းခြင်းမပြုကြပေ။ သမပိုင်းနှင့် အအေးပိုင်း ဒေသရှိငါးများသာ ပြောင်းရွှေ့ တတ်ကြသည်။

ဆောင်းခိုရာဒေသသို့ ရောက်ရှိသောအခါ အစာမစားဘဲ ငြိမ် သက်စွာ နေထိုင်ကြသည်။ ငါးခွေးလျှာငါးသည် ရေနက် အောက်ခြေ ပိုင်းသို့ သွား၍ ဆောင်းခိုလေ့ရှိသည်။ ထိုသို့ ဆောင်းခိုရခြင်းမှာ ရာသီဥတုဒဏ်ကို ကာကွယ်ရန်နှင့် ရန်သူ့ဘေးမှ ကင်းဝေးရာအရပ်တွင် အေးဆေးစွာအနားယူခြင်းလည်း ဖြစ်သည်။

ဆောင်းမခိုမီ ငါးများသည် အဆီပြည့်ဝအောင် ပြုပြင်မှုရှိကြ သည်။ သို့မှာသာ အချိန်ကြာမြင့်စွာ အစာမစားဘဲ အနားယူနိုင်ပေမည်။ အအေးပိုင်းဒေသရှိ ငါးကြင်း၊ ငါးသိုင်းမျိုးနွယ် ၁၃ ငါးများ ဆောင်းခိုသောအခါ ရွှံ့ထဲတွင် နှစ်ထားသဖြင့် တစ်ကိုယ်လုံး ရေခဲကဲ့သို့ အေးစက် နေသည်။ သူတို့ကိုယ်တွင်းရည် မခဲသမျှ အသက်ရှင်နေထိုင်နိုင်သည်။ အပူပိုင်းဒေသရှိ ငါးများမှာမူ ဆောင်းခိုရန်မလိုသော်လည်း နွေအောင်း ရန်လိုကြသည်။ နွေရာသီ၏ အပူဒဏ်နှင့် ရေခန်းခြောက်မှုကို ကာကွယ် ကြရသည်။ ထို့ကြောင့် နွေအောင်းခြင်းကို ပူလွန်းသော နွေရာသီတွင်သာ ပြုလုပ်ကြသည်။ အထူးသဖြင့် ငါးရံ့၊ ငါးပြေမ၊ ငါးခူ၊ ငါးကျည်း စသောငါးများသည် တွင်းထဲတွင် နေထိုင်ပြီး အပေါက်ငယ်ငယ်ကလေး များမှ အသက်ရှူပြီး နွေအောင်းကြသည်။ ထိုသို့ နေထိုင်ခြင်းကို “ထူးကျင်းခတ်သည်” ဟူ၍လည်း ခေါ်ကြသည်။ နွေရာသီကုန်သော အခါ တွင်းထဲမှ ပြန်၍ထွက်လာကြတော့သည်။

အမှာ

စာရေးသူသည် “ရေချိုငါးမျိုးစုံမွေးမြူနည်း” စာအုပ်ကို ရေးသား နိုင်ရန် နှစ်နှင့်ချီ၍ အချိန်ယူလေ့လာခဲ့ပါသည်။ မိမိကိုယ်တိုင် ဝါသနာ ပါသည့်အလျောက် လက်တွေ့လည်း စမ်းသပ်မွေးမြူခဲ့ပါသည်။

ဆည်းပူးထားသော စာတွေ့လက်တွေ့ သာမက မြန်မာနိုင်ငံ တစ်ဝန်း လက်လှမ်းမီသမျှ မြို့ရွာဒေသများရှိ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ငါးမွေးမြူရေးကန်များသို့ သွားရောက်၍ စီးပွားဖြစ် မွေးမြူရေးသမား များထံမှ လက်တွေ့ အောင်မြင်မှုများကို နည်းယူမှတ်သားခြင်း၊ တတ် ကျွမ်းသောပညာရှင်များနှင့် တွေ့ဆုံ၍ အတတ်ပညာရှင်များ၏ ပြော ဆိုချက်များကို နာယူခြင်းများ ပြုလုပ်ခဲ့ပါသည်။ ရနိုင်သမျှ စာရွက် စာတမ်းမှတ်စုများကို စုဆောင်းခဲ့ပါသည်။ ။

ပြည်ပနိုင်ငံများမှ ထုတ်ဝေသော စာအုပ်စာတမ်းများကိုသာ ဖတ်ရှုအားကိုးပြီး ရေးသားပြုစု၍ မရနိုင်ပါ။ အထိုက်အလျောက်သာ မီငြမ်းနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တစ်နိုင်ငံနှင့်တစ်နိုင်ငံရှိငါးတို့၏သဘာဝ၊ အလေ့အကျင့်ပုံသဏ္ဌာန် မတူကြသကဲ့သို့ နိုင်ငံ တစ်နိုင်ငံတွင်ရှိသော ငါးအမျိုးအစားများမှာ အခြားတစ်နိုင်ငံတွင် ရှိချင်မှရှိပါမည်။ ရာသီဥတုတူညီသော အိမ်နီးချင်းနိုင်ငံတချို့မှာသာ နှစ်နိုင်ငံစလုံးမွေးမြူရနိုင်သော ငါးအမျိုးအစား အနည်းငယ်မျှသာ ရှိပါသည်။ စာတွေ့သာမက လက်တွေ့ မွေးမြူပြီး ရရှိသော အတွေ့ အကြုံများကလည်း ကြီးစွာသော အထောက်အကူပြုပါသည်။

နိုင်ငံရပ်ခြားမှ စာအုပ်စာတမ်းများတွင် အခိုင်အမာ ရေးသား ထားသော အကြောင်းအရာ အချက်အလက်တချို့မှာ စာရေးသူတို့ နိုင်ငံ တွင် လက်တွေ့ မြင်နေကြသည်နှင့် တူညီမှုများရှိနေသဖြင့် အသေးစိတ် လေ့လာမှုများ လိုအပ်လျက်ရှိပေသေးသည်။ ။

ဥပမာ ငါးရှဉ့်သည် အတ္တလန္တိတ်သမုဒ္ဒရာ၌သာ မွေးဖွားသည်။ မွေးပြီးစ ငါးရှဉ့်ကလေးများ သမုဒ္ဒရာကိုဖြတ်၍ ကုန်းပေါ်သို့လာကြ သည်။ မွေးဖွားချိန်ရောက်ပြန်သောအခါ ငါးရှဉ့်မကြီးများသည် | ရောက်ရာအရပ်မှ ပင်လယ်ကိုဖြတ်၍ မွေးရာဇာတိသို့ ပြန်ကြသည်။ စသည်ဖြင့် ရေးသားထားကြသည်။ ဤဘာသာပြန်ဆရာများကလည်း မြန်မာဘာသာဖြင့် စာအုပ်စာတမ်းများတွင် ဤအတိုင်းတိုက်ရိုက် ပြန်ဆိုထားသည်ကိုတွေ့ရသည်။ လက်တွေ့တွင် ကန်သင်းရိုးဘေးနှင့် ကန်ပေါင်မှ ငါးရှဉ့်များ ပေါက်ပွားနေသည်ကို မျက်ဝါးထင်ထင် အလွယ် တကူတွေ့မြင်ကြသဖြင့် သံသယဝင်ကြရပါသည်။ ။

ဘာသာပြန်သူများက အီး လ် ဆိုသောအင်္ဂလိပ်စကားကို ငါးရှဉ့် ဟုသာ အလွယ်တကူ ဘာသာပြန်လိုက်သောကြောင့် ဖြစ်ဟန်တူပါ သည်။ အမှန်မှာ အဆိုပါလယ်ငါးရှဉ့်မျိုးတို့မဟုတ်ဘဲ အိန္ဒိယသမုဒ္ဒရာ နှင့် ပစိဖိတ်သမုဒ္ဒရာထဲတွင် ပေါက်ဖွားပြီး အာရှတိုက်သို့ ရောက်လာ ကြသဖြင့် ငါးလင်ပန်း၊ ငါးဖရုံတို့လည်း ရှိသေးကြောင်း သတိပြုမိမည်မထင်ပေ။

စာရေးသူသည် ရေချိုငါးမျိုးစုံမွေးမြူနည်း စာအုပ်ကို ရေးသား ရာ၌ ဖတ်ရှုသူများအတွက် ဗဟုသုတဖြစ်ဖွယ်ရာ မှတ်သားရသည် ထက် လက်တွေ့ စီးပွားဖြစ် မွေးမြူရေးကို အဓိကထားပြီး ရေးသားပါသည်။

စာအုပ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် ငွေကြေးအရင်းအနှီး တတ်နိုင် သူများက စီးပွားဖြစ်ဧကလိုက်ငါးကန်ကြီးများတူး၍ မွေးမြူနိုင်သကဲ့ သို့ သာမန်လက်လုပ်လက်စား လယ်သမား အလုပ်သမားများသည် လည်း တတ်နိုင်သမျှ အိုင်ငယ်တစ်တစ်ခုဖြင့် မိသားစုတစ်နိုင်ငါးမွေး မြူရေးကို ပြုလုပ်နိုင်သည်အထိ ရည်ရွယ်ပြီး ကြိုးစားပြုစုရေးသား ပါသည်။ ။

ငါးကြင်း၊ ငါးသိုင်း၊ ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ငါးမျက်ဆန်နီ စသော ငါးများကို မွေးမြူရာတွင် ကန်ကျယ်ဝန်းရန်လိုအပ်သဖြင့် အရင်း အနှီးငွေများစွာ ကုန်ကျပါသည်။ ငွေကြေးတတ်နိုင်သူများအတွက်သာ ဖြစ်နေပါသည်။

သာမန်ဆင်းရဲသား လယ်သမား၊ အလုပ်သမားများအတွက်မူ အနေကျစ်လျစ်သော ငါးခူ၊ ရေကောင်းရေဆိုး၊ ရေတိမ်ရေနက်မရွေး မွေးမြူနိုင်သော ငါးရံ့၊ ငါးရှဉ့်၊ အစာကျွေးရန်တာဝန်မကြီး ရာသီဥတု ဒဏ်ခံနိုင်သော တီလားပီးယားစသော ငါးများကို မြေနေရာ ကျဉ်းကျဉ်း အိုင်ငယ်ကလေးဖြင့်ပင် မွေးမြူနိုင်သည့် နည်းလမ်းများကိုလည်း ဖော်ပြ ထားပါသည်။ ။

အစာဖိုး ချွေတာနိုင်ရန် သုံးလတစ်ကြိမ် ငါးမြစ်ချင်းမွေးမြူနည်း နှင့် ငါးများရောစပ်မွေးမြူနည်းများကိုလည်း တင်ပြထားပါသည်။ အချို့ | ကဏ္ဍတွင် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို အသေးစိတ်တွက်ချက် ပြထားပါသည်။

သို့ရာတွင် ဤစာအုပ်သည် ရေချိုငါးမျိုးစုံ မွေးမြူရေးအတွက် ပြီးပြည့်စုံသော စာအုပ်တစ်အုပ်မဟုတ်သေးပါ။ စာရေးသူဉာဏ်စွမ်း ရှိသမျှ ကိုယ်စွမ်းရှိသမျှ ကြိုးစားရေးသားခဲ့ပါသော်လည်း ချွတ်ယွင်း ချက်များ အနည်းနှင့်အများ ရှိပါလိမ့်မည်။ ။

ဤစာအုပ်ဖြစ်မြောက်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြ သော ဌာနဆိုင်ရာ ပညာရှင်များ၊ ဆရာသမားများ၊ မိတ်ဆွေသင်္ဂဟ များကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

မောင်သိက္ခာ