မောင်သာနိုး - ဝေဖန်ရေးနဲ့ကျွန်တော်
ကျွန်တော် စာရေးဝါသနာပါတယ်ဆိုရာမှာ ဝေဖန်ရေးဆရာလုပ်မယ်ဆို တာ မပါခဲ့ပါဘူး။ ငယ်ငယ်တုန်းက ပန်းချီဝါသနာပါခဲ့လေတော့ ဖန်ဆင်း သူပဲ ဖြစ်ချင်တာပါ။ ကဗျာဆရာ၊ ဝတ္ထုရေးဆရာ။ ဒါပဲ။ တက္ကသိုလ်ကျောင်း သားဘဝအထိကလည်း ဝတ္ထုတိုလေးတွေ၊ ကဗျာလေးတွေပဲ ရေးခဲ့တာပါ။
ကျောင်းစာသင်ခန်းရဲ့ လိုအပ်ချက်အရ သရုပ်ဖော်စာလေးတွေ၊ အစီရင်ခံစာ လေးတွေ၊ ဝေဖန်စာတွေလည်း ရေးခဲ့ရရဲ့။ ဒီလိုနဲ့ ဆောင်းပါးဆိုတာကို လည်း ရေးတတ်လာတယ်။
နောင် ကျောင်းပရိဝုဏ် ပြင်ပရောက်တော့ သတင်းစာဆရာဖြစ်လာ တယ်။ အဲဒီတင် သတင်းနဲ့ ပတ်သက်တဲ့ အယူအဆ တင်ပြတာ၊ ဆွေးနွေးတာ၊ ဝေဖန်တာတွေ ဆောင်းပါးအများကြီး ရေးရတော့တာပဲ။ ဒါပေမဲ့ စာပေနဲ့ ပတ်သက်တဲ့ ဝေဖန်ရေးစာကိုတော့ အရေးနည်းတယ်။ ရေးမှရေး ဖြစ်ရဲ့လားတောင် မသိဘူး။
အထက်မြန်မာနိုင်ငံမှာ စာရေးဆရာ အသင်းရယ်လို့ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းထွက်ကလေးတွေ ဝင်ရောက်လုပ်ကိုင်ကြတော့ တစ်ဦးနဲ့တစ်ဦး ညီရင်းအစ်ကိုလို၊ ရဲဘော်ရဲဘက်တွေလို စည်းလုံးညီညွတ်လှုပ်ရှား ခဲ့ကြတာပါ။ အလုပ်တစ်ခုလုပ်စရာရှိပြီဆိုရင် ကိုယ့်တာဝန် သူ့တာဝန်ခွဲဝေ ယူပြီး လုပ်ကြတယ်။ စုပေါင်းပြီး တက်ညီလက်ညီ လုပ်ခဲ့ကြတယ်။ စာတမ်း ရေးစရာရှိရင်လည်း ကဗျာဆိုဆရာတစ်ဦး၊ ဝတ္ထုဆို မောင်စွမ်းရည်၊ ဘာသာ စကားနဲ့ ပတ်သက်တာဆို ကျွန်တော်ပဲ တာဝန်အသီးသီးချပေးလေ့ရှိတယ်။
တစ်နေ့တော့ လူထုဒေါ်အမာက ကျွန်တော်တို့ကို တင်ပြဆွေးနွေးတယ်။ ငါတို့ တိုင်းပြည်မှာ စာပေဝေဖန်ရေးသမား ဟုတ်တိပတ်တိ မရှိသေးဘူးတဲ့။ အဲဒါ ကျွန်တော်တို့ထဲက တစ်ယောက်ယောက် ကြိုးစားဖို့ကောင်းတယ်တဲ့။ အဲဒီတင် ကျွန်တော်တို့အထဲက ဒီတာဝန်ထမ်းဆောင်မယ့်လူကို မောင်စွမ်း ရည်လို့ ကျွန်တော်ပဲ အကြံပြုခဲ့တယ်။ အဲဒီအချိန်ကစပြီး မောင်စွမ်းရည် ဟာ စာပေဝေဖန်ရေးဆောင်းပါးတွေကို လူထုသတင်းစာထဲမှာ ဇောက်ချပြီး ရေးပါတော့တယ်။ ဆောင်းပါးတွေ များလာတော့ စုပေါင်းပြီး စာအုပ်ထွက် တယ်။ ဒီလိုနဲ့ မောင်စွမ်းရည် စာပေဝေဖန်ရေးဆရာတစ်ဦးအဖြစ် (မကြိုက် သူတွေ ဘာပြောပြော) အသိအမှတ်ပြုခံလာခဲ့ရတယ်။
၁၉၆၈ မှာ ကျွန်တော် ရန်ကုန်ပြောင်းလာခဲ့တယ်။ မောင်စွမ်းရည်တို့က ကျွန်တော့်အရင် ရောက်နှင့်နေကြတာပါ။ ကျောင်းတုန်းက ကဗျာရေးခဲ့တဲ့ ကျွန်တော်ဟာ ကဗျာတွေကိုဘာသာပြန်နေမိတော့တယ်။ ထုတ်ဝေသူပေါ် လာတဲ့အခါ ထင်ရှူးပင်ရိပ်”ထွက်သွားတယ်။ ထုတ်ဝေသူဆက်မပေါ်တော့ “ထင်းရှူးပင်ရိပ် ၂" ဆက်မထွက်ဖြစ်ပါ။ “မိုးမခရိပ်” ဆိုတဲ့ အာရှကဗျာ ပေါင်းချုပ်စာအုပ်လည်း စိတ်ကူးသာရှိပြီး ပေါ်မလာတော့။ ဒီတော့ မဂ္ဂဇင်း တွေထဲမှာပဲ ကဗျာဘာသာပြန်ဆောင်းပါးတွေ ဆက်တိုက်ရေးနေမိတော့ တယ်။ မန္တလေးတုန်းက `အရေးအသားသစ်”စာတမ်းနောက်ဆက်တွဲအဖြစ် ဘာသာစကားဆိုင်ရာ ဆောင်းပါးတချို့လည်း ရေးဖြစ်ရဲ့။ တစ်နေ့တော့ ကျွန်တော်အဲဒီတုန်းက နေထိုင်ရာ ဆူးလေလမ်းမပေါ်က တိုက်ခန်းကို ရဲဘော်ကြီး ကိုမြသန်း(တင့်) ရောက်လာတယ်။ “ရော့ ခင်ဗျာ့အတွက်”ဆို ပြီး သူ့စာအုပ် အသစ်ထွက်တာကို လက်ဆောင်ပေးပါတယ်။ နောက် တိုက် အောက်က လက်ဖက်ရည်ဆိုင် (ရွှေကြည်အေး၊ အခု Excellent) ကို အတူ ဆင်းခဲ့ကြတယ်။ ညကျတော့ ရဲဘော်ကြီး တလေးတစားလာပေးသွားတဲ့စာအုပ်ကို တလေးတစားပဲ တစ်ထိုင်တည်း ဖတ်ပစ်လိုက်မိတယ်။ ဖတ် လည်း ဖတ်လိုက်မိရော အကြီးအကျယ် စိတ်ညစ်ရတော့တာပဲ။ သော် - ငါတို့ ရဲဘော်ကြီးဟာ ဘာမှမပြောင်းလဲပါကလား၊ သူ့ဉာဉ်ကြီးကို မဖျောက် နိုင်ပါဘဲကလား။
အဲဒီတုန်းက ကျွန်တော်ဟာ လက်ဝဲအယူအဆကို ယုံကြည်သေးချိန် ဖြစ်တယ်။ လက်ဝဲအယူအဆမှာမှ တရုတ်လိုင်း၊ ပီကင်းလိုင်း - မော်စကို လိုင်းမဟုတ်။ ပီကင်းလိုင်းနဲ့ မော်စကိုလိုင်း။ ကွာခြားတာကတော့ အလုပ် သမား လူတန်းစားက ဦးဆောင်ရမယ်၊ အရင်းရှင်မှန်သမျှကို တိုက်ဖျက်ပစ် ကာ ဆိုရှယ်လစ်စနစ် ထူထောင်ရမယ်ဆိုတာ မော်စကိုလိုင်းဖြစ်တယ်။ ဒါ ဟာ စက်မှုထွန်းကားတဲ့ အရင်းရှင်နိုင်ငံများအဖို့တော့ မှန်ပါလိမ့်မယ်။ တရုတ်ပြည်လို လူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက လယ်သမားဖြစ်နေတဲ့ ပဒေသရာဇ်တစ်ပိုင်း ကိုလိုနီတစ်ပိုင်း နိုင်ငံများမှာတော့ အဲဒီလိုသွားလို့ မရဘူး။ ဆိုရှယ်လစ်စနစ် မထူထောင်ခင် ပြည်သူ့ဒီမိုကရေစီ ထူထောင် ရမယ်၊ အလုပ်သမား လူတန်းစားက လယ်သမား လူတန်းစားနဲ့ ပူးပေါင်းကာ အမျိုးသားအရင်းရှင် အလတ်တန်းစားတို့နဲ့ မဟာမိတ် ဖွဲ့ရမယ်၊ တိုက် မပစ်ရဘူး။ ကွန်ပရာဒိုလို့ခေါ်တဲ့ နယ်ချဲ့ လက်ဝေခံ အရင်းရှင်ကိုသာ တိုက် ထုတ်ရမယ်ဆိုတာက တရုတ်လိုင်း။
“ဓားတောင်”ဝတ္ထုထဲမှာက သံချောင်းဟာ အလုပ်သမားလူတန်းစားကို ကိုယ်စားပြုတယ်ဆိုရင် ဦးဘရန်က အမျိုးသားအရင်းရှင်ကို ကိုယ်စားပြု တယ်။ သူတို့မဟာမိတ်ဖွဲ့ရမယ်။ လူလတ်တန်းစား ကိုနန္ဒာနဲ့လည်း မဟာ မိတ်ဖွဲ့ ရမှာပဲ။ အဲသလို မဟာမိတ်ဖွဲ့ပြီး တော်လှန်ရေးကို ဆင်နွှဲရမှာဖြစ် တယ်။ ခုတော့ သံချောင်းတို့က ဦးဘရန်ကို ရန်သူကြီးလိုသဘောထားပြီး တိုက်ခိုက်ကြတာဟာ နိုင်ငံရေးအရ မှားတယ်။ အရင်းရှင်မှန်သမျှ တိုက်ဆို တဲ့ ကလေးကလား ဆိုရှယ်လစ်အယူအဆဖြစ်တယ်။
နောက်နေ့ ၃၃ လမ်းမှာ ကိုမြသန်းတင့်နဲ့ ဆုံကြတော့ “ခင်ဗျား ဝတ္ထု တော့ ပြောစရာတွေရှိနေပြီ” လို့ ပြောမိတယ်။ “ပြောပါဗျာ၊ ကျွန်တော်က လည်း ပြောစေချင်တယ်”တဲ့ သူက။ “အခုလို လက်ဖက်ရည်ဆိုင်မှာ တစ် ထိုင်တည်း ပြောလို့တော့ မရဘူးဗျာ။ ကျွန်တော်စာရွက်ပေါ် ချရေးထားလိုက်မယ်။ ဒါမှ စုံစုံလင်လင်ဖြစ်မယ်” “ကောင်းသားပဲ၊ ကျွန်တော် ခင်ဗျာ အခန်းလာခဲ့မယ်” မျက်နှာချင်းဆိုင် တောင်ဘက်တန်းက ဆက်တီမှာထိုင် ရင်း နောက်ရက်တစ်ရက်ရက်လားမသိ ချိန်းလိုက်ကြတယ်။
ချိန်းလိုက်တဲ့နေ့မှာ နေ့လယ်မှာ သူရောက်လာပါတယ်။ ကျွန်တော်က ကျွန်တော်ရေးထားတဲ့ စာရွက်လေးတွေကို ထုတ်ပေးလိုက်ပါတယ်။ သူ ကျွန်တော့်ဧည့်ခန်းက မြောက်ဘက်တန်းဆက်တီပေါ်ထိုင်တဲ့ကာ စာရွက် လေးတွေ တစ်ခုပြီးတစ်ခုဖတ်ရင်း ခေါင်းကိုယမ်းကာ ပါးစပ်ကလည်း “မဟုတ်သေးဘူး-မဟုတ်သေးဘူး” ရေရွတ်နေတာကို ကျွန်တော် ပြုံးကြည့် နေမိတယ်။
ဖတ်ပြီးသွားတဲ့အခါမှာတော့ သူတော်တော့်ကို မျက်စိမျက်နှာပျက်နေ တာကို တွေ့ရတယ်။ “ဒါက ခင်ဗျားတို့အမြင်၊ ခင်ဗျားတို့ ပြောစရာပေါ့ ဟုတ်လား။ ကျွန်တော့်ဘက်ကလည်း ပြောစရာတွေရှိပါတယ်” စသဖြင့် သူပြောပါတယ်။ မှတ်မှတ်ရရ ဖြစ်နေတာကတော့ အဲဒီနေ့က ကျွန်တော် တို့ သိပ်စကားများများ မပြောဖြစ်ခဲ့ဘူး။ ကျွန်တော်လည်း ခါတိုင်းလို သူ့ နောက်ကနေ ရွှေကြည်အေးလက်ဖက်ရည်ဆိုင်ကို လိုက်မသွားမိဘူး။
ဒါ ၁၉၇၃ ခုနှစ် “ဓားတောင်” ဝတ္ထုထွက်ခါစက မြသန်းတင့်ကို ကျွန် တော်ဝေဖန်ခဲ့ပုံပါ။ စာပေဝေဖန်ရေးတော့မဟုတ်။ နိုင်ငံရေးကဲတဲ့ ဝေဖန်မှု မျိုးပါ။ ၁၉၇၃ မှာပဲ လုပ်ဖြစ်တဲ့ ဝေဖန်ရေးနောက်တစ်ခုကလည်း စာပေ သက်သက်လို့ မဆိုနိုင်။ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဝေဖန်ရေးပါ။
၁၉၇၂ ကပ် လင်းယုန်မောင်မောင် ဦးစီးပြီး စာရေးဆရာတစ်စုရဲ့ ယနေ့ “မြန်မာစာပေရှုခင်း” ဆိုတဲ့ စာစဉ်ကလေးထွက်လာတယ်။ အမှတ် - ၁ ကို ၁၉၇၂ နိုဝင်ဘာလမှာ ထုတ်တယ်။ လင်းယုန်မောင်မောင်၊ အောင်ဇေ (တော်ဘုရားကလေး)၊ မောင်စွမ်းရည်၊ ဒဂုန်တာရာနဲ့ ကဗျာဆရာတစ်ဦးတို့ရဲ့ အရေးအသားများ ပါဝင်တယ်။ ၁၉၇၃ မတ်လမှာ အမှတ် ၂ ထွက်တယ်။မောင်စွမ်းရည်၊ ပါရဂူ၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ကဗျာ ဆရာတစ်ဦးနဲ့ ကျွန်တော်ပါဝင်ရေးသားကြတယ်။
မလင်းပြာနဲ့ ကျွန်တော်
မလင်းပြာဆိုတာ ငယ်နုစဉ်က ကျွန်တော် ဘာလိုလို ဖြစ်ခဲ့ဖူးတဲ့ မိန်း ကလေးတစ်ဦးကို ကျွန်တော်က ကိုယ့်ဘာသာကြိတ်ပြီး တစ်ဦးတည်း ပေး ခဲ့တဲ့အမည်ပါ။ သူက သိမှာ မဟုတ်ပါဘူး။ သူ့ဟန်ပန်က တခြားသူ့အရွယ် မိန်းကလေးတွေနဲ့မတူ၊ သွက်သွက်လက်လက် ချက်ချက်ချာချာ မရှိဘူး။ ငြိမ်ကုပ်ကုပ် အေးအေးဆေးဆေးနေတတ်သူလေးမို့ ငြိမ်ဝပ်နေတတ်တဲ့ ချိုး လင်းပြာမလေးနဲ့ တူသလေဆိုပြီး ကျွန်တော်က ဒီနာမည် ပေးခဲ့တာပါ။ သူက တက္ကသိုလ်မှာ Queenလို့ မဖြစ်လာသော်လည်း ရုပ်ရည်အထိုက် အလျောက် ရှိသမို့ ပိုးတဲ့ ပန်းတဲ့သူတွေရှိတယ်။ ကျွန်တော်က ရင်းနှီးဖို့ ကြိုးစားလာလိုက်တာ တော်တော်လေးနီးစပ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် ကောက်ချက်ချနေချိန်၊ တခြားတစ်ဦးကို ပါစားပေးနေသလို တွေ့လာရတော့ ကျွန်တော် အသည်းကွဲသွားတယ်။ ပြီး
အခုနေ ပြန်စဉ်းစားကြည့်လိုက်တော့ ရယ်စရာတော့ အကောင်းသား။ သမီး ရည်းစားမှ မဟုတ်သေးဘဲနဲ့။ မိန်းကလေးတစ်ဦးဟာ သူကြိုက်ချင် သူကို ကြိုက်မှာပေါ့။ ကိုယ်ကသာ ခံစားရတာ။ သူက ကိုယ်နဲ့ ဘာဆိုင်လို့