Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်သာနိုး - မဟာစိန့်တိုင်းခရီး

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type
အခန်း []
ဆုံးဖြတ်ချက်

          ကျုပ်အိမ်ရာထောင်တဲ့ လူ့ဘဝက ခတ္တမန္ဒမြို့ လေးပြင်လေးရပ် မှာ ကျင်းပလေ့ရှိတဲ့ ဘာသာရေးပုံပြင် ဟောပြောပွဲတွေ တက်ရ တာကို အကြီးအကျယ် စိတ်အားထက်သန်ခဲ့တယ်။ ဝဇီရာစရိယ တို့၊ ဗြဟ္မဏပဏ္ဍိတ်တို့ ဟောကြ၊ ပြောကြတဲ့ ပုံပြင်တွေကို ကျုပ် မကြွင်းမကျန် အကုန်သိတာ။ ဝိကြမ သက္ကရာဇ် ၁၉၇၀ (ခရစ် ၁၉၁၃) က အရောင်းအဝယ်ကိစ္စနဲ့ ကာလကတ္တားကို သွားရတဲ့ အခါ လင်္ကာကလူတွေကို တွေ့ရတော့ ကျုပ်မှာ လင်္ကာမှာ လူနေ တယ်ဆိုတာကို မယုံနိုင်ဘူး။ ရာမယဏဇာတ် ဟောပြောပွဲတွေမှာ က လင်္ကာဆိုတာ ဘီလူးတွေနေတဲ့ တိုင်းပြည်လို့ပဲ ပြောကြတာ ကိုး။ အနာဂါရိက ဓမ္မပါလ တည်ထောင်တဲ့ ‘ကောလိပ်ရင်ပြင်” က ဓမ္မရာဇိက ဝိဟာရရောက်တော့လည်း ဓမ္မပါလဟာ လင်္ကာ နိုင်ငံသား ဖြစ်တဲ့အကြောင်း၊ လင်္ကာမှာ ဘီလူးတွေမဟုတ်၊ လူတွေ နေကြတာဖြစ်ကြောင်း သိရပြန်တော့ အလွန်အမင်း အံ့အားသင့်ရ ပြန်တယ်။ ဒါပေမဲ့ ဘာသာရေး ပုံပြောဆရာတွေ ပေးထားတဲ့အရှိန်က ပြင်းပြလွန်းသမို့ အစွဲကိုချွတ်ဖို့ ကျုပ်မှာ အခက်ကြုံရ တော့တယ်။

          အဲဒီနောက်တော့ ဝိကြမနှစ် ၁၉၇၃ (ခရစ် ၁၉၁၆)မှာ လာဆာရောက်တော့လည်း တိဗက်လူမျိုးတွေနဲ့ တွေ့တဲ့အခါ ဂျမ်ဗဲယမ် (မဟာမသျှရီ)ကို ဖူးတွေ့ကြရပြီး ပန်ချရှိရရှတောင် “ရိပုချဝဂ်” က ပြန်လာခဲ့ကြကြောင်း ပြောကြတော့ အလားတူ အံ့သြရပြန်တယ်။ နောက်ထပ် သုံးလေးယောက်က အဲသလို ပြော ကြတာတောင်မှ ကျုပ်က တကယ်မယုံနိုင်ဘူး။ ဒါပေမဲ့ အခြား လူများပါ ထပ်ကာထပ်ကာ ပြောလာကြတော့လည်း သာသနိက ဒေသတွေသွားပြီး မဟာမဉ္ဇူသျှရီကို ဖူးမြင်ရရေး ကြိုးစားဖို့ သင့် တယ်လို့ တွေးမိလာတယ်။

          လာဆာမှာ နှစ်နှစ်နေပြီးနောက် ကျုပ် နီပေါလ်ကို ပြန်ခဲ့ တယ်။ ကျုပ် နောက်တစ်ချီ လာဆာကိုသွားတော့ ကျုပ်ရဲ့ ရှစ်နှစ် အရွယ်သားကလေး ဂဇရတနကိုပါ ခေါ်သွားတယ်။ ကျုပ်လုပ်ငန်း က ကာလကတ္တား၊ ဖာရီနဲ့ လာဆာအမြဲ ကူးသန်းသွားလာနေရ တာ။ ဂဇရတနက တော်တော်ဆိုးတယ်။ ဒါကြောင့် သွားလေရာ ခေါ်သွားရတယ်။ နောက်ဆုံးမှာတော့ သူ့ကို ဗာရာဏသီ ဗဟိုကျောင်းကြီး ဝင်ခွင့်ရရေး လုပ်ရတယ်။ သူ့စရိတ်တစ်လ ရူပီးငွေ ၃ဝ ပို့ပေးရတယ်။ သုံးနှစ် သင်တန်းတက်လိုက်ပြီးနောက် ချာတိတ် အများကြီး ပြောင်းလဲသွားတာ တွေ့ရတယ်။ ဂဇရတနကို နီပေါလ် ပြန်ခေါ်လာတဲ့အခါ သူအများကြီးပြောင်းလဲသွားတာကိုလူအများ အံ့သြကြရတယ်။ ဒီတော့မှ ပညာရေးတို့၊ သင်တန်းတို့ဆိုတာ ကောင်းကျိုးပြုမြဲပါလားလို့ ကျုပ်ကောက်ချက်ချမိပါရဲ့။

          ဝိကြမနှစ် ၁၉၁၁ (ခရစ် ၁၈၅၄) မှာ ကျုပ်ဟာ သားနဲ့အတူ လာဆာကနေ နီပေါလ်ကို ပြန်လာခဲ့တယ်။ ခတ္တမန္ဒမှာ အိမ်ရာထောင်သူတွေနဲ့ ထုံးစံအတိုင်း တစ်ပြုံတစ်မကြီး နေရတာ ကျုပ် စိတ်သဘာဝနဲ့ မကိုက်လေတော့ သုံးလေးလနေတော့ သားနဲ့အတူ ကိန္ဒာလဝိဟာရကို လာနေမိတယ်။ ကျုပ်သား အငယ်ဆုံးကောင် ကတော့ မွေးကင်းစကတည်းက သူ့အဘွားဆီမှာ နေခဲ့တာမို့ ခုထိ အဲဒီမှာပဲ နေကျန်ရစ်ခဲ့တယ်။

          ကိန္ဒာလ ဝိဟာရကျောင်း)မှာ ပြင်ဆင်တဲ့လုပ်ငန်းက မပြီး သေးဘူး။ ဒါနဲ့ ကျုပ်လည်း ကိုယ်တတ်နိုင်သလောက် ကြမ်းခင်း ရေးမှာ လုပ်အားပေးရင်း စိတ်ပါလက်ပါ အလုပ်ကို ကြီးကြပ် နေခဲ့တော့တယ်။ ဂဇရတနကတော့ သျှရီဃဟဝိဟာရ အနီး သျှရီဂျော့ဂဗီရ သီဟဆာဟု ပိုင်တဲ့ ရက်ကန်းစက်ရုံမှာ အလုပ်လုပ် နေတယ်။ ကိန္ဒာလ ဝိဟာရမှာ ကျုပ်ဟာ တစ်ယောက်တည်း အဋိသာဟသိကာ-ပညာပါရမိတာစတဲ့ စာတွေကို ရွတ်လေ့ရှိ တယ်။ တစ်နှစ်တာ အချိန်ပိုင်းမှာ ကျောမိကသကျရဟန်း ဝမ်းရောဂါနဲ့ ပျံတော်မူပါရော။ ဂဇရတနဟာ အခြားလူဆီက သာမန် မမျှော်လင့်နိုင်တဲ့ စိတ်စေတနာနဲ့ ဘုန်းကြီးကို ပြုစုနေတာကို ကြည့်ပြီး ဒီသူငယ်ကို ဗာရာဏသီကို ကျောင်းအိပ် ကျောင်းစား သာမပို့ခဲ့မိရင် ခုလိုစိတ်မျိုး သတ္တိမျိုး မြင်တွေ့ ရမှာ မဟုတ်ဘူးလို့ ကျုပ်တွေးမိတယ်။ ဒီကိစ္စတင် မဟုတ်ပါဘူး။ သူ့ကို ခိုင်းလိုက်တဲ့ ကိစ္စမှန်သမျှ အချိန်မီ မှန်မှန်ကန်ကန် လုပ်တာချည်း၊ သူ့ကို ခိုင်း တာကို ငြင်းဖို့ သူနားမလည်ဘူး။

          ကိန္ဒာလ ဝိဟာရမှာ ရဟန်းမရှိတော့သမို့ နမောဗုဒ္ဓသာမပို့ခဲ့တယ်။ ဒီကိစ္စကန်ကန် လုပ်ထားကျောင်းမှာ သီတင်းသုံးနေတဲ့ ဘတ်ဂေါန်က နီပေါလ်ဘုန်းကြီး ဘိက္ခုမ ဟဌကို ကိန္မာလကျောင်းထိုင်ဖို့ ပင့်ရတယ်။ ဂုရုသျှရီ ရှာရပ ေရရွဲကို ဒုကပလူမျိုးတွေက ခေတ္တမန္ဒူက သယမ္ဘူစေတီ ကို ပြုပြင်ဖို့ အလှူငွေများ အပ်နှံထားကြပြီး ဒုကပလာမာ (တိဗက် ဘုန်းကြီး) ကတော့ ကေရုကုတိမှာနဲ့ ဟေလမ္ဗူမှာ ညုနေဝရတ (အကျင့်) ဝါဒဖြန့်နေတယ်။ ညနေ ဝရတဆိုတာ ပထမနေ့မှာ အစာ တစ်ကြိမ်သာစားပြီး ကျင့်ရကာ ဒုတိယနေ့မှာ ခံတွင်းမှာ ပေါ်လာတဲ့ တံတွေးကိုတောင် မျိုမချရ၊ ထွေးပစ်ရပြီး ဘယ်သူနဲ့မှ စကားမပြောမဆို “ဝစီပိတ်” ကျင့်ရတာပါ။ နေမထွက်ခင် အိပ်ရာ ကထရကာ ဒသသီလခံယူပြီး နေ့ည ၂၄ နာရီ အဝလောကီ တေဿရ (လောကနတ်)ကို ရှိခိုးကာ ဂါထာတွေ၊ မန္တရားတွေ ရွတ်ဖတ်လိုက်၊ ဦးချဝတ်တွားလိုက် လုပ်ရတယ်။ ဘိက္ခုမဟဌ ဟာ ဒုကပလာမာရဲ့ သားဖြစ်တဲ့အတိုင်း ပုဏ္ဏမာ (လပြည့်)၊ အမာဝသ (လကွယ်)၊ အဌမီ (ရှစ်ရက်နေ့)များမှာ ညနေဝရတ အကျင့်ကိုကျင့်ကာ အများပြည်သူကိုလည်း သူ့လိုကျင့်ဖို့ ဝါဒဖြန့် နေပါတယ်။

 

ရာဟုလဂျီး

          ကျုပ်တို့ လည်း အဲဒီအချိန်က ညနေဝရတအတွက် စီစဉ်ရင်း အလုပ်များနေကြတယ်။ ဒုကမ ရမ်ပေါချေ (ဒု ကပဒေသရဲ့ သာသနာပိုင်) လာမာသျှရီရှဲရပ တေရဂူကလည်း ခတ္တမန္ဒအနီး ခတ္တိမဟာဗုဒ္ဓ(ကျောင်း)မှာ နေထိုင် သီတင်းသုံးလျက် ရှိပါတယ်။ မဟာပဏ္ဍိတ်ရာဟုလ သံကိစ္စည်းလည်း အဲဒီတုန်းက ဆွာမိရာမောဒရ်ဒဆဲဆိုတဲ့ အမည်နဲ့ ခတ္တမန္ဒုလ မဟာသီဝရတီပွဲတော်ကို ကြည့်ဖို့ ရောက်နေပါတယ်။ သူက လာဆာသွားမယ့် လူတွေကို ရှာနေတာ၊ ဒီလိုရှာရင်းနဲ့ ဒုကပသာသနာပိုင် သျှရီရဲရပေရဂျုံ လာမာဂျီးနဲ့ သွားတိုးပါရော။ ရာဟုလဂျီးက မိမိ လိုအင်ဆန္ဒကို ဒုကပလာမာဂျီးကို တင်ပြတော့ လာမာဂျီးက ပဏ္ဍိတ်တစ်ဦး ဖြစ် ပေတယ်လို့ ထောက်ထားကာ လာဆာကို ပို့ပေးမယ်လို့ ကတိပေး လိုက်တယ်။ ဒါနဲ့ ရာဟုလဂျီးဟာ လာမာဂျီးနဲ့ အတူ နေပါတော့ တယ်။ သီဝရတြိပွဲတော်ပြီးလို့ တစ်လကြာသွားတဲ့အခါ ခတ္တမန္ဒုရဲ တွေဟာ အိန္ဒိယလူမျိုးတွေကို အိန္ဒိယနိုင်ငံ ပြန်ဖို့ နှင်ထုတ်နေတယ်။ လာမာဂျီးက ဒီဗရုတ်ဗရက်ထဲ မပါရလေအောင် ရာဟုလဂျီးကို လျှို့ဝှက် နေစရာပေးကာ အစားအသောက်ပါ စီစဉ်ပေးတယ်။ တစ်ခါတော့ ဒုကပလာမာဂျီးကို ကိန္ဒောဝိဟာရက ပုဂ္ဂိုလ်များက လူတွေကို ညနေဝရတ သင်ပြပေးဖို့ ဖိတ်ကြားတယ်။ ရာဟုလဂျီး လည်း လာမာဂျီးနဲ့ အတူ ကိန္ဒာလ ဝိဟာရကို လိုက်လာတယ်။ ကိန္ဒာလဝိဟာရမှာပဲ ကျုပ် ရာဟုလဂျီးကို ပထမဆုံး တွေ့ ဖူးတာ ပါပဲ။

          ရာဟုလဂျီးကို တွေ့ပြီးနောက် သူ့အကြောင်း အလုံးစုံကို ညမှာ ကျုပ်သိရတော့တယ်။ အရင်က ကျုပ် သူ့ကို ရာဟုလိုမှန်း မသိခဲ့ဘူး။ ဆွာမိရာမောဒရ်ဒဆဲဆိုတဲ့ ဟိန္ဒူပညာရှိကြီးလို့သာ သိခဲ့တာ။ သူနဲ့ သုံးလေးရက် ဆွေးနွေးလိုက်တော့မှ ရာဟုလဂျီးက လာဆာက ကန်ဂျူးရ်နဲ့ တန်ဂျူးရ်ကို ဆောင်ကြဉ်းပြီး နာလန္ဒ တက္ကသိုလ် ပြန်လည်ထူထောင်ပြီးတဲ့နောက် တက္ကသိုလ် စာကြည့် တိုက်မှာ ထိန်းသိမ်းထားချင်တယ်ဆိုတာကို ကျုပ် သိရတော့တယ်။

ဘူး။ ဒီရှေးဟောင်းပစ္စည်းကြီးအကြောင်း သိရပြီးတဲ့နောက် ကျုပ် ရာဟုလိုကို လေးစားခြင်းကြီးမက လေးစားသွားမိကာ ကျုပ် တတ်စွမ်းသမျှ သူ့ကိစ္စ အားသွန်ခွန်စိုက် ရွက်ဆောင်ပေးမိပါ တယ်။ သူ အကြောက်ဆုံးကတော့ လာဆာကို မသွားနိုင်မီ နီပေါလ်ရဲက အချိန်မရွေး ရောက်လာပြီး နီပေါလ်ပြည် ပြင်ပကို အမိန့်ဝရမ်းနဲ့ နှင်ထုတ်နိုင်တဲ့ အချက်ပါပဲ။ ဒါကြောင့် သူ့ခမျာ အဲဒီကလူတွေနဲ့ ထွက်မတွေ့ဘဲ အခန်းထဲ တံခါးပိတ်နေရတယ်။ ဒီလိုနေတာတောင်မှ မကြာခဏဆိုသလို လူတွေကလည်း သူ့ကို တွေ့ဖို့ တန်းစီပြီး ကြိတ်ကြိတ်တိုး ဖြစ်နေတတ်ပါတော့တယ်။ လာမာဂျီးကလည်း ကိစ္စမျိုးစုံတွေနဲ့ ကြုံဆုံနေလိုက်တာ တစ်လ စေ့ပြီးနောက်တောင် ခတ္တမန္ဒူကခွာဖို့ ခပ်ခက်ခက် ဖြစ်နေပေါ့ ။ ဒီတွင် ရာဟုလိုလည်း အလွန်စိုးရိမ်ပူပန်ကာ လာမာဂျီး မထွက် ခွာမချင်း မိမိကို ဘယ်သူမှ ခြေရာမခံနိုင်မယ့် အလျှို့ဝှက်ဆုံး အခြားတစ်နေရာမှာထားပေးဖို့ တောင်းပန်တော့တယ်။

          တစ်နေ့တော့ ကျုပ် အလျှို့ဝှက်ဆုံးနေရာ ရှာလို့တွေ့သမို့ သူ့ကို အဲဒီမှာ ခိုလှုံစေပါတယ်။ ဂဇရတနက မနက်နဲ့ည သူ့ဆီ စားစရာ သွားပို့ရတယ်။ သူတို့ ဘာတွေပြောကြသလဲ ကျုပ်မသိ။ ဒီလိုပုံနဲ့ ၁၅ ရက်၊ အရက် ၂၀ နေလာလိုက်တော့ ရာဟုလို ဖျားပါလေရော။ သူ ကျုပ်ကိုခေါ်ပြီး ဒီလိုသာ ဆက်နေရင်တော့ သူမုချသေရမှာပဲ၊ လာမာဂျီးကလည်း လာဆာကို ခုထိ ခရီးမစသေး ဘဲကိုး။ ဘယ်တော့ ခရီးစမလဲ၊ ဘယ်လမ်းက သွားမလဲ၊ လာမာဂျီး ကို နောက်ဆုံးမေးပေးပါလို့ ပြောတော့တယ်။ ကျုပ်လည်း လာမာဂျီးကို ချဉ်းကပ်ပြီး မေးရပါတယ်။ သူက တစ်ပတ်အကြာဒီနေ့မှာထွက်ဖို့အကြံပေးပါတယ်။ သူရွေးတဲ့လမ်းကတော့ ဟေလမ္ဗူ ကဖြတ်တဲ့လမ်းပါ။

          ကျုပ် ဒီအကြောင်း ရာဟုလဂျီးကို ပြောပြတော့ ခေါင်းငိုက် စိုက်ကျ မျက်လုံးတွေ အောက်စိုက်ကြည့်လို့ စိတ်အပျက်ကြီးပျက်ကာ မှိုင်တွေချနေတော့တယ်။ သူ့ကို ဒီလိုပုံမြင်ရတော့ ကျုပ် စိုးရိမ် မိတယ်။ ဒါနဲ့ ထုတ်ပြောလိုက်ရတယ်။ “ဆရာကြီး ဒီမှာ အင်မတန် မှ အဆင်မပြေ စိတ်ဆင်းရဲ ဖြစ်ရတယ်ဆိုရင် ဟေလပ္စုကို သွားနှင့် ကြပြီး လာမာဂျီးရောက်တဲ့ထိ စောင့်ကြစို့လား။ အဲဒီမှာ ကျွန်တော့် အသိအကျွမ်းတွေလည်း ရှိပါတယ်” လို့။ ဒါကို ရာဟုလို သဘော တူတယ်။ ကျုပ်လည်း ဟေလကို ခရီးထွက်ဖို့ ပြင်ရဆင်ရ ပါတော့တယ်။ နောက်နှစ်ရက်နေတော့ ကျုပ်ဟာ သူနဲ့ အတူ ဟေလမ္ဗူကို ခရီးနှင်ခဲ့ပေါ့ ။

          ကျုပ်တို့ သုန္ဒရီဇာလ် ရောက်တော့ သူ့ဖိနပ်က မာလွန်းသမို့ သူ့ခြေတွေ သွေးထွက်ကုန်တယ်။ ခြေကျိုးကြီးလို ခက်ခက်ခဲခဲနဲ့ ခြေလှမ်းနေတာ မြင်ရတော့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး နားကြရ တယ်။ တောင်ရဲ့ မြင့်မားတဲ့ အထွတ်ဆီ ဘယ်လိုလုပ် တက်ရမလဲ ဆိုတာ ကျုပ်တို့အဖို့ ပြဿနာပါပဲ။ ကူလီတစ်ယောက်လောက် ရနိုင်မယ်ဆိုရင်တော့ သူ့ကို တောင်ပေါ် ထမ်းပို့ပေးနိုင်မှာ ဖြစ် တယ်။ ဒီစိတ်ကူးနဲ့ ကျုပ် ကူလီထွက်ရှာတယ်။ ကံကောင်းချင်တော့ ထောင်ထောင်မောင်းမောင်း သန်သန်မာမာ တာမန်းကူလီ တစ် ယောက် သွားတွေ့တယ်။ သူ့ဆီချဉ်းကပ်ပြီး လူတစ်ယောက်ကို ဟေလထိ ထမ်းပို့ပေးနိုင်မလား မေးကြည့်တယ်။ သူက ဘယ်လောက်ပေးမလဲတဲ့။ သူကိုယ်တိုင်ကပဲ တစ်နေ့ ထမင်းနှစ်နပ်နဲ့ တစ်ရူပီးနဲ့ လုပ်မယ်လို့ ပြောပါတယ်။ ကျုပ်ပေးမယ်လို့ သဘောတူလိုက်တယ်။ သူ ကျောပိုးထမ်းရမယ့် လူကောလို့မေးတော့ ရာဟုလဂျီးကို လက်ညှိုးထိုးပြလိုက်တယ်။ ရာဟုလက သိပ် ဝတာ၊ ဒါပေမဲ့ သူတောင်းတဲ့အတိုင်း ပေးထားတော့ ကူလီက အငြင်းပွား မနေတော့ပါဘူး။ ရာဟုလဂျီးကို ကျောပေါ်ထမ်းကြည့် ပြီး ဟေလမ္ဗူ့ကို လိုက်ပို့မယ်ပြောပါတယ်။ နှစ်ဦးနှစ်ဖက် ကျေနပ် ကြရပေါ့ ။

          ကျုပ်က သူ့ကို ပလိုင်းမယူဘူးလားလို့ မေးမိတယ်။ သူက ဒီလောက်တုတ်ခိုင်တဲ့လူကို ပလိုင်းထဲ ထည့်လို့မဖြစ်ဘူးလို့ ပြော ပါတယ်။ ဖြစ်နိုင်တာတစ်ခုက သစ်သားစ တစ်စယူ၊ ထောင့်တွေ အပေါက်ဖောက်၊ ကြိုးနဲ့ဆွဲ၊ လူကို အဲဒီပေါ် အထိုင်ခိုင်းပြီး ဟေလမ္ဗူကို ထမ်းသွားဖို့ပဲတဲ့။ ဒါနဲ့ ကူလီကြီးကို လိုအပ်တဲ့ပစ္စည်း သွားလုပ်ဖို့ လွှတ်လိုက်တယ်။ အချိန်က မနက် ၈ နာရီ၊ ၉ နာရီ လောက်ရှိပြီ။ ကူလီကြီး ထွက်သွားတော့ ကျုပ်တို့နှစ်ယောက်စလုံး ကျုပ်တို့ထိုင်နေတဲ့ ဆိုင်မှာ နွားနို့ဆန်ပြုတ် သုံးဆောင်လိုက်ကြ တယ်။ ကျုပ်တို့ စားသောက်အပြီး ကူလီကြီးလည်း သူ့ပစ္စည်းနဲ့ ပြန်ရောက်လာတယ်။

          မနက် ၁၁ နာရီမှာ သူ ရာဟုလဂျီးကို သူ့ကျောမှာ ထမ်းပိုး ကာ သုန္ဒရီဇာလတောင်ကို စတင်တက်ပါတော့တယ်။ ညနေ ရောက်တော့ တနှမနပသာကို ရောက်လာကြတယ်။ အဲဒီဆိုင်မှာ ညအိပ်ကြတယ်။ နောက်နေ့ မနက်လင်းအားကြီးမှာ ခရီးကို ဆက် ကြပြန်ကာ ညကျတော့ အိမ်တစ်အိမ်မှာ တည်းကြတယ်။ နောက် နေ့မနက် အစောကြီး ထွက်ကြတယ်။ မနက် ၉ နာရီ၊ ၁ဝ နာရီလောက်မှာ ဖောလမ္ဗူမှာ ဓမ်ဒူအတ်တရကျောချန်လို့ခေါ်တဲ့ တိဗက် လူမျိုးတစ်ယောက်ရဲ့ အိမ်ကို ရောက်ကြတယ်။ အဲဒီမှာ ကူလီကြီး ကို ပိုက်ဆံချေကာ ဘောက်ဆူးအဖြစ် တစ်ရူပီးပေးလိုက်တော့ သူ့ခမျာ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပြန်သွားလေရဲ့။

          နေ့လယ်စာစားပြီးတဲ့နောက် ကျုပ်တို့နဲ့ အင်မတန် ရင်းနှီးတဲ့ ဓမ်ဒူရ်ကို ရာဟုလဂျီးအကြောင်း ပြောပြတယ်။ ရဲရပ ေရယ် လာမာဂျီးတိဗက်အသွား ဒီကိုရောက်လာတဲ့အထိ ဒီက အိန္ဒိယ ပညာရှင်ကြီးကို အစစအရာရာ စောင့်ရှောက်ဖို့၊ တကယ်လို့ အကြောင်း မညီညွတ်လို့ ဒုကပလာမာ မရောက်လာရင်လည်း ရာဟုလိုကို ညာလံကတိထိ ပို့ပေးဖို့။ ဒုကပလာမာ ဒီကိုရောက် လာရင်တော့လည်း ရာဟုလိုကို ညာလံကုတိထိ ပို့စရာမလို ဘူး။ သူနဲ့ပဲ ရာဟုလဂျီးကို ထည့်ပေးလိုက်ရုံပေါ့။ ဒီလိုနဲ့ ရာဟုလို ကို သူ့လက်ထဲအပ်ခဲ့ပြီးနောက် နောက်နေ့ ကျုပ်ခတ္တမန္ဒကို ပြန်ခဲ့ တယ်။ လမ်းမှာ ဒုကပလာမာဂျီးရဲ့ တပည့်တပန်းတွေ သီလရှင် တွေ ဟေလမ္ဗူကို သွားနေကြတာ တွေ့ရတယ်။ ရာဟုလဂျီးကို ဟေလမ္ဗူမှာ ထားခဲ့ကြောင်း သူတို့ကို ကျုပ် ပြောပြလိုက်တယ်။ တရိုတသေ တလေးတစားနဲ့ သူ့ကို တိဗက်ခေါ်သွားကြပါလို့ ။ ဒီလိုနဲ့ ကျုပ်သူတို့နဲ့ခွဲပြီး တတိယမြောက်နေ့မှာ ကိန္ဒာလ ဝိဟာရ ကို ပြန်ရောက်တယ်။ ဒုကပလာမာကို အကြောင်းစုံ ပြောပြ လိုက်တယ်။

          ရာဟုလဂျီးကို ဟေလမ္ဗူထိ လိုက်ပို့ခဲ့ပြီးနောက် ကျုပ်တို့ ဟာ ကိန္ဒာလဝိဟာရမှာ ညနေဝရတ အကျင့်ကို သင်ကြားရင်း ဆက်နေခဲ့ကြတယ်။ တစ်နှစ် ကြာသွားပြီးနောက်မှာ ညုနေဝရတ