Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်သာနိုး၊ဇော်ဇော်အောင်၊သစ္စာနီ - မြန်မာစာပေမော်ဒန်ပြသာနာဆွေးနွေးပွဲ

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍

စာပေ၊ ပန်းချီ စသည့် ဖန်တီးမှုအနုပညာများ ဆိုသည်မှာ သူ့အမည်နာမက ဖော်ညွှန်းသည့်အတိုင်း တီထွင်ဖန်တီးရသော အလုပ်များဖြစ်သည်။

ဖန်တီးမှု၊ တီထွင်မှု ထိုမှ ဖြစ်ပေါ်လာသော သစ် ဆန်းမှု” (အတွေးသစ်ဆန်းမှု၊ အရေးသစ်ဆန်းမှု စသည်များ)ကြောင့် စိတ်ဝင်စားဖွယ်၊ စွဲလမ်းနှစ်သက် ဖွယ် ဖြစ်ရသည်။

ဖန်တီးတီထွင်မှု အားကောင်းလျှင် သြဇာကြီး သည်။ အားကောင်းသူတစ်ဦး၊ သို့မဟုတ် တစ်စု၏ အားအရှိန် သြဇာတို့ဖြင့် အနုပညာ ခေတ်များ ဖြစ်ပေါ် သည်။

ခေတ်တစ်ခုသည် အချိန်ကာလတစ်ခုသို့ရောက် သော် သူ၏ သစ်ဆန်းမှု အရှိန်အဟုန် ကုန်ဆုံးသည်။ သူ့ပုံစံ ဖန်တီးမှုများသည် အံ့ဩနှစ်သက်ဖွယ် မဖြစ် တော့။ ရိုက်ခတ်မှု၊ လွှမ်းမိုးမှု မရှိတော့။ တစ်နည်းဆို သော် ခေတ်ကုန်လာသည်။

သည်အချိန်အခါမျိုး၊ သို့မဟုတ် ယင်းမတိုင်မီ ကာလလောက်တွင်ပင် ယင်း၏ ရိုးအီလာသော တွေး ဟန် ရေးဟန်တို့ကို စွန့်ပယ်ကာ မျက်မှောက်ကာလ ပရိသတ်အတွက် ပို၍ လတ်ဆတ်ရှတသော အထိ အတွေ့ ကိုပေးမည့် အတွေးသစ် အရေးသစ်သမားများ ပေါ်လာတတ်သည်။

ခေတ်သစ်တစ်ခု အစပျိုးလာခြင်းဖြစ်သည်။

စာပေအနုပညာသမိုင်းကို ကြည့်လျှင် အစဉ်ဆန်း သစ် တီထွင်ပြောင်းလဲနေသော သဘောကို မြင်ရတတ် သည်။

များသောအားဖြင့်ကား ပြောင်းလဲမှုသည် တရွေ့ ရွေ့။ အဟောင်းထဲတွင် အသစ်တို့ အစဉ်မပြတ် စိမ့်ဝင် လဲလှယ် နေရာယူသွားခြင်းမျိုး ဖြစ်သည်။ အဟောင်း အသစ် ပဋိပက္ခ မကြီးမား။

သို့သော် တစ်ခါတစ်ရံ၌မူ တစ်ချိန်က အရှိန်ကြီး ခဲ့သော အဟောင်းထုသည် အသစ်ကိုလက်ခံရန် ဝန်

လေးကာ ပြောင်းလဲမှုကို ဆန့်ကျင်နေတတ်ကြသည်။ တစ်ခါတစ်ရံလည်း အဟောင်းတို့ သက်တမ်းမကုန်မီ အသစ်က အတင်းတိုးဝင်ချင်တာမျိုး ရှိတတ်သည်။ သည်အခါမျိုးတွင်မူ အဟောင်းအသစ် တိုက်ခိုက်သည့် အသံဗလံများ ဆူညံသွားတတ်သည်။

မည်သို့ဖြစ်စေ အသစ်သည် တကယ်စစ်မှန်သော ဖန်တီးမှုအသစ်ဖြစ်ပါက အချိန်တန်လျှင် သူ့ခေတ် ကာလ ရောက်ရှိရမည်မှာ သဘာဝဖြစ်သည်။ ။

အနုပညာ ခေတ်သစ်။ ယခင်နှင့် မတူသော ဖန် တီးမှုအသစ်။

အသစ်သမားတို့သည် မိမိတို့ကိုယ်တိုင်၏ ဖန်တီး မှုများနှင့်ပတ်သက်၍ ကြွေးကြော်တတ်၊ ကြေညာတတ်သော သဘောရှိသည်။ မိမိတို့ကိုယ်ကိုလည်း အမည် နာမများ ပေးတတ်ကြသည်။

သို့သော်လည်း ခေတ်အဆက်ဆက် ကမ္ဘာတွင် စာပေ အနုပညာခေတ်သစ် ထူထောင်သူတို့ မိမိတို့ ဘာသာပေးခဲ့ကြသည့် အမည်နာမများက များသောအားဖြင့် ဆင်တူယိုးမှားများသာ ဖြစ်ခဲ့ကြသည်။

Neo-, New, Nouveau, Post-, Modern...... စသဖြင့်။

အဟောင်းမဟုတ်ဘူး၊ အသစ်။ မနေ့ကဟာတွေ၊ အရင်ခေတ်ကဟာတွေ မဟုတ်ဘူး။ ဒီနေ့ဟာ၊ ဒီခေတ် ဟာတွေ ဟူ၍ ပြောဆိုကြေညာသည့် သဘောဖြစ် သည်။

ယနေ့ မြန်မာနိုင်ငံတွင် တစ်နေ့တခြား အသံဗလံ ညီလာနေသည့် မြန်မာစာပေနယ်မှ “မော်ဒန်”သည် ကာ။

သူ့၌ အဟောင်းနှင့် တကယ်ကွဲပြားခြားနားသည့် တီထွင်ဖန်တီးမှုအသစ်များ ရှိသလော။

၎င်းမော်ဒန်သည် မြန်မာစာပေ တိုးတက်ဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်တစ်ခု ဖြစ်သလော။

မော်ဒန်သည် အနာဂတ် မြန်မာစာပေ၏ အဓိက လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သလော။

. အစရှိသည်များကို စူးစမ်းစစ်ကြောကြည့်ရန် နှင့် ယင်းနှင့်စပ်လျဉ်းသည့် ရှုပ်ထွေးပွေလိမ်သော ပြဿနာများကို ရှင်းနိုင်သရွေ့ ရှင်းလင်းပီပြင်စွာ ပုံဖော်ကြည့်နိုင်ရန် ရည်ရွယ်လျက် ယခု 'မြန်မာစာပေ မော်ဒန် ပြဿနာ ဆွေးနွေးပွဲကို မော်ဒန်ကိစ္စ၌ အလေးထားကြ သည့် ဆရာများ အကူအညီဖြင့် စီစဉ်လိုက်ခြင်းဖြစ်ပါ သည်။

ဒီလှိုင်းမဂ္ဂဇင်း-အယ်ဒီတာ

မြန်မာစာပေလောကမှာ မော်ဒန်လို့ဆိုရမယ့် အရေးအသားသစ် တင်ပြပုံအသစ်ဖြစ်တဲ့ ဝတ္ထုတိုတွေ ကဗျာတွေ ဆင့်ကဲပေါက်ဖွားလာကြတယ်။ အဲသလို ပေါ်ပေါက်လာတာကို အဟောင်းကို ဖက်တွယ်ထားချင်တဲ့ အစဉ်အလာသမားတွေက မကျေနပ်ဘူး။ အရပ်စကားနဲ့ပြောရရင် မျက်စိစပါးမွေးစူးတယ်ပေါ့။ အဲဒီတော့ (ဝေဖန်သုံးသပ်တယ်ဆိုတာထက်) ဝိုင်းပြီး ကဲ့ရဲ့ပြစ်တင်စကား ဆိုကြတယ်။ ဥပမာ သူတို့ ရေလဲသုံးလေ့ရှိတာက သရုပ်ပျက်တွေ၊ အရူးချီးပန်းတွေ စသဖြင့်ပေါ့လေ။ မော်ဒန်ပန်းချီနဲ့ မော်ဒန် (စတီရီယိုသီချင်း)ဟာလည်း စတင်ပေါ်စက ဒီလိုပဲ။ အခုတော့ ဒီနှစ်ခုလုံးဟာ ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ မြန်မာမော်ဒန်ပန်းချီဆိုရင် ကမ္ဘာကိုတောင် ခြေဆန့် နေရာယူနိုင်ပြီ။ အသစ်သမားတွေကလည်း ပထမတော့ ခုခံကာကွယ်ရုံ ကာကွယ်တယ်။ နောက်တော့ အဟောင်းသမားတွေကို ဆန့်ကျင်တိုက်ခိုက်လာတော့တယ်။ အပြန်အလှန် ဆန့်ကျင်တိုက်ခိုက်နေကြတာတွေဟာ အချိန်ကုန်လူပန်းဖြစ်တာ အဖတ်တင်နိုင်တယ်။ တကယ်တမ်းကတော့ ကိုယ့်အလုပ်ကိုယ် လေးလေး မြတ်မြတ်နဲ့ ယုံယုံကြည်ကြည် လုပ်ကြဖို့ပဲ ရှိတယ်။ မလိုအပ်တဲ့ အရာကို အချိန်ကာလ(သမိုင်း)က ဖယ်ရှားသွားပါလိမ့်မယ်။ -သစ္စာနီ၏ဆွေးနွေးချက်မှ