Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်သာချို - အနာဂါတ်၀ါကျများ

Regular price 5,500 MMK
Regular price Sale price 5,500 MMK
Sale Sold out

မိန်းမတွေ အမဲလိုက်တဲ့ခေတ်

(တစ်)

လပွတ္တာမြို့နယ်မှာ ကျူရှင်ဆရာတစ်ယောက် ရှိပါသည်။ သူက စက်မှု တက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်။ သို့သော် B.E ဘွဲ့ ကို သူ မရ။ နှစ်တော်တော်ကြီးခါမှ ကျောင်းနှင့်ဝေးသွားခဲ့ရပြီး နောက်တော့မှ စာပေးစာယူဖြင့် သိပ္ပံဘွဲ့ကို ရပါသည်။ သည်တော့ သူ့အသက်မွေးဝမ်းကျောင်းက အင်္ဂလိပ်စာ၊ သင်္ချာဆရာ။ ပြီးတော့ စိတ်ပါလျှင် စာရေး။ ဘာသာ ပြန်။ ။

တစ်ခါမှာတော့ ချမ်းသာပြည့်စုံတဲ့ မိသားစုထဲက သမီးကလေးတစ် ယောက်ကို သူ စာသင်ပေးရသည်။ အင်္ဂလိပ်စာသင်ရင်းက Widow ဟူ သည့်စကားလုံး ပါဝင်လာရာ သူက ‘မုဆိုးမ” ဟူသည့်အနက်ကိုပေးပြီး ကလေး၏မျက်လုံးကို အကဲခတ်လိုက်ရာ သံသယနည်းနည်းဖြစ်မိသော ကြောင့် သမီး “မုဆိုးမ” ကိုသိတယ်နော်ဟု မေးလိုက်သည်။ ဆယ်တန်း ကျောင်းသူမက သိပါတယ်ဆရာဟုဆိုသော်လည်း သူ မယုံသဖြင့် ကဲ... ပြောပါဦး “မုဆိုးမ”ဆိုတာ ဘာလဲဟု မေးခွန်းထုတ်လိုက်ပါသည်။ ကလေးမ သည်ကလည်း သူမ ယုံကြည်မိတာကို ထောက်ခံသည့်အဖြေပဲ ဖြစ်ပါ သည်။

မိန်းမတွေ အမဲလိုက်တာပေါ့ ဆရာ ဟူ၏။

သူသာမက လပွတ္တာရောက်ဧည့်သည် ကျွန်တော်ပါ “ဟာ” ဟူ၍ အာမေဍတ်ပြုခဲ့မိသည်မှာ အမှန်ပဲဖြစ်ပါသည်။ မုဆိုးဆိုတာက အမဲလိုက် သည့်ယောက်ျား။ သည်တော့ မုဆိုးမဆိုသည်က အမဲလိုက်သည့်မိန်းမ။ ကလေးမ၏ အတွေး။ မုဆိုးမဟူသည် လင်ယောက်ျား သေဆုံးသွားသည့် မိန်းမဟူ၍မသိရှာသော ဒီသမီးငယ်ကို ကျွန်တော် အပြစ်မတင်ပါ။ အထင် လည်း မသေးပါ။ လူ့အဖွဲ့ အစည်းနှင့် ထိတွေ့ ဆက်စပ်နေအောင် မထား သော သူ့မိ သူ့ဖကိုသာ ကျွန်တော် အပြစ်ဆိုချင်၊ အထင်သေးချင်ပါသည်။

ဘာကြောင့် ကလေးကို လှောင်ပိတ်ထားချင်ရပါသနည်း။

(နှစ်)

ကျွန်တော့်ကိုယ်တွေ့ ကြုံရာဆုံရာကလေးများကို အနည်းအကျဉ်း တင်ပြလိုပါသည်။

တစ်ခါက သဒ္ဒါသင်ခန်းစာတစ်နေရာတွင် ကြက်ဆင်” ဟူသော စကားလုံး ပါဝင်လာပါသည်။ သမီးငယ်တစ်ယောက်က ကြက်ဆင်ဆိုတာ ဘာကောင်လဲဟု မေးစဉ်က ကျွန်တော်က သိပ်မတုန်လှုပ်။ သုံးလေးနေရာ သုံးလေးယောက်က မေးလာတော့ ကျွန်တော် တကယ့်ကို တုန်လှုပ်သွားပါ သည်။ ကြက်ဆင်ဆိုတာ ဒီကနေ့ ကလေးတွေ မမြင်ဖူးလောက်အောင် ရှားပါးလွန်းလှသည့် သတ္တဝါတော့ မဟုတ်သေးဟု ကျွန်တော် ထင်ပါ သည်။

နောက်တစ်ခါ ထပ်ကြုံရပြန်သည်က “ဘုန်းကြီးပျံ ။ ကျေးလက် နောက်ခံ စကားပြေတစ်ပုဒ်ထဲက စကားလုံး။ ကလေးတချို့ နားလည်ထား သည်က ငှက်ပျံ၊ ဝက်ပျံ၊ ကျားပျံ၊ ဆင်ပျံတို့ကဲ့သို့ တန်ခိုးစွမ်းအားတစ်ခုခု ဖြင့် ကောင်းကင်မှာ ပျံသန်းနေသော ဘုန်းကြီးဟု နားလည်နေခြင်းဖြစ်ပါ သည်။ ဘုန်းတော်ကြီးတစ်ပါး၏ အန္တိမဈာပနဆိုသည်ကို သူတို့မသိ။

ဆဒ္ဒန်ဆင်မင်းဇာတ်ကို သင်ကြားနေစဉ် ဆင်တွေက စကားပြောတတ် သလား ဆရာဟူသည့်မေးခွန်းကို မေးခဲ့သည့် သမီးကလေးတစ်ယောက်ကိုအခုထိ မမေ့နိုင်သေးပါ။

(သုံး)

ဟိုတလောဆီက သတင်းတစ်ပုဒ်ထဲမှာ ကမ္ဘာကျော် ကွန်ပျူတာကုမ္ပ ဏီတစ်ခုဖြစ်သော ဂူဂဲလ် (Google) ကုမ္ပဏီ၏ C.E.O (အမှုဆောင်အရာရှိ ချုပ်) အဲရစ်ရှာဗင်က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ဖွင့် ပွဲအခမ်းအနားတစ်ခုတွင် ကျောင်းသားပေါင်း ၆,ဝဝဝ ကို မိန့်ခွန်းပြောရာ ၌ သင့်ကွန်ပျူတာကို ပိတ်လိုက်ပါ ။ ဒြပ်မဲ့ဝတ္ထုထဲကနေ ထွက်ခဲ့ပါ။ လူတွေ နဲ့ ထိတွေ့ပါ စသော စကားများပါဝင်ရာ ကျွန်တော် ရင်ထဲကနေ လေးနက် စွာ ထောက်ခံမိပါသည်။

ကျွန်တော်တို့၏ မိဘတချို့က သားသမီးတွေကို အစားကောင်း ကောင်းကျွေး၊ အဝတ်ကောင်းကောင်းပေး၊ လောကကြီးကို ရုပ်မြင်သံကြား နဲ့ ကွန်ပျူတာထဲကနေ ထိုင်ကြည့်နေရုံနှင့် လုံလောက်ပြီဟု ထင်နေကြခြင်း သည် တကယ့်မဟာအမှားပင်ဖြစ်ပါသည်။ )

အကောင်းဆုံး စာသင်ကျောင်းဆိုသည်မှာ လူ့အဖွဲ့အစည်းပင်ဖြစ်ပြီး လူတွေနှင့် ထိတွေ့ ခြင်းဖြင့် လောက၏ ကြွယ်ဝလှသော မာယာနှင့် ပရိယာယ်များကိုပါ ထိတွေ့ ဆက်စပ်ကာ အရာရာကို သင်ယူနိုင်ပါလိမ့် မည်။ နေ့စဉ် လူမှုဘဝနှင့် နည်းနည်းကလေး ထိစပ်လိုက်ရုံနှင့် ကြက်ဆင် ဆိုတာက ဘယ်လိုသတ္တဝါ၊ ဘုန်းကြီးပျံဆိုတာက ဘယ်လိုအခမ်းအနား၊ မုဆိုးမဆိုတာက ဘယ်လိုအမျိုးသမီးဆိုတာကို အလွယ်တကူသိရှိနိုင်သည် ကို လူတိုင်း နားလည်သဘောပေါက်နိုင်ပါသည်။ ဘာဖြစ်လို့ မိဘတချို့ က ဒါကို သတိလက်လွတ် ပစ်ထားခဲ့ကြရတာလေလဲ။ ကိုယ့်သားသမီးလောကကို အိုးတိုးအတဖြစ်နေအောင် ကိုယ်ကိုယ်တိုင်က ဖန်တီးနေမိတယ် ဆိုတာကိုရော သတိချပ်မိပါစ။

မိန်းမတွေ အမဲလိုက်သောခေတ်သို့ မရောက်ဖို့က မိဘတိုင်း သတိ ထားအပ်သည့်ကိစ္စပဲဖြစ်ပါသည်။ ။

၇-၇-၂၀၀၉

မောင်သာချို (၁၉၅၈- )

၁၉၅၈ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ ၌ အဖ ကုန်သည် ဦးဝင်းသိန်း + အမိ ဒေါ်တင်တို့မှ မွေးဖွားသည်။ အမည်ရင်း ညွန့်သောင်း။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က ကွမ်းခြံကုန်းမြို့၊ သုံးခွရွာ မူလတန်းကျောင်းတွင် သူငယ်တန်း မှ စတုတ္ထတန်းအထိလည်းကောင်း၊ အ.ထ.က(၁) ကွမ်းခြံကုန်းတွင် ပဉ္စမ တန်းမှ ဆဋ္ဌမတန်းအထိလည်းကောင်း၊ ရန်ကုန်မြို့ အ.လ.က(၁) မြောက် ဥက္ကလာပတွင် သတ္တမတန်းမှ အဋ္ဌမတန်းအထိလည်းကောင်း၊ အ.ထ.က (၁) မြောက်က္ကလာပတွင် နဝမတန်းမှ တက္ကသိုလ်ဝင်တန်းအထိလည်းကောင်း ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ရန်ကုန်ဒေသကောလိပ် နှင့် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ မြန်မာစာ အဓိကဘာသာဖြင့် ဆက်လက် ပညာသင်ကြား၍ B.A (မြန်မာစာ) ဘွဲ့ရရှိသည်။ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွင် မြန်မာစာဌာန နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်းလုပ်သားများကောလိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ | ဟင်္သာတတက္ကသိုလ်များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ | ပညာရေးတက္ကသိုလ်တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မောင်သာချိုသည် ၁၉၇၄ ခုနှစ်၊ ၉ တန်းကျောင်းသားဘဝမှာပင် သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင် “ခေတ်သစ်မေတ္တာ” ကဗျာဖြင့် စာပေ လောကသို့ စတင်ရောက်ရှိလာပြီး ၁၉၇၇-၇၈ ခုနှစ်မှစ၍ ငွေတာရီ၊ ရှုမဝ၊ မိုးဝေမဂ္ဂဇင်းများတွင် ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို(ချစ်ကိုယ်တွေ့)၊ ကဗျာများ ဆက်လက်ရေးသားသည်။ ၁၉၈၈ ခုနှစ်တွင် အိပ်မက်ဖူး” မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်လျက် ယမုံ၊ နေစိမ့်၊ ခင်လွန်းတို့နှင့်အတူ ရသစုံမဂ္ဂဇင်းတစ်စောင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ နောက် အယ်ဒီတာဝင်း ငြိမ်း၏ ရုပ်ရှင်အမြုတေမဂ္ဂဇင်းတွင် “ဂျက်ကွမ်းခြံကုန်း” ကလောင်ခွဲဖြင့် ဟာသနှင့် သရော်စာဆောင်းပါးများ စတင်ရေးသားသည်။ မင်္ဂလာမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းများတွင်လည်း ဆက်လက်ရေး သားခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် သမီးဖတ်ဖို့” ဆောင်းပါးများဖြင့် ဖြူးမိတ် ဆွေများ စာပေဆုကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် “ဖျတ်ခနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ” ဆောင်းပါးဖြင့် မန္တလေးစာဖတ်သူ အကြိုက် စာပေဆုကိုလည်းကောင်း၊ ၂၀၀၀ ခုနှစ်တွင် “သမီးဖတ်ဖို့ ဆောင်း ပါးများ” စာအုပ်ဖြင့် တောင်ငူမော်ကွန်းသစ်စာပေဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် လင်္ကာရလမ်း” စာအုပ်ဖြင့် ထန်းရိပ်ညိုစာပေဆုကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် “သမီးဖတ်ဖို့ဆောင်းပါးပေါင်းချုပ်” စာအုပ်ဖြင့် ထွန်းဖောင် ဒေးရှင်းစာပေဆုကိုလည်းကောင်း အသီးသီးချီးမြှင့်ခံရသည်။ ယခုအခါ မန္တလေး FM မှ သမီးဖတ်ဖို့ ဆောင်းပါးများနှင့် ချယ်ရီ FM ရှိ ဂျက်ကွမ်း ခြံကုန်း” ၏ သရော်စာများကို အသံလွှင့်ခဲ့သည်။

ထုတ်ဝေပြီးသောစာအုပ်များမှာ သမီးဖတ်ဖို့၊ ပင်လယ်ဝသို့ လှေကလေး နဲ့ထွက်ခဲ့၊ အိပ်မက်များ အနားမလာရ၊ လင်္ကာရလမ်း၊ နှလုံးသားရှုမျှော်ခင်း များ၊ ပိုးပင်လယ်ပေါ် ကတ္တီပါရွက်လွှင့်၊ ဖျတ်ခနဲတွေ့ရသော ကျွန်တော်တို့ ရှေ့က ကြယ်တာရာများ၊ စိမ်းလန်းသောမိသားစု၊ ကျေးဇူးကမ္ဘာဆိုင်၊ ဥတ္တရ လမင်းနှင့် မြောက်ဘက်တောင်ကုန်းပေါ်က မှော်ရုံလမ်းများ” အစရှိသော စာအုပ်များနှင့် ဂျက်ကွမ်းခြံကုန်း ကလောင်ခွဲဖြင့် “သပွတ်အူကျေးရွာမှ မမြင် ရသော ကံတရားများ၊ တို့တော့မယ်တဲ့ ဆိတ်တော့မယ်၊ ဂျာနယ်ထဲက ဂျက်၊ ရယ်လို့သာ ကြပေတော့၊ လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ်၊ တုတ်ထိုးအိုးပေါက်၊ ဆင်တောင်မှာ ခလောက်ကိုဆွဲပါလို့၊ မပြောကောင်း မဆိုကောင်း၊ လူကြားလို့မကောင်းဘူး၊ ဂျက် ၅ဝ စာအုပ်” များ ရေးသားထုတ်ဝေခဲ့ပါသည်။

မောင်သာချိုသည် မဂ္ဂဇင်းများအပြင် ဂျာနယ်များ (7 Day ဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ True ဂျာနယ်၊ Modern Time ဂျာနယ်များ)တွင်လည်း လူမှုရေးဆိုင်ရာ၊ ရုပ်ပုံလွှာများဆိုင်ရာ၊ စာပေအနုပညာရေးဆိုင်ရာ ဆောင်း ပါးများနှင့်အတူ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတိုများလည်း ရေးသားလျက်ရှိပြီး ဇနီး ဒေါ်ခင်သက်ဆွေ၊ သမီး မေတာရာဖူး၊ သား ခွန်တေဇတို့နှင့်အတူမြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ ဥက္ကာ ၆ လမ်း၊ အမှတ် ၁၇၃ | နေအိမ်တွင် နေထိုင်လျက်ရှိသည်။