Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်သင်းမိုး - အဓိပ္ပါယ်ရှိသောခေါင်းစည်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
Type

ကဗျာပိုင်လူတန်းစား

တချို့ လူတွေက အမေ့ကိုပြောကြရဲ့

သားတေလေ ကဗျာဆရာတဲ့၊

အမေကတော့ ဘာမှနားမလည်

သူတို့ရှုတ်ချတော့ မျက်နှာငယ်၊

ဒီမှာ အမေ

သားရှင်းပြချင်ပေ။

အမေကြားဖူးရဲ့ မဟုတ်လား ။

သက်ဦးဆံပိုင် ရှင်ဘုရင်ခေတ်များ၊

စောင်းခတ်သံဝေစည်တဲ့ နန်းရင်ပြင်

ကဗျာမွေးဖွားခဲ့သည်ပင်၊

ကဗျာဆိုတာ အုပ်စိုးသူတွက် တေးသီချင်း

ခေတ်ရဲ့ ထင်ဟပ်ခြင်း၊

သားစကားကြောင့် အမေ့မျက်နှာကြည်လင်

မင်းမျိုးမင်းနွယ်လို မှတ်ထင်၊

အမေ့အတွေး မှန်သည်မလွဲ

 ပြည်သူဆိုတာ ဒီခေတ်ရဲ့ ဘုရင်ပဲ။

ကဗျာအသွေးနီနီရဲ

ခေတ်လည်း နီရမှာပဲ။

မိုးဝေ၊ ဩဂုတ်၊ ၁၉၇၀။

ပို့စ်မော်ဒန်နှင့် ပုဏ္ဏားနတ်သမီးရကိန်း

ခြောက်သွေ့ရာသီ အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများ

ထင်းရှူးပင်ရိပ်ထွက်ပြီးတဲ့နောက်မှာ ကမ္ဘာ့ကဗျာမှာလည်း အယူ အဆတွေ၊ လမ်းကြောင်းတွေ ပြောင်းလဲကုန်ကြပါပြီ။ အထင်ရှားဆုံးကတော့ မော်ဒန်အနုပညာ နိဂုံးချုပ်သွားခဲ့ခြင်းပါပဲ။

ပို့စ်မော်ဒန်နှင့် ပုဏ္ဏားနတ်သမီး ရကိန်း

သူငယ်ချင်းကဗျာဆရာ မောင်သင်းမိုးက သူ့စာအုပ်အတွက် တစ်ခုခု အမှာစာရေးပေးဖို့ တိုက်တွန်းပြောဆိုတဲ့အချိန်က ကျွန်တော်မှာ ကမ္ဘာပြိုမတတ်သောကရောက်စရာ အမှုကိစ္စတစ်ခုနဲ့ တည့်တည့်ကြီး ရင်ဆိုင်နေရချိန် ဖြစ်ပါ တယ်။ မနက်မိုးလင်းရင် သမ္ဗုဒ္ဓေဂါထာ ပါးစပ်မှာတေနေအောင်ရွတ်ပြီး အိပ် ရာ ထရ၊ သူ့အိမ်နံရံမှာ (သူ့သားကြီးကပ်ထားတယ်ဆိုတဲ့) မင်္ဂလာအချိန်ရွေးနည်း ဇယားကြည့်ပြီးမှ အရေးကြီးတဲ့ လုပ်ဆောင်စရာတွေကို လုပ်နေရချိန်ပေါ့ ။ ဒီနေ့ ကြာသပတေးနေ့ဆိုတော့ ၁:၁၃မှ ၃:၃၆က သွေးအံကိန်းကျနေတယ်။ ၃:၃၇ မှ ၆:ဝဝ ဆိုရင်တော့ ပုဏ္ဏားနတ်သမီးရကိန်းတဲ့၊ နာရီကြည့်လိုက်တော့ ၃:ဝ၀ မိနစ် မဖြစ်သေးပါဘူးလေဆိုပြီး စာအုပ်ပုံကြားက မောင်သာနိုးရဲ့ တောမှော်ရုံစာအုပ်ကို ဆွဲဖတ်နေလိုက်တယ်။ ၂၀ ရာစု ရာစုဝက်လောက်မှာတင် မော်ဒန်ဝါဒဟာ ခေတ်ကုန်သွားခဲ့ဆိုပါလား။ ကိုယ့်ဆီမှာက ၇ဝ လောက်ကဖျစ်ဖျစ်မြည်အောင် ထူထောင်ခဲ့ရတဲ့ မော်ဒန်ကဗျာရေစီးကြောင်း ၂၀၀၀ ခုဆီလောက်ရောက်မှ မိုးဦးကျဖားလို ဆူညံပွက်လောရိုက်လာခဲ့တဲ့ ပို့စ်မော်ဒန်၊ ၃:၄၀ မှာ တစ်ခုခုဆိုတာကြီးကို စရေးဖြစ်တယ်။ သူ့အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့် အတွက်ပဲ ဖြစ်ဖြစ် သွေးအန်ကိန်းတော့ မကြုံချင်ဘူး။ ပုဏ္ဏားနတ်သမီးရကိန်း ဆိုရင် မဆိုးဘူးပေါ့။ ကမ္ဘာကြီးတစ်ခုလုံးကတော့ ရွာကြီးတစ်ခုပြောင်းပြီး ပို့ မော်ဒန်ဝတ်စုံကို အကျအနဖြစ်လို့ ကိုယ့်မှာတော့ နတ်သမီးအိပ်မက်နဲ့ လုံးခြာ လည်လိုက်လို့။

ကျွန်မဘဝရဲ့ အစိတ်အပိုင်းအားလုံးကို ကျွန်မရဲ့ တည်တည်ငြိမ်ငြိမ် ဝေ့ကြည့်တစ်ချက်ထဲမှာပဲ ထည့်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Adrienne Rich (1929- )

ခြောက်သွေ့ရာသီတွေဆီက အိပ်မက်ဆဲနှစ်ရဲ့ တစ္ဆေများ

တစ်ည သူ့ကို ပြောမိသည်။ ၁၉၃ဝ ဝန်းကျင်က ဆရာဇော်ဂျီ၊ မင်းသု ဝဏ်တို့က စခဲ့တဲ့ ခေတ်စမ်းကဗျာ နောက်နှစ်သုံးဆယ်ကျော်ကျော် ၁၉၆၅လောက်မှာ သပြေညို ဝပ်ရှော့၊ ထင်းရူးပင်ရိပ်၊ တော်လှန်၊ မိုးဝေကဗျာတွေက မြန်မာခေတ်ပေါ်ကဗျာ (မော်ဒန်ကဗျာ)ကို မီးရှူးသန့်စင်ပေးလိုက်တယ်။ ကိုယ့် တိုင်းပြည်တစ်ပြည်တည်းရဲ့ ကဗျာကိစ္စကို ပြောတာနော်။ ခေတ်စမ်းကို ပျင်းပြီး ညည်းငွေ့နေပြီပေါ့ ။ ခေတ်ပေါ် ကဗျာခေတ်ကို ထူထောင်ကြမယ်ပေါ့။ ဟော အခု ၂၀၀၅၊ ၁၉၇ဝ ကပဲစရင် နှစ်ပေါင်း ၃၅ နှစ်၊ မော်ဒန်ကဗျာကို မပျင်း သေးဘူးလား၊ မငြီးငွေ့သေးဘူးလား။

စာပေသစ်ဝါဒီ ကဗျာဆရာမ ကြည်အေးရဲ့ တစ္ဆေကဗျာဟာ တယ်လည်း ထင်ရှားခဲ့ပါသည်။ ခေတ်ပေါ်ကဗျာရဲ့ ရှေ့ပြေးနိမိတ်ပေလား။ ထင်းရူးပင်ရိပ် ပြီးနောက် နှစ် (၃၀) တိတိကြာမှ ထုတ်ဝေခဲ့တဲ့ တောမှော်ရုံလမ်းစာအုပ်ရဲ့ အငွေ့ကို ဆရာမောင်သာနိုးက ချော့မဲ့ရဒစ် (၁၈၂၈-၁၉ဝ၉) ရဲ့ တောမှော် ရုံမှာ..

အဲဒီကဗျာကို ဟော ဘယ်လိုအဆုံးသတ်ထားတယ်။ ။

တစ္ဆေခြောက်အပင်တို့ အားလုံးတုန်ခါလို့

ခေါင်းစွပ်အောက်က မျက်လုံးအားလုံးတို့

အကြည့်နဲ့ မင့်ကို လွှမ်းခြုံထားကြ။

ဒီတောမှော်ရုံထဲ ဝင်ခဲ့ကြလေ။

ဝင်ဝံ့သူတို့ ... တဲ့။

ဝင်ဝံ့သူတို့အဖို့ ပို့စ်မော်ဒန်တံခါးကြီးပွင့်နေပါပြီ။

စာပြီးနှစ် - ခအအ (၂၀၀၅)