စိတ်ကူးချိုချိုစာပေ
မောင်သင်းမိုး - မှော်ဆရာပိစိကွေးနှင့်ကလေးကဗျာပုံပြင်များ
Couldn't load pickup availability
ချိုချိုမွှေးမွှေး
မြို့စွန်မြို့ဖျား ဆိုင်ဖွင့်ထား
လက်ဖက်ရည်လား အအေးလား
ဖြတ်သွားဖြတ်လာနည်းပါးစွ
ဆင်းရဲလွန်းတဲ့ဒေါ်ပုမ
လှည်းလမ်းက ဖုန်ထူထူ မီးခိုးတအူအူ
မုတ်ဆိတ်ဖြူဖြူ အဘိုးအိုတစ်ယောက်
သူမဆိုင်ရှေ့ရောက်။
နေပူပူမို့တစ်ထောက်နား
ရေနည်းနည်းလောက်တိုက်ပါလား
လူသားချင်းချင်းကူညီမှု
စေတနာကိုအရင်းပြု
ဒေါ်ပုမ ရေတွင်းပြေး ရေငင်ခပ်လို့ပေး
ချိုအေးရသာရှိပါစေ
ရေတွင်းထဲကရေ
ဆုတွေပေးပြီး အံ့ဖွယ်ပင် အဘိုးမတွေ့မြင်
ရေငင်ပြီးတော့ခပ်ကြည့်တော့ ချို
လှမွှေးလှပေါ့
ရပ်ဝေးရပ်နီးလူအများ
ဆိုင်နာမည်ကြီးကျော်ကြားသွား။ ။
မုန်လာဥ ချီရဲရဲ
ယုန်ဖြူလေးနဲ့ ရှဉ့်ညိုဟာ
သူငယ်ချင်းတွေပါ
ညောင်ပင်အောက်မှာ ဆော့ကစား
နွားလှည်းတစ်စီး ဖြတ်မောင်းသွား
လှည်းအနားကို မသွားရဲ
ငေးမောကြည့်နေဆဲ
ယာခင်းထဲက ပြန်၍လာ
မုန်လာဥတွေပါ
မုန်လာဥဖြူ ချိုရဲရဲ
သူတို့ကြည့်နေဆဲ
လှည်းဘီးကျွံပြီး ပြုတ်ကာကျ မုန်လာတစ်ဥရ
ညီညီမျှမျှ ဝေစုခွဲ မုန်လာချိုရဲရဲ။ ။
စွန့်စားခန်းများ
ပန်းနု ပန်းနု မပန်းနု အရုပ်တွေကိုစု
ဘုစုခရု ထိုးထိုးထောင် မြင်းရုပ်မောင်ဖိုးထောင်
ငွေရောင်ဖျော့ဖျော့သူ့အဆင်း မျက်တောင်တဝင်းဝင်း
အိပ်ခန်းပြတင်းသူ့ကိုထား စိတ်ကူးယဉ်ကာ ဆော့ကစား
နဂါးတွေကိုတိုက်ရအောင် သွားစို့မောင်ဖိုးထောင်
သိုးငယ်ကောင်များ ကယ်ဖို့သွား သူခိုးဓားပြဖမ်းစို့လား
မောင်ဖိုးထောင်မြင်းရုပ်လေး အသက်ရှိရင်ကောင်းမယ်တွေး
စိတ်ထားဖွေးတဲ့ပန်းနုငယ် ကြယ်များပတ်ပတ်လည်
ကြယ်နတ်သမီး အိုအရှင် လိုရာဆုကိုပေးစေချင်
မိုးကောင်းကင်ရဲ့လပြည့်ည လရောင်ဝင်းပပ
ခြံဥယျာဉ်တံခါးပေါက် ဖိုးထောင် ခုန်ကျော်ရောက်
နှစ်ယောက်အတူခရီးသွား တိမ်တိုက်တွေကို ဖြတ်ကာလွှား
စွန့်စားခန်းများအံ့သြဖွယ် ဆန်းကြယ်လှပေတယ်
ကြယ်စုသန်းနဲ့ဂြိုဟ်တွေပတ် မောရင်အိမ်ပြန်ရပ်
တဖျတ်ဖျတ်နဲ့မျက်တောင်မှိတ် မြင်းရုပ်ကလေးအိပ်။ ။
![- Books](http://mgyoe.com/cdn/shop/products/1_fd0ef135-a977-4d3d-a5db-9b07a3ea01e9_1445x.jpg?v=1730249279)
![- Books](http://mgyoe.com/cdn/shop/products/2_8f12969e-444e-401c-bc03-52fa3f4d25db_1445x.jpg?v=1730249282)
![- Books](http://mgyoe.com/cdn/shop/products/3_13855cc2-1d46-4d1f-b023-072820c5771a_1445x.jpg?v=1730249285)
![- Books](http://mgyoe.com/cdn/shop/products/4_ce59129b-14c1-4df1-a85b-7ffc3f8073ea_1445x.jpg?v=1730249288)
![- Books](http://mgyoe.com/cdn/shop/products/5_606b508d-87f3-46a2-8d0b-880304c78f9d_1445x.jpg?v=1730249292)
![- Books](http://mgyoe.com/cdn/shop/products/0_e64cbb4c-8c41-497c-a17a-c4fcfe718765_1445x.jpg?v=1730249296)