Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်သင်းမိုး - နတ်သမီးဆယ်ယောက်နှင့်အခြားကဗျာပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

နတ်သမီးဆယ်ယောက်နှင့်အခြားကဗျာပုံပြင်များ

ဟာကြူလီ

ဟာကြူလီ ဟာကြူလီ

အင်အားကြီးမားသည်

နတ်သွေးတစ်ဝက် ထိုလူသား

သန်မာကြံ့ခိုင်ထွား

အင်အားနည်းသူ ကူညီပေး

သူမြတ်နိုးတာ လွတ်လပ်ရေး

ခရီးအဝေး သူထွက်ခွာ

ပင်လယ်ကမ်းခြေတစ်နေရာ

နွေရာသီရဲ့ ဘုရင်မ

မကြာခဏ သေဆုံးကြ

ဟာကြူလီ ဟာကြူလီ

အင်အားကြီးမားသည်

ပင်လယ်ဓားပြ သူပုန်များ

ရန်စွယ်သူဖယ်ရှား

နဂါးရစ်ခွေ မြွေဘုရင်

နောက်ဆုံး တိုက်ပွဲဝင်

အောင်ပွဲဆင်တဲ့ သူ့ရဲ့ ဓား

အံ့ဖွယ်မကောင်းလား။ ။

တာဇံ

အာဖရိကတောနက်ကြီး ကွန်ဂိုမြစ် ရစ်ခွေစီး

နယ်မြေလေ့လာ မိဘနှစ်ပါး သစ်တောထဲမှာ ကွယ်လွန်သွား

ကံတရားက လွန်ဆန်းကြယ် ပုခက်ထဲမှာ ကလေးငယ်

ကယ်ဆယ်ယုယ ရင်မှာထွေး နို့ချိုသူတိုက်ကျွေး

တဖြည်းဖြည်းနဲ့ ကြီးပြင်းလာ တောတွင်းသားလေး တာဇံပါ

မျောက်ဝံဖြူလို့အမည်ရ မျောက်တောထဲမှာ သူနေရ

မျောက်ဝံတွေက အမွေးထူ သူနဲ့အသွင်မတူ

ထူးခြားတာက ရေမှာကူး ကစားသူပျော်မြူး

နွယ်ကြိုးခုန်ကူး ဟီးလေးလွှဲ ပခုံးပေါ်မှာ ဆံပင်ဝဲ

သူ့ခေါ်သံကို နားစွင့်နေ တောတွင်းချစ်မိတ်ဆွေ

မနေမနား ဟိုဒီသွား မနေမနား ဟိုဒီသွား

ဟိုဒီသွားရင်း ဘယ်ဆီရောက် သစ်လုံးအိမ်ရဲ့ တံခါးပေါက်

အိမ်ကလေးထဲ ဘာတွေမြင် ပင့်ကူမျှင်နဲ့ စာအုပ်စင်

မိခင်ဖခင်နေခဲ့အခန်း ပုခက်ကလေးလှုပ်ခါယမ်း

အခန်းထဲက ကုလားထိုင် လူတစ်ယောက်လို သူကထိုင်

သူကိုင်ကြည့်တဲ့စာအုပ်များ ရုပ်ပုံစာလုံးများ

ရုပ်ပုံများနဲ့ အက္ခရာ တွဲဖက်သူလေ့လာ

ပညာထက်မြက်လူကလေး ပုံဆွဲ စာဖတ် စာတွေရေး။ ။

 

စင်ဒရဲလား

မိန်းမချောလေး စင်ဒရဲလား မိထွေးဖြစ်သူ အမုန်းပွား

မိထွေးသမီး ညီအစ်မ အရုပ်ဆိုးပေစွ

ပိုးဖဲရတနာ ဝတ်စုံများ ဆင်မြန်းဝတ်ဆင်ထား

ဘုရင့်သားတော် ဆင်ယင်နွှဲ နန်းတော်ညကပွဲ

စင်ဒရဲလား သနားစရာ မလိုက်ရတော့ ငိုနေရှာ

နတ်သမီးငယ် ကိုယ်ထင်ပြ လိုရာရစေပ

ဆေးကြိမ်လုံးကို ဝှေ့ယမ်းရာ ထူးဆန်းအံ့ဖွယ်ပါ

ရွှေဖရုံသီး ရွှေရထားဖြစ်

မြေကြွက်လေးကောင် မြင်းဖြူဖြစ်

ဆေးကြိမ်လုံးကို ဝှေ့ယမ်းရာ ဝတ်စုံလှလှဂါဝန်ပြာ

နောက်ဆုံးတစ်ခါ ဖန်ဆင်းပေး ဖန်စီခြေနင်းလှလှလေး

ညသန်းခေါင်မှာ တန်ခိုးပြယ် စောစောပြန်ခဲ့ကွယ်

ကပွဲရောက်တော့ မင်းသားလေး သူ့ကိုအရေးပေး

ရပ်ဝေးနယ်ခြား မင်းသမီးလား အားလုံးထင်မှတ်မှား

မင်းသားလေးနဲ့တွဲကတာ သန်းခေါင်ရောက်လာမှာ

စင်ဒရဲလားသတိရ ပြန်ဖို့အချိန်ကျ

အလျင်အမြန် သူနှုတ်ဆက် ကျွတ်ကျန်ခဲ့တာ ဖိနပ်တစ်ဖက်

နောက်နေ့မနက် မင်းချင်းတွေ ဖိနပ်တော်သူ လိုက်ရှာဖွေ

တွေ့ပါပြီလေ စင်ဒရဲလား နန်းတော်ခေါ်ဆောင်သွား။ ။

ပန်းချီဆရာ မောင်စံဖြူ

မောင်စံဖြူ မောင်စံဖြူ အသားခပ်ဖြူဖြူ

မောင်စံဖြူရဲ့ ဝါသနာ ပန်းချီရေးဖို့ပါ

သူငယ်စဉ်ခါ လိုချင်သေး စုတ်တစ်ချောင်းနဲ့ဆေး

ကျေးငှက်သာရကာ ပုံတူများ သဲသောင်ပြင်မှာ သူရေးသား

မြစ်ကမ်းနားမှာ အိပ်ပျော်ရာ အိပ်မက်ထိုကမ္ဘာ

 ဆေးစီရင်ထား စုတ်တံဆေး ဘဘိုးအိုက လက်ဆောင်ပေး

သူရေးသားတဲ့ ငှက်ကလေးများ တေးဆိုတော့မှာလား

သူရေးသားတဲ့ ငါးကလေးများ ရေကူးခတ်မှာလား

ငါးလိပ်ပုစွန်ရုပ်ပုံများ ရေးဆွဲပန်းချီကား

ရွာသားတစ်ဦးလိုချင်တာ ထွန်တုံးတစ်တုံးပါ

ရပါစေ့မယ် ထိုထွန်တုံး ပန်းချီသူခြယ်မှုန်း

ရေပုံး ပေါက်ပြား မီးခွက်များ

ရွာသားများအတွက် သူရေးသား။ ။