မောင်လှမျိုး(ချင်းချောင်းခြံ) - ထပ်ဆင့်အလွမ်း
(၁)
ကျွန်တော်ကို အမေမွေးသည်။ ထို့နောက် ကျွန်တော့် ကိုယ်ကျွန်တော် မွေးသည်။ ထိုသို့ ကျွန်တော့်ကိုယ်ကျွန်တော် မွေးနေစဉ် ဥမမယ်စာမမြောက် အရွယ်မှာပဲ ကမ္ဘာကြီးလုံးဝန်ကြောင်းကို စာသင်ကျောင်းမှတစ်ဆင့် စတင်ကြားသိခဲ့ရသည်။ ကမ္ဘာကြီးလုံးဝန်း ပါသည်တဲ့၊ ဒါဆို ကျွန်တော့်ကို မမွေးဖွားခင်ကတည်းက ကမ္ဘာကြီးက လုံးနေတာပေါ့။ . . ထိုအချိန်မှစတင်၍ ကျွန်တော်လွမ်းတတ်ခဲ့သည်။
ကျွန်တော်မရှိဘဲ လုံးဝန်းတဲ့ ကမ္ဘာကြီးကို စတင်လွမ်းဆွတ် ခဲ့သည်။ ကျွန်တော်ကို မမွေးဖွားခင်က ကမ္ဘာကြီး ဘာတွေဖြစ်ခဲ့သလဲ။ အဲဒါကို ကျွန်တော်သိချင်ခဲ့တယ်။ လွမ်းဆွတ်ခဲ့တယ်။ အမှန်ကတော့ ကမ္ဘာကြီး ဘာမှမဖြစ်ပါ။ ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်ကြသော လူသားများသာ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်။ သူတို့ကြောင့်ပေါ့။ ကျွန်တော်ချစ်တဲ့ကမ္ဘာကြီး ကျွန်တော်လွမ်းတဲ့ ကမ္ဘာကြီးခမျာ နှစ်ကြိမ်တိတိ ဒဏ်ရာရဖူးခဲ့သည်လေ။ အဲဒါကို ကမ္ဘာစစ်ဖြစ်တယ်လို့ ပြောကြသည်။ ကမ္ဘာကြီး စစ်မဖြစ်ပါ။ ကမ္ဘာကြီးက စစ်ကို မဖန်တီးပါ။ လူသားတွေ ဖန်တီးလို့ လူသားအချင်းချင်း ဖြစ်ပွားခဲ့တဲ့ စစ်ကို အမည် သညာတပ်တော့မှ ကမ္ဘာကြီးရဲ့နာမကို ထည့်ပြီး ကမ္ဘာစစ်လို့ ခေါ်ဝေါ် တာကိုတော့ ကျွန်တော် လုံးဝ ကန့်ကွက်ပါသည်။ သူငယ်ချင်းတွေနှင့် ကမ္ဘာကြီးအကြောင်၊ ပြောရင်း ...
“အဲဒီတုန်းက ငါ မရှိလို့ပေါ့ကွာ" ဟု ပြောပြီး အားမလိုအားမရဖြစ်ကာ မြေကြီးကို ကျွန်တော် ဖနောင့်နှင့် ပေါက်လိုက်မိသေးသည်။ ပြီးမှ ကမ္ဘာကြီးကို ဖနောင့်နဲ့ ပေါက်လိုက်သလို ဖြစ်သွားကြောင်း အသိဝင်ခဲ့၏။ ထိုအချိန်မှစပြီး ကျွန်တော် ဘွတ်ဖိနပ်မစီးတော့ပါ။
အရာရာကို မကျေမချမ်းဖြစ်တိုင်း မြေကြီးကို ဖနောင့်ဖြင့် ပေါက်တတ်ကြသော ကျွန်တော်ကဲ့သို့ ခပ်ညံ့ညံ့ကောင်များကြောင့် ကမ္ဘာကြီးမှာ မဆီမဆိုင် ငထွားခါးနာဖြစ်ခဲ့ရရှာပေမည်။ ကျွန်တော် ` မရှိခဲ့သော ကမ္ဘာကြီးကို လွမ်းဆွတ်ခြင်း၊ ကျွန်တော်ရှိနေရသော ကမ္ဘာကြီးကို သနားခြင်းကြောင့် ကျွန်တော် သူငယ်ချင်းများကို အောက်ပါအတိုင်း အမိန့်ထုတ်လိုက်ပါသည်။
“မင်းတို့ မကျေနပ်ရင် ကမ္ဘာကြီးကို ဖနောင့်နဲ့ မပေါက်နဲ့ သတ္တိရှိရင် မိုးကိုဒူးနဲ့တိုက် တိမ်တွေကိုဖနောင့်နဲ့ပေါက်။ ဒါပဲ” . ။
“အဲဒီမိုးပေါ်ကိုရောက်အောင် မင်း လိုက်ပို့ပေးမလား”ဟု သူငယ်ချင်းများ တညီတညွတ်တည်း မေးမြန်းကြသည်။
“ငါတော့ လိုက်မပို့နိုင်ဘူး၊ မင်းတို့ဘာသာ တောင်ပေါ်တက်ပြီး တိုက်ပေါ့။ မင်းတို့အားလုံး တောင်တက်အသင်း ဝင်လိုက်လေ" ... ဟု ကျွန်တော် ခပ်တည်တည်နှင့် ပြောလိုက်ရ၏။
“တောင်ထိပ်ရောက်ရင် မိုးကို ဒူးနဲ့တိုက်လို့ရပြီလား”
“ဒူးနဲ့တိုက်လို့တော့ မရသေးဘူးပေါ့။ ဒါပေမဲ့ . လေးခွနဲ့ ပစ်လို့ရပြီ”
“လေးခွနဲ့ပစ်ရင် မိုးကို ထိပါ့မလား"
“ထိတော့မထိဘူးပေါ့။ ဒါပေမဲ့ မြေကြီးပေါ် ကနေ ပစ်တာထက်စာရင် တောင်ထိပ်ပေါ်က ပစ်တော့ မိုးကောင်းကင်ကြီး နည်းနည်းတော့ လန့်သွား မှာပေါ့” ' “လန့်သွားတာ၊ ထိတာမှ မဟုတ်ဘဲ"
“မထိတာနဲ့စာရင် လန့်သွားတာ အမြတ်ပေါ့” “တော်ပြီး မင်း အမိန့်ကို ငါတို့ မနာခံနိုင်ဘူး”...ဟု သူငယ်ချင်းများအားလုံးက ကျွန်တော့်ကို တညီတညွတ်တည်း သြဘာ ပေးကြသည်။
“မနာခံရင်လည်း နေပါကွာ၊ မြေကြီးကိုတော့ ဖနောင်နဲ့ မပေါက်ကြပါနဲ့၊ အဲ... ပေါက်မယ်ဆိုရင် လည်း ခုံဖိနပ်တို့ ဘွတ်ဖိနပ်တို့ မစီးဘဲနဲ့ ပေါက်နော်၊ငါ တောင်းပန်တာပါကွာ” , .. အမိန့်ထုတ်ခဲ့မိသော ကျွန်တော်မှာ နောက်ဆုံးတော့တောင်းပန်တိုးလျှိုးသော အလူပ်ကိုသာ လုပ်လိုက်ရသည်။ သူငယ် ချင်းများက ကျွန်တော့်ကို နာမည်အသစ်တစ်ခု တပ်ပေးလိုက်ကြ၏။
“သောက်ရူး”
(၂)
ကျွန်တော် မရှိခဲ့သော ကမ္ဘာကြီးကို လွမ်းဆွတ်ခဲ့ရင်းက ကျွန်တော် ရှိနေသေးသော ကမ္ဘာကြီးကို လွမ်းဆွတ်မိခြင်းဖြစ်သည်။ အဲဒီနောက်မှာတော့ ကျွန်တော့်အလွမ်းတွေ မျက်စိလည်ခဲ့ရသည်။ ဘာကို လွမ်းဆွတ်ရမှန်း မသိတော့ချေ။ "
အေးအေးပြုံးကို ကျွန်တော် လွမ်းသည်။ ..
“မောင် ဘယ်တွေလျှောက်သွားနေတာလဲ”
““ကမ္ဘာကြီးကို လမ်းလျှောက်ပြီးကြည့်နေတာ ကမ္ဘာကြီးက ကားအရမ်းကျပ်တယ်နော်”
“မောင်ကလည်း သိပ်နောက်တာပဲ"
“မနောက်ပါဘူး၊ ကိုယ်တကယ်ပြောနေတာ , မင်းဆီကို ကိုယ် အမြန်လာဖို့ ဘတ်(စ်)ကားစီးမယ် - စိတ်ကူးသေးတယ်။
ကားတစ်စီးရပ်လိုက်တိုင်း လူတွေက အလုအယက် တိုးဝှေ့ပြီး တက်ကြတယ်။ ကိုယ်က လူ အချင်းချင်း အလုအယက် ဘာမှမလုပ်ချင်ဘူး”
“အဲဒါဆိုလည်း နောက်ဆုံးမှ တက်ပေါ့ မောင်”
“ကိုယ် နောက်ဆုံးမှ တက်ဖို့ ခြေလှမ်းပြင်ပါ သေးတယ် စပါယ်ယာက အတွယ်အတာ မရတော့ ဘူးဆိုတာနဲ့ ကိုယ်လမ်းလျှောက်တာ Sorry ပဲ အေးရယ်၊ ကိုယ် သိပ်နောက်ကျသွားတယ်”
“ရပါတယ် မောင်ရဲ့။ အေးလည်း အခုမှရောက်တာပါ"
“အခုမှ ရောက်တာ ဟုတ်လား” အဲဒါ ကျွန်တော် မကျေမနပ်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ ဒါပေမဲ့ သူ မသိပါ။
“မောင့်ကိုကြည့်ရတာ ညှဉ်းသိုးသိုးနဲ့ဘာ ဖြစ်နေတာလဲ”
“ကမ္ဘာကြီးအတွက် စိတ်ညစ်နေတာ”
“မောင်ကလည်း ဘာတွေပြောမှန်းလည် မသိဘူး” -
“လူတွေ ဆင်းရဲနေတယ် အေးရယ်။ အဲ အတွက် ကိုယ် စိတ်မချမ်းသာဘူး စိတ်ညစ်တယ် . “လူတွေ မဆင်းရဲပါဘူး မောင်ရဲ့၊ ဟိုမှာကြည့်ပါလား"
' အေးအေးပြုံး ညွှန်ပြရာသို့ ကျွန်တော် ကြည့်မိသည်။ မြို့ လယ်ခေါင်ရှိ ရုပ်ရှင်ရုံတစ်ရုံအောက်တွင် လူတွေ ကြိတ်ကြိတ်တိုးနေကြ၏။
“အဲဒီမှာ ဆင်းရဲသားတွေ အများကြီးပဲ။ မောင် မယုံရင်သွားကြည့်” “ဘာဇာတ်ကားလဲ”... ဟု ကျွန်တော် မေးလိုက်သည်။
“ရင်ခွင်နန်းတော်တဲ့။ မောင့်ကို အဲဒီဇာတ် ကားလိုက်ပြရဦးမယ်၊ သိပ်ကောင်းတာပဲတဲ့”
“မကြည့်ချင်ဘူး" “ဘာဖြစ်လို့ မကြည့်ချင်ရတာလဲ””
“လူတွေ အလုအယက် တိုးဝှေ့နေတဲ့နေရာ မှာ ကိုယ် မနေချင်ဘူး၊ ပြီးတော့ ဆင်းရဲသားတွေကို မုန်းတယ်"
“ဟောတော့ ခုနကတော့ လူတွေ ဆင်းရဲလို့ မောင်ပဲ စိတ်မချမ်းသာဘူးဆို”
“အခု ပိုပြီးစိတ်ဆင်းရဲတယ်။ လူတွေက ဆင်းရဲရင် ဆင်းရဲတဲ့အတိုင်း မနေကြဘူး။ ဘာဖြစ်လို့ ရုပ်ရှင်ရုံမှာ လာပြီး တိုးဝှေ့နေကြတာလဲ”
“မောင်ကလည်း တစ်ယူမသန်နဲ့လေ။ ဆင်း ရဲသားမှာလည်း အပန်းဖြေချိန်ဆိုတာ ရှိသင့်တာပဲ။ သူတို့စိတ်တွေ အပန်းလာဖြေကြတာနေမှာပေါ့"
“အပန်းဖြေမယ့်အချိန်ကို အလုပ်ပိုလုပ်လိုက်ပါလား"
ကလေးငယ်တစ်ယောက်ကဲ့သို့ စိတ်ဆိုးနေသော ကျွန်တော့် ကိုကြည့်လျက် အေးအေးပြုံး ဟက်ဟက်ပက်ပက် ရယ်မောသည်။