Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်လွင်ပြင် - မိသားစုဘ၀ပျော်ရွှင်ရေး

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မိမိကိုယ်ကိုယ် ကျေနပ်နှစ်သက်လိုက်စမ်းပါ

ဒါဟာ ကိုယ့်ကိုယ်ကိုယ် အားတင်းတဲ့ အားဆေးတစ်ခွက်ပါပဲ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ကျေနပ်ခြင်း၊ နှစ်သက်ခြင်း၊ မြတ်နိုး ခြင်း၊ စုံမက်ခြင်းတွေလုပ်ဖို့ မေ့နေကြတယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ် ကိုယ် ကျေနပ်နှစ်သက်နေတာလောက် စိတ်ပျော်ရွှင်ချမ်းမြေ့စရာရှိလာတာ ဘာနဲ့မှ လဲလို့မရပါဘူး။ ။

ကိုယ့်ဘာသာ တစ်ကိုယ်တည်း ညည်းညူနေမယ့်အစား ကိုယ့်ဘာသာ ပြန်ကျေနပ်နှစ်သက်နေတာက လတ်တလောခံစားနေရတဲ့ဘဝရဲ့ ငြီးငွေ့ ဒဏ်ပိနေမှုတွေကို ပြေပျောက်စေနိုင်တာပါ။ မယုံရင် လုပ်ကြည့်လိုက်ပါ။ စမ်းသပ်တဲ့ သဘောမျိုးလေးပေါ့။ တစ်ခါဖူးမှ မချီးမွမ်းဖူးတဲ့ ကိုယ့်ကိုကိုယ့် ဘာသာ ပြန်ချီးမွမ်းပစ်လိုက်စမ်းပါ။ သူများတကာက လာပြီး ချီးမြှောက်ပေး စရာ၊ အားရဝမ်းသာ အားပေးစကားတွေ လာပြောနေစရာ မလိုဘူး။ လာပြော ပေးဖို့ကိုလည်း နေ့နေ့ညည စောင့်စားနေစရာ မလိုပါဘူး။ သူများ မချီးမွမ်း ရင်နေပါစေ့လေ။ ကိစ္စမရှိဘူး။ ကိုယ့်ဘာသာ ပြန်ချီးမွမ်းတော့ရော ဘာဖြစ် သေးလဲ။ သူများချီးမွမ်းမှ ကိုယ်က တော်တာ၊ တတ်တာ မဟုတ်ဘူး။ ကိုယ့်အစွမ်းကို ကိုယ့်ဘာသာသိနေတာပဲ၊ ဒီတော့ ကိုယ့်ဘာသာ ချီးမွမ်းမှာပေါ့။

တစ်ခါတစ်ရံမှာ လူဆိုတာ စိတ်ဓာတ်ကျတတ်တဲ့ သတ္တဝါမျိုးပါ။ စိတ်ဓာတ်တွေကျ၊ စိတ်တွေမတည်ငြိမ်၊ ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိ၊ ဘာလုပ်လို့ လုပ်ရမှန်းလည်း စိတ်ထဲထည့်ထားလို့ မရတော့တဲ့အခါ စိတ်ဓာတ်ကျရာကနေ စိတ်ဓာတ်တွေပျက်ပြားပြီး လူ့ဘဝကြီးဟာလည်း အလကား အချည်းအနှီးပါပဲလို့ စိတ်တွေ ထထပေါက်တတ်တယ်။

အဲဒီအခါ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေ ကိုယ့်ဘာသာ ပြန်ဖော်ပေးဖို့ သတိရ ရပါတော့မယ်။ ငါ့မှာ အစွမ်းသတ္တိတွေ ရှိနေသေး တာပဲ။ အခုနေမှာ အသက်ရှင်နေသေးပြီး ဦးနှောက်ဉာဏ်စွမ်းရည်လည်း အကောင်းပကတိ ရှိနေသေးတာပဲ။ ကိုယ်ခန္ဓာလည်း ကျန်းမာသန်စွမ်းပြီး သွားလာလှုပ်ရှား လုပ်နေနိုင်သေးတာပဲ။ ဒါနဲ့များ ငါ ဘာကြောင့် စိတ်ဓာတ် ကျနေရပါလိမ့်၊ ငါ့စိတ်တွေ မတည်ငြိမ် ကယိမ်းကယိုင်နဲ့ ဘာကြောင့် ဖြစ်နေပါလိမ့်၊ ငါ တစ်ခုခုတော့ မှားနေပြီ၊ မှားနေတဲ့အကြောင်းအရာကို အမြန်ရှာရမယ်။ ပြုပြင်ရမယ်၊ လှုပ်ရှားရမယ်၊ တည်ငြိမ်အောင် ထိန်းသိမ်းရမယ်။

ငါ့မှာရှိတဲ့ အစွမ်းအစကြောင့် ငါဒီမှာ ရပ်တည်နေနိုင်သေးတာပဲ။ ငါလုပ်နိုင်တယ်၊ ငါပြောနိုင်တယ်၊ ငါသတ္တိရှိတယ် စသည်ဖြင့် ကိုယ့်ကိုယ် ကိုယ်သာ အားပေးပါ၊ ကိုယ့်ကိုယ်ကိုယ်သာ ချီးမွမ်းထောမနာ ပြုပေးပါ။ ဒါဟာ ကျဆင်းနေတဲ့စိတ်ဓာတ်ကို ပြန်လည်ကောက်ယူလိုက်ပြီး အားအင် ပြန်ရဖို့ သမာဓိအားကို စုစည်းလိုက်တာပဲ ဖြစ်ပါတယ်။

နောက်တစ်ချက် ရှိပါသေးတယ်။ မိမိကိုယ်ကို ကျေနပ်နှစ်သက်ပါမှ သူများတကာက ကိုယ့်ကို ကျေနပ်နှစ်သက်လာလိမ့်မယ်ဆိုတာ မမေ့ဖို့ပါပဲ။ မိဘတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သက်တတ်တဲ့ သဘောသက်ဝင် နေမှ သားသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သက်တတ်တဲ့ စိတ်အခြေခံရသွားစေမှာ ဖြစ်ပါတယ်။

မိဘတွေက ယိမ်းယိုင်သွားတဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ ကိုယ့်ဘာသာ ပြန်အားဖြည့်တင်းတတ်တဲ့ အလေ့အကျင့်ရှိရင် သားသမီးတွေလည်း စိတ် ဓာတ်ကြံ့ခိုင်အောင် ဘယ်လိုလုပ်ယူရပါသလဲလို့ သူတို့ မေးခွန်းထုတ်လာ ကြပါလိမ့်မယ်။ အဲဒီအခါ ကျဆင်းနေတဲ့စိတ်ဓာတ်ကို ကိုယ့်ကိုယ်ကိုယ် ပြန်ချီးမွမ်းခြင်းနဲ့ လုပ်ယူရလိမ့်မယ်လို့ မိဘတွေက ပြောနိုင်ရပါမယ်။

မိမိကိုယ်ကိုယ် နှစ်သက်ကျေနပ်ခြင်း၊ မြတ်နိုးနေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ စိတ်အခြေခံကိုလည်း မွေးဖွားပေးပါတယ်။ အပြန်အလှန်အားဖြင့် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိတဲ့သူဟာ မိမိ ကိုယ်ကိုယ်လည်း ကျေနပ်နှစ်သက်တတ်တဲ့လူမျိုး ဖြစ်နေပါတယ်။

ဒီနေရာမှာ မိမိကိုယ်ကိုယ် ကျေနပ်နှစ်သက်နေခြင်းဆိုတာ ကိုယ့် ကိုယ်ကိုယ် ပြန်အထင်ကြီးပြီး သူများတကာထက် တော်ပြီး တတ်ပြီးသား ဖြစ်နေလို့မို့လို့ အများတကာရဲ့ ခေါင်းပေါ်မှာ ရောက်နေတယ်ဆိုတဲ့ သွေး နားထင်ရောက်မှုမျိုး မော်ကြွားဝါဖို့ လုပ်တတ်တဲ့ အကျင့်ဆိုးမျိုးနဲ့ မှားယွင်း သွားပါဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားရပါမယ်။

မိမိကိုယ်ကိုယ် ကျေနပ်နှစ်သက်နေခြင်းဟာ မိမိဆီမှာရှိတဲ့ အမှန် တကယ် အရည်အချင်းတွေနဲ့ စွမ်းဆောင်ရည်တွေအတွက် ဖြစ်ပါတယ်။ မိမိမှာရှိတဲ့ အရည်အချင်း စွမ်းဆောင်ရည်တွေဟာ မိမိဘဝအတွက်၊ မိသားစု ဘဝအတွက်နဲ့ အများတကာအတွက် ပရဟိတကိစ္စတွေမှာ ဆောင်ကြဉ်းပေး ဖို့သာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်မယ်လို့ သိထားသူဟာ စိတ်ဓာတ်ကျလည်း ခဏတာ ကျဆင်းခြင်းပါပဲ။ မကြာခင် အားပြန်တက်ပြီး စိတ်ဓာတ်ကြံ့ခိုင်ရေး စုစည်းနိုင်ပါတယ်။ ပြီးတော့ မိမိကိုယ်ကိုယ် ကျေနပ်နှစ်သက်ခြင်းနဲ့ ပျော်ရွှင် ချမ်းမြေ့သာယာတဲ့ စိတ်ခံစားမှုကို ရယူပါလိမ့်မယ်။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသူတွေရဲ့ အလုပ်ဖြစ်ပါတယ်။

ဝါသနာတူသူချင်း စုစည်းမှုမှာ ပါဝင်ပါ

ဝါသနာတူရာ တူရာချင်း စုစည်းကြတဲ့ သဘောရှိပါတယ်။ တူရာ တူရာချင်း စုတာပေါ့။ ဝါသနာချင်းတူမှလည်း စုစည်းပေါင်းသင်းလို့ ရမယ်လေ။

ဒါကြောင့် မိမိက ဘာဝါသနာပါသလဲ၊ ဘာတွေလုပ်ရတာ စိတ်ဝင်စား သလဲဆိုတာကို အရင်လေ့လာရပါမယ်။ ကိုယ့်မှာ ဘာဝါသနာပါသလဲ ဆိုတာ အရင်လေ့လာပြီး သဲသဲကွဲကွဲရှိမှ ကိုယ့်လိုပဲ ဝါသနာတူတဲ့သူတွေနဲ့ သွား ပေါင်းသင်းဆက်ဆံရမှာပါ။

ဒါက လွယ်ပါတယ်။ ဝါသနာတစ်ခုမှာ သွားတူကြပြီဆိုရင် ပေါင်းရ သင်းရ လွယ်ကူပါတယ်။ စုစည်းမှုမှာပါဝင်ဖို့ လွယ်ကူပါတယ်။ ဝါသနာတူ သူချင်း ဆုံစည်းကြရင် စကားပြော လေပေးဖြောင့်ကြပါတယ်။ သူပြောတာ လည်း ကိုယ်က စိတ်ဝင်စား၊ ကိုယ်စိတ်ဝင်စားတာတွေကိုလည်း သူက ပြောကြားနေဆိုတော့ နားဝင်ဖြောင့်ပါတယ်။ အပေါင်းအသင်း မိတ်ဆွေဖြစ်ရ တာ အင်မတန် လွယ်ကူချောမွေ့ပါတယ်။

ဒီလို ဝါသနာတူသူချင်းတွေ စုစည်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့ ကလေး တွေမှာ ပါဝင်လှုပ်ရှားခွင့်ရရင် ကိုယ့်ဘဝဟာ သာယာချမ်းမြေ့စရာတွေ တွေ့လာရပါလိမ့်မယ်။ ဒါကြောင့် ဝါသနာတူရာချင်း စုဖွဲ့ ထားတဲ့ အသင်း အဖွဲ့ ၊ ဒါမှမဟုတ် အစုအဖွဲ့ ကလေးမှာ ပါဝင်ဆောင်ရွက်နေခြင်းအားဖြင့် ကိုယ့်ရဲ့ အထီးကျန်နေတဲ့စိတ်တွေ ကွယ်ပျောက်သွားပါလိမ့်မယ်လို့ ဒေါက်တာ ဒေးဗစ်နီဗင်က တိုက်တွန်းထားတာဖြစ်ပါတယ်။

ကိုယ် စိတ်ဝင်စားတာတွေကို အရင် ရေးချကြည့်လိုက်ပါ။ ကိုယ် နေတဲ့ဒေသ၊ ရပ်ကွက်၊ လမ်းမှာ ကိုယ် အထူးစိတ်ဝင်စားတဲ့ အရာတစ်ခုခု ကို ပူးပေါင်းဆောင်ရွက်တဲ့ အစုအဖွဲ့ တစ်ခုရှိရင် သွားရောက်ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်သင့်ပါတယ်။ အစုအဖွဲ့နဲ့ နေတဲ့သူတွေဟာ အပြုသဘောဆောင်တဲ့ ရင်းနှီးခင်မင်မှုတွေ တိုးတက်ဖြစ်ထွန်း လာကြပါတယ်။ အစုအဖွဲ့ အတွင်း ဝါသနာတူသူချင်း ပေါင်းသင်းဆက်ဆံရတာလည်း အဆင်ပြေပြေ နေနိုင်သလို၊ သူများတွေထက်လည်း နားလည်မှုတွေ ပိုပြီး တိုးပွားလာပါလိမ့် မယ်။ ကိုယ့်အတွက် အထီးကျန်ဖြစ်စေမယ့် စိတ်တွေလည်း ပပျောက်သွားပြီး ကြုံတွေ့လာမယ့် ကိစ္စတွေကို ပုံပြီး ထိန်းချုပ်နိုင်စွမ်းနဲ့ ရင်ဆိုင်လာနိုင်ပါလိမ့်မယ်”

ဒါက ဒေါက်တာဒေးဗစ်နီဗင်ရဲ့ ဝါသနာတူသူချင်း အစုအဖွဲ့ တွေမှာ ပါဝင်ပေါင်းသင်း ဆက်ဆံခြင်းအားဖြင့် ရလာနိုင်တဲ့ အကျိုးအမြတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

ဝါသနာတူသူချင်း စုဖွဲ့ ထားတဲ့ အစုအဖွဲ့မှာ ပါဝင်ကြတဲ့သူတွေဟာ တစ်ဦးနဲ့တစ်ဦး ပိုပြီး ရင်းနှီးကြတယ်။ တစ်ဦးနဲ့တစ်ဦးလည်း ပိုပြီး အဆက် အသွယ်တွေ လုပ်ဖြစ်ကြတယ်။ မိမိကိုယ်ကိုယ်လည်း ယုံကြည်မှု အပြည့်အဝ ရှိလာပြီး စိတ်ကျေနပ်မှုတွေလည်း အခြားလူတွေထက် ၇ ရာခိုင်နှုန်း ပိုတိုးတက် ရရှိလာကြပါတယ်လို့ သုတေသနပြုချက်တွေကနေ ဖော်ထုတ်သိရှိပါတယ်။

အခု ဒေါက်တာဒေးဗစ်နီဗင်ပြောပြတဲ့ သူတို့ သုတေသနအဖွဲ့ လုပ် တုန်းက တွေ့ကြုံရတဲ့ သူတစ်ယောက်အကြောင်း ပြောပြပါမယ်။ သုတေ သနအဖွဲ့ လေ့လာမှုပြုတဲ့အခါမှာ တက်တက်ကြွကြွ ပါဝင်ဖြေကြားခဲ့သူ လက်သမားဆရာတစ်ယောက်ပါ။

သူ့နာမည်က ဘော ဖြစ်ပါတယ်။ ရှေးရိုးဆန်ဆန်နေတတ်သူ တစ်ဦး ဖြစ်ပါတယ်။ သူဝါသနာပါတာက လက်သမားအလုပ်ပါ။ သူက အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ် တောင်ပိုင်းသားပါ။ သူပင်စင် ယူပြီးတဲ့ အခါ သူနဲ့ဝါသနာတူသူတွေကို ရှာတယ်။ တွေ့လည်း တွေ့ပါတယ်။

ဘော့လိုပဲ လက်သမားအလုပ်ကို ဝါသနာပါကြတဲ့ အုပ်စုလေး တစ်စု နဲ့ အဆက်အသွယ် ရသွားပါတယ်။ အားလုံးက လက်သမားအလုပ်မှာဝါသနာချင်းတူကြပြီး အသက်အရွယ်အားဖြင့်လည်း သူနဲ့ မတိမ်းမယိမ်း အဘိုးကြီးတွေပေါ့။ ။

သူတို့ချင်း အဆက်အသွယ်တွေ ရကြပြီး အချင်းချင်း တွေ့ဆုံကြ တာ ပြောကြ၊ ဆိုကြ၊ တိုင်ပင်ကြ၊ စိတ်ကူးကလေးတွေ၊ အမြင်တွေ ဖလှယ် ကြပါတယ်။ ပြီးတော့ သူတို့တွေ တွေ့ကြဆုံကြတဲ့အပြင် အချင်းချင်း စာနဲ့ ဆက်သွယ်တဲ့ စာပေးစာယူအလုပ်တွေလည်း လုပ်ကြပါတယ်။ မကြာခင်မှာတော့ ဘော့ဟာ သူ့လိုပဲ ဝါသနာချင်းတူကြတဲ့သူတွေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဆက်အသွယ်တွေ ရလာပါတော့တယ်။ ဝါသနာတူသူ ချင်း အဆက်အသွယ်ရလာတော့ သူ့မှာ မိတ်ဆွေအပေါင်းအသင်းတွေက အောတိုက်ပါပဲ တိုးပွားလာတယ်။ သူ့မှာ ပျင်းချိန်တောင် မရတော့ဘူး။

ဒီလိုနဲ့ ဘော့ရဲ့ ဇနီးဟာ အတော်လေး နာမကျန်းဖြစ်လာတဲ့အခါ ဘော့က သူ့လက်သမားမိတ်ဆွေဆီကို သူတော့ ဇနီးသည်နေမကောင်းလို့ မအားတော့ဘူး။ အဆက်အသွယ်တွေ ခေတ္တနားရတော့မယ်လို့ အကြောင်း ကြားလိုက်တယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ သူ့ဝါသနာတူ မိတ်ဆွေ တွေက အချင်းချင်း စာအဆက်အသွယ်လုပ်ပြီး ဘော့ဇနီးသည်အတွက် လက်ဆောင်တစ်ခုခုပေးဖို့ တိုင်ပင်စီစဉ်ကြတယ်။

မကြာခင်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဝါသနာတူ မိတ်ဆွေတွေ စာအုပ်စင် တစ်ခုလုပ်ဖို့ ပစ္စည်းတွေ စုစည်းလိုက်ကြတယ်။ အဲဒီအထဲမှာ ရှေ့နေ၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ရဲ၊ သန့်ရှင်းရေးဝန်ထမ်း စတဲ့သူတွေ ပါဝင် တာပေါ့။ စာအုပ်စင်လေး လုပ်ပြီးသွားတော့ ဘော့ဆီကို ပို့ပေးလိုက်ကြတယ်။ ဘော့ခမျာ အဲဒီလက်ဆောင်ကိုကြည့်ပြီး အတော်ကလေး ထိထိရှရှ ခံစား လိုက်ရတယ်။

ဝါသနာတူတဲ့ လက်သမားဆရာတွေ ဒီလောက် စိတ်ကောင်းရှိကြ တာကို မယုံနိုင်သလို ဖြစ်ခဲ့ရတယ်။ သူ့မှာ ဒီလို သဘောထားပြည့်ဝတဲ့ မိတ်ဆွေတွေ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့မှာ အဖွဲ့ဝင်တစ်ဦး ဖြစ်နေရတာကို တစ်သက်လုံး ဝမ်းသာကြည်နူး ဖြစ်နေမိပါတော့တယ်။