Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်လွင်ပြင် - ဆယ်ကျော်သက်တိုရဲ့ကမ္ဘာ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ဆယ်ကျော်သက်နှင့် ယုံယုံကြည်ကြည် ဆုတောင်းခြင်း

ဆုတောင်းခြင်းကိစ္စဟူသည် ဆယ်ကျော်သက်တင်မှ မဟုတ်။ လူကြီးလူငယ် လူရွယ်လူလတ်အားလုံး ကလေးများပါမကျန် ဆုတောင်း တတ်ကြသည်။ တစ်ခုခုကို လိုချင်၍၊ အောင်မြင်ချင်၍၊ ဆန္ဒပြည့်မြောက် ချင်၍ ဆုတောင်းတတ်ကြသည်။ မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့တွင် လူကြီးသူမများအား လေးစားဂါရဝထားကာ လက်အုပ်ချီမိုး ရှိခိုးကန်တော့ ပြီးလျှင် အကန်တော့ခံ သက်ကြီးဝါကြီးများက အလေးအနက်ထား ဆုပေး တတ်ကြသည်။ “ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”ဟုလည်း ဦးညွှတ်ကန်တော့ သူများက ဆုပေးသည်ကို ပြည့်ပါစေဟု ဆုတောင်းခံယူတတ်ကြသည်။ ယင်းသည် မြန်မာတို့၏ ရိုးရာဓလေ့ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုအစဉ် အလာ ချစ်ခင်နှစ်သက်ဖွယ်ရာလည်း ဖြစ်သည်။ ကန်တော့ခံသူနှင့် ကန်တော့သူတို့အဖို့ စိတ်နှလုံး အေးချမ်းမှုရစေခြင်းလည်း ဖြစ်သည်။ ကုသိုလ် တရားတို့ ထွန်းကားခြင်းဟုလည်း မှတ်ယူနိုင်သည်။

လောကကြီးတွင် ဆုမတောင်းဖူးသူမရှိ။ သို့သော်လည်း ဆုတောင်း သူတိုင်း တောင်းသည့်ဆုနှင့် ပြည့်ခဲ့ကြဖူးပြီလား။ ပြည့်သည်လည်းရှိသည် ဟု ဆိုသူက ဆိုကြမည်။ အလကားပါ အာညောင်းတာသာ အဖတ်တင် သည်ဟု ပြောသူကလည်း ပြောပါလိမ့်မည်။ မည်သို့ဖြစ်စေ ဆုတောင်းတိုင်း မပြည့်ကြသော်လည်း လူတို့သည် ဆုတောင်းခြင်းအလုပ်ကိုတော့ မစွန့်လွှတ်နိုင်ကြချေ။ သေသည်အထိ ဆုတောင်းနေကြလိမ့်ဦးမည်ဟု ယုံကြည်၏။ ဆယ်ကျော်သက်များလည်း ဆယ်ကျော်သက်အလျောက် ဆုတောင်းကြပါ သည်။ ဆုတောင်းခြင်းအလုပ်သည် ဆယ်ကျော်သက်တို့ဘဝတွင် နိစ္စဓူဝ လုပ်ငန်းစဉ်ထဲက လုပ်ငန်းတစ်ခုအဖြစ် ပါဝင်ကောင်း ပါဝင်နိုင်သည်။ အထူး သဖြင့် ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်တို့ နံနက် အိပ်ရာထ၊ ညအိပ်ရာ ဝင် ဆွမ်းကပ်ရေချမ်းကပ် စသော တစ်ချိန်ချိန်တွင် ဘုရားရှိခိုးရင်း လိုရာ ဆုတစ်ခုခုကိုတော့ မဖြစ်မနေ တောင်းဖြစ်ကြလိမ့်မည်ဟု ထင်ပါသည်။ ဘုရားရှိခိုးသည်ဆိုရာတွင် ဆယ်ကျော်သက်ယောက်ျားကလေးများလည်း ပါဝင်သည်။ ဆိုချင်သည်မှာ ဆယ်ကျော်သက်တို့နှင့် ဆုတောင်းခြင်းကိစ္စ မစိမ်းကြပါ။ မွေးရာပါ အလေ့အထ ဖြစ်နေပါသည်။ မြန်မာ့ရိုးရာယဉ် ကျေးမှု၏ အသီးအပွင့်လည်း ဖြစ်ပါသည်ဟု ဆိုချင်ပါသည်။

ယခုတင်ပြမည့် ဇာတ်လမ်းလေးမှာ ဆယ်ကျော်သက်အရွယ် သား ငယ်၊ သမီးငယ်တို့အား ဆုတောင်းခြင်းကို သင်ကြားပေးခြင်းအကြောင်း ဖြစ်သည်။ သို့သော် သာမန်ကာလျှံကာ ဆုတောင်းခြင်းမျိုးမဟုတ်ဘဲ ယုံယုံ ကြည်ကြည်ဖြင့် နှစ်နှစ်ကာကာ ဆုတောင်းခြင်းမျိုး ဖြစ်သည်။ ပြောစရာ ရှိသည်မှာ “ဆုတောင်းတာပဲ၊ ယုံယုံကြည်ကြည်တွေ၊ နှစ်နှစ်ကာကာတွေ လိုသေးလို့လား၊ ယုံယုံကြည်ကြည်ဆုတောင်းမှ ဆုတောင်းခြင်းမည်သလား” ဟု စောဒကတက်နိုင်စရာ ရှိသည်။ စောစောကပြောသလို ဆုတောင်းကြ သည်ဆိုရာဝယ် လူတို့၏ နိစ္စဓူဝလုပ်ငန်းဖြစ်၍ ဆုတောင်းခြင်းကို သရုပ်ခွဲ နေစရာ မလိုတော့ပေ။ သို့သော် ယုံယုံကြည်ကြည် ဆုတောင်းခြင်းသည် တကယ်ဆုတောင်းပြည့်နိုင်ကြောင်း လက်တွေ့ပြသနိုင်ပြီဆိုသည်ကို ယခု ဇာတ်လမ်းလေးက ဖော်ပြနေသည်။

ယနေ့ ခေတ်သစ်ဆေးကုသရေးလောကတွင် ကင်ဆာ အစရှိသော ရောဂါကြီးများအား ကုသရာတွင် လူနာကိုယ်တိုင်ရော လူနာရှင်များကပါ လူနာရောဂါ သက်သာလာစေကြောင်း ယုံယုံကြည်ကြည်ဖြင့် ဝိုင်းဝန်း ဆုတောင်းပေးခြင်းကို ဆေးကုသခြင်းနှင့်တွဲ၍ လုပ်ကိုင်လာကြသည်။ ထိုသို့ ယုံယုံကြည်ကြည် ဆုတောင်းမေတ္တာပို့သခြင်း လုပ်ငန်းကို ယုံယုံကြည်ကြည်လုပ်ကိုင်ကြည့်ကြသောအခါ လူနာမှာ အမှန်တကယ် ရောဂါပျောက်ကင်း သွားသော သာဓကများ ဖော်ပြနိုင်ကြပြီ ဖြစ်သည်။ ယင်းသို့ သာဓကဖော်ပြ နိုင်သည့်အထဲတွင် ယခုဖော်ပြမည့် ဇာတ်လမ်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယခုဇာတ်လမ်း၏ ဆိုလိုချင်သော ရည်ရွယ်ချက်မှာ သာမန်ကာ လျှံကာ မဟုတ်သော ယုံယုံကြည်ကြည် ဆုတောင်းခြင်းသည် တစ်ချိန်ချိန် တွင် တကယ်လက်တွေ့ အကျိုးရလဒ်ကောင်း ရရှိနိုင်ကြောင်းနှင့် ဆယ်ကျော် သက်များအား အရာရာကို ယုံယုံကြည်ကြည် ဆုတောင်းတတ်ခြင်းဖြင့် ကိစ္စ အချို့အား စူးစူးနစ်နစ် သဘောထားတတ်စေရန် ရည်ရွယ်ထားကြောင်း တွေ့မြင်ရမည် ဖြစ်သည်။ ။

ဇာတ်လမ်း စတင်ပါပြီ။ ပူဆွေးသောကရောက်ဖွယ် အနေအထား ဖြင့် ရောဂါကျွမ်းနေသူအား နည်းမျိုးစုံဖြင့်ကုသရာတွင် ဆုတောင်းခြင်း အစွမ်းသတ္တိက အကျိုးထူးပေးပုံ ဖြစ်ရပ်တစ်ခုဖြစ်သည်။

ကျွန်တော့်ဇနီးဖြစ်သူ စတက်ဖနီနှင့် ကျွန်တော် တစ်နေ့ အတူတကွ အလွတ်ရေငုပ်နေကြရင်း စတက်ဖနီသည် ထူးဆန်းသော ဝေဒနာတစ်ခု ခံစား လိုက်ရသည်။ သူနှင့်ကျွန်တော် ရေပေါ်သို့ အမြန်ပြန်တက်ပြီး သူ့ရေကူး ဝတ်စုံကို ချွတ်ရင်း သူ့အဆုတ်ထဲမှာ ရေတွေပြည့်နေသလို ခံစားနေရကြောင်း ဆိုလာသည်။ သူသည် ယခင်ကတည်းက အဆုတ်ထဲတွင် လေခိုနေသလို ခံစားနေရသော ရောဂါတော့ ရှိသည်။ သို့သော် ကျွန်တော် ဘာမျှထပ်မမေး တော့ဘဲ ကျွန်တော်တို့ ရေငုပ်ခြင်းအလုပ်ကို ရပ်ဆိုင်းလိုက်သည်။

နောက်ပိုင်းရက်များတွင် ကျွန်တော်တို့ ရေငုပ်ခဲ့ရာကမ်းခြေသည် ရေငုပ်ရန်လာရောက်ခဲ့ရသော ကမ်းခြေအဖြစ်မှ အများသူငါ အနားယူရာ ကမ်းခြေအဖြစ် သဘောထားလိုက်ပြီ။ ကျွန်တော်တို့နှစ်ဦး သည်ကမ်းခြေ တွင် အေးအေးဆေးဆေး အပန်းဖြေဖို့ရာ နေရာအဖြစ် စီစဉ်လိုက်တော့ သည်။ သူ၏ ခံစားနေရသော ဝေဒနာအကြောင်းကိုလည်း ခေါင်းထဲမထည့် တော့ဘဲ မေ့နိုင်ကြောင်း ကြိုးစားလိုက်၏။ ဤသို့ဖြင့် ကမ်းခြေတွင် လမ်း လျှောက်အပန်းဖြေပြီး အိမ်အပြန် တစ်ညနေချမ်းမှာတော့ စတက်ဖနီသည် အအေးမိသည့်လက္ခဏာရိပ် ပြလာသည်။ ကျွန်တော်တို့ ဆရာဝန်ထံ သွားပြလိုက်တော့ “ဘာမှတော့ မဖြစ်ပါဘူး။ ခင်ဗျားတို့ စိုးရိမ်တယ်ဆိုရင်တော့ အိပ်စရေးရိုက်ဖို့ ကျွန်တော် လွှတ်လိုက်မယ်လေ”ဟုသာ ဆိုခဲ့သည်။

ကျွန်တော်တို့ အိမ်ကိုပြန်ခဲ့သည်။ ရက်သတ္တပတ်အနည်းငယ် စောင့် ကြည့်သည်။ စတက်ဖနီ၏ရောဂါ ပျောက်နိုး ပျောက်နိုးဖြင့် ကျွန်တော်တို့ ဘာဆက်လုပ်မည်လည်း စဉ်းစားနေခဲ့သည်။ စတက်ဖနီ၏ အအေးမိရောဂါ လက္ခဏာက ပျောက်မသွား။ ကျွန်တော် သူ့ကိုခေါ်ပြီး အိပ်စရေးရိုက်ကြည့်ဖို့ ဆေးရုံသို့သွားခဲ့သည်။ ဆေးရုံမှာ အိပ်စရေးရိုက်ကြည့်တော့ စတက်ဖနီ၏ ရင်ခေါင်းပိုင်းတွင် အကျိတ်တစ်ခုရှိနေသည်ကို တွေ့ရသည်။ အသက် ၄၆ နှစ်သာရှိသေးသော အရွယ်ကောင်းနေဆဲဖြစ်သော ကျွန်တော့်ဇနီးသည်၏ ခန္ဓာကို တအိအိဖျက်ဆီးပစ်တော့မည့် အကျိတ်တစ်ခုရှိနေပြီ။ ကျွန်တော်တို့ မိသားစုတွင် သားတစ်ဦး၊ သမီးတစ်ဦးရှိသည်။ ဆယ်ကျော်သက်ရွယ်များ ဖြစ်ကြသည်။ သူတို့ကတော့ သူတို့မိခင်ထံတွင် အကျိတ်တစ်ခုရှိနေသည်ကို ဝမ်းနည်းရမည်လား၊ ဝမ်းသာရမည်လား၊ သူတို့ မည်သို့ ခံစားရမည်မသိ ဖြစ်နေကြသည်။ ။

နှစ်ပတ်လောက် အကြာမှာတော့ သူတို့က စတက်ဖနီ၏ အကျိတ် ကို အသားစထုတ်ယူစစ်ဆေးခြင်း (Biopsy) လုပ်ကြည့်ကြသည်။ ထွက် လာသည့်အဖြေက အကျိတ်မှာ ကင်ဆာကျိတ်ဖြစ်ပြီး အရှိန်အဟုန်ကောင်းကောင်းဖြင့် ကြီးထွားနေကြောင်းပင်။ စတက်ဖနီအား ကင်ဆာရောဂါတို့၏ ကုသနည်းတစ်နည်းဖြစ်သော ဆေးသွင်းကုသခြင်း (Chemotherapy) နည်းဖြင့် စတင်ကုသရပါတော့သည်။ ကင်ဆာဆေးသွင်းကုသခြင်း စတင် ခဲ့ရသော စတက်ဖနီသည် ထိုရက်သတ္တပတ်မှာပင် ဆေးသွင်းခြင်းဒဏ်ကို စတင်ခံစားရသည်။ ထို့နောက် အကျိတ်ကို ဓာတ်ရောင်ခြည်ပြ ကုသခြင်း ကိုလည်း ကုသမှုတစ်ပြိုင်တည်း ခံယူရသည်။ ယင်းသို့ ကင်ဆာကုသနည်း နှစ်နည်းဖြင့် ကုသခြင်းခံနေရသော စတက်ဖနီသည် တစ်လအတွင်း ကိုယ် ရည်စစ်သွားခဲ့သည်။ လူလည်း အနည်းငယ် ချောင်သွားခဲ့သည်။ အမှတ် တမဲ့ကြည့်လျှင် လူမမာရုပ်ပေါက်သွားသည်။

သူ့သားနှင့်သမီးက ဤအခါကျမှ သူ့ အမေ ကင်ဆာရောဂါ