စိတ်ကူးချိုချိုစာပေ
မောင်ယဥ်နွယ် - ရုပ်စုံကလေးဗုဒ္ဓဝင်ကဗျာများ
Couldn't load pickup availability
ပြုစုသူ မောင်ယဉ်နွယ်
ငယ်နာမည် မောင်သိန်းမောင်ဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် ညောင်တုန်း မြို့အပိုင် ချောင်းကြီးကျေးရွာ၌ အဘဦးကုလား၊ အမိဒေါ်စိန်တင်တို့မှ မွေးဖွား သော စတုတ္ထသားဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ပြီးနောက် ထုတ်ဝေသည့် သတင်းစာများ၌ ကဗျာများ ကို စတင်ရေးသားခဲ့သည်။
၁၉၅၄ ခုနှစ်၌ မြဝတီမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၅၅-၅၆ ခုနှစ်တွင် စာပေဗိမာန်မှ စတင်ဖွင့်လှစ်သော သတင်း စာပညာ အတတ်သင်ကျောင်းမှ သတင်းစာပညာဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သတင်းစာ ဒီပလိုမာဘွဲ့ ကို ထပ်မံရရှိသည်။
၁၉၅၇ ခုနှစ်တွင် ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၆၂ ခုနှစ်တွင် မိုးကြိုးသတင်း စာ၊ ၁၉၆၉ ခုနှစ်တွင် တောင်သူလယ်သမားဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ။
၁၉၈၉ ခုနှစ်တွင် “ရိုးမအလှ” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု ကို ရရှိခဲ့ပြီး၊ တပ်မတော်နေ့ ကဗျာရှည်ပြိုင်ပွဲ၌ သုံးကြိမ်ဆုရရှိခဲ့သည်။
၁၉၉၃ခုနှစ် ပထမဦးဆုံး ပခုက္ကူဦးအုန်းဖေ၏ စာပေပြိုင်ပွဲတွင် “လမင်း နှစ်စင်း အလင်းပြိုင်”” ကဗျာများဖြင့် ဆုရရှိခဲ့သည်။
စာနယ်ဇင်းများတွင် ကဗျာနှင့်ဆောင်းပါးများ ရေးသားလျက်ရှိပြီး ပညာ ပေး ကျမ်းစာအုပ်ပေါင်း (၁၇) အုပ်ကို ရေးသားပြုစုထုတ်ဝေခဲ့သည်။
ကလောင်ခွဲအမည်မှာ “သုသုက”” ဖြစ်ပြီး စာပေရေးသားပြုစုခြင်း တစ်ခုတည်းအပေါ်၌သာ ရပ်တည်အသက်မွေးသူဖြစ်သည်။
ယခုအခါ အမှတ် ၈၉ဝ၊ ဗိုလ်သုံလမ်း၊ ၄၉-ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်းတွင် နေထိုင်လျက်ရှိသည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၀၉၄၂၀၀၇၉၈၂၃ ဖြစ်ပါသည်။
စာရေးဆရာကြီး စည်သူဦးဌေးမောင်၏
အမှတ်တရစာ
ဆရာမောင်ယဉ်နွယ်နှင့်ကျွန်တော် မြဝတီမဂ္ဂဇင်းမှာ အတူတကွ အလုပ် လုပ်ကိုင်ခဲ့ဖူးပါသည်။ ကျွန်တော်က ဝတ္ထုဆောင်းပါးရေးပါသည်။ သုံးလေး နှစ်မှာ တစ်ကြိမ် ကဗျာတစ်ပုဒ်လောက်ရေးပါသည်။ သူကတော့ တစ်သမတ် တည်း ကဗျာများချည်း ရေးဖွဲ့ သီကုံးပါသည်။ သူက ကဗျာဈာန်ဝင်စားသူပါ။
နောက်တော့ သူပေဖူးလွှာမဂ္ဂဇင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ပါသည်။ အလုပ် နေရာချင်းမတူ၊ နေထိုင်သည့်အိမ်လည်း သူလည်းပြောင်း ကိုယ်လည်းပြောင်းနှင့် အနေဝေးပြီး မဆုံဖြစ်ကြတော့ပါ။ ကျွန်တော် အိမ်အပြောင်းအရွှေ့ ငါးကြိမ်လောက်ပြုပြီးသည့်အခါ သူနှင့်မနီးမဝေးဆိုက်ကားဖြင့် အလွယ်တကူ သွား လာရသည့်အခြေသို့ ရောက်လာသည်။
တစ်နေ့မှာ ကျွန်တော့်ထံ သူရောက်လာသည်။ သူ၏လက်ရာ ရုပ်စုံ | ကလေးဗုဒ္ဓဝင် (ကဗျာများ) စာမူ ပေးဖတ်ပါသည်။ ကဗျာများကို အားပါး တရ စိတ်ကြည်လင်စွာဖြင့် ဖတ်ရှုရသည်။ အကြောင်းအရာကို ပြေပြစ် ချောမွေ့သည် အဖွဲ့အနွဲ့ဖြင့် တင်ပြထားသည်။ ကျွန်တော် ဝမ်းမြောက်ပါသည်။ ယခုခေတ် ကလေးလူငယ်တွေမှာ ကြည့်စရာရှုစရာနှင့် ဂိမ်းအမျိုးမျိုး ကစား ခြင်းမှာ အချိန်ပေးကြပါသည်။ သူတို့တစ်တွေ ဖတ်စရာ “ရုပ်စုံကလေး ဗုဒ္ဓဝင်”ကဗျာများ ဖတ်ရလျှင် သူတို့လည်း အသိအမြင်တိုးတက်၍ သည်ဖက်မှာ အာရုံစိုက်မိလာဖွယ် ရှိပါသည်။ ဤသည်မှာ ကြီးမြင့်သော အမြတ်ဖြစ်ပါသည်။ ဆရာမောင်ယဉ်နွယ်၏ စေတနာနှင့် ကြိုးပမ်းအားထုတ်မှုကို ကျွန်တော် နှစ်သိမ့်စွာ သာဓုခေါ်ပါသည် ခင်ဗျား။
ဌေးမောင်
၂၀၁၄ ခု၊ ဖေဖော်ဝါရီလ၊ ၉ ရက်။






