Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်မြင့်ကြည်(စာပေဗိမာန်) - အလယ်တန်းအဆင့်မြန်မာစာစီစာကုံးများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

(၁) သတင်းစာဖတ်ခြင်းအကျိုး

နိုင်ငံတစ်ဝန်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ၊ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အိမ်တွင် ထိုင်ရင်း သိရှိနိုင်သောလုပ်ငန်းမှာ သတင်းစာဖတ်ရှုသောလုပ်ငန်း ပင်ဖြစ်သည်။ နေ့စဉ်သတင်းစာကို ဖတ်ရှုရသော အလေ့အထရှိ ပါက ယနေ့ခေတ်နှင့်အညီ ဖြစ်ပေါ်လျက်ရှိသော အကြောင်းစုံစုံ ဖြစ်ပျက်ပုံတို့ကို အစဉ်သိရှိ နားလည်နေမည်သာဖြစ်၏။ ဝတ္ထုစာ အုပ်ဖတ်ခြင်း၊ မဂ္ဂဇင်းဂျာနယ်ဖတ်ခြင်းထက် သတင်းစာဖတ်ရ ခြင်းသည် ခေတ်မီသောအသိကို ရရှိစေနိုင်ပါသည်။ ။

ယခု မြန်မာပြည်တွင်ထုတ်ဝေသော သတင်းစာနှစ်စောင် ရှိပါသည်။ ကြေးမုံသတင်းစာနှင့် လုပ်သားသတင်းစာတို့ပင် ဖြစ် သည်။ သတင်းစာနှစ်စောင်လုံး၏ မျက်နှာဖုံးနှင့် ကျောဖုံးများတွင် တွေ့ဆုံမှုမိန့်ခွန်းနှင့် အစည်းအဝေးများကို ဖော်ပြလေ့ရှိပါသည်။ ထူးခြားသော နိုင်ငံခြားသတင်းများကိုလည်း ရှေ့ဖုံးနှင့် ကျောဖုံး တွင် ရံဖန်ရံခါ ဖော်ပြလေ့ရှိပါသည်။ သတင်းစာ၏ အတွင်းပိုင်း စာမျက်နှာများတွင် နိုင်ငံခြားသတင်းနှင့် ပြည်တွင်းသတင်းများနေ့စဉ်ပါရှိပါသည်။

သတင်းစာသည် စိတ်ဝင်စားစရာကောင်းသော ဖတ်ရှုစရာ အဖြစ် တွေ့မြင်နိုင်ပါသည်။ သတင်းစာမပေါ်ပေါက်မီက လူထု ဆက်သွယ်ရေးလုပ်ငန်းများသည် နှောင့်နှေးဖင့်ကြောပြီး အရပ်ဒေ သတစ်ခုမှ အဖြစ်အပျက်ကို အခြားအရပ်ဒေသများက မသိရှိနိုင် ကြပါ။ သတင်းစာပေါ်ပေါက်လာသောအခါတွင်မှ မြန်မြန်ဆန် ဆန် တစ်နေရာမှ သတင်းစကားကို အလွန်ဝေးလံသော အခြား တစ်နေရာတွင် နေထိုင်သူများ သိရှိလာနိုင်ကြပါသည်။ ထို့ကြောင့် သတင်းစာကို “မကင်းကွာရသော ကြေညာမောင်းသမားကြီး” (သို့မဟုတ်) “ကမ္ဘာ့ ကြည့်မှန်တစ်ချပ်” ဟုလည်း တင်စားခေါ်ဝေါ် ကြပါသည်။ ။

သတင်း” ဟူသော အဖြစ်အပျက်ကို “စာ” ဖြင့် ရေးသားဖော် ပြသောကြောင့် အသိပေးသောသဘော၊ အမြင်ကျယ်စေသော သဘောဖြင့် “သတင်းစာ” ဟု အမည်ပေးထားသည်မှာ အမည်နှင့် လိုက်ဖက်လှပါသည်။ ရှေးမြန်မာမင်းများလက်ထက် သတင်းစာ မပေါ်မီအချိန်က သတင်းပေးပို့လိုလျှင် တစ်နေရာမှ တစ်နေရာသို့ စာချွန်တော်များဖြင့် စေလွှတ်ရသည်။ စစ်ရေးကိစ္စများတွင် ရန်သူ ရောက်ရှိကြောင်း သိနိုင်ရန် ကုလားတက်(ကလတက်)ဖြင့် ခေါက် ၍ အချက်ပေးရသည်။ သတင်းပို့ရသည်။ မောင်းများကို တီးခတ်၍ လည်း မြို့ရွာများအတွင်းသို့ သတင်းဖြန့်ချိရသည်။

ကမ္ဘာပေါ်၌ သတင်းစာနှင့် ဆင်ဆင်တူသော ထုတ်ဝေဖြန့် ချိမှုမျိုးကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်ခဲ့သည်။ ( ရောမဘုရင် `ဂျူလီယက်ဆီဇာလက်ထက်၌ အများပြည်သူနှင့်သက်ဆိုင်သော သိမှတ်စရာ သတင်းများကို နန်းတော်နံရံ လူမြင် ကွင်း၌ ကပ်ထားလေ့ရှိ၏။ ထိုသို့ ကပ်ထားသော အမိန့်ပြန်တမ်း များ၊ သတင်းများကို စာကူးစာရေးများက ကူးယူ၍ ရပ်ဝေးနိုင်ငံ ရေး စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးများထံသို့ ပေးပို့ကြရလေသည်။ ပုံနှိပ်သတင်းစာကို စတင်ထုတ်ဝေသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်၍ သစ်သားများကို ဘလောက်တုံးပုံစံကဲ့သို့ စာလုံးများထွင်းကာ စက္ကူပေါ်တွင် နှိပ်၍ ပုံနှိပ်သတင်းစာအဖြစ် အသုံးပြုခဲ့ကြသည်။

ဂျာမန်နိုင်ငံမှ ဂူတင်းဗတ်သည် ဗျည်းအက္ခရာတွဲနိုင်သော ပုံနှိပ်စက်များကို ထည့်သွင်းပြီးသောအခါတွင် အနောက်ဥရောပ နိုင်ငံများ၌ သတင်းစာများ ထွက်ပေါ်လာခဲ့လေတော့သည်။ ၁၆၀၉ ခုနှစ်တွင် ဂျာမနီ၊ ၁၆၁၆ ခုတွင် ဘယ်လ်ဂျီယန်၊ ၁၆၂၂ ခုနှစ်တွင် အင်္ဂလန်ပြည် စသဖြင့် အချိန်မှန်ရက်မှန်ထုတ်ဝေသော သတင်းစာ များ ထွက်ပေါ်လာတော့၏။ မြန်မာနိုင်ငံတွင် သတင်းစာ စတင် ထုတ်ဝေသောမြို့မှာ မော်လမြိုင်မြို့ဖြစ်၍ သတင်းစာ၏အမည်မှာ အင်္ဂလိပ်ဘာသာဖြင့် “ခရော်နီကယ်” ဟု အမည်ပေးထားပြီး ၁၈၃၆ ခုနှစ်တွင် စတင်ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ် ဝေသော သတင်းစာလုပ်ငန်းသာ ဖြစ်ခဲ့သည်။ မြန်မာသတင်းစာ စစ်စစ်မှာ ၁၈၇၄ ခုနှစ်တွင် စတင်ထုတ်ဝေသော မင်းတုန်းမင်းကြီး ၏ “ရတနာပုံသတင်းစာ” ပင်ဖြစ်၍ ပထမဆုံး မြန်မာသတင်းစာ ဟု ဆိုရမည်ဖြစ်လေသည်။

လူထုလက်ရောက် သတင်းစာတစ်စောင်ဖြစ်စေရန် လူတို့ သည် အဆင့်ဆင့် တီထွင်ခဲ့ကြရ၏။ သတင်းထောက်လှမ်းခြင်း၊ သတင်းရေးသားခြင်းဟူသော အလုပ်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။ အများသိစေရမည့်အချက်များ၊ ထူးခြားသော သတင်း ဓာတ်ပုံများ၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးကိစ္စများ၊ အရောင်း အဝယ်ကြော်ငြာများ၊ ရာဇဝတ်မှုဆိုင်ရာ သတင်းများ၊ နာရေးကိစ္စ များ၊ နိုင်ငံတော်မှထုတ်ပြန်သော မိန့်ခွန်းအမိန့် ကြေညာချက် ဥပဒေ စသဖြင့် သတင်းစာတစ်စောင်တွင် သိမှတ်စရာများနှင့် ပြည့်နှက်နေသည်။

ခေါင်းကြီးပိုင်းတွင် ယနေ့အချိန်၌ ပြည်သူတို့ လိုက်နာသင့် သော နိုင်ငံရေး၊ စီးပွားရေးကိစ္စများကို သတင်းစာအယ်ဒီတာတို့က ရေးသားဖော်ပြလေ့ရှိသည်။ သတင်းစာတစ်စောင်တွင် ခေါင်းကြီး ပိုင်း ရေးသားဖော်ပြချက်မှာ သတိထား၍ ဖတ်ရှုရမည့် အခန်း ကဏ္ဍဟု ဆိုသင့်ပါသည်။ သတင်းစာတွင် သတ်ပုံသတ်ညွှန်းနှင့် အညီ မြန်မာစကားပြေ ဝါကျဖွဲ့ထုံးနှင့်အညီ ကျစ်ကျစ်လျစ်လျစ် ရေးသားဖော်ပြရသောကြောင့် သတင်းစာ ပုံမှန်ဖတ်နေသူတစ်ဦး သည် မြန်မာစာ၊ အင်္ဂလိဗ်စာတို့တွင် ရေးထုံးသတ်ညွှန်းပိုင်းဆိုင်ရာ လည်း လေ့လာပြီး ဖြစ်နေတတ်လေသည်။

ဌာနဆိုင်ရာများမှ ကြေညာသော အလုပ်ခေါ်ယူခြင်းများ၊ စီးပွားရေးလုပ်ငန်းကြော်ငြာများ ပါသောကြောင့် အလုပ်အကိုင်ရှာ ဖွေသူ စီးပွားရေးလုပ်ကိုင်သူတို့သည်လည်း သတင်းစာမှ အကျိုး တရား ရရှိနိုင်လေသည်။ ရပ်ဝေးဒေသရှိ မိမိဆွေမျိုးသားချင်းများ ၏ သာရေး၊ နာရေးကိစ္စများကိုလည်း သတင်းစာကြော်ငြာတို့တွင် တွေ့မြင်နိုင်သဖြင့် နေ့စဉ် သတင်းစာဖတ်ရှုခြင်းဖြင့် မိမိ လိုအပ် ချက်များ လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း တွေ့မြင် . လာရနိုင်လေသည်။

တစ်ဖန် သတင်းစာတွင် ဆေးပညာဆိုင်ရာ၊ စာပေဆိုင်ရာ၊ ယဉ်ကျေးမှုအနုပညာဆိုင်ရာ ဆောင်းပါးများကို ဆောင်းပါးရှင်များ က အခါအားလျော်စွာ ရေးသားလေ့ရှိကြပြန်သောကြောင့် ဗဟုသုတ ဆိုင်ရာ အထွေထွေကိုလည်း သတင်းစာက ပေးစွမ်းနိုင်ပြန်လေ သည်။ အင်္ဂလိပ်သတင်းစာတွင် ခေတ်သုံးဝေါဟာရ၊ စစ်ရေး၊ နိုင်ငံ ရေး၊ ပညာရေးတို့နှင့် ဆက်နွှယ်နေသော အသုံးများနှင့် သတင်း အချက်အလက်များကို ဖော်ပြထားသောကြောင့် အင်္ဂလိပ်စာ အရေးအသားနှင့် ခေတ်မီသော အသုံးအနှုန်းတို့သည်လည်း အိမ် တွင် ထိုင်ရင်း ဖတ်ရှုမှတ်သားနိုင်ပြန်လေသည်။ ။

လူတစ်ဦးတွင် သတင်းစာဖတ်ဖို့ အချိန်ဟူ၍ ရှိသင့်လေ သည်။ ရေးသားပြုစုသော အတ္ထုပ္ပတ္တိများ၊ မှတ်တမ်းမှတ်ရာများ သည် နှစ်ကာလကြာသည်နှင့်အမျှ ဟောင်း၍သွားသည်။ သတင်း စာကား နေ့စဉ် အဖြစ်အပျက်များကို ဖော်ပြနေသဖြင့် အချိန်နှင့် ကိုက်ညီစွာ ခေတ်မီလျက်ရှိသည်ဟု ဆိုရပေမည်။ နိုင်ငံတစ်နိုင်ငံ အကြောင်းကို သိလိုလျှင် သတင်းစာကိုဖတ်၍ နေ့စဉ်မှတ်တမ်း ပြုလုပ်ထားသင့်ပါသည်။ ။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့နိုင်ငံများသည် နေ့စဉ် ပြောင်းလဲနေသောကြောင့်ပင် ဖြစ်သည်။ သတင်းစာလောက် မည် သည့်စာအုပ်စာတမ်းကမျှ နေ့စဉ် ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံများအကြောင်းကို ပြည့်စုံအောင် ဖော်ပြနိုင်မည်မဟုတ်ချေ။ စာအုပ် • တစ်အုပ်သည် ပြုစုပြီးစီးသွားသည့် အချိန်ကာလ ကန့်သတ်ချက်ဖြင့်သာ နိုင်ငံတစ်နိုင်ငံ၏ အကြောင်းကို ပြောနိုင်သည်။ သတင်း စာကမူ ယနေ့အချိန်အထိ အစဉ်အမြဲ နိုင်ငံတစ်နိုင်ငံအကြောင်းကိုပြောနိုင်လေသည်။

ထို့အပြင် ဝန်ထမ်းရေးရာ စာမေးပွဲများ၊ ကျောင်းစာမေးပွဲ များအတွက် လိုအပ်သော အချက်အလက်များကိုလည်း သတင်းစာ က ပေးနိုင်သေးသည်။ ပြည်တွင်းစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး သည် သတင်းစာထဲတွင် ရှိသကဲ့သို့ ပြည်ပနှင့် ပတ်သက်သော စစ်ရေး၊ သိပ္ပံပညာ၊ ဆေးဝါးသုတေသန၊ သဘာဝ ရာသီဥတုဖောက်ပြန်မှုများ၊ အသစ်တီထွင် ဖန်တီးမှုများသည်လည်း သတင်း စာထဲတွင် ပါလေသည်။

ထို့ကြောင့် မည်သည့်လူမျိုးမဆို သတင်းစာကို နေ့စဉ် ဖတ်ရှုလေ့လာသင့်၏။ သတင်းစာဖတ်ခြင်းဖြင့် ပြည်တွင်းပြည်ပ ဗဟုသုတသာမက ခေတ်မီအဖြစ်အပျက် အတတ်ပညာများကိုပါ ရရှိစေနိုင်သောကြောင့် သတင်းစာတစ်စောင်အား စနစ်တကျ ဖတ်ရှုလေ့လာတတ်လျှင် အရာရာ၌ အထွေထွေဗဟုသုတရရှိသူ တစ်ဦး ဖြစ်လာနိုင်လေသည်။ သတင်းစာမှပေးသော ဗဟုသုတ အချက်အလက် များပြားလှသဖြင့် သတင်းစာဖတ်ခြင်းအကျိုး သည် မည်သည့်စာပေလေ့လာမှုမျိုးနှင့်မျှ မတူဟုပင် ဆိုနိုင်လေ တော့၏။