Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်မြင့်ကြည်(စာပေဗိမာန်) - ထူးဆန်းသောအမွှာညီနောင်နှင့်လက်ရွေးစင်ပုံပြင်များ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

စိတ်ကောင်းရှိတဲ့ မောင်စန္ဒာ

ဟိုးရှေးရှေးတုန်းက ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတဲ့ သူဌေး ကြီးတစ်ဦးမှာ သားသုံးယောက်ရှိသတဲ့။ အဲဒီသူဌေးကြီး အသက် အရွယ် ကြီးရင့်လာသော် သားသုံးယောက်ကို မြေတစ်ကွက်နှင့် မြင်းတစ်ကောင်စီ အမွေခွဲပေးသတဲ့။ သားအကြီးဆုံး မောင်ဝဏ္ဏက မြင်းဖြူကြီးတစ်ကောင်နဲ့ အင်မတန်ကျယ်ပြန့်တဲ့ လယ်ကွက်ကြီး တစ်ကွက်ကို အမွေရလိုက်တယ်။ သားလတ် မောင်သီဟကတော့ ထွားကျိုင်းတဲ့ မြင်းညိုကြီးတစ်ကောင်နဲ့ ယာခင်းတစ်ခင်းကို ရ သတဲ့။ အဲ.. သားအငယ်ဆုံး မောင်စန္ဒာလေးရဲ့ အလှည့် ရောက်တဲ့ အခါကျတော့ သူဌေးကြီးဟာ အလှူအတန်းပြုလုပ်တာရယ် သား အကြီးတွေကို လယ်မြေယာမြေတွေ ပေးခဲ့တာရယ်ကြောင့် ပေး စရာမြေ မရှိတော့ဘူးတဲ့။

ငါ့သားရယ်... မင်းအလှည့်ရောက်တော့မှ အဖေ့မှာ ပေး - စရာလယ်ယာတော့ မရှိတော့ဘူး၊ အဲဒီတော့ ဟော ဟိုက မြင်း - ဇောင်းနဲ့ မြင်းအိုမကြီးကမွေးတဲ့ မြင်းပေါက်စလေးကိုသာ ယူပေတော့”

မောင်စန္ဒာလေးဟာ သူ့အတွက် အမွေရတဲ့ မြင်းဇောင်းကို ဝမ်းသာအားရယူသတဲ့။ ပြီးတော့ ညစ်ပတ်ပေရေနေတဲ့ မြင်း ဇောင်းကိုလည်း သန့်ရှင်းစင်ကြယ်အောင် ရေနဲ့ဆေးကြောပြီးတော့ ပြုပြင်စရာရှိတာတွေကို ပြုပြင်လိုက်တာပေါ့။

သည်လို ပြုပြင်လိုက်တော့ အိုမင်းဟောင်းနွမ်းနေတဲ့ မြင်း ဇောင်းဟာ နေချင်ထိုင်ချင်စရာ ဖြစ်လာတယ်။ ဒါပေမဲ့ သူ့အတွက် အမွေရလာတဲ့ မြင်းကလေးကတော့ တော်တော့်ကို စိတ်ပျက်စရာကောင်းသတဲ့။ သူ့အစ်ကိုကြီးရတဲ့မြင်းက အင်မတန် ကျက်သရေ ရှိတဲ့ မြင်းဖြူကြီးဖြစ်သလို သူ့အစ်ကိုလတ် မောင်သီဟရတဲ့ မြင်း ကလည်း သန်မာထွားကျိုင်းတဲ့ မြင်းညိုကြီးမဟုတ်လား။

မောင်စန္ဒာရတဲ့ မြင်းကလေးကတော့ အမွေးအရောင်က အနက်ရောင်ဖြစ်နေပြီး ပိန်လိုက်တာကလည်း အရိုးပေါ်အရေတင် နေသတဲ့။ ဒီမြင်းကလေးဟာ ပိန်လွန်းလို့ အသက်မှ ရှင်မလား လို့ မောင်စန္ဒာက ထင်မိသေးသတဲ့။ မောင်စန္ဒာဟာ မြင်းပိန်လေး ရဲ့ အမွေးကို ပွတ်ပြီးတော့ အစားအစာကို ချော့ပြီး ကျွေးရသတဲ့။

သည်လိုနဲ့ ကျန်းမာရေးမကောင်းလို့ ဖျားနာနေဟန်တူတဲ့ မြင်းပိန်လေးဟာ ခုနှစ်ရက်လောက်ကြာတဲ့အခါ ထူနိုင်ထနိုင် ဖြစ်လာပြီး လမ်းလျှောက်စပြုလာတယ်။ မောင်စန္ဒာဟာ အရမ်း ဝမ်းသာသွားတယ်။

အဖေ၊ ကျွန်တော့်မြင်းကလေး ထနိုင်လာပြီ၊ လမ်းလျှောက် နိုင်လာပြီ” လို့ သူ့ဖခင်ကြီးကိုလည်း ဝမ်းသာအားရ သွားပြောသတဲ့။

သည်လို မောင်စန္ဒာကလေးက ဝမ်းသာအားရပြောပြတဲ့ အချိန်မှာ ဖခင်ကြီးဟာ စိတ်မကောင်းလို့ မျက်ရည်တောင် ဝဲမိ သတဲ့။ သည်လိုနဲ့ ဖခင်ကြီးဟာ တစ်နေ့တခြား အသက်ကလည်း ကြီး၊ ရောဂါကလည်းရှိတာနဲ့ မောင်စန္ဒာက ဆေးတိုက်ပြီး ပြုစု လုပ်ကျွေးနေတဲ့ကြားထဲက ကွယ်လွန်သွားတော့တယ်။

ဖခင်ကြီးကွယ်လွန်တာနဲ့ မောင်ဝဏ္ဏနဲ့ မောင်သီဟတို့ဟာ သူဌေးကြီးနေတဲ့အိမ်ကို ရောက်လာတယ်။ သူတို့ဟာ ရွှေ၊ ငွေ၊ ရတနာတွေကိုဝတ်ဆင်ပြီး ကိုယ်ပိုင်မြင်းတွေကို ခံ့ခံ့ညားညား စီး လာခဲ့ကြတယ်။ မောင်စန္ဒာက အိမ်ပေါက်ဝကနေ ခရီးဦးကြိုပြုပေ မဲ့ သူ့အစ်ကိုနှစ်ယောက်ကတော့ အဖက်မလုပ်ကြဘဲ အိမ်ထဲကို သာ ဝင်သွားကြသတဲ့။

အစ်ကိုနှစ်ယောက်ဟာ သူတို့အဖေ ဆုံးပြီးတဲ့နောက် ရှိတဲ့ အိမ်နဲ့ မြင်းဇောင်းကိုပါ အပိုင်သိမ်းယူဖို့ အတွက် ရောက်လာကြ တာပေါ့။ မောင်စန္ဒာကတော့ သူ့အစ်ကိုနှစ်ယောက်က သူ့ကို စကားမပြောလို့ မြင်းဇောင်းထဲမှာ သွားပြီး ငိုနေသတဲ့။ မောင်စန္ဒာ လေးငိုနေတော့ မြင်းနက်ကလေးက မောင်စန္ဒာလေးရဲ့ ရင်ဘတ်ကို ခေါင်းနဲ့ဝှေ့ပြီးတော့ မျက်ရည်ကျနေသတဲ့။

သိပ်မကြာလှပါဘူး၊ မြင်းဇောင်းရှိတဲ့နေရာကို အစ်ကိုကြီး မောင်ဝဏ္ဏနဲ့ အစ်ကိုလတ် မောင်သီဟတို့ ရောက်လာကြတယ်။ ရောက်တာနဲ့ မောင်ဝဏ္ဏက မောင်စန္ဒာလေးကို မြင်းဇောင်းထဲက နေ အပြင်ထွက်ဖို့ပြောသတဲ့။ မောင်စန္ဒာလေးက သူ့မြင်းနက် ကလေးကိုခေါ်ပြီး အပြင်ထွက်လာသတဲ့။

ဒီနေ့ကစပြီး မင်း ဒီအိမ်မှာ နေဖို့မလိုတော့ဘူး၊ မင်း အမွေရထားတဲ့ ဒီမြင်းကိုပါ ခေါ်ပြီး မင်းသွားချင်တဲ့နေရာကို သွားပေ တော့”

အစ်ကိုကြီးမောင်ဝဏ္ဏရဲ့ စကားကြောင့် မောင်စန္ဒာလေးဟာ ငိုပြီး တောင်းပန်ရှာတယ်။

ကျွန်တော် ဒီမှာမနေရရင် ဘယ်မှာသွားနေရမှာလဲခင်ဗျာ၊ ကျွန်တော်ဟာ အစ်ကိုကြီးတို့ရဲ့ ညီအငယ်ဆုံးပါ။ ကျွန်တော် ဒီမြင်းဇောင်းကလေးမှာတော့ နေပါရစေ”

မောင်စန္ဒာရဲ့ စကားကို မောင်ဝဏ္ဏက လက်မခံဘူးတဲ့။

ဒီမြင်းဇောင်းက တို့နှစ်ယောက်ရဲ့ မြင်းတွေကို ထားရမှာကွ၊ ဒီတော့ မင်းမြင်းစုတ်ကိုပါခေါ်ပြီး ထွက်သွားတာ အကောင်းဆုံးပဲ”

ရက်ရက်စက်စက် မောင်ဝဏ္ဏက နှင်ချနေတော့ မောင်စန္ဒာ လေးဟာ မြင်းနက်ကလေးကိုခေါ်ပြီးတော့ အိမ်ဝင်းထဲက ထွက် လာခဲ့သတဲ့။ လမ်းပေါ်ရောက်တော့ မြင်းနက်ကလေးကို မောင် စန္ဒာက ပြောသတဲ့။

ကဲ... မြင်းနက်လေး၊ မင်းလည်း သွားချင်တဲ့နေရာကိုသာ သွားပေတော့။ မင်းကို ကျွေးမွေးနိုင်ဖို့မပြောနဲ့ ငါကိုယ်တိုင်တောင် နေစရာ၊ စားစရာ မရှိတော့ဘူး။ ဒီတော့ မင်းကို ကျွေးမွေးနိုင်တဲ့ သခင်တစ်ယောက်ဆီမှာ သွားနေပေတော့”

မြင်းနက်ကလေးကို မောင်စန္ဒာကပြောလိုက်ပြီး ခြေဦးတည့် ရာကို ထွက်လာခဲ့တယ်။ သူဟာ တစ်ယောက်တည်း မျက်ရည် တတွေတွေကျရင်း လျှောက်လာလိုက်တာ နောက်ဆုံးမှာတော့ တောနက်ကြီးထဲကို ရောက်လာသတဲ့။ တောထဲကို ရောက်လာ တော့ စိတ်ကြည်လင်သွားတယ်။ တောထဲမှာက ပန်းရနံ့တွေ ပျံ့သင်းနေပြီးတော့ အင်မတန်လှပတဲ့ ကျေးငှက်ကလေးတွေဟာ လည်း ပျံဝဲနေသတဲ့။ စိမ်းညိုအုံ့မှိုင်းတဲ့ သစ်ပင်ကြီးတွေပေါ်မှာ မျောက်လွှဲကျော်တွေကလည်း ဟိုဟိုသည်သည် ကူးသန်းသွားလာ နေတာကို တွေ့မြင်ရတယ်။

စမ်းချောင်းလေးတစ်ခုကိုရောက်တော့ အင်မတန်မှ ရေဟာ ကြည်လင်နေပြီးတော့ ရေအောက်က ကူးခတ်နေတဲ့ ငါးကလေး တွေတောင် တွေ့မြင်နေရသတဲ့။ ဒါနဲ့ မောင်စန္ဒာဟာ သည်စမ်း ချောင်းလေးထဲကိုဆင်းပြီး ရေသောက်လိုက်တာ မောဟိုက်ပင်ပန်း တဲ့စိတ်တွေတောင် ပျောက်သွားသတဲ့။

ရေသောက်ပြီးတော့ စမ်းချောင်းလေးဟာ ဘယ်ကလာတာ ပါလိမ့်ဆိုပြီး သိချင်တာနဲ့ စမ်းချောင်းလေး စီးကျလာတဲ့ဘက်ကိုလျှောက်လာခဲ့တယ်။ တစ်နေရာကိုရောက်တော့ မြင့်မားတဲ့ ရေတံ ခွန်ကြီးတစ်ခုကို တွေ့သတဲ့။ စမ်းချောင်းလေးဟာ အဲဒီရေတံခွန် ကြီးရဲ့ နေရာကနေ စပြီးတော့ စီးကျလာတာပဲပေါ့ကွယ်။ ။

ရေတံခွန်ကြီးရဲ့ အောက်မှာတော့ ကြီးမားတဲ့လိုဏ်ဂူကြီး တစ်ခုကို တွေ့ ရသတဲ့။ ဒါနဲ့ မောင်စန္ဒာဟာ အဲသည်ဂူထဲကို ဝင်ပြီးတော့ ခဏလှဲလိုက်တာ အိပ်ပျော်သွားတော့သတဲ့ကွယ်။ သူ အိပ် ရာက နိုးတဲ့အခါကျတော့ သူ့ကို မျက်ရည်တွေကျပြီး စိုက်ကြည့် နေတဲ့ မြင်းနက်ကလေးကို တွေ့ လိုက်ရသတဲ့။

ပြီးတော့ မြင်းနက်ကလေးဟာ တောထဲက ပန်းသီးတွေ၊ ငှက်ပျောသီးတွေကိုလည်း ပါးစပ်နဲ့ ကိုက်ခူးလာပြီးတော့ မောင် စန္ဒာလေးရဲ့ ခေါင်းရင်းမှာ ချထားတာကို တွေ့ လိုက်ရတယ်။

မောင်စန္ဒာလေးဟာ မြင်းနက်လေးရဲ့ ဇက်ကို ဖက်ထားလိုက် မိတာပေါ့ကွယ်။ ။

မင်းကို ငါ ဘယ်တော့မှ ခွဲမသွားတော့ပါဘူးနော်၊ မင်း တကယ်လိမ္မာတဲ့ မြင်းနက်ကလေးပါပဲကွယ်” ။

မောင်စန္ဒာက မြင်းနက်လေးရဲ့ ကျောကိုပွတ်ပြီး ပြောလိုက် တဲ့အခါကျတော့ မြင်းနက်ကလေးက နားလည်တဲ့သဘောနဲ့ ကျယ်ကျယ်လောင်လောင် ဟီလိုက်သတဲ့။ ။

သည်လိုနဲ့ မောင်စန္ဒာဟာ ရေတံခွန်ကြီးအောက်က ကျောက် ဂူထဲမှာ နေစရာရသွားတယ်။ သူဟာ သစ်ပင်သစ်ကိုင်းတွေကို ချိုးယူပြီးတော့ နေထိုင်လို့ရအောင် အိပ်ရာတွေ၊ တံခါးတွေ၊ ထိုင် စရာတွေ လုပ်လိုက်တယ်။

ပြီးတော့ တောထဲမှာ သစ်သီးသစ်ဥတွေကိုရှာလိုက်၊ ချောင်း ထဲက ငါးတွေကို ဖမ်းလိုက်နဲ့ သူနဲ့ မြင်းကလေးတို့အတွက် စားလို့ ရအောင် ရှာဖွေတတ်လာသတဲ့။ သားကောင်ငယ်လေးတွေကို လည်း မောင်စန္ဒာဟာ ထောင်ပြီး ဖမ်းလာတတ်တယ်။

တစ်နေ့ မောင်စန္ဒာ တောထဲကို သွားတုန်းမှာ တောပစ်မုဆိုး တွေရဲ့ လက်ချက်ကြောင့် မျောက်မကြီးတစ်ကောင် သေသွားလို့ မျောက်ပေါက်စလေးဟာ မသွားတတ်မလာတတ် ဖြစ်နေတာကို တွေ့တာနဲ့ သူနေတဲ့ဂူထဲကို ခေါ်လာခဲ့သတဲ့။ အဲသည် မျောက် ကလေးကို မောင်စန္ဒာက “ဖိုးညို”လို့ နာမည်ပေးထားလိုက်တယ်။ ဖိုးညိုဟာလည်း မောင်စန္ဒာပြောတဲ့စကားကို နားလည်ပြီး နား ထောင်တတ်လာတယ်။

သည်လိုနဲ့ တောထဲက ကျောက်ဂူထဲမှာ မောင်စန္ဒာ နေလာ လိုက်တာ သုံးနှစ်ကျော်လောက် ကြာလာတဲ့အခါကျတော့ တောထဲ