Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်မောင်သက်(ဂျပန်) - ဂျပန်ရိုးရာပုံပြင်များ

Regular price 600 MMK
Regular price Sale price 600 MMK
Sale Sold out

နှာခေါင်းရှည် “ဂျင်းဂိုရိုဘုန”

ရှေးရှေးအခါတုန်းက ဂျပန်ပြည်တွင် “ဂျင်းဂိုရိုဘုန” အမည် ရှိသော လုလင်ပျိုတစ်ယောက် ရှိသည်။

ထိုလုလင်ပျိုတွင် တန်ခိုးသိဒ္ဓိအစွမ်းထက်သော ဗုံတစ်ခုကို ရရှိထားသည်။ ဗုံ၏ အစွမ်းမှာ မိမိဖြစ်စေချင်သည့်အရာကို ဗုံကိုတီး၍ ပြောလိုက်လျှင် မိမိဖြစ်စေချင်သည့်အတိုင်း ဖြစ်လာသည်။

တစ်နေ့တွင် ချောင်းငယ်ကိုဖြတ်၍ ဆောက်ထားသော တံတား ပေါ်တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး လမ်းလျှောက်သွား နေသည်ကို “ဂျင်းဂိုရိုဘုန” မြင်တွေ့သောအခါ သူ့တွင်ရှိသော ဗုံ၏ အစွမ်းကို စမ်းသပ်ကြည့်လိုစိတ် ပေါ်လာသည်။ ။

ထို့ကြောင့် “ဂျင်းဂိုရိုဘုန” သည် လူအများ မမြင်နိုင်သော တစ်နေရာမှ တံတားပေါ်တွင် လျှောက်သွားနေသော အမျိုးသမီးအား ကြည့်ပြီး -

အဲဒီ အမျိုးသမီးရဲ့ နှာခေါင်း ရှည်ထွက်လာစေ” ဟု နှုတ်မှ တီးတိုးရေရွတ်ကာ သူ၏လက်ထဲမှ ဗုံကို ခပ်တိုးတိုးမြည်အောင် တီးလိုက်သည်။

ဂျင်းဂိုရိုဘုန” ၏ အမိန့်စကားနှင့် ဗုံကို တီးလိုက်သဖြင့် အမျိုးသမီး၏ နှာခေါင်းသည် ချက်ချင်း ရှည်ထွက်လာတော့သည်။

အမျိုးသမီးသည် သူ၏ နှာခေါင်းမှာ မူလကထက် ရှည်ထွက်လာသဖြင့် အလွန်အံ့ဩပြီး ရှက်သဖြင့် သူ၏မျက်နှာကို လက်ဝါးပြင် နှစ်ဖက်နှင့်အုပ်ပြီး နေအိမ်သို့ အမြန်ပြန်ပြေးလာခဲ့သည်။

အမျိုးသမီးနေထိုင်သော ရွာတွင် သူမသည် ချမ်းသာကြွယ်ဝ သော သူဌေးမိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။

သူမ၏ မိဘနှစ်ပါးသည် သမီး၏အဖြစ်ကို ကြည့်ပြီး စိတ် မကောင်းဖြစ်ကာ ငိုကြွေးကြသည်။

ဤတွင် မိဘနှစ်ပါးသည် ကောက်ရိုးဖျာပေါ်တွင် သမီး၏ ရှည်လျားသော နှာခေါင်းကို ဖြန့်၍ချထားပြီး စိတ်မကောင်းဖြစ်နေ ကြသည်။ ။

သမီး၏ ထူးဆန်းသော နှာခေါင်းရှည်ရောဂါအတွက် စိတ်ဒုက္ခ ရောက်ပြီး စိုးရိမ်နေသော သူမ၏ မိဘနှစ်ပါးသည် ဆေးဆရာကြီး များ၊ ပယောဂဆရာကြီး စသည့် သမားတော်ကြီးများကို ပင့်ခေါ်ပြီး ကုသကြသည်။ ။

ထိုသို့ သမားတော်ကြီးများကိုခေါ်ပြီး နည်းမျိုးစုံတို့ဖြင့် ရှာဖွေ ကုသသော်လည်း သမီး၏ ရှည်လျားသော နှာခေါင်းမှာ နဂိုမူလအတိုင်း တို၍ မသွားဘဲ ရှည်ထွက်မြဲပင် ရှည်ထွက်နေသည်ကို တွေ့ရသဖြင့် ဉာဏ်မီသလောက် ကုသသော်လည်း မသက်သာဘဲ ရှိနေ၍ မိဘ နှစ်ပါးမှာ စိတ်ပူပင်သောက ရောက်နေရှာသည်။ ။

သမီးပျို၏ နှာခေါင်း ရှည်နေသည့်အတွက် သူ၏ မိဘနှစ်ပါး စိတ်ပူပင်သောက ရောက်နေချိန်တွင် “ဂျင်းဂိုရိုဘုန” ၏ ကြံရာပါ သူငယ်ချင်းသည် ရှင်တိုဘုန်းကြီးကဲ့သို့ အယောင်ဆောင်ပြီး နှာခေါင်း ရှည်ထွက်နေသော မိန်းမပျို၏ အိမ်ရှေ့သို့ရောက်လာသည်။

အိမ်ရှေ့ရောက်သည့်အခါ “ဂျင်းဂိုရိုဘုန”၏ သူငယ်ချင်းသည် မိန်းမပျိုရှိနေသည်ကို ကြည့်ပြီး နှာခေါင်းရှည်ထွက်နေတဲ့ သမီးအတွက် ဆုမွန်ကောင်း တောင်းပေးနေသည်။

ထိုဆုတောင်းပေးနေသော အသံကိုကြားရလျှင် သူမ၏ မိဘနှစ်ပါးသည် အိမ်ရှေ့ထွက်လာပြီး “ဂျင်းဂိုရိုဘုန” ၏ သူငယ်ချင်းအား...

ကျုပ်သမီးရဲ့နှာခေါင်း ရှည်ထွက်နေတဲ့ရောဂါဟာ ထူးဆန်းလို့ ရှင်တိုဘုန်းကြီးများအပြင် ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ ဆေးဆရာ သမားတော်ကြီးများလည်း ပျောက်အောင် မကုသနိုင်ကြပါဘူး” ဟု ပြောပြသည်။

ဂျင်းဂိုရိုဘုန” ၏ သူငယ်ချင်းလည်း သူမ၏ မိဘနှစ်ပါး ပြောသော စကားကို နားထောင်ပြီးနောက် ... ။

လူကြီးမင်း၏သမီး နှာခေါင်းရှည်နေတာကို မူလအတိုင်း ပြန်လုပ်ပေးနိုင်တဲ့လူကို ထိုက်သင့်တဲ့ဆုငွေ ပေးမယ်လို့ ကြေညာသင့် တယ်” ဟု အကြံဉာဏ်ပေးပြီး ထွက်သွားသည်။

ရှင်တိုဘုန်ကြီး အယောင်ဆောင်ပြောခဲ့သော “ဂျင်းဂိုရိုဘုန” ၏ သူငယ်ချင်းပေးသော အကြံအတိုင်း သူမ၏ မိဘနှစ်ပါးသည် သဘောကျ၍ လက်ခံလိုက်သည်။ ပြီး

ထိုနောက် သူမ၏ မိဘနှစ်ပါးသည် သမီးအတွက် ရွာတစ် ရွာလုံး နေရာအနှံအပြားရှိ လူများသိရှိအောင် သူတို့သမီး၏ ရောဂါကို ပျောက်အောင် ကုသပေးနိုင်သူကို ဆုငွေပေးမည်ဖြစ်ကြောင်း ကြေညာ မောင်းခတ်ခဲ့သည်။

မကြာမီအချိန်တွင် “ဂျင်းဂိုရိုဘုန” သည် ဗုံကိုပိုက်ပြီး ချမ်းသာ သော သူဌေးဇနီးမောင်နှံ၏ အိမ်ရှေ့သို့ ရောက်လာခဲ့သည်။

အိမ်ရှေ့သို့ ရောက်သည့်အခါ ...

ရှည်ထွက်နေသော နှာခေါင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးစွမ်းကောင်းများ ရနိုင်ပါတယ်”

ရှည်ထွက်နေသော နှာခေါင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးစွမ်းကောင်းများ ရနိုင်ပါတယ်” ဟု အော်ဟစ် ပြောဆိုနေသည်။

ထိုအော်သံကို ကြားရသော သူဌေးဇနီးမောင်နှံသည် အိမ်ရှေ့သို့ထွက်လာပြီး “ဂျင်းဂိုရိုဘုန” ကို သူတို့၏အိမ်ထဲသို့ ခေါ်လာခဲ့ကြ သည်။

ကျေးဇူးပြု၍ သမီးရဲ့ နှာခေါင်း ရှည်ထွက်နေတဲ့ရောဂါကို ပျောက်အောင်ကုပေးပါ ဆရာရယ်” ဟု “ဂျင်းဂိုရိုဘုန”” အား ပြော လိုက်သည်။

အိမ်ခန်းအတွင်း၌ သူတို့၏သမီး နှာခေါင်းသည် အိမ်ခေါင်မိုး အထိ ရှည်လျားစွာ ရှိနေသည်ကို တွေရလျှင် “ဂျင်းဂိုဘုန”သည် ကုသရန် မလွယ်ကူသော ဟန်အမူအရာလုပ်ပြီး သူမ၏ မိဘနှစ်အား ... ။

“သမီးနှာခေါင်းက အတော်ကို ရှည်ထွက်နေတာပဲ၊ ဒီရောဂါကို လွယ်လွယ်နဲ့တော့ ကုသလို့မရဘူး။ ဒါပေမယ့် ကျွန်တော်က ပျောက်အောင်တော့ ကြိုးစားကုသပေးရမှာပဲ” ဟု ဟိတ်ဟန်လုပ်၍ ပြော လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သမီးရဲ့ နှာခေါင်းရှည်တဲ့ရောဂါကို ပျောက် `အောင်သာ ကုသပေးပါ ဆရာရယ်” ဟု သူဌေးဇနီးမောင်နှံတို့ နှစ်ဦး မှာ အသနားခံ၍ ပြောကြသည်။

ဤတွင် ချက်ချင်းပင် သူမအား မည်သူမျှ မမြင်နိုင်စေရန် အတွက် “ဂျင်းဂိုရိုဘုန” သည် သူ့တွင်ပါလာသော ခေါက်ထားသည့် အဝတ်လိုက်ကာကြီးကို သူတို့သမီးအိပ်သော ခုတင်ဘေးပတ်လည် တွင် လုံခြုံအောင် ကာထားလိုက်သည်။

ခဏမျှကြာလျှင် “ဂျင်းဂိုရိုဘုန” သည် သူယူလာသော ဗုံကို အသံတိုးတိုးမြည်အောင် တီးလိုက်ပြီး ...၊

နှာခေါင်းကြီး တိုသွားစေ ၊ နှာခေါင်းကြီး တိုသွားစေ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။ ။

ဂျင်းဂိုရိုဘုန” သည် ဗုံကို တီးပြီး ပြောလိုက်သည့်အခါ မိန်းမပျို၏ နှာခေါင်းရှည်ကြီးမှာ တဖြည်းဖြည်း တိုစပြုလာသည်။

သူမ၏ နှာခေါင်းရှည်ကြီးမှာ တိုလာသဖြင့် “ဂျင်းဂိုရိုဘုန”သည် သူဌေးဇနီးမောင်နှံအား “ခုနှစ်ရက်ကြာရင် လူကြီးမင်းတို့ သမီးရဲ့ နှာခေါင်းဟာ မူလပုံစံအတိုင်း ဖြစ်သွားပါလိမ့်မယ်၊ စိတ်ချပါ ပျောက် သည်အထိ ကုသပေးပါမယ်” ဟု ပြောလိုက်ရာ သူမ၏မိဘနှစ်ပါးသည် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး “ဂျင်းဂိုရိုဘုန” အား ဆုငွေအဖြစ် ငွေကြေး မြောက်မြားစွာ ပေးလိုက်သည်။

ဂျင်းဂိုရိုဘုန” သည် ငွေများ ရရှိသဖြင့် အိမ်သို့ပြန်လာပြီး ပျော်ရွှင်ဝမ်းသာ၍ နေသည်။

တစ်နေ့တွင် “ဂျင်းဂိုရိုဘုန” သည် အပန်းဖြေ အနားယူရန် အတွက် ရွာအပြင်ဘက် လယ်ကွင်းပြင်တစ်နေရာတွင် လှဲအိပ်ပြီး သူ၏ နှာခေါင်းသည် မည်မျှလောက်အထိ ရှည်ထွက်မည်ကို စမ်းသပ် ရန် စဉ်းစားခဲ့သည်။

သူစဉ်းစားခဲ့သည့်အတိုင်း လက်တွေ့ပြုလုပ်ရန် သူ၏ သူ ငယ်ချင်းခေါ်ပြီး ဗုံကို တီးခိုင်းသည်။

ဂျင်းဂိုရိုဘုန” ခိုင်းသည့်အတိုင်း သူငယ်ချင်းသည် ဗုံကို အဆက်မပြတ် တီးနေသည်။

ထိုသို့ မရပ်မနားဘဲ ဗုံတီးနေ၍ “ဂျင်းဂိုရိုဘုန” နှာခေါင်းသည် ရှည်ထွက်လာသည်။ ဗုံကို မနားဘဲ တီးနေသဖြင့် နှာခေါင်းမှာ တောင်ထိပ်ပေါ်အထိ ရှည်ထွက်လာသည်။ ထို့နောက် ပို၍ မြင့်မား သော မိုးကောင်းကင်ရှိ တိမ်လိပ်များပေါ်အထိ ရောက်အောင် ရှည် ထွက်လာသည်။

ဂျင်းဂိုရိုဘုန” နှာခေါင်းသည် ရှည်သည်ထက် ပို၍ ရှည်ကာ မြေကြီးမှ မိုးကောင်းကင်အထိ ရှည်ထွက်လာခဲ့သည်။

ထိုအချိန်တွင် မိုးကောင်းကင်ရှိ နတ်ပြည်မှ လက်သမား နတ်သားတစ်ဦးသည် နတ်ပြည်ရှိ မြစ်တစ်မြစ်ကို ကျော်နိုင်ရန် တံတား ဆောက်လုပ်နေသည်။

တံတားဆောက်လုပ်နေစဉ် ရုတ်တရက် တံတားအောက်မှ ချွန်ထက်နေသည့် အလွန်ထူးဆန်းသော အရာတစ်ခုသည် ကမ္ဘာမြေ ကြီးမှ အပေါ်သို့တက်လာပြီး တံတားခင်းပြင်ကို ထိုးစိုက်သွားသည်ကို တွေ့ရ၍ အံ့သြနေသည်။

နှာခေါင်းကြီး ရှည်ထွက်ပြီး မိုးကောင်းကင်အထိ ရောက် နေသည်ကို “ဂျင်းဂိုရိုဘုန”၏ သူငယ်ချင်းမှာ လုံးဝ သတိမထားမိဘဲ ဗုံကိုသာ အဆက်မပြတ် မရပ်မနား တီးနေသည်။ - သူငယ်ချင်းဖြစ်သူသည် ဗုံကိုတီးရင်း မူလနှာခေါင်းအတိုင်း ပြန်ဖြစ်ရန် နှုတ်မှလည်း ... -

ဂျင်းဂိုရိုဘုန” နှာခေါင်း တိုလော့၊ ရွံ့တွန့်လော့ဟု ပြောဆို နေသည်။

ထိုသို့ ဗုံတီး၍ ပြောလိုက်သည်တွင် “ဂျင်းဂိုရိုဘုန’ နှာခေါင်း ရှည်ကြီး၏ ထိပ်ဖျားသည် နတ်ပြည်ရှိ မြစ်ကို ဖြတ်ကျော် ဆောက် လုပ်ထားသော တံတားနှင့် သံမှိုရိုက်ထားသကဲ့သို့ စွဲစွဲမြဲမြဲ စိုက် နေသည်။

ဂျင်းဂိုရိုဘုန” ၏ နှာခေါင်းသည် တဖြည်းဖြည်း ရွံ့တွန့် တို သွားသောကြောင့် သူသည် နှာခေါင်းနှင့်အတူ နတ်ပြည်သို့ တဖြည်း ဖြည်း ဆွဲ၍ ပါသွားသည်။ နောက်ဆုံးတွင် “ဂျင်းဂိုရိုဘုန” သည် နတ်ပြည်သို့ ရောက်သွားတော့သည်။

ထိုအချိန်တွင် မိုးကောင်းကင်မှ မိုးကြိုးနတ်သားသည် “ဂျင်းဂို ရိုဘုန” အနီးမှ ဖြတ်သွားရာ တံတားတွင်စိုက်နေသော “ဂျင်းဂိုရိုဘုန” နှာခေါင်းကို ဖြုတ်ပေးသည်။

ဤတွင် “ဂျင်းဂိုရိုဘုန” သည် မိုးကြိုးနတ်သား၏ တပည့် တစ်ယောက် ဖြစ်ခဲ့သည်။

ဂျင်းဂိုရိုဘုန” သည် နေ့စဉ်နေ့တိုင်း မိုးကောင်းကင်ရှိ တိမ်လိပ် များပေါ်တွင် ပြေးလွှား၍နေသည်။

အမှာစကား

ဤစာအုပ်တွင် ရေးသားထားသော ရှေးရိုးဂျပန်ပုံပြင်များမှာ ဂျပန်ဘာသာစာဖြင့် ရေးသားထားသည့် မူရင်း “ရှေးရှေးက ဒဏ္ဍာရီပုံပြင်” | စာအုပ်မှ တိုက်ရိုက် မြန်မာလိုဘာသာပြန်၍ ရေးသားထားခြင်းဖြစ် ပါသည်။

အချို့သော ဂျပန်ပုံပြင်တို့မှာ ဒဏ္ဍာရီပုံပြင်မဟုတ်ဘဲ ရှေးရှေးက | အဖြစ်မှန်တို့လည်း ပါရှိသည်။ ရှေးက အဖြစ်မှန်တို့မှာ ယနေ့တိုင် | ဂျပန်ပြည်တွင် ရှိနေကြောင်း ပါရှိသည်။

အထူးသဖြင့် ရှေးရိုးရာဂျပန်ပုံပြင်တို့သည် မြန်မာဒဏ္ဍာရီပုံပြင် များနှင့် တူညီကြပြီး ပုံပြင်ဝတ္ထုဇာတ်လမ်းများမှာ အနည်းငယ်မျှသာ ကွဲလွဲလျက်ရှိနေသည်ကို တွေ့ရပါသည်။ ။

ထို့ပြင် ရှေးရိုးရာပုံပြင်များတွင် ဂျပန်လူမျိုးတို့ တစ်ဦးနှင့် တစ်ဦး ပြောဆိုကြသည်မှာလည်း မတူကြဘဲ အနည်းငယ် ကွဲလွဲမှု များရှိကြသည်။

ရှေးရိုးရာ ဂျပန်ပုံပြင်များကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသား ရာ၌လည်း အနည်းငယ် ကွဲလွဲကြပါသည်။ သို့သော်လည်း ပုံပြင် များသာဖြစ်၍ ဖြစ်ရပ်အမှန် မဟုတ်သောကြောင့် ထူးထူးခြားခြား ( အရေးပါလှမည်တော့ မထင်ပေ။

ယခုလို တစ်စုတစ်ဝေးတည်း စုစည်းတင်ပြလိုက်သည့် အတွက် သာ ဝမ်းမြောက်ဝမ်းသာ ရှိလှပါကြောင်း တင်ပြလိုက်ရပါသည်။

မောင်မောင်သက် (ဂျပန်)