Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - Spoken English For IELTS

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

 (နိဒါန်း)

ကနေ့ခေတ်မှာ IELTSဟာ နိုင်ငံတကာပညာရေး တက်လှမ်းဖို့ အရေး ကြီးပြီး ပေါ်ပြူလာဖြစ်တဲ့ စမ်းသပ်မှုတစ်ရပ်ဖြစ်လာတယ်။ IELTSမှာ Speaking, Listening, Readingę. နဲ့ Writing ဆိုတဲ့ 4 SKILLS ကို အချိန်သတ်မှတ်ချက်နဲ့ မေးမြန်းတာ ဖြစ်ပါတယ်။

တကယ်တော့ IELTS Speaking Test ဟာ တစ်ဦးနဲ့တစ်ဦး မေးမြန်း တဲ့ One-to-One Interview ပုံစံဖြစ်ပါတယ်။ Speaking Test မှာ အပိုင်းသုံးပိုင်း ရှိပါတယ်။ သင့်ရဲ့ Spoken English Skills ကို စမ်းသပ်ဖို့ Test ပြု | လုပ်တာ ဖြစ်ပါတယ်။ အကြောင်းအရာ(Topic)များစွာကို အခြေခံပြီး မေး မြန်းလေ့ရှိပါတယ်။ Speaking Test အင်တာဗျူးက ၁၁ မိနစ်နဲ့ ၁၄ မိနစ် ကြား ကြာမြင့်ပါတယ်။

Part-1(Introduction and Interview) (4-5 Minutes)

ဒီအပိုင်းမှာ အကျွမ်းတဝင်ရှိတဲ့ အကြောင်းအရာတွေ (Familiar Topics) တွေ မေးလေ့ရှိပါတယ်။ တဲ့တိုးမေးခွန်းတွေကို တိုက်ရိုက်မေးလေ့ရှိပါ တယ်။ ဖြေဆိုရလွယ်ကူတဲ့ မေးခွန်းတွေ ဖြစ်တာကြောင့် သင့်ရဲ့ အခြေခံ အပြော တတ်မြောက်ကျွမ်းကျင်မှု(Basic Fluency)ကို ပြသဖို့ အခွင့်အရေး ရပါတယ်။

Part-2(Short Talk)

(3-4 Minutes)

စာစစ်သူ (Examiner)က ရွေချယ်ထားတဲ့ အကြောင်းအရာ ( Topic) တစ်ခုကို ၁ မိနစ် (သို့) ၂ မိနစ်ကြာ ပြောကြားဖြေဆိုရမှာ ဖြစ်လို့ Short Talkလို့ ခေါ်ပါတယ်။

သင့်အနေနဲ့ ပြင်ဆင်ချိန် တစ်မိနစ် ရရှိပါတယ်။ ပြီးတော့ ရပ်နားခြင်း မရှိဘဲ အဲဒီမေးမြန်းတဲ့ Topic ကို ပြောဆိုရမှာ ဖြစ်ပါတယ်။ ဒီ Topic က သင့်ရဲ့ ကိုယ်ရေးအတွေ့အကြုံတွေနဲ့ ခံစားမှုတွေ( Personal experiences and feelings)ပေါ်မှာ အခြေခံပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ပြောဆိုမှုဟာ အသက်ဝင်ပြီး စိတ်ဝင်စားဖွယ် ကောင်းသင့်ပါတယ်။

Part-3(Two-way discussion)

(4-5 Minutes)

သည်အပိုင်းမှာ Part(2) မှာ မိတ်ဆက်ထားတဲ့ အကြောင်းအရာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ထားတဲ့ စိတ္တဇဆန်တဲ့ မေးခွန်းတွေ(Abstract questions)ကို မေးမြန်းလေ့ရှိပါတယ်။ ဆွေးနွေးပြောဆိုရတဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ Control of Languageကို ပြသ နိုင်ဖို့ လိုအပ်ပါတယ်။ သင့် အိုင်ဒီယာတွေ ပြောပြနိုင်တဲ့စွမ်းရည်လည်း ရှိ ရပါမယ်။ သင့်ထင်မြင်ချက်တွေကိုလည်း အထောက်အကူပြု ပြောဆိုတတ် ရပါမယ်။ Part-1 မေးခွန်းဖြေဆိုတာထက် ပိုမိုရှည်လျားတဲ့ တုံ့ပြန်မှုတွေပြောဆိုတတ်ဖို့ အရေးကြီးပါတယ်။ ဒီအပိုင်းဟာ အခက်ခဲဆုံးဖြစ်ပြီး အပြန် အလှန် ဆွေးနွေးပြောဆိုမှု သဘောသက်ရောက်ပါတယ်။

Band Score : 1 to 9

(သင့်ရဲ့ ဖြေဆိုမှုအပေါ် မူတည်ပြီး Band Score တင်တင်1 to 9ကြား အမှတ်ပေးလေ့ရှိပါတယ်။)

The Candidate's Role

ဖြေဆိုသူရဲ့ အခန်းကဏ္ဍ

သင့်ကို ဘာမေးသလဲဆိုတာ သေသေချာချာ နားထောင်ဖို့ အရေးကြီး ပါတယ်။ မေးခွန်းကို ပြည့်စုံပြီး ကျယ်ပြန်တဲ့ အဖြေမျိုး( full and extended answers). ဖြေဆိုနိင်အောင် ကြိုးစားပါ။

Assessment Criteria

(ဝင်ခွင့် လက်ခံမှုဆိုင်ရာ မှတ်ကျောက်(စံ))

သင့်ရဲ့ Speaking Test ကာလအတွင်း Examiner က အာရုံစူးစိုက် မယ့် နယ်ပယ်ကို Assessment Criteria လို့ ခေါ်ပါတယ်။ အ အဲဒီအတွက် Assessment Criteria နယ်ပယ်(၄)ခုရှိပါတယ်။

Sr. Assessment Criteria Skills and Strategies

(လက်ခံမှုဆိုင်ရာ (ကျွမ်းကျင်မှုများနှင့် စံသတ်မှတ်ချက်)

  1. T Fluency (တတ်မြောက်ကျွမ်းကျင်မှု) ၊

Vocabulary ဝေါဟာရ

  1. Pronunciation (အသံထွက်) |

→Skills and Strategies (ကျွမ်းကျင်မှုများနှင့် မဟာဗျူဟာများ)

 Use linking words (အချိတ်အဆက်စကားလုံးများ အသုံးပြုပါ။)

Choose appropriate words (သင့်တော်သော စကားလုံးများ ရွေးချယ်ပါ)

 Correct yourself (သင်ကိုယ်တိုင် အမှားပြင်ပါ)

  1. Use articles correctly

(Articles များဖြစ်သော a, an, the ကို မှန်ကန်စွာ အသုံးပြုပါ)

  1. Use the right tense

(မှန်ကန်သောကာလကို အသုံးပြုပါ)

  1. Emphasize words to convey meaning

(အဓိပ္ပာယ်ဖော်ဆောင်ရန် စကားလုံးများကို အာရုံစိုက်ပါ)

  1. Get the stress right on long words

(ရှည်လျားတဲ့ စကားလုံးတွေမှာ ဖိသံကို မှန်မှန်ကန်ကန် အသုံးပြုပါ)

  1. Be able to keep going and talk on the topic

(အကြောင်းအရာနဲ့ ပတ်သက်လို့ ဆက်တိုက်ပြောနိုင်ပါစေ)

  1. Find a way to say something when you don't have the right word. (သင့်မှာ စကားလုံးအမှန် မရှိတဲ့အခါ တစ်စုံတစ်ရာကို ပြောဖို့ နည်း လမ်းတစ်ခုရှာပါ) Be able to join your ideas

(သင့် အိုင်ဒီယာအတွေးတွေကို ဆက်သွယ်နိုင်ပါစေ)

  1. Use complex spoken sentences

(Complex အပြောဝါကျများ အသုံးပြုပါ

  1. Use a variety of words and expressions

(စကားလုံးများနှင့် expressions (စကားအသုံးအနှုန်း)အမျိုးမျိုးကိုအသုံးပြုပါ)

  1. Get the word order right. igatsuse baseline

(စကားလုံးအစီအစဉ် မှန်ကန်ပါစေ)

Speak clearly

(ရှင်းရှင်းလင်းလင်း ပြောဆိုပါ)

  1. Produce sounds so that they can be understood

(အသံထွက်ပါ။ ဒါမှ ယင်းအသံတွေကို နားလည်နိုင်မယ်)

  1. Choose words that go well together) (အတူတကွ သုံးလို့ရတဲ့ စကားလုံးတွေ ရွေးချယ်ပါ) )
  2. Use idiomatic language

(အီဒီယမ် ဘာသာစကားကို အသုံးပြုပါ)

  1. Use conditionals correctly

(အခြေအနေပြ conditionals တွေကို မှန်ကန်စွာ သုံးပါ)

IELTS Speaking Test ဖြေဆိုဖို့ သိထားသင့်တဲ့ အခြေခံအချက်တွေ နဲ့ မေးခွန်းပုံစံ၊ အမှတ်အနေအထား၊ စံသတ်မှတ်ချက်နဲ့ ဖြေဆိုသူမှာ ရှိရ မယ့် ကျွမ်းကျင်မှုများနဲ့ မဟာဗျူဟာတွေကို တင်ပြခဲ့ပါတယ်။ ရှေ့လမှာ Speaking Test 1 နဲ့ပတ်သက်တာတွေ တင်ပြသွားမှာ ဖြစ်ပါတယ်။