Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - အလုပ်အင်တာဗျူးနည်းလမ်းကောင်းများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အလုပ်ရှာဖွေရာတွင် အင်တာဗျူးဖြင့် ရွေးချယ်ခြင်းဟာ ယနေ့ခေတ် မှာ အရေးပါလာတယ်။ စိတ်ကြိုက်အလုပ်ရရှိဖို့ ယနေ့ ခေတ်လူငယ်များ ကြိုးစားရာမှာ လစာကောင်းကောင်းရရှိခြင်းကိုလည်း ရည်ရွယ်ကြတယ်။ အလုပ်မြဲမြံမှု (Job security)ကိုလည်း သတိမူလာကြတယ်။ ကုမ္ပဏီ များအနေနဲ့ စွမ်းရည်ပြည့်ပြီး ထက်မြက်သောဝန်ထမ်းများ ရှာဖွေရာမှာ ကျိုးကြောင်းသင့်စဉ်းစားနိုင်တဲ့ ကျွမ်းကျင်မှုများ (Critical skills)ကို အင်တာဗျူးမေးရာမှာ ထည့်သွင်းစဉ်းစားလာကြတယ်။ ။

အလုပ်ရှင်ဘက် အလုပ်ခန့်ရာတွင် အလုပ်လျှောက်သူရဲ့ အပြုအမူ (behaviour)ကိုကြည့်တယ်။ သူရဲ့ ကျွမ်းကျင်မှုများ( skills)၊ စွမ်းရည်များ (abilities) နဲ့ အသိပညာဗဟုသုတ (knowledge) ကို ခြုံငုံသုံးသပ်ကြည့်ကြတယ်။ ပြီးတော့ အလုပ်လျှောက်သူရဲ့ ကြန်အင်လက္ခဏာ များ (Trouts)ကိုလည်း စူးစမ်းကြည့်တယ်။ ပြိုင်ဆိုင်မှုများလာသော ယနေ့ ခေတ်တွင် အလုပ်ရှင်ဘက်မှ ထိရောက်အကျိုးရှိသော အင်တာဗျူးနည်း လမ်းများဖြင့် စစ်ဆေးရွေးချယ်လာကြတယ်။ အချို့ကုမ္ပဏီများတွင် အဆင့် မြင့် ရာထူးများအတွက် Psycho Test များဖြင့် စစ်ဆေးပြီးမှ ရွေးချယ်လာ ကြတယ်။

စာရေးသူဟာ HR Consultant အဖြစ် ဆောင်ရွက်ရာတွင် အင် တာဗျူးများစွာကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် အလုပ်လျှောက်သူ များဟာ အတိတ်ကာလထက် အင်တာဗျူးအတွက် ပြင်ဆင်လာကြတယ်။ ခက်ခဲတဲ့မေးခွန်းများကို ပြင်ဆင်ခဲ့တယ်။ ကြိုတင်ပြင်ဆင်ထားသူများက ပိုမိုဖြေဆိုနိုင်သည်ကို တွေ့ရှိရတယ်။ ။

အလုပ်လျှောက်သူများဟာ အိုင်ကျူ (IQ Test)များကို ဖြေဆိုတတ် ဖို့ အရေးကြီးတယ်။ IQ ကို စမ်းသပ်ရာမှာ ယေဘုယျမေးခွန်း (General Question)နဲ့ အပြုအမူဆိုင်ရာမေးခွန်း (Behavioral Question) ကို အသုံးပြုကြတယ်။

ပထမဦးဆုံး General Questions များကို ကြိုတင်ပြင်ဆင်ထား ဖို့ တင်ပြချင်ပါတယ်။

ယေဘုယျမေးခွန်းများ (General Questions)

(၁) အင်တာဗျူးမေးသူအနေဖြင့် အလုပ်လျှောက်သူရဲ့ နောက်ခံအခြေအနေနဲ့အတွေ့အကြုံ (background and experience) လေ့လာသည့်အနေဖြင့် အောက်ပါမေးခွန်းကို မေးလေ့ရှိတယ်။

e.g. Tell me about yourself.

(သင့်အကြောင်းကို ကျွန်တော့်ကိုပြောပြပါ။)

အလုပ်အင်တာဗျူးအတွက် ယင်းမေးခွန်းကို အားအကောင်းဆုံး မေးခွန်း the strongest question)ဟု ဆိုရမှာဖြစ်တယ်။ အကြောင်းမူကား သင့်အနေနဲ့ အများဆုံးဖြေဆိုပြောပြနိုင်တဲ့မေးခွန်းဖြစ်နေပါတယ်။

ယင်းမေးခွန်းဟာ open-ended question ဖြစ်တာကို သတိပြု ရမယ်။ ဖြေဆိုသူ အာရုံစိုက်သောအကြောင်းအရာကို ယင်းမေးခွန်းဖြင့် သိရှိ နိုင်တယ်။ အလုပ်လျှောက်သူရဲ့ အချက်အလက်များကို အဲဒီမေးခွန်းဖြင့် ရရှိ နိုင်တယ်။ အင်တာဗျူးမေးသူအတွက် အဲဒီမေးခွန်းဖြင့် အလုပ်လျှောက်သူထံ မှ ကောင်းမွန်သောအရင်းအမြစ် (good source)ရရှိနိုင်တယ်။ အဲဒီ မေးခွန်းဖြင့် အလုပ်လျှောက်သူများ ပြင်ဆင်ခဲ့လား။ (သို့မဟုတ်) မပြင်ဆင် ခဲ့ဘူးလားဆိုသည်ကို သိရှိစုံစမ်းနိုင်တယ်။

အလုပ်လျှောက်သူအနေဖြင့် မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြိုတင် ပြင်ဆင်ထားခြင်းဖြင့် ပြည်တွင်းကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီနှင့် NGO များ တွင် ဖြေဆိုနိုင်မှာဖြစ်တယ်။

အလုပ်လျှောက်သူအနေဖြင့် Brief အနေဖြင့် မိမိရဲ့ အမည်၊ မိဘ အမည်၊ အသက်၊ အိမ်ထောင်ရှိ မရှိ၊ နေရပ်၊ ပညာအရည်အချင်း၊ မိသားစု အခြေအနေ၊ ဝါသနာ စသည်တို့ကို ဖြေဆိုနိုင်တယ်။

(၂) အင်တာဗျူးရဲ့ နောက်ဆုံးအဆင့်တွင် နှစ်ဦး (သို့) သုံးဦးမှ အသင့်တော်ဆုံးပုဂ္ဂိုလ် (the most suitable person)ကို ရွေးချယ်ရာ မှာ Interviewer(အင်တာဗျူးသူ)မှ အောက်ပါမေးခွန်းများကို မေးလေ့ရှိပါတယ်။

(1). What makes you unique?

ဘယ်အချက်က သင့်ကို ပြိုင်ဘက်ကင်းစေသလဲ။

(2) What qualities do you have that the others don't have?

တခြားသူတွေမှာမရှိတဲ့ ဘယ်လိုအရည်အသွေးတွေ မင်းမှာရှိသလဲ။

(3) What can you bring to this position that the other candidates cannot? တခြားအလုပ်လျှောက်သူတွေ မရနိုင်တဲ့ ဒီရာထူးကို မင်း ဘယ်လို ရနိုင်သလဲ။

အထက်မေးခွန်းများ ဖြေခြင်းဖြင့် အလုပ်ရှင်ဘက်မှ တန်ဖိုးရှိသော သတင်းအချက်အလက် ရရှိနိုင်ပါတယ်။ ပြိုင်ဘက်များ tie ဖြစ်နေသော အခါ ကွဲပြားခြားနားသောအရည်အသွေးကို ဖော်ထုတ်နိုင်တယ်။ အမှန်အား ဖြင့် ဖြေဆိုသူဘက်မှ မိမိရဲ့ အားသာချက်များ (Strengths)ဖြေဆိုရန် လိုအပ်ပါတယ်။

Interviewerမှ အလုပ်လျှောက်သူအနေဖြင့် ကျန်ရာထူးနဲ့ အကျွမ်း တဝင်ရှိမှု၊ မရှိမှုကို သုံးသပ်နိုင်တယ်။

(၃) အလုပ်လျှောက်ထားသူထံမှ လျှောက်ထားသောရာထူးနဲ့ ပတ်သက်၍ အရည်အသွေးရှိ မရှိ လေ့လာသုံးသပ်ချင်သောအခါ Interviewerမှ အောက်ပါမေးခွန်းများကို မေးလေ့ရှိတယ်။

(1) What do you see as the most important qualities needed to do this job?

ဒီအလုပ်ကို ပြုလုပ်ဖို့ လိုအပ်တဲ့ အရေးကြီးဆုံးအရည်အသွေးတွေအနေနဲ့ သင် ဘယ်လိုသိမြင်ထားသလဲ။

(2) What added value would you bring to this job?

ဒီအလုပ်မှ မင်းအနေနဲ့ ထပ်ဆင့်တိုးတန်ဖိုး ဘာကိုထည့်ချင်သလဲ။

(3) Could you tell me what areas of the job would be a good fit for you?

အလုပ်ရဲ့ ဘယ်လိုနေရာ (ဧရိယာ)တွေက သင့်အတွက် အကောင်းဆုံး သင့်တော်တယ်ဆိုတာ သင် ပြောပြနိုင်ပါ

သလား။ အထက်ပါ မေးခွန်းတွေဖြေဆိုဖို့ အလုပ်လျှောက်ထားသူဟာ အောက် ပါအဖြေတွေကို စဉ်းစားထားသင့်တယ်။

I think the most important quality needed to do this job would be creative problem solving.

ဒီအလုပ်အတွက် အရေးအကြီးဆုံးအရည်အသွေးက ဖန်တီးတတ်တဲ့ ပြဿနာဖြေရှင်းနည်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

Candidate အနေနဲ့ မိမိရဲ့အားသာချက်များ (Strengths) ကို ဖြေဆိုမှသာ ယှဉ်ပြိုင်ဘက်ထက် သာလွန်ပြီး ရွေးချယ်ခံရမှာဖြစ်တယ်။ ဖြေဆိုသူဟာ ယင်းအလုပ်နဲ့ အကျွမ်းတဝင်ရှိခဲ့သည်ကို ပြသရမှာဖြစ်ပြီး မိမိ၏အားသာချက်များမှ ယင်းအလုပ်နှင့် လိုက်ဖက်သောအရည်အသွေးကို ပြောပြရမှာဖြစ်တယ်။

(၄) အလုပ်ရှင်ဘက်မှ Interviewer သည် အလုပ်လျှောက်ထားသူရဲ့