မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - အကျိုးအမြတ်မယူသောအဖွဲ့အစည်းများကိုစီမံခန့်ခွဲခြင်း
အပိုင်း(၁)
အခန်း(၁)
ကတိပေးပြီးသောအလုပ်
ပရဟိတအဖွဲ့ အစည်းများဟူသည် အကျိုးအမြတ်မယူသော အဖွဲ့ အစည်း များ (Non Profit Organizations) ပင်ဖြစ်သည်။ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများပင်ဖြစ်သည်။ ကုသိုလ်ဖြစ် အဖွဲ့ အစည်းများဟုလည်း ခေါ်ကြ သည်။ စင်စစ် ပရဟိတအဖွဲ့ အစည်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် လူမှုအသိုက်အမြုံ တွင် ပြောင်းလဲမှုဆောင်ရွက်ရန်အတွက် ဖြစ်တည်လာသော အဖွဲ့အစည်းဖြစ်သည်။ ကနဦး ဆွေးနွေးသုံးသပ်ရမည့်အချက်ကား မည်သို့သော လုပ်ရပ်က အကျိုးဖြစ်ထွန်းသည်၊ မည်သို့သောလုပ်ရပ်ကအကျိုးမဖြစ် ထွန်း။ နောက်တစ်ခုက “လုပ်ရပ်’ဆိုသောအချက်ကို မည်သို့အနက်အဓိပ္ပာယ် ဖွင့်ဆိုရမည်ဟူသော အချက်ပင်ဖြစ်သည်။ လုပ်ငန်းဆောင်တာတစ်ခု၏ အပြီးသတ်သက်သေကား လုပ်ငန်းဆောင်တာ လှပမှုမဟုတ်ချေ။ လုပ်ငန်း ဆောင်တာတစ်ခု၏ အန္တိမမှတ်ကျောက်ကား လုပ်ရပ်မှန်ကန်မှုပင်ဖြစ်သည်။
ပရဟိတ အဖွဲ့ အစည်းများ၏ အလုပ်အမှုဆောင်အရာရှိများ ကျွန်တော့် ကို မေးလေ့မေးထအရှိဆုံးမေးခွန်းကား ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းများမှာ မည်သည့်အရည်အချင်းများ ဖြစ်ပါသနည်းဟူ၍ပင်ဖြစ်သည်။ ယင်းသို့ မေးမြန်းခြင်းသည်ကပင်လျှင် ခေါင်းဆောင်မှုအတတ်ပညာသည် လူတော တိုးရေး နည်းပညာဖြစ်သည်။ သင်ကြားပို့ချပေးနိုင်သော ကျောင်းတစ်ကျောင်း တွင် ဆည်းပူးနိုင်သော အတတ်များဖြစ်သည်ဟု ယူဆသည့်သဘော သက် ရောက်သည်။ သို့သော် တစ်ဘက်တွင်လည်း ခေါင်းဆောင်မှု အတတ်ပညာ ရှိလျှင် ပွဲပြီးပြီဟု ခံယူသည့်သဘောလည်း ရှိနေပြန်သည်။ ယင်းကဲ့သို့ ထင်မြင် နေမှုသည်ကား ခေါင်းဆောင်မှုအတတ်ပညာကို လွဲမှားစွာ သိနေခြင်းသာ ဖြစ်သည်။ အခြေခံအားဖြင့် မိမိကိုယ်ကိုယ်သာ အလေးထားသော ခေါင်းဆောင်သည် လွဲမှားစွာ ခေါင်းဆောင်ပေတော့မည် ဖြစ်သည်။ ဤရာစုနှစ်၏ ဆွဲဆောင်မှု အရှိဆုံး၊ လူထုပေါ်သြဇာအညောင်းခဲ့ဆုံး ခေါင်းဆောင်သုံးဦး သည် လူ့သမိုင်းစဉ်တွင် တခြားသုံးဦး သုံးဖလှယ်အတွဲတိုင်းထက်ပင် လူထုကိုသောကအများဆုံး ဖြစ်စေခဲ့ကြသူများဖြစ်သည်။ ထိုသုံးဦးကား ဟစ်တလာ၊ စတာလင်နှင့် မော်စီတုံးတို့ပင်ဖြစ်သည်။ တကယ်တမ်း အရေးပါသည်က ခေါင်းဆောင်၏လုပ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်၏ ပထမဦး ဆုံးအလုပ်ကား အဖွဲ့ အစည်း၏ တာဝန်ဝတ္တရားလုပ်ရပ်ကို ကနဦး စဉ်းစား အနက်ဖွင့်ဆိုရန်ပင်ဖြစ်သည်။
ခိုင်မာသော လက်တွေ့ကျသည် ပန်းတိုင်များထားရှိခြင်း
အလွန်ရိုးစင်းပြီး နိစ္စဓူဝလုပ်ရပ်ဆန်သော သာဓကတစ်ခုကို တင်ပြလိုပါ သည်။ ယင်းသည်ကား ဆေးရုံတစ်ရုံ၏ အရေး (ကိစ္စ) ဖွင့်ဆိုချက်ပင် ဖြစ်ပါ သည်။
ရောဂါဘယသင့်သူတို့အား ဖြေသိမ့်ပေးရန်မှာ ကျွန်ုပ်တို့၏အရေးဖြစ်သည်
ထိုအရေး(ကိစ္စ) ဖွင့်ဆိုချက်ကား ရိုးစင်းရှင်းလင်းပြီး ဒက်ထိကျသည်။ တိုက်ရိုက်ဖော်ကျူးသည်။
အမေရိကန်ပြည်ထောင်စု အမျိုးသမီးကင်းထောက်တပ်ဖွဲ့များ၏ တာဝန်
အသိဖွင့်ဆိုချက်မှာ -
မိန်းကလေးငယ်များအား ဂုဏ်ပြည့်ဝသော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော၊ သိက္ခာသမာဓိပြည့်ဝသော
သူများဖြစ်အောင် ပျိုးထောင်ရာတွင်အထောက်အကူပြုရေး ဖြစ်သည်။
အရှေ့ကမ်းရိုးတန်း အရပ်တွင်မူ အီမစ်ကိုပဲလ် ဘုရားရှိခိုးကျောင်း တစ်ကျောင်းရှိပြီး ၄င်း၏တာဝန်အရေးကား ယေရှုသခင်အား ဤကျောင်းတော်၏ အကြီးအကဲနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တင်မြှောက်ရန် ဟု အနက်အဓိပ္ပာယ်ဖွင့်ခဲ့သည်။ ဘဝအပယ်ခံများကို ပြည့်သားကောင်း များဖြစ်အောင် ပျိုးထောင်ရေးဟု ကြေညာထားသော ကယ်ဆယ်ရေး တပ်မတော်၏ ခံယူချက်ကိုကြည့်ပါ။ အင်္ဂလိပ်အစိုးရကျောင်းများကို ဖန်တီး ခဲ့သော ၁၉-ရာစုနှစ် ၏ အတော်ဆုံးအင်္ဂလိပ်ပညာရှင် သုခမိန်တစ်ဦးဖြစ်သူ ရပ်ခ်ဘီကျောင်းမှ အာနိုးလ်သည် ယင်းကျောင်း၏တာဝန်ကား အရိုင်းအစိုင်း များအား လူကြီးလူကောင်းများဖြစ်အောင် ပျိုးထောင်ရန်ဟု ဖွင့်ဆိုခဲ့သည်။
သို့သော် ကျွန်တော်အနှစ်ခြိုက်ဆုံး တာဝန်အနက်ဖွင့်ဆိုချက်ကား ပရဟိတ အဖွဲ့ အစည်းတစ်ရပ်၏ ခံယူချက်မဟုတ်ချေ။ စီးပွားရေးလုပ်ငန်း တစ်ခု၏ ခံယူချက်ပင်ဖြစ်သည်။ ယင်းသည် ရာစုနှစ်အစတွင် ရှားစ်ကုမ္ပဏီအား စာတိုက် မှတစ်ဆင့်မှာကြားသည့် ပစ္စည်းများပေးပို့ရသော သဲ့သဲ့လေးမျှသာ ရုန်းကန်ရှင်သန်နေသည့် လက်လီအရောင်းလုပ်ငန်းမှသည် ဆယ်နှစ်တာမျှ မရှိသေးသည့် ကာလအတွင်းမှာပင် ကမ္ဘာ့ထိပ်တန်း လက်လီအရောင်းဆိုင် လုပ်ငန်းအဖြစ် ပေါက်ရောက်စေနိုင်ခဲ့သည့် ခံယူချက်ပင် ဖြစ်ခဲ့သည်။ ယင်းတို့၏ ခံယူချက်မှာ ကျွန်ုပ်တို့၏တာဝန်မှာ နှံ့စပ်သိမြင်၍ တာဝန်ရှိသော အဝယ်တော်ဖြစ်ရန်ပင် ဖြစ်သည်။ ကနဦးအနေဖြင့် ထိုသိမှုတွင် အမေရိကန် လယ်သမား အတွက် ဖြစ်ခဲ့ပြီးနောက် အမေရိကန်မိသားစုအပေါင်းတို့အတွက် ဖြစ်ခဲ့သည်။
ကျွန်တော်သိကျွမ်းသမျှ ဆေးရုံတိုင်းသည် ကျွန်ုပ်တို့၏ အရေးမှာကျန်းမာရေးစောင့်ရှောက်မှုပင် ဖြစ်သည် ဟူ၍ပင်ဖြစ်သည်။ ထိုအနက် ဖွင့်ဆိုချက်ကား မှားယွင်းသည်။ ဆေးရုံသည် ကျန်းမာရေးကို စောင့်ရှောက်မှု မပြုချေ။ ဖျားနာမှုကို စောင့်ရှောက်ပြုစုသည်။ သင်နှင့် ကျွန်ုပ်တို့သည် စီးကရက် မသောက်ခြင်း၊ အရက်အလွန်အကျွံ မသောက်ခြင်း၊ အိပ်ရာသို့ စောစောဝင်ခြင်း၊ အဝမလွန်စေရန် ဂရုစိုက်ခြင်း စသည်တို့ဖြင့် ကျန်းမာရေးကို ဂရုစိုက်သည်။ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပျက်ယွင်းသောအခါကျမှသာ ဆေးရုံ၏ အခန်း ကဏ္ဍပါလာသည်။ ယင်းတာဝန်၏ ပို၍ပြင်းထန်ဆိုးဝါးသော မပီပြင်ချက်ကား ကျွန်ုပ်တို့တာဝန်မှာ ကျန်းမာပြုစုစောင့်ရှောက်ရေးဟူသောစကား၏ နောက် ဆွယ် ပြုရပ် သို့မဟုတ် အကျင့်ကို မည်သူမှ မပြောနိုင်ချေ။
တာဝန်ဆောင်ပုဒ်တစ်ခုသည် လက်တွေ့ဆောင်ရွက်နိုင်သော အနေ အထားရှိရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါလျှင် ယင်းသည်ကောင်းမွန်သော ရည်ရွယ်ချက် တစ်ရပ်သာဖြစ်မည်။ တာဝန်ဆောင်ပုဒ်တစ်ရပ်သည် ထိုအဖွဲ့ အစည်း အမှန်တကယ်လုပ်နိုင်စွမ်းရှိရန် ကြိုးစားသည့်အချက်ကို ဇောင်းပေးပြီး ပြောသည့်အတိုင်း လုပ်ရမည်။ သို့မှသာ အဖွဲ့ ဝင်တိုင်းက ဒီပန်းတိုင်ရောက်ရှိ ရေးအတွက် ကျွန်တော့်တစ်လက်တစ်အားက ဒါပဲဟုပြောနိုင်ပေမည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော်သည် ဆေးရုံကြီးတစ်ရုံ အရေး ပေါ်ခန်းက ဆောင်ပုဒ်ကို စဉ်းစားရန် ဆေးရုံအုပ်ချုပ်ရေးမှူးများနှင့်အတူ ထိုင်ဖြစ်ခဲ့သည်။ အရေးပေါ်အခန်းသည် ရောဂါဘယသင့်နေသူကို ဖြေ သိမ့်ပေးရန်အတွက် တည်ရှိပါသည် ဟူသော ထင်ရှားပြီး ရိုးစင်းသော အချက်ကို စဉ်းစားမိရန် အတော်ကြာသွားခဲ့သည်။ ထိုသို့ ဝန်ဆောင်မှုပြုရန် အတွက် အရေးပေါ်အခန်းတွင် ဖြစ်စဉ်များကိုသိရန် လိုအပ်သည်။ ကောင်းမွန်သော အရေးပေါ်ခန်းတွင် ပြုမူဆောင်ရွက်လေ့ရှိသည့်အချက်ကား လူနာ ဆယ်ဦးမှ ရှစ်ဦးအား “ဘာမှမဖြစ်ပါဘူး၊ တစ်ည နှစ်ည နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ရင် ကောင်းသွားမှာပဲ”ဟု ပြောခြင်းသာဖြစ်ကြောင်း ဆရာဝန်နှင့် သူနာပြုဆရာမများ တအံ့တသြ တွေးမိခဲ့ကြသည်။ သင် ကတုန်ကယင်ဖြစ်နေ သည် သို့မဟုတ် ကလေးက တုပ်ကွေးဖြစ်နေသည်။ ကလေးငယ်က ပြင်းပြင်း ထန်ထန် မကျန်းမမာဖြစ်နေသည်မဟုတ်။ ဆရာဝန်များနှင့် သူနာပြုဆရာမများက အာမခံသည်။
ထိုအချက်ကို ကျွန်တော်တို့ တွေးမိခဲ့ကြပါသည်။ သို့သော်လည်း သိပ် ထင်ရှားပေါ်လွင်သည့်ကိစ္စ ဖြစ်ပုံရနေခဲ့သည်။ သို့တိုင်အောင် ထိုတာဝန်ဆောင်ပုဒ်ကို လက်တွေ့အသက်ဝင်အောင် ဆောင်ရွက်ခြင်းက လူနာရောက် လာပြီး တစ်မိနစ်ခန့်ပင် မရှိသေးချိန်တွင် တာဝန်ရှိ ဆရာဝန်၊ ဆရာဝန်မတစ်ဦး တစ်ယောက်က လာရောက်ကြည့်ရှုပေးနိုင်ရန်ပင်ဖြစ်သည်။ ယင်းကား အဓိက တာဝန်ပင်ဖြစ်သည်။ ယင်းကား ပန်းတိုင်ပင်ဖြစ်သည်။ ကျန်အချက်များကား အကောင်အထည်ဖော်မှုသာဖြစ်သည်။ တချို့လူနာများကို အရေးပေါ်ခန်းသို့ ချက်ချင်းပြေးလွှားတင်ရသည်။ တချို့ကို စမ်းသပ်မှုများစွာပြုရသည်။ သို့ တိုင်အောင် တချို့ကိုမူ “အိမ်ပြန်သွားအိပ်တော့၊ ခေါင်းကိုက်ပျောက်ဆေး သောက်တာ မပူနဲ့၊ ဆက်ပြီး ဝေဒနာခံစားနေရရင်တော့ မနက်ဖြန်ကျရင် ဆရာဝန်တစ်ယောက်နဲ့ပြ”ဟုပင် ပြောရသည်။ သို့သော် ရည်ရွယ်ချက်ကား လူတိုင်းကို ချက်ချင်းနီးပါး ကြည့်ရှုပေးရန်ပင်ဖြစ်သည်။ သို့မှသာလျှင် နှစ်သိမ့် ပေးနိုင်မည်၊ အာမခံဖြေသိမ့်ပေးနိုင်မည်။
ပရဟိတအဖွဲ့ အစည်း စီမံခန့်ခွဲသူ၏ တာဝန်ကား အဖွဲ့အစည်း၏ တာဝန် ဆောင်ပုဒ်အား အနုစိတ်အနေအထားဖြစ်အောင် ပြုပြင်ပြောင်းလဲရန်ပင်ဖြစ် သည်။ တာဝန်မှာ ထာဝရ သို့မဟုတ် ကျွန်တော်တို့ မျှော်ရည်ကြည့်နိုင်ရန် မဆုံးနိုင်သော ကာလဖြစ်ကောင်း ဖြစ်ပေမည်။ လူသားမျိုးနွယ်တို့ ရှိနေသမျှ ကာလပတ်လုံး ဖျားနာသူတို့ ရှိနေမည်။ အရက်သမား၊ မူးယစ်ဆေးဝါးစွဲသူ များ၊ ကုသိုလ်ကံ နည်းသူများ ရှိပေမည်။ နှစ်ရာပေါင်းများစွာကတည်းကပင် ကျွန်တော်တို့တွင် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ်ရှိကလေးများ ဆော့ကစား ချင်ကြသူများ၏ စိတ်ထဲအနည်းအပါးမျှသော အသိပညာကို ထည့်သွင်းရန် ကြိုးစားနေသောကျောင်းများ ရှိခဲ့သည်။ သို့ သော် ပန်းတိုင်က ရေတိုဖြစ်နိုင် သည်။
တာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့၍ သိသိသာသာကြီး ပြောင်းလဲသွားမည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကာလ ၁၉-ရာစုနှစ်၏ အကောင်းဆုံးသောတီထွင်မှုကား တီဘီရောဂါပပျောက်ရေးပင်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထိုတာဝန်ပြီးဆုံးခဲ့ပြီးဖြစ်သည်။ ကျွန်တော်တို့သည် တီဘီရောဂါကို ဇီဝဆေးတို့ဖြင့် မည်သို့ကုသရမည်မှန်း သိထားပြီးဖြစ်သည်။ သို့ဖြင့် ပရဟိတအဖွဲ့ အစည်းများ၏ စီမံခန့်ခွဲမှုများသည်လည်း ပြန်လည်သုံး သပ်မှု အသွင်ပြောင်းမှုနှင့် စွန့်ပယ်မှုတို့ကို စနစ်တကျဆောင်ရွက်ရသည်။ တာဝန်မှာ ထာဝရဖြစ်ပြီး ပန်းတိုင်များက ယာယီမျှသာဖြစ်သည်။
ကျွန်တော်တို့၏ မှားလေ့မှားထ အများဆုံးအချက်ကား တာဝန်ဆောင်ပုဒ် အား ရည်ရွယ်ချက်ကောင်းသော အသားညှပ်ပေါင်မုန့်မျိုး လုပ်ပစ်လိုက်တတ်မှု ပင်ဖြစ်သည်။ တာဝန်ဆောင်ပုဒ်ကား ရိုးစင်းရှင်းလင်းရန်လိုသည်။ သင် တာဝန်အသစ်များ ထပ်တိုးဖြည့်သည်နှင့်အမျှ တာဝန်အဟောင်းများကို လျှော့ ချရှင်းပယ် ရန်လိုသည်။ သင်လုပ်နိုင်သမျှမှာ ဤမျှသာရှိပါသည်။ ကျွန်တော် တို့ ကောလိပ်များတွင် ပြုလုပ်ရန် ကြိုးစားနေသည့်အချက်ကိုကြည့်ပါ။ တာဝန်ဆောင်ပုဒ်က ရှုပ်ထွေးလှပေသည်။ ကျွန်တော်တို့သည် အကြောင်းရပ်ပေါင်း ငါးဆယ်ကို ဆောင်ရွက်ရန် ကြိုးစားနေသည်။ ဒီကြိုးစားမှုသည် အလုပ်ဖြစ် မည်မဟုတ်ချေ။ ထို့ကြောင့် သမားရိုးကျအစဉ်အလာကောလိပ်များက လူငယ်များစွာကို ဆွဲဆောင်နိုင်သည်။ သူတို့၏ ခံယူချက်က အလွန်ကျဉ်းမြောင်းသည်။ ကျွန်တော်နှင့် သင်က ထိုသည်တို့နှင့်ရန်ဖြစ်ပြီး ကျဉ်းလွန်းသည် ဟုဆိုမည်။ သို့သော် ရှင်းရှင်းကလေးပါ။ ယင်းသည် ကျောင်းသားများအား နားလည်နိုင်စွမ်းရှိစေသည်။ ထို့ပြင် ဆရာ၊ ဆရာမတို့အားလည်း သိရှိစေ သည်။ ထို့ပြင် အုပ်ချုပ်ရေးအပိုင်းအား ငါတို့စာရင်းကိုင်ပညာ သင်ကြားပေး မည်ဟု ပြောသာစေသည်။
သင်နောက်တိုးဖြည့်သကဲ့သို့ စွန့်ပယ်ရသည်လည်းရှိသည်။ သို့သော် ကျွန်တော်တို့ ဆောင်ရွက်နိုင်သည့် အနည်းအပါးက မည်မျှနည်း။ အရေး တကယ်ပါသည့် ခံယူချက်ကား မည်သည့်အရာဖြစ်သည်၊ အရေးမပါသည်က မည်သည့်အရာဖြစ်သည်ကို စဉ်းစားရမည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ကာလက ဆေးရုံများပြုခဲ့သည့် အကောင်းဆုံးဝန်ဆောင်မှုကား မီးယပ်သား