Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - လက်တွေ့အသုံးချIELTSအက်ဆေးများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

Architects and Cities

Every city has its architectural character, but the similarities between cities are more obvious these days than in the past. In my opinion, one reason for this is the high price of land.

In most large cities, land is scarce and consequently it is very valuable. This has led to the construction of tall buildings which occupy only a small area of land while providing lots of floor space where people can live or work. Buildings of this type are made of concrete and steel and can be built comparatively quickly using prefabricated materials. They do not use local materials, such as stone, timber or brick, which used to give cities their individual character. In consequence many cities now look very much the same and you might not know whether you were in Brisbane, Bangkok or Berlin when you are on the street.

While I realise that we cannot stand in the way of progress, I believe that cities should try to keep some individuality. For example, in Paris it is prohibited to build very tall buildings in the centre of the city, as this wouldspoil the overall appearance of the skyline.

Other cities have chosen to design unique buildings to ensure they look different. The twin towers in Kuala Lumpur or the Opera House in Sydney are examples of this approach, and I agree with this kind of initiative.

All in all, although it is regrettable that modern cities look similar, I tend to feel that this is unavoidable. However, it can be argued that, even if the buildings are similar, cities will maintain their own character as a result of cultural diversity, the terrain and the climate, which ultimately determine how people live.

x x x

ဗိသုကာနှင့် မြို့ကြီးများ

မြို့ပြတိုင်းတွင် ယင်း၏ ဗိသုကာပိုင်းဆိုင်ရာ စရိုက်လက္ခဏာ ရှိသည်။ သို့သော် မြို့ပြကြီးများကြား အသွင်တူမှုများသည် အတိတ်ကာလကထက် ယနေ့များတွင် ပို၍ထင်ရှားသည်။ ကျွန်တော့်အမြင်နှင့် ပြောရလျှင် ဤသို့ ဖြစ်ခြင်းမှာ မြေယာဈေးကြီးမြင့်ခြင်းက အကြောင်းတစ်ကြောင်းပင် ဖြစ်သည်။

ကြီးမားသော မြို့ပြအများစုတွင် မြေယာရှားပါး၍ ယင်းရှားပါးမှု ကြောင့် မြေယာသည် အလွန်တန်ဖိုးရှိသည်။ ဤအကြောင်းတရားသည် ပင်လျှင် မြေယာနေရာ အနည်းငယ်သာယူသော်လည်း လူတို့ နေထိုင် သို့မဟုတ် လုပ်ကိုင်နိုင်ရာ ကြမ်းခင်းနေရာများစွာ ဖြစ်ထွန်းစေသည့် အဆောက်အအုံမြင့်ကြီးများ တည်ဆောက်မှုသို့ ဦးတည်စေခဲ့သည်။ ဤကဲ့သို့ အဆောက်အအုံအမျိုးအစားများကို ကွန်ကရစ်နှင့် သံမဏိဖြင့် ပြုလုပ်ထားပြီး ယင်းတို့ကို ကြိုတင်ပြုလုပ်ထားပြီးသော ပစ္စည်းတို့ဖြင့် အတော်အတန်လျင်မြန်စွာပင် တည်ဆောက်နိုင်သည်။ သူတို့သည် မြို့ပြများကို ယင်းတို့၏ တသီးတခြား စရိုက်လက္ခဏာများ ပြည့်ဝစေခဲ့သော ကျောက်ခဲ၊ သစ် သို့မဟုတ် အုတ်ခဲ စသည်တို့ကဲ့သို့သော နယ်ခံပစ္စည်းတို့ကို မသုံးတော့ချေ။ ထိုအကျိုးဆက်ကြောင့်ပင် မြို့ပြများစွာတို့သည် အသွင်တူဟန်ရှိပြီး သင် သည် လမ်းပေါ်သို့ ရောက်နေသောအခါတွင် ဘရစ်ဘိန်းမြို့တွင်လား၊ ဘန် ကောက်မြို့တွင်လား၊ ဘာလင်မြို့တွင်လားဟု ခွဲခြားသိချင်မှ သိပေမည်။

တိုးတက်မှုကို ကျွန်တော်တို့ ဟန့်တားပိတ်ဆို့၍ မရကြောင်း ကျွန် တော် သဘောပေါက်သော်ငြားလည်း မြို့ပြများသည် ယင်းတို့၏ တသီး တခြား သဘာဝအချို့ကို စောင့်ထိန်းရန် ကြိုးစားသင့်သည်ဟု ကျွန်တော် ယူဆပါသည်။ ဥပမာ-ပါရီမြို့လယ်ခေါင်တွင် အလွန်တရာ မြင့်မားသော အဆောက်အအုံများ တည်ဆောက်ခွင့်ကို ပိတ်ပင်ထားသည်။ ယင်းမှာ အဆောက်အအုံ မြင့်များက ကောင်းကင်သွင်ပြင်ကို ပျက်ပြားစေမည်ကို စိုးရိမ်၍ ဖြစ်သည်။

အခြားမြို့များကမူ တစ်သွင်ခြားနားရန်အတွက် ထူးခြားသော အဆောက်အအုံများ ပုံဖော်မှုပြုရေးကို ရွေးချယ်ခဲ့ကြသည်။ ကွာလာလမ်ပူ မြို့မှ အမွှာမျှော်စင်၊ သို့မဟုတ် ဆစ်ဒနီမြို့မှ အော်ပရာဇာတ်ရုံကြီးတို့မှာ ဤချဉ်းကပ်ပုံ သာဓကများဖြစ်ပြီး ထိုကဲ့သို့ ဦးဆောင်ဦးရွက်ပြုမှုမျိုးကို ကျွန်တော် သဘောကျပါသည်။

အားလုံးခြုံငုံပြောရလျှင်မူ ခေတ်မီမြို့ပြများ အသွင်တူနေကြသည် ကို ဘဝင်မကျစရာဖြစ်သော်လည်း ဤအချက်ကို မရှောင်လွှဲနိုင်ဟု ကျွန်တော် ယူဆသည်။ မည်သို့ပင်ဆိုစေ၊ အဆောက်အအုံများ အသွင်တူလျှင် မြို့ပြ များသည် ယဉ်ကျေးမှုထွေပြားမှု၊ မြေမျက်နှာပြင်အနေအထားနှင့် နောက်ဆုံး တွင် လူတို့ မည်သို့ နေထိုင်ရမည်ကို စီရင်မှုပြုသော ရာသီဥတုအနေအထားကြောင့် ယင်းတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာများကို ဆက်လက်စောင့် ထိန်းပေမည်။