Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - မင်းဆရာ

Regular price 1,600 MMK
Regular price Sale price 1,600 MMK
Sale Sold out
Type

နစ်ကိုလ်မက်ချီဝဲလီ (Niccolo Machiavelli)

အကြောင်း တစေ့တစောင်း

နစ်ကိုလ်မက်ချီဝဲလီကို ၁၄၆၉ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ဖလော ရင့်စ်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ တရားရေးအရာရှိတစ်ဦး ဖြစ်ခဲ့ သည်။ သူသည် လက်တင်နှင့် အီတလီ ဂန္ထဝင်စာပေများကို နှိုက်နှိုက်ချွတ် ချွတ် လေ့လာသုံးသပ်မှုအပါအဝင် ပညာဆည်းပူးပြီးနောက်တွင် စာရေး စာချီဝန်ထမ်းတစ်ဦးအဖြစ် ၁၄၉၄ ခုနှစ်တွင် အစိုးရအလုပ် ဝင်လုပ်ခဲ့သည်။ ဤကာလသည် နှစ်ပေါင်း ၆၀ ခန့် ဖလောရင့်စ် မြို့ပြနိုင်ငံကို အုပ်စိုးခဲ့သော မီဒီစီ မိသားစုတွင် ဘုန်းတန်ခိုးမှေးမှိန်နေချိန် ဖြစ်သည်။

၁၄၉၈ ခုနှစ်တွင် ဖလောရင့်စ် သမ္မတနိုင်ငံထူထောင်သောအခါတွင် မက်ချီဝဲလီသည် နိုင်ငံ၏ သံတမန်ရေးရာကိစ္စများနှင့် စစ်ဆင်ရေးများကိုတာဝန်ယူဆောင်ရွက်ရသော ဆယ်ဦးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ထင် ရှားလာခဲ့သည်။ ၁၄၉၉ ခုနှစ်မှ ၁၅၁၂ ခုနှစ်ကာလအထိ သူသည် အတွင်း ရေး တာဝန်အပြင် အီတလီကျွန်းဆွယ်ဒေသအတွင်းနှင့် ပြင်သစ်ထီးနန်း၊ သာသနာပိုင် ပုတ်ရဟန်းမင်းကြီး၏ ထီးနန်းနှင့် ဂျာမန်ထီးနန်းသို့ သံတမန် ခရီး ခေါက်ရေပေါင်းများစွာ သွားခဲ့ရသည်။ အီတလီပြည်တွင်း သံတမန် တာဝန်ဖြင့် သွားလာလှုပ်ရှားစဉ် သူသည် အီတလီမင်းများစွာ၏ နိုင်ငံရေး နည်းစနစ်များကို တတ်သိလာခဲ့သည်။ ၁၅ဝ၂ ခုနှစ်နှောင်းပိုင်းကာလနှင့် ၁၅ဝ၃ ခုနှစ်တွင် မက်ချီဝဲလီသည် သာသနာရေးပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဆီဇာဘောဂီရာ (Cesare Borgia) ၏ ထိရောက်သော နိုင်ငံတော်တည် ဆောက်နည်းများနှင့် ရင်းနှီးလာခဲ့သည်။ ထိုစဉ်ကာလတွင် ဆီဇာဘောဂီရာသည် ရဲတင်းမှု၊ ပရိယာယ်၊ ကိုယ့်အားကိုယ်ကိုးမှု၊ ပြတ်သားမှုနှင့် တစ်ခါ တစ်ရံတွင် ရက်စက်မှုများ ပေါင်းစပ်ကျင့်သုံးလျက် အီတလီပြည် အလယ် ပိုင်းရှိ သူ၏နယ်ပယ်များကို ချဲ့ထွင်နေခဲ့သည်။

၁၅၀၃ ခုနှစ်မှ ၁၅၀၆ ခုနှစ်ကာလထိ မက်ချီဝဲလီသည် ဖလောရင့်စ် သမ္မတနိုင်ငံ၏ စစ်ရေးအကာအကွယ်များကို ပြန်လည်ဖွဲ့စည်းရန် တာဝန် ပေးခံခဲ့ရသည်။ ဤခေတ်ကာလတွင် ကြေးစားတပ်များကို ငှားရမ်းသုံးစွဲ လေ့ရှိခဲ့သော်လည်း မက်ချီဝဲလီသည် ဤကြေးစားစစ်သည်တို့၏ သစ္စာကို လွန်စွာ အယုံအကြည်တန်ခဲ့သောကြောင့် သမ္မတနိုင်ငံ၏ ပြည်သားများကို စစ်သည်များအဖြစ် သိမ်းသွင်းခန့်အပ်သည်ကို လိုလားခဲ့သည်။ ဤသို့ တိုင်း ရင်းသားစစ်သည်များကိုသာ ခန့်အပ်လိုသည့်သဘောသည် ရှေးဟောင်းရောမပြည်သူ့တပ်များအကြောင်း လီဗွီ (Livy) ၏ရေးသားချက်များကို နားဝင်နေခဲ့၍ဖြစ်သည်။

အီတလီကျွန်းဆွယ်ဒေသတွင် စပိန်နှင့် ပြင်သစ်နိုင်ငံတွင် အပြိုင် အဆိုင်နယ်လုရာမှ ဆင့်ပွားဖြစ်သော အကြောင်းတရားပေါ်မူတည်၍ ၁၅၁၂ ခုနှစ် သြဂုတ်လတွင် မီဒီစီများ ဖလောရင့်စ်ထီးနန်းကို ပြန်လည်သိမ်းနိုင်ခဲ့ပြီး သမ္မတနိုင်ငံ ဖျက်သိမ်းခံလိုက်ရသည်။ သမ္မတမင်းနိုင်ငံတွင် အဓိကပုဂ္ဂိုလ် တစ်ဦးဖြစ်နေခဲ့ပြီး မီဒီစီ ဆန့်ကျင်ရေးသမားဟု ယူဆဖွယ်ရာ ရှိနေခဲ့သော မက်ချီဝဲလီအား နိုဝင်ဘာလတွင် အလုပ်မှ ထုတ်ပစ်လိုက်သည်။ ၁၅၁၃ ခုနှစ် နွေဦးပေါက်ကာလတွင်မူ သူသည် နိုင်ငံတော်လုပ်ကြံမှုတစ်ရပ်တွင် ပူးပေါင်း ပါဝင်မှုဖြင့် စက်ခုံထက်တင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ ထောင်မှလွတ်ပြီး နောက်တွင် သူသည် ဖလောရင့်စ်မြို့အနီးရှိ ဆန်ကပ်စ်ဘီအာနို (San Casiano) အရပ်ရှိ သူ၏အိမ်ရာသို့ ပြန်ခဲ့သည်။ ထိုအိမ်ရာတွင် နေထိုင်စဉ် သူ၏အရေးအပါဆုံး စာပေလက်ရာကို ရေးသားပြုစုခဲ့သည်။ သူသည် မီဒီစီ မင်းတို့၏ အလိုကျဖြစ်စေရန် ကြိုးစားခဲ့သော်လည်း အစိုးရရာထူး ပြန်လည် မရရှိခဲ့ချေ။ သူသည် ၁၅၂၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဖလောရင့်စ်မြို့ တွင် ကွယ်လွန်သွားခဲ့သည်။

စကားဦး

မက်ချီဝဲလီ (Machiavelli) ၏ အကျော်ကြားဆုံးလက်ရာဖြစ်သော The Prince ကို ၁၅၁၃ ခုနှစ်တွင် ရေးသားခဲ့သော်လည်း သူသေဆုံးပြီး

နောက် (၁၅၃၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၆၄၀ ခုနှစ်တွင် တစ်ကြိမ် အင်္ဂလိပ် | ဘာသာသို့ ပြန်ဆိုခဲ့သည်) မှသာလျှင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ။

The Prince စာတမ်းတွင် မင်းတစ်ပါး နိုင်ငံရေးအာဏာရရှိရန်နှင့် ထိန်းသိမ်းရန် ကျင့်သုံးသော ပါးနပ်၍ကောက်ကျစ်သော မသမာသည့် နည်း ပရိယာယ်များကို ဖော်ပြထားခဲ့သည်။ ထိုစာအုပ်သည် ချက်ချင်းပင် ဝေဖန် ပုတ်ခတ်မှုများ ခံခဲ့ရပြီး မကြာမတင်ကာလတွင် ပုတ်ရဟန်းမင်းကြီး ဆဋ္ဌမ မြောက် ကလီမင့် Pope clement VIII က ယင်းကို ရှုတ်ချခဲ့သည်။

ထိုစာအုပ်တွင် ဖော်ပြထားသောအချက်များသည် အာဏာရှင်ဘုရင် ( မင်းတစ်ပါးသည် သမားရိုးကျ သီလသမာဓိကျင့်ထုံးများ၏ အနှောင်အဖွဲ့မှ လွတ်ကင်းသည်ဟု မက်ချီဝဲလီ ယုံကြည်မှုတွင် အခြေခံသည်။ မင်းတစ်ပါး သည် အာဏာရရှိရေး၊ နိုင်ငံရေးကိစ္စများတွင် အောင်မြင်ရေးကို ပဓာနထားသော စည်းမျဉ်းတို့ကိုသာလျှင် အလေးထားသင့်သည်ဟု မက်ချီဝဲလီက ခံယူခဲ့သည်။ ။

မက်ချီဝဲလီ၏ ခေတ်ကာလတွင် အီတလီကျွန်းဆွယ်ဒေသသည် ပြင်းထန်သော နိုင်ငံရေးစစ်တလင်း ဖြစ်နေခဲ့သည်။ ထိုနိုင်ငံရေးပဋိပက္ခတွင် ဖလောရင့်စ်၊ မီလန်၊ ဗင်းနစ်နှင့် နေပဲလ် မြို့ပြနိုင်ငံများအပြင် ရောမသာသနာပိုင်မင်းနိုင်ငံ၊ ပြင်သစ်စပိန်နှင့် ရောမဧကရာဇ်နိုင်ငံတို့ကဲ့သို့ အထင်ကရ မြို့ပြ နိုင်ငံများ ပါဝင်ခဲ့သည်။ မြို့ပြနိုင်ငံတိုင်းသည် အင်အားကြီးနိုင်ငံများ အချင်း ချင်းကို ရန်တိုက်ပေးခြင်းဖြင့် ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်ရန် ကြိုးစားခဲ့ ကြသည်။ ထိုအကြောင်းတရားကြောင့်ပင်လျှင် နိုင်ငံရေးလုပ်ကြံမှုများ၊ အကျပ်ကိုင်မှုများနှင့် အကြမ်းဖက်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။

The Prince စာတမ်းကို ဤအကြောင်းတရားများပေါ် နောက်ခံပြု၍ ရေးသားခဲ့ပြီး ယင်း၏ နောက်ဆုံးအချုပ်တွင်မူ အီတလီသားတို့ ညီညွတ်ကြ ပါရန်နှင့် တိုင်းတစ်ပါးမှ ဝင်ရောက်စွက်ဖက်မှုကို နိဂုံးချုပ်ပစ်ရန် စေ့ဆော်မှု ဖြင့် မက်ချီဝဲလီက အဆုံးသတ်ခဲ့သည်။

၁၈၁၀ ခုနှစ်တွင်မူ မက်ချီဝဲလီ ရေးသားခဲ့သော စာတစ်စောင်တွေ့ရှိ ခဲ့သည်။ ထိုစာတွင်မူ သူသည် ဖလောရင့်စ်မြို့ပြနိုင်ငံမင်းဖြစ်သော မီဒီစီ 8005:9 (Midici Family) coq qovşoomsê:99$ cappucqas The | Prince ကို ပြုစုခဲ့သည်ဟု ရေးသားခဲ့သည်။ အီတလီဒေသကို တိုင်းတစ်ပါး အစိုးရများ၏ ဩဇာမှ လွတ်မြောက်စေရန်အတွက် အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးသည်ပင်ဖြစ်စေ တိုင်းသူပြည်သား အင်အားကောင်းသော အစိုးရက အရေးကြီးကြောင်း အနှစ်ချုပ် ရှင်းပြထားခဲ့သည်။