Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - နိုင်ငံတကာဆက်ဆံရေးပညာIR

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

အမေရိကန်နှင့် အာရှ၏ စီးပွားရေး

အနာဂတ်မဟာမိတ်အခြေအနေ

ဒုတိယ ကမ္ဘာစစ်ကာလ နောက်ပိုင်းမှသည် မျက်မှောက်ကာလအထိ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးသည် အမေ ရိကန်နိုင်ငံ၏ ချစ်ကြည်မှု အပေါ်တွင် တည်မှီသယောင် ရှိခဲ့သည်။ သို့ သော်လည်း မျက်မှောက်ကာလတွင် အာရှဒေသ၏ စီးပွားရေးနှင့် စစ်ရေး အင်အားတို့ ဖွံ့ဖြိုး တိုးတက်လာမှုသည် ဒေသန္တရ အခြေအနေများကို ပြုပြင်ပြောင်းလဲလျက် ရှိပြီး အမေရိကန်နှင့် အာရှ၏ မဟာမိတ်အခြေအနေပေါ် လောင်းရိပ်သင့်နေသည်။ မျက် မှောက်အချိန်သည် အာရှနှင့် ပတ်သက်၍ အမေရိကန်၏ အတွေးအမြင်တို့ကို ပြန်လည်ဆန်းစစ်၍ လိုက်လျောညီထွေ ပြုပြင်ရန် အခါကာလဖြစ်သည်ဟု နိုင်ငံရေး ပညာရှင်များက ဆိုညွှန်းကြသည်။

အာရှတိုက်၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် အာရှတိုက်၏ စစ်ရေးနှင့် နိုင်ငံရေး အင်အားကိုပါ ဒွန်တွဲတိုးမြှင့်လာစေခဲ့ပြီး အာရှ-ပစိဖိတ်ဒေသ တစ်ခွင်တွင် သြဇာ သမ္ဘာစဉ်ကို ပြုပြင်ပြောင်းလဲလိုက်သည်။ ထိုဒေသကို နိုင်ငံက တစ်နိုင်ငံကို စစ်ရေး အရ သိမ်းပိုက်ရေးဖြင့် ခြိမ်းခြောက်သော ရိုးရိုးရှင်းရှင်း အနိုင်အရှုံး သဘောဖြင့် တွက်ဆကြည့်၍ မရတော့ချေ။ ဒေသတစ်ခွင်တွင် အပြန်အလှန် ဆက်စပ်မှုနှင့် အပြန်အလှန် တည်မှီသည့်သဘာဝ တွင်ကျယ်နေပြီး စစ်ရေးယှဉ်ပြိုင်မှုကို စီးပွားရေး အရ ယှဉ်ပြိုင်မှုက အသာစီးရယူထားပြီး ဖြစ်သည်။ စီးပွားရေးအားကောင်းပါမှ သြဇာအာဏာကြီးမားမည်။ လွှမ်းမိုးခြယ်လှယ်နိုင်သောအနေရှိမည့် အမေရိကန်၏ စစ်အေးမဟာမိတ်များဖြစ်ခဲ့သော ဂျပန်-တောင်ကိုရီးယားနှင့် တရုတ် (တိုင်ပေ) နိုင်ငံတို့သည် အဆင့်မြင့် ဖွံ့ဖြိုးလာခဲ့ကြပြီး ကိုယ့်စွမ်းကိုယ်စ ပြည့်ဝသော စီးပွားရေး အင်အားနှင့် ဒီမိုကရေစီနိုင်ငံများအဖြစ် ရပ်တည်နေကြသည်။ အာရှတိုက်၏တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိနိုင်ငံများ အထူးသဖြင့် အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် လတ်တလောတိုးတက်နေသည့် အဆင့်ရှိကြသည်။

ဤသို့ အာရှတိုက် ဖြစ်ထွန်းနေစဉ် ကာလတွင် အမေရိကန်နိုင်ငံ၏ ဒေသန္တရ အဆင့်က စတင်လျော့ပါးနေသည်။ အမေရိကန်နိုင်ငံ၏ ဓနအင်အားသည် အတိုင်း အဆမဲ့ မဟုတ်သလို စစ်ရေးအင်အားသည်လည်း အကန့်အသတ်မရှိ မဟုတ်ကြောင်း ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေးကပ်ကြီးနှင့် အီရတ်နှင့် အာဖဂန်နစ္စတန်မှ စစ်ပွဲများက ဖော်ပြခဲ့ပြီးဖြစ်သည့် အမေရိကန်၏ မူဝါဒရေးဆွဲသူများနှင့် အမေရိကန် ပြည်သူလူထုသည် ၂၀၁၀ ပြည့်နှစ်သို့ ရောက်သောအခါတွင် GDP ၏ ရာခိုင်နှုန်း ၁ဝဝ ကိုပင် ကျော်လွန်အောင် တစ်ရှိန်ထိုးတက်သွားနိုင်သော နိုင်ငံတော် ကြွေးမြီနှင့် အမေရိကန်လူနေမှုအဆင့်ပေါ် ထိုကြွေးမြီက သက်ရောက်စေမည့် ဂယက်ကို ကြိုတင်တွေးဆ ပူပန်နေကြသည်။ ပြည်တွင်း၌ စီးပွားရေး တိုးတက်မှု ချည့်နဲ့ နေခြင်းကြောင့် စိုးရိမ်ကြောင့်ကြမှုနှင့် အီရတ်နှင့် အာဖဂန်နစ္စတန်တွင် ဆက်လက်ဆောင်ရွက်နေသော စစ်ရေးများကို ဥပက္ခာပြုမှုတို့သည် ပင်လယ်ရပ်ခြားတွင် ကြီးကြီးကျယ်ကျယ် ဆောင်ရွက်မှုပြုလိုစိတ် ကုန်ခမ်းစေခဲ့သည်။ မကြာမီ ကာလတွင်ပြုမည့် ဘတ်ဂျက် ဖြတ်တောက်မှုသည်လည်း ပင်လယ်ရပ်ခြားတွင် အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိနိုင်ရေးကို ထိပါးရန် အလားအလာ များသည့် ကြွေးမြီဆန်းစစ်ရေးကော်မရှင်တစ်ခုသည် ကာကွယ်ရေးဌာန ဘတ်ဂျက် ကို အလွန်အမင်း ဖြတ်တောက်ရန် အကြံပြုထားသည်။ အမေရိကန်နိုင်ငံသည် ယင်းကို ယင်းအာရှပြင်ပမှ အင်အားဟန်ချက် ညှိပေးထားသူနှင့် လုံခြုံရေး အာမခံ သူအဖြစ် ခံယူထားရာ (ထိုသို့ ခံယူထားခြင်းဖြင့် ဂျပန်နှင့် တောင်ကိုးရီးယား၏ ကာကွယ်ရေးစရိတ်များစွာ သက်သာစေသည်) အမေရိကန်တပ်များ လျှော့ချလျှင် သဘောတရားအရရော လက်တွေ့ အရပါ အင်အား အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

အာရှတွင် အထင်ရှားဆုံး အင်အားမှာ တရုတ်ပြည်ပင် ဖြစ်သည်။ ယင်း သည် အမေရိကန်နိုင်ငံအား မဟာဗျူဟာအရ စိန်ခေါ်နိုင်မှု အတိုင်းအတာ တိုးပွား လာနေသည်နှင့်အမျှ လက်ရှိ ဒေသန္တရ အခြေအနေကို ဖြိုဖျက်နိုင်သော အနေအထား ရှိသည်။ တရုတ်နိုင်ငံသည် ဦးဆောင်ဦးရွက် စီးပွားရေးအင်အားကြီးတစ်ခု အဖြစ် ရပ်တည်နေပြီ ဖြစ်သောကြောင့် အာရှနှင့် ကမ္ဘာတစ်ဝန်းမှ အခြားနိုင်ငံများ သည် တရုတ်၏ ကုန်သွယ်မှုနှင့် တရုတ်၏ ကူညီပံ့ပိုးမှုပေါ်တိုး၍ အမှီပြုနေရ သည်။ တရုတ်နိုင်ငံသည် မကြာခင်ကာလကပင် ဂျပန်နိုင်ငံကို ကျော်တက်၍ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အား ဖြစ်လာခဲ့သည်။ လက်ရှိနှုန်းအတိုင်း ဆက်လက် တိုးပွားနေပါလျှင် ၂ဝ၃ဝ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံကို သာလွန်သွား နိုင်သည်။ တရုတ်နိုင်ငံသည် အာရှဒေသတစ်ခွင်တွင် နိုင်ငံတိုင်းနီးနီးနှင့် အဓိက သွင်းကုန်ထုတ်ကုန် စီးပွားဖက် ဖြစ်နေသောကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး အင်အားကို အာရှသားတို့ တိုး၍ ခံစားနေရသည်။ ပြန်လည်ပြုပြင်ရေး စည်းမျဉ်း စည်းကမ်းများ နှောင်ဖွယ်တွယ်လာတတ်သော အနောက်နိုင်ငံမှ ချေးငွေတို့ အစား တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပို၍ မက်လောက် စရာကောင်းသော အကူအညီများ ဖြစ်နေသည်။

တရုတ် စီးပွားရေးအင်အား၏ ဤသို့ ဖြစ်ထွန်းလာမှုများသည် ဒေသ တစ်ခွင်လုံး သြဇာအာဏာ အနေအထားများကို ရှုပ်ထွေးလာစေခဲ့သည်။ နိုင်ငံများ သည် စီးပွားရေး ဆက်ဆံမှုများ ခြိမ်းခြောက်ခံရပါလျှင် တရုတ်နိုင်ငံနှင့် အကျယ် အကျယ် ပဋိပက္ခဖြစ်ရန် မလိုလားချေ။ တရုတ်နိုင်ငံသည် ပဋိပက္ခ ဖြစ်စရာများ ကြုံလျှင် ယင်း၏ စီးပွားရေးအင်အားကို ဖိအား အမြင့်မားဆုံးသုံးရန် ဝန်မလေးကြောင်း ပြသခဲ့ပြီးဖြစ်သည်။ သိပ်မကြာခင်ကာလက တရုတ်နိုင်ငံသည် အငြင်း ပွားဖွယ်ရာ ဖြစ်နေသော ရေပိုင်နက်တွင် ဖမ်းဆီးခံရသော တရုတ်ငါးဖမ်းသင်္ဘော ဦးစီးမှူးတစ်ဦး လွတ်မြောက်ရေးအတွက် တရုတ်ပြည်မှနေ၍ တင်ပို့နေသော ရှားပါး သယံဇာတပစ္စည်းများ ကန့်သတ်ခြင်းဖြင့် ဂျပန်ကို ဖိအားပေးခဲ့သည်။ နိုင်ငံများစွာ သည် တရုတ်နိုင်ငံရေး ရည်မှန်းချက်ကြီးကို ဘဝင်မကျသည့် တိုင်အောင် ယင်းတို့ ၏ စီးပွားရေးဖွံ့ဖြိုးရန်အတွက် ဘေဂျင်းနှင့် ပြေပြေလည်လည် ဆက်ဆံမှုပြုနေကြ ရသည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာရေး အကျိုးအမြတ်အတွက် ယင်း၏ စီးပွား ရေး အင်အားကို အသုံးချရန် ထက်သန်ကြောင်းကို ရေရှည်တည်တံ့ လာခဲ့သော နိုင်ငံတကာဓလေ့ထုံးများကို အလွယ်တကူ ချိုးဖောက်လာမှုများတွင် အရိပ် အယောင် တွေ့နိုင်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာကြီးပြုပြင်ပြောင်းလဲရေး သော် လည်းကောင်း၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်ကို သော်လည်းကောင်း ကောင်းမွန် အောင် ဆောင်ရွက်ပေးခြင်း မပြုချေ။ တရုတ်နိုင်ငံ အကျိုးရှိရေးကို အပြီးသတ်မောင်မောင်မြင့်သိန်း ပုံဖော်ထားသော ခေတ်သစ်ကုန်သွယ်ရေးပုံစံဖြင့် ဈေးကွက်နှင့် စွမ်းအင် အရင်း အမြစ်များ ချုပ်ကိုင်နိုင်ရေးသာ ပဓာန ဖြစ်သည်။ နှောင်ကြိုးမဲ့လာသော တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အီရန်၊ မြောက်ကိုရီးယားနှင့် ဆူဒန်ကဲ့သို့သော နိုင်ငံများတွင် အဏုမြူ ဗုံးထုတ်လုပ်မှု ရပ်တန့်ရန် (သို့မဟုတ်) ဒီမိုကရေစီ အသွင်ပြောင်းမှုများ အကောင်အထည်ဖော်ရန် နိုင်ငံတကာ ဖိအားပေးမှုကို ဒေါက်ဖြုတ်ရာ ရောက်သော်လည်း တရုတ် စီးပွားရေးပံ့ပိုးမှုသည် အမေရိကန်၊ ဥရောပ (သို့မဟုတ်) နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ ကဲ့သို့ သော အဖွဲ့ အစည်းများ ပံ့ပိုးနိုင်သည့် အတိုင်း အတာကို အစားထိုးနိုင်သည်။ ဤသို့ဖြင့် အကျင့်ပျက်နေသော အစိုးရများကို နိုင်ငံတကာက “အညှာ” ကိုင် အပြစ်ဒဏ်ပေးနိုင်မှု အတိုင်းအတာလျော့ပါးသွားစေသည်။ ဤ အချိုးအတိုင်းပင်လျှင် တရုတ်နိုင်ငံသည် တောင် တရုတ်ပင်လယ်ကို ယင်းတို့ အဓိကဆိုင်ရာနေရာဟု ကြေညာ၍ ယင်းကို တရုတ် waren 3a09:0::69:%& (EXCLUSIVE ECONOMIC ZONE - EEZ) နယ်မြေတစ်စိတ်တစ်ပိုင်းဟု သတ်မှတ်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ရေပြင်တွင် လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ကို စိန်ခေါ်ထားသည်။ တရုတ်နိုင်ငံသည် ပင် လယ်ဝါနှင့် ပတ်သက်၍ အလားတူ ကြေညာချက်များ ထုတ်ပြန်ထားသည့် အမေရိ ကန် စစ်ရေးလေ့ကျင့်ရေး အစီအစဉ်ကို ကျယ်လောင်စွာ ကန့်ကွက်၍ ယင်း၏ ကြီးထွားလာနေသော လက်နက်အင်အားကို သရုပ်ပြရန်အတွက် ကိုယ်တိုင် အင်ပြည့်အားပြည့် စစ်ရေးပြမှု ပြုနေသည်။

တရုတ်နိုင်ငံ၏ စစ်ရေးအရ စိန်ခေါ်နိုင်မှု အတိုင်းအတာကို အမေရိကန် နိုင်ငံက အာရုံအစိုက်ဆုံးဖြစ်သည့်တိုင်အောင် အာရှနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံအမြင်တွင် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ စစ်ရေးအခြေအနေသာလျှင် ပဓာန မဖြစ်သင့်ချေ။ အာရှဒေသတွင် ပေါင်းသင်းဆက်ဆံနိုင်ရေး အောင်မြင်ရန် အတွက် အာရှဒေသန္တရ ဖွံ့ဖြိုးရေးတွင် အကျိုးပြုပါဝင် ပတ်သက်မှုနှင့် ဒေသန္တရ ကုန်သွယ် ရေးတွင် အဓိကကျမှုကို အသိအမှတ်ပြုနိုင်ရန် အဓိကလိုအပ်သည်။ အမေရိကန် နိုင်ငံက တည်ထောင် ထိန်းသိမ်းခဲ့သော နိုင်ငံတကာစနစ်၏ ပံ့ပိုးမှုကြောင့် အာရှ တိုးတက်လာနိုင်ခဲ့သည် မှန်သော်လည်း မျက်မှောက်ကာလ အာရှနိုင်ငံများသည် အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်မှု မရှိလှသော နိုင်ငံရေးနှင့် စီးပွားရေး အစီ အစဉ်များတွင် ရောထွေးယှက်တင် ဖြစ်နေကြသည်။ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ အစည်း (အာဆီယံ) (ASEAN) သည် ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် မရှိမဖြစ်သော အနေအထားသို့ ရောက်ရှိနေသည်။ တရုတ်၊ အိန္ဒိယ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် ရယူထားသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များသည် ဒေသန္တရဆိုင်ရာ စီးပွားရေးပူးပေါင်းမှုအတွက် အလားအလာကောင်းသော လမ်းကြောင်းများ ဖြစ်သည်။ ယင်းသည် ဒေသန္တရ ဆိုင်ရာ နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးရန် အတွက် အဓိကစင်မြင့်များ ဖြစ်နေသည်။ ထိုသို့ ASEAN နှင့် ယင်းနှင့် ဆက်စပ်နေသော ASEAN+3 နှင့် ASEAN ဒေသန္တရညီလာခံ ( ASEAN REGIONAL FORUM (ARF)တို့သည် နိုင်ငံများအား စီးပွားရေးအရ ပို၍ ကျစ်လျစ်လာအောင် ထိုမှ အကြောင်း အကျိုးဆက်စပ်မှုအဖြစ်ဖြင့် နိုင်ငံရေးအရ ပို၍ ကျစ်လျစ်အောင် ပေါင်းစပ်ပေးနေ သော အခြေတကျအရှိဆုံး အဖွဲ့ အစည်းတစ်ခုမျှသာ ဖြစ်သည်။

ဤပေါ်ပေါက်လာနေသော အာရှဒေသဆိုင်ရာ ဝါဒသည် အမေရိကန်နိုင်ငံ အတွက် စိန်ခေါ်ချက်တစ်ရပ်သာဖြစ်သလို အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ကာလတစ်လျှောက်လုံး ယင်း၏ နိုင်ငံခြားရေးဝါဒကို တခြားဒေသသို့ မကြာမကြာ ဦးတည်ခဲ့သော အမေရိကန်နိုင်ငံသည် ဤလှုပ်ရှားမှု တွင် အဓိကမောင်းနှင်အားအဖြင့် ပါဝင်ပတ်သက်မှု မရှိခဲ့သောကြောင့် စီးပွားရေး အရ အရှေ့သို့ တိုးတက်နေသော အာရှတိုက်၏ နောက်ချန်ထားခြင်းကို ခံနိုင်သည့် အန္တရာယ်ရှိနေပြီး ဤအချက်ကို တရုတ်နိုင်ငံက အခွင့်အရေးယူရန် အသင့် ဖြစ်နေ သည်။ လာမည့်နှစ်များတွင် အာရှသည် ကမ္ဘာ့စီးပွားရေး အဓိက ဖွံ့ဖြိုးရာ ဒေသ ဖြစ်မည်ဆိုနိုင်သော်လည်း အမေရိကန်နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်မှု ဆက်ဆံရေးအသစ်တစ်ခု တည်ထောင်ရန်သော်လည်းကောင်း၊ ဒေသတွင် ပေါ် ပေါက်လာနေသော ဘက်စုံစီးပွားရေး အစီအစဉ်များတွင် အပြည့်အဝပါဝင် ပတ်သက်ရန်သော်လည်းကောင်း မည်သို့မျှ ပြင်ဆင်ထားခြင်း မရှိချေ။ အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အစိုးရသည် ဒေသဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်ပတ်သက်ခြင်းနှင့် အမေရိကန်နိုင်ငံ၏ အာရှဒေသ ဆက်ဆံရေးနှင့် ပတ်သက် ၍ လေတစ်လုံးမိုးတစ်လုံး ကတိကဝတ်များ ပြုနေသည့်တိုင်အောင် ယင်းသည် အာရှဒေသတွင် ဝင်ရောက်စွက်ဖက်လာသူ အနေထက် အခိုင်အမာ ပစိဖိတ် အင်အားတစ်ရပ်အဖြစ် ရပ်တည်ခဲ့သော အမေရိကန်၏ အနေအထားကို တမံ ပြန်လုပ်ရန် လိုနေသေးသည်။