Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မောင်မောင်ထွန်း - အိမ်မှာအလုပ်လုပ်တဲ့ခေတ်

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

လူများစွာတို့အတွက် (တစ်ခါတစ်ရံအဝေးမှအလုပ်လုပ်ခြင်း teleworking) ဟု လည်းခေါ်သော အိမ်မှအလုပ်လုပ်ခြင်းသည် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရွေးချယ်မှု၏ အမြတ်တနိုးအရာ ဖြစ်သည်။ စံနမူနာပြ ဖွဲ့စည်းပုံတစ်ခုတွင် အိမ်မှ အလုပ်လုပ်ခြင်းသည် သင့်အားရုံးတစ်ရုံးတွင်ရှိနေခြင်း၏အနှောင့်အယှက်များ မရှိဘဲ သင့်အလုပ်ကို အေးအေးချမ်းချမ်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အိမ်နှင့် အလုပ် အသွားအပြန်လုပ်ရခြင်းမှလွတ်မြောက်စေသည်။ ပြီးတော့လည်း အလုပ်ပြင်ပမှ သင်စိတ်ဝင်တစားရှိတာတွေကို ဆောင်ရွက်နိုင်ဖို့ အချိန်အများကြီး ရသေးသည်။

သင့်အိမ်မှာ ကောင်းစွာ အလုပ်လုပ်နိုင်မည်လား

လူအများအတွက် အိမ်မှ အလုပ်လုပ်ခြင်းသည် နှစ်လိုဖွယ်ရာ ရွေးချယ်မှု တစ်ခု ဖြစ်သည်။ သို့ရာတွင် သင်၏ရုံးခန်းကို အလောသုံးဆယ် မတပ်ဆင် ခင် သင် စဉ်းစားစရာတွေ များစွာရှိသည်။ အောက်ပါ မေးခွန်းတွေကို ဖြေပါ၊ ပြီးတော့အိမ်ရုံးက သင့်အတွက် အ ကောင်းတစ်ခုဟုတ်မဟုတ် အကြံပြုချက် ကို ဆက်ဖတ်ပါ။

သင်အလုပ်မှာ မကြာခဏ နောက်ကျပြီး နေတတ်သလား

  1. a) ပုံမှန်ပဲနေတတ်ပါတယ်။
  2. b) လုပ်ငန်းစသည် ပြီးစီးရန် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်တစ်ခုကိုဖြေရှင်းဖို့ ရှိမှ နောက်ကျပြီးနေပါတယ်။
  3. c) ဘယ်တော့မှ နောက်ကျပြီး မနေပါ။

အဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အလုပ်လုပ်ရတာကို သင် ပျော်ပိုက်သလား

  1. a) ဟင့်အင်း၊ ကျွန်တော် ဘယ်သူ့ကိုမှ မှီခိုတာကို မနှစ်သက်ပါ။
  2. b) ဟုတ်ကဲ့၊ ဒါပေမဲ့ လွတ်လွတ်လပ်လပ်လုပ်ရတာကိုလည်း ကျွန်တော်ပျော်ပါတယ်။
  3. c) ဟုတ်ကဲ့၊ ဒါက အခြားလူတွေကို ကျွန်တော် အလုပ်လွှဲပြောင်းပေးနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

သင်ရဲ့ နေ့စဉ်အလုပ်တွေကို သင် ဘယ်လို စီစဉ်သလဲ

  1. a) ကျွန်တော် လုပ်ငန်းစဉ်တစ်ခု ရေးချပြီး အဲသည်လုပ်ငန်းစဉ်အတိုင်းလုပ်ပါတယ်။
  2. b) ကျွန်တော် အရေးအပါဆုံး အလုပ်တွေကို စာရင်းပြုစုပါတယ်။ အခြား | အလုပ်တွေကိုလည်း သတိရဖို့ မျှော်လင့်ပါတယ်။

င) အလုပ်တွေ တက်လာတော့ အဲသည်အလုပ်တွေကို ကျွန်တော်ကိုင်ပါတယ်။

တစ်ချိန်တည်းမှာ ပရောဂျက်(စီမံကိန်း) အများအပြားနှင့် ရင်ဆိုင်ရတဲ့အခါ သင်ဘာလုပ်သလဲ

  1. a) အရေးကြီးဆုံးအလုပ်ကို ကျွန်တော် ပထမဆုံး စလုပ်ပါတယ်။
  2. b) စိတ်ဝင်စားစရာအကောင်းဆုံးအလုပ်ကိုရွေးပြီး အဲသည်အလုပ်ကို ဆက်လုပ်ပါတယ်။

င) ကျွန်တော် အလုပ်အချို့ကို စလုပ်ပြီး အလွယ်ဆုံးအလုပ်ကို ဆက်လုပ်ပါတယ်။

သင့်ရဲ့ အလုပ်ခွင်ကို သင်ဘယ်လို စီမံထားသလဲ

  1. a) တကယ့်ကို စနစ်တကျ လုပ်ထားပါတယ်၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကျွန်တော် အားလုံးသိနေတာပါ။ b) အသင့်အတင့် စနစ်တကျ လုပ်ထားတယ်၊ ကျွန်တော်က ပစ္စည်းတွေပျောက်တတ်တယ်လို့ လူသိများပါတယ်။ ( င) လုံးဝ စနစ်တကျ လုပ်မထားပါဘူး၊ ကျွန်တော့်စားပွဲရဲ့ အခြေအနေကိုကျွန်တော် မစဉ်းစားဘူး။

သင်ရဲ့ ဘော့စ်နဲ့ပတ်သက်လို့ သင်ဘယ်လို ခံစားရသလဲ

  1. a) သူက တစ်ခါတစ်ရံ ဝင်စွက်ဖက်တတ်တယ်လို့ ကျွန်တော် ခံစားရပါတယ်။
  2. b) ကျွန်တော်တို့မှာ အလုပ်နဲ့ပတ်သက်လို့ ကောင်းတဲ့ဆက်ဆံရေး ရှိကြပါတယ်။

င) သူမရဲ့ (သို့) သူ့ရဲ့ လမ်းညွှန်မှုကို ကျွန်တော် အားကိုးပါတယ်။

သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင်ရဲ့ ဆက်ဆံရေးကို သင်ဘယ်လို ဖော်ပြမလဲ

  1. a) ဟက်ဟက်ပက်ပက်မရှိပါ၊ ကျွန်တော်က ကိုယ်ကိုယ်တိုင်ပဲ ဂရုစိုက်ပါတယ်။
  2. b) ကောင်းပါတယ်၊ အလုပ်ဆန်ပြီး မိတ်ဆွေပီသပါတယ်။
  3. c) သိပ်ကိုကောင်းတာပါ၊ ရုံးတွင်း ရဲဘော်ရဲဘက်စိတ်ရှိခြင်းကို ကျွန်တော်

မြတ်နိုးပါတယ်။

မမျှော်လင့်တဲ့အခက်အခဲတွေကို သင် ဘယ်လိုတုံ့ပြန်သလဲ

  1. a) ကျွန်တော်က စနစ်တကျ လုပ်တတ်ပါတယ်။ ပြဿနာကို အရင်းအမြစ်ကစပြီး ကိုင်တွယ်ဖို့ ကြိုးစားပါတယ်။ b) အတိတ်ကပြဿနာ ဖြေရှင်းနည်းတွေကို ကျင့်သုံးဖို့ ကျွန်တော် ကြိုးစားပါတယ်။

(င) ကျွန်တော်က ပြဿနာဖြေရှင်းတတ်သူ တစ်ယောက်မဟုတ်ဘူး၊ဒါကြောင့် ကျွန်တော် လန့်တယ်။

ကိုယ်စားလှယ်လွှဲတဲ့ဖြစ်စဉ်ကို သင် ဘယ်လိုဖော်ပြမလဲ

  1. a) အဲဒါကို ပျင်းစရာရယ်လို့ကျွန်တော်မြင်ပါတယ်၊ သင့်ဆီကို အလုပ်တစ်ခုရောက်လာရင်ပဲ သည်အလုပ်ကို လုပ်ဖို့က သင့်တာဝန်ဖြစ်တယ်။
  2. b) သင့်ရဲ့ ရုံးအဖွဲ့နဲ့ သင်ကိုယ်တိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးပါတဲ့ဖြစ်စဉ်တစ်ခု ဖြစ်တယ်။
  3. c) အကယ်၍ သင့်မှာ တစ်စုံတစ်ခုကို လုပ်ဖို့ အချိန်မရှိရင် ကိုယ်စားလှယ်

လွှဲတာက ကိရိယာတစ်ခု ဖြစ်တယ်၊ အဲဒါကို လက်ဆင့်ကမ်းလိုက်ပါ။

အပေါ်က အဖြေတွေကို သင် ဖြေဆိုခဲ့တဲ့အတိုင်း

a = ၁၊ b = ၂ နှင့် = ၃

ပြီးရင် သင်ရဲ့ ရမှတ်တွေကို ပေါင်းပါ။ နောက်တစ်မျက်နှာမှာ သင့်ရဲ့ ရမှတ် တွေနဲ့ပတ်သက်ပြီး ဆွေးနွေးချက်များ ဖော်ပြထားပါတယ်။

ဤစာအုပ်ကို လေ့လာသူတိုင်း လာမည့် အခန်း ၁ ကို ပထမဆုံး ဖတ်သင့်သည်။ အကြောင်းမှာ အခန်း ၁ တွင် သင့်အိမ်ကို ရုံးခန်းတစ်ခုနှင့်လိုက်လျောညီထွေဖြစ်ရန် သင်မည်သို့ ဆောင် ရွက်သင့်သည်ဟူသောအချက်အတွက် မလွဲမသွေလိုအပ်သော မေးခွန်းတွေပြည့်နေသောကြောင့်ဖြစ်သည်။

၉-၁၄: သင်သည် အိမ်မှ အလုပ်လုပ်ခြင်းနှင့် နည်းလမ်းများစွာဖြင့် ကောင်းစွာသင့်လျော်သည်။ သင်က လွတ်လွတ်လပ်လပ် အလုပ်လုပ်ရတာကို နှစ်သက်သည်။ သင့်ကိုယ်သင် လှုံ့ဆော်ဖို့ အခက်အခဲမရှိပေ။ စင်စစ်တစ်ခုတည်းသော ပြဿနာက သင် ဘယ်တော့မှ အာရုံမစိုက်ဘဲ မနေဖို့ဘဲ ဖြစ်သည်။ သင့်အတွက် လုပ်ငန်း အစီအစဉ်တွေကို သင် သေချာ စဉ်းစားရမည်။ အခန်း ၃ က သင့်အား သင့်အလုပ်ချိန် ပတ်လည်တွင် ကန့်သတ်ချက်

ဘောင် အချို့ ထားဖို့ သင့်အား ကူညီလိမ့်မည်။ သင်သည် အများ နှင့်မဆက်ဆံဘဲ တသီးတခြား နေလိုသော အလားအလာလည်း ရှိနိုင်သည်။ သင့်အိမ်မှာ အလုပ်လုပ်သောအခါ အရေးပါသော လုပ်ဖော်ကိုင်ဖက်တွေ၊ အဆက်အသွယ်တွေနှင့် ထိတွေ့ဆက်ဆံ နေဖို့ အရေးကြီးသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ အကြံဉာဏ်အတွက် အခန်း ၅ ကို ကြည့်ပါ။

၁၅-၂၂: သင့်ရဲ့ အလုပ်ဘဝနှင့်ပတ်သက်၍ သင့်မှာ ဟန်ချက်ညီသောသဘောထားတစ်ခု ရှိပုံ ရသည်။ ဒါကြောင့် အိမ်မှ အလုပ်လုပ်ခြင်းကို ကောင်းစွာ ထိန်းညှိသင့်သည်။ သို့သော် လုပ်ရိုးလုပ်စဉ် လုပ်ငန်းသစ်တစ်ခု ထိန်းညှိခြင်းနှင့်ပတ်သက်၍ ကသောင်းကနင်းဖြစ်မှုကို လျှော့မတွက်ပါနဲ့။ အခြေခံစီမံကိန်း များကို အသေအချာ ချသင့်သည်။ အခန်း ၂ နှင့် ၃ က သင့်အားကောင်းသောအနေ အထားမှာ လုပ်နိုင်အောင် ပံ့ပိုးကူညီလိမ့်မည်။ ပြီးတော့လည်း သင် တစ်ကိုယ်တည်း၊ တစ်ယောက်တည်းရှိသောအခါ သင်သည် သင့်လုပ်ငန်းများကို ဦးစားပေးရန် အကူအညီ အချို့လိုအပ်နိုင်သည်။ မည်သည့် အချိန်တွင် မည်သို့ လုပ်ဖို့ လိုအပ်သည်ဆိုခြင်းနှင့်ပတ်သက်၍ အကြံဉာဏ်ရယူရန် အခန်း ၄ ကို ကြည့်ပါ။

၂၃-၂၇: အခြားသူများနှင့် အလုပ်လုပ်ရင်း သင် ရှင်သန်လာသည်။ ဒါကြောင့် အိမ်မှ အလုပ်လုပ်ခြင်းသို့ချောမွေ့စွာ ကူးပြောင်းရေးနှင့် ပတ်သက်၍ အလွန်ဂရုတစိုက် စဉ်းစားသင့်သည်။ သင့်ကိုယ်သင် လှုံ့ဆော်ပေးဖို့ သင်အပတ်တကုတ်အလုပ်လုပ်ဖို့ လိုလိမ့်မည်။ သင်သည် အထီးကျန်ဖြစ်နေသည်ဟုလည်း ခံစားကောင်း ခံစား ရနိုင်သည်။ အခန်း ၃ နှင့် ၅ က သင့်အား ထိန်းညှိရေးအတွက် အထောက်အပံ့ ပြုလိမ့်မည်။ အခန်း ၆ ကတော့ သင်သည် ရုံး တစ်ရုံးမှာမရှိသည့်တိုင် အဖွဲ့ တစ်ခုအား မည်သို့ပံ့ပိုးကူညီနိုင် သည်ကို မြင်အောင် အထောက်အကူပြုလိမ့်မည်။ အခန်း ၇ က အထီးကျန်ခံစားချက် တွေနှင့်ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရန် ကူညီသည်။