မောင်မိုးသူ - အတုံ့အလှည့်
(၁)
သူတို့က သူတို့ရဲ့ ကောက်ရိုးကားပေါ်က ကန်ချလိုက်တော့ အချိန်အားဖြင့် မွန်းတည့်ချိန်လောက် ရှိပြီပေါ့။
ကျုပ်က ဒီကောက်ရိုးကားပေါ် မနေ့ညက နယ်စပ်မှာ ခိုးတက်ခဲ့တာ။ ပေါ် ကောက်ရိုးပုံအောက် ရောက်တာနဲ့ တစ်ခါတည်း ကျိုးသွားခဲ့တာပဲလေ။ သုံးပတ်လုံးလုံး မက္ကဆီကို၊ ရာဂျာနာမှာ နေခဲ့ရတော့ ပင်ပန်းလှပြီ။ အိပ်ချင်နေခဲ့တာပေါ့။ အိပ်လိုက်ကတည်းက တုံးခနဲ ပျော်သွားတာ။
ကားဆရာတွေက ကားအင်ဂျင် အေးအောင် ခဏနားချိန်မှာ မိသွားတာ။ သူတို့ကလည်း ကားနားတော့ကားကို လှည့်ပတ်ကြည့်တယ် ထင်ပါရဲ့။
ကောက်ရိုးပုံကြားက ကျုပ် ခြေထောက်ကို တွေ့သွားတော့တာကိုး။ ဒါနဲ့ သူတို့က ကျုပ်ကို ကားပေါ်က ဆွဲချပြီး ကန်ချကြတော့တာပါပဲ။
ကျုပ်က ဟန်တွေ ပန်တွေ၊ အိုက်တင်တွေ လုပ်ကြည့်ပါသေးတယ် မရဘူးဗျ။ ငနဲသားတွေ မျက်နှာက တကယ့်ကျောက်တုံး ကျောက်ရုပ်။
ဒီတော့ ကျုပ် ဘာမှ မတတ်နိုင်တော့ဘူးပေါ့။ အဲ.. သူတို့က ကောင်းရှာပါတယ်။ ကျုပ် သောက်ဖို့တဲ့၊ စီးကရက် တစ်ဘူး ပေးသွားသေး။ ဒီတော့ ကျုပ် ဘာတတ်နိုင်မှာလဲ။ စားဖို့ သောက်ဖို့ကလေးများ ရလေမလား ဆိုပြီး လမ်းပေါ်အတိုင်း ရှေ့ဆက် လျှောက်ခဲ့ရတော့တာပေါ့။
အဲဒီမှာ ကျုပ် ဝက်သစ်ချနှစ်ပင် စားသောက်ဆိုင်ကို တွေ့တာ ဆိုင်က အသေးစား ရိုးရိုးပါဗျာ။ ကယ်လီဖိုးနီးယားပြည်နယ်က ဟိုင်းဝေး လမ်းမကြီးတွေရဲ့ နံဘေးမှာ ထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေတဲ့ ဆိုင်မျိုး အလွယ်စား ဆိုင်မျိုးလေ။ ဆင်းဒဝစ်ဆိုင် ဆိုပါစို့။ စားစရာရောင်းတဲ့ အခန်း က တစ်ခန်း၊ လူနေတာက တစ်ခန်း၊ နံဘေးမှာက ဓာတ်ဆီပန့်၊ နောက်ဘက် မှာက ကားတွေ ထားတဲ့ ဝင်း။ ဒါမျိုးချည်းပါပဲ။
ကျုပ်က ပျာပျာသလဲ အိုက်တင်နဲ့ ဆိုင်ထဲကို ဝင်လိုက်တော့ ဂရိ ကို တန်းတွေ့တာ။ ဂရိ ဆိုတာ ဂရိအမျိုးသား ငနဲသားကို ပြောတာလေ၊ကျုပ်က ခပ်တည်တည်နဲ့ “ကာဒီလက်ကားတစ်စင်းနဲ့ လူတစ်ယောက်များ မလာဘူးလား၊ လို့ ဖိန့်လိုက်တယ်။
“ဒီ ကားလက်ကားနဲ့ ပုဂ္ဂိုလ်က ကျုပ်ကို ဒီဆိုင်မှာ လာခေါ်မယ် ချိန်းထားလို့”
''ဒီမှာ နံနက်စာ စားကြဖို့ ချိန်းထားတယ်ပေါ့ “
ဂရိငနဲက- , , ,
“ဒီနေ့တော့ မလာဘူး၊ မလာသေးဘူး” တဲ့။
သူက ကျုပ်ကို စားပွဲတစ်ခုမှာ နေရာချပေးတယ်။ ပြီးတော့ ကျုပ်ကိုဘာစားမလဲ လို့ မေးတယ်။
ကျပ်က လိမ္မော်ရည်တစ်ခွက်၊ ပြောင်းဖူးပေါက်ပေါက်၊ ကြက်ဥကြော် နဲ့ အသားကင်၊ ကော်ဖီပေါ့။
ခဏကြာတော့ လိမ္မော်ရည်၊ ပြောင်းဖူး ပေါက်ပေါက် လာချတယ်။
“ကျုပ်က, “နေဦးနော်၊ ကျပ် စောစောစီးစီးပဲ ပြောထားမယ်။ ကျပ် ပြောတဲ့ငနဲ ပေါ်မလာရင်... လာတာတော့ လာမှာပါ။ ကျုပ်ကိုတော့ ယုံ။ ဒီငနဲက ကျုပ်ကို ကျွေးဖို့ ခေါ်ထားတာဗျ။ ကျုပ်မှာက ငွေသိပ်ပေါတာ မဟုတ်ဘူး ၊
“ရပါတယ်၊ စားပါ” - ဒါဆိုလည်း“ပြီးတာပဲပေါ့လေ။ ကျုပ်က ကာဒီလက်နဲ့ ငနဲအကြောင်း ရွှီးစရာ မလိုတော့ဘူးပေါ့။
ခဏကြာတော့ ဒီငနဲက တစ်ခုခု လိုချင်မှန်း ရိပ်မိလာရတယ်လေ။ ရိပ်မိဆို သူက“
မောင်ရင်လေး၊ ဘာအလုပ်တွေများ လုပ်သလဲ” “
အိုး.. အလုပ်လား။ ဟိုဟာလုပ် ဒီဟာလုပ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲ”
“မောင်ရင့် အသက်က ဘယ်လောက် ရှိပြီလဲ”
“၂၄ ပါ”
“အေး ... အခု လောလောဆယ် ကျုပ်ဆိုင်မှာ မောင်ရင့်လို လူငယ် တစ်ယောက် လိုနေတယ်”
“ခင်ဗျားရဲ့ ဆိုင်က အမိုက်စားပဲဗျ"
“အေး .. ဟုတ်တယ်၊ လော့စ်အိန်ဂျလီလို ဘာမှ ရှုပ်ရှုပ်ထွေးထွေး ' မရှိဘူး။ တကယ့်ကို သန့်သန့်ရှင်းရှင်း ရှိတဲ့ဆိုင်"
“ဟုတ်မှာပါ။ ညပိုင်းမှာလည်း အဆင်ပြေပုံပါပဲ”
"ပြေပါတယ်။ ဒါထက် မောင်ရင် ကားတွေ ဘာတွေ နှိုက်တတ် ပြင်တတ်သလား”
“ပြင်တတ်တာပေါ့ဗျာ။ ကျုပ်က မက္ကင်းနစ်အဖြစ် မွေးလာတဲ့လူဗျ”
ဂရိငနဲက ဒီဆိုင်အကြောင်း၊ ဒီနေရာအကြောင်း၊ ဘယ်လောက် သန့်ပြန့်ပြီး လေကောင်းလေသန့် ရကြောင်း၊ နေရထိုင်ရ ကောင်းကြောင်း၊ အဆင်ပြေကြောင်းပေါ့ဗျာ။ ဒါပေမဲ့ ဘာဖြစ်လို့လဲတော့ မသိဘူး။ သူ့ဆိုင်မှာ အကူအလုပ်သမားတွေက ကြာရှည်မမြဲကြောင်း ပြောတယ်လေ။ သူ့စကားတွေ ကို ကျုပ် လိုက်နားထောင်ပေးရတာပေါ့။ တစ်ချိန်တည်းမှာ လာချတဲ့ အစား အသောက်တွေကို အငမ်းမရ စားနေမိပါတယ် . . . ။
"ကဲ... မောင်ရင်လေး... ဒီမှာ လုပ်မလား၊ နေမလား"
အဲဒီအချိန်မှာ ကျုပ်က စားစရာတွေကို အကုန် စားပြီးပြီ။ အစာပိတ် ကော်ဖီသောက်။ ပြီးတော့ သူ တိုက်တဲ့ စီးကရက်ကို ဖွာရင်း
"ကျပ်ဘက်ကလည်း ပြောစရာ တချို့ ရှိတယ်ပေါ့ဗျာ။ ဒါလည်း ကျပ် စဉ်းစားပါဦးမယ်။ အားလုံး အဆင်ပြေသွားမှာပါ”
အဲဒီအချိန်မှာပဲ အမျိုးသမီးကို ကျုပ် မြင်လိုက်တာ။ အမျိုးသမီးက နောက်ဘက် မီးဖိုချောင်ထဲမှာ ရှိနေပုံရတယ်။ အခု ထွက်လာတာ ကျုပ် စားပြီးသောက်ပြီး ပန်းကန်တွေ သိမ်းဖို့ လာတာ ဖြစ်ရမယ်။ အမျိုးသမီးကကိုယ်လုံးကိုယ်ထည် လှတာကလွဲရင် အချောကြီး အလှကြီးလို့ ပြောလို့ရမယ့် အထဲမှာ မပါပါဘူး။ မျက်နှာပေးက တစ်မျိုး၊ နှုတ်ခမ်းက ချွန်ပြီး လုံးနေတာ။
ဂရိငနဲက
“ဒါ . .ကျုပ်မိန်းမပဲ"
အမျိုးသမီးက ကျုပ်ကို မကြည့်ပါဘူး။ ကျုပ်က ဂရိငနဲကို ခေါင်းညိတ် ပြတယ်။ အသိအမှတ်ပြုတဲ့ သဘောပေါ့။
လက်ထဲက စီးကရက်ကိုခါလိုက်တယ်။ အမျိုးသမီးက စားပြီးသား ပန်းကန်တွေကို သိမ်းပြီး သယ်သွားတယ်။ ဒီအထိ ဂရိငနဲ ကျုပ်တို့အတွက် ဘာမှ ပြဿနာ မရှိဘူး။ အမျိုးသမီးဟာ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ ထင် စရာတောင် မရှိဘူး။ . .
ကျုပ် ဆိုင်ထဲက ထွက်လာခဲ့တယ်။ ဒါပေမဲ့ ၅ မိနစ်လောက် အကြားက ဆိုင်ထဲ ပြန်ရောက်လာတယ်။ ကာဒီလက်နဲ့ လာမယ့် ငနဲအတွက် မှာစရာ ရှိလို့ပါ၊ ဘာညာပေါ့။
အဲဒီအချိန် နာရီဝက်လောက်အတွင်းမှာ အလုပ်အကြောင်း၊ ကျုပ်ကို ပေးမယ့် အလုပ်အကြောင်း စကားပြောဖြစ်ကြပါတယ်။
နောက်ဆုံးတော့ ကျုပ်က ဓာတ်ဆီပန့်မှာ ဆီထည့်တဲ့ အလုပ် လုပ်ရ မယ်။ ဘီးပေါက်ပြီး ရောက်လာတဲ့ ကားတွေကို ဘီးဖြုတ်၊ ဘီးလဲ လုပ်ပေး ရမယ်ပေါ့။
ဂရိငနဲက“မင်းနာမည် ဘယ်လို ခေါ်သလဲ"
"ဖရင့် ချိန်းဘားပါ "
"ကျပ်နာမည်က နစ်ပါပါဒါကစ်” နောက်တော့ ကျုပ်တို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက်လိုက်တယ်။
ကျုံပ် နေရမယ့် ဓာတ်ဆီပန့်ဘက်ရောက်တော့ ဂရိကနဲရဲ့ သီချင်းသံ ကို ကြားရတယ်။ အသံက အသံကောင်းဗျ။
ကျုပ် နေတဲ့ ဓာတ်ဆီပန့်ဘက်က လှမ်းကြည့်ရင် ဆိုင်ရဲ့ မီးဖိုချောင် ကို အတိုင်းသား မြင်နေရတယ်။ '