မောင်မိုးသူ - ပစ်မသွားနဲ့အချစ်ရယ်
“နိဂုံး” ကို“အစ”အဖြစ်နှင့်
နေ့လယ်စာစားအပြီး ကျွန်တော် ရုံးခန်းသို့ ပြန်ရောက်လာချိန်မှာ နေ့ခင်း ၂ နာရီ ခွဲ ရှိနေပြီဖြစ်၏။ ရုံးခန်းတံခါးပေါက်ကို ဖွင့်ပြီး အထဲကို ဝင်လိုက်သည်နှင့် ကျွန်တော်၏ အတွင်းရေးမှူးမလေးက မော့၍ ကြည့်သည်။
ကျွန်တော်က “ဟို ကန်ထရိုက်စာချုပ်တွေ ရှေ့နေဆီက ရောက်မလာကြသေးဘူးလား” အတွင်းရေးမှူးမကလေးက ခေါင်းညိတ်ပြ၍ “ရောက်လာပါပြီး ကျွန်မ ရှင့်ရဲ့ စားပွဲပေါ်မှာ တင်ထားပါတယ် ဘရက်ဒ်”
ကျွန်တော်သည် အတွင်းရေးမှူးမလေးထိုင်သော အပြင်ရုံးခန်းကို ဖြတ် ကျော်၍ ကျွန်တော်၏ သီးသန့်ရုံးခန်းထဲသို့ ဝင်လိုက်ကာ ရုံးစားပွဲမှာ ထိုင်လိုက် သည်။ နောက်စောစောက ကျွန်တော်မေးခဲ့သော ကန်ထရိုက်စာချုပ်များကို စားပွဲပေါ်မှ ကောက်ယူကာ ကြည့်လိုက်၏။ ကျွန်တော်သည် ထူထဲများပြားလှ သော စာရွက်ထပ်များကို လှန်လှော်၍ ကြည့်လိုက်ပါ၏။
သေသပ်ကျနစွာ လက်နှိပ်စက်ဖြင့် ရိုက်ကူးထားသော စာရွက်များမှာ ဘယ်နေရာ၊ ဘယ်ဒေသတွင်ဘာများရှိကြောင်း၊ ဘာလုပ်မည်ဖြစ်ကြောင်း တိတိ ကျကျ ဂဃနဏ ဖော်ပြပါရှိ၏။ တကယ်ကြီးမားသော လုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။
၎င်းစာရွက်များကို စတင်၍ ဖတ်ရှုလိုက်သည်နှင့် ကျွန်တော်၏ ရင်ထဲ တွင် ကျေနပ်ပီတိအဟုန်များ လွှမ်းခြုံ၍ လာပါတော့သည်။ ထိုသို့ပီတိများ ဖြစ်လာ ခြင်းမှာ အလိုအလျောက် သူ့ဘာသာဖြစ်လာခြင်းဖြစ်၍ ကျွန်တော်ကိုယ်တိုင် လည်း မည်သို့မျှ တားဆီးနိုင်ခြင်း မရှိပါ။ ၎င်းအရသာမှာ ကောင်းမွန်မြိန်ရှက်စွာ ညစာ စားသောက်ပြီးနောက် အကောင်းစား ဘရန်ဒီဖြင့် အစားပိတ် သောက်လိုက်ရခြင်းထက်ပင် ချိုမြိန်လှသည်ဟု ကျွန်တော် ထင်ပါသည်။
ထိုစဉ် ကျွန်တော့်အတွက် တယ်လီဖုန်းလာနေကြောင်း အတွင်းရေးမှူး မကလေးက လှမ်း၍ အသိပေးသောမြည်သံ ထွက်ပေါ်၍လာပါသည်။ ကျွန်တော်သည် တယ်လီဖုန်းခွက်ကို ကောက်ကိုင်လိုက်ပါသည်။ သို့သော် မျက်စိအာရုံကမူ လက်ထဲမှ ဖတ်ရှုဆဲ စာချုပ်အပေါ်သို့ ရှိနေဆဲဖြစ်ပါသည်။
ကျွန်တော်၏ အတွင်းရေးမှူးမကလေးက တိုးတိတ်ညင်သာသောလေသံ “လိုင်းခွဲ ၂ မှာ ဝါရှင်တန်မြို့ကနေပြီး ပေါလ်ရမ်မီ ဖုန်းဆက်နေပါတယ်” “ဟုတ်လား၊ ကောင်းပြီလေ”
ကျွန်တော်သည် လိုင်းခွဲ ၂ ခလုတ်ကို နှိပ်လိုက်ပါသည်။ ဖုန်းခွက်ထဲသို့ နှုတ်ဆက်စကားပြောလိုက်ပါသည်။ ကျွန်တော့်အသံထဲတွင် နှစ်သိမ့်ကျေနပ်မှု များ စိမ့်ဝင်နေမည်မှာ သေချာပါသည်။ ကျွန်တော်က
“ပေါလ်လား....ကျုပ်လက်ထဲမှာ အခုပဲ ကန်ထရိုက်စာချုပ် ကိုင်ထားတာ ကျွန်တော်၏ စကား မဆုံးလိုက်ရပါ။ ပေါလ်က ဖြတ်၍ “ဘရက်ဒ်” ။
ပေါလ်၏အသံမှာ မာကျော၍ ရှတတဖြစ်နေပါသည်။ အနှောင့်အယှက် တစ်စုံတစ်ရာ ပါကြောင်း အရိပ်အငွေ့များ လွှမ်းခြုံနေပါသည်။ သူ့လေသံမှာပါဝင်နေသော အရိပ်နိမိတ်များကြောင့် ကျွန်တော်၏ နှလုံးသားအစုံမှာကြောက် လန့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာမိပါသည်။
ကျွန်တော်က စိတ်ကို ထိန်း၍ “ဘာများလဲ ပေါလ်၊ ပြောလေ” ပေါလ်က “အယ်လိန်းတစ်ယောက် သူ့ကိုယ်သူ သတ်သေသွားရှာတယ်”
ပေါလ်၏စကားလုံးများသည် ကျွန်တော်၏ နားထဲသို့ ငရဲမီးပူပူများ လောင်းထည့်လိုက်သလို ခံစားလိုက်ရပါသည်။
ကျွန်တော့်လက်ထဲမှ ကိုင်ထားသော စာချုပ်စာရွက်များသည် ရုတ် တရက် ပြုတ်ကျသွားပါတော့သည်။
ကျွန်တော်က “မဖြစ်နိုင်ပါဘူး ပေါလ်ရယ်..”
ကန်ထရိုက်စာချုပ် စာရွက်ဖြူဖြူများသည် စားပွဲပေါ်နှင့် ကြမ်းပြင်ပေါ်သို့ ပြန့်ကြဲလွင့်စဉ်၍ကျသွားပါသည်။ ကျွန်တော်၏ ရင်အစုံလုံးမှာ တစ်စုံတစ်ယောက် တစ်စုံတစ်ရာက တင်းတင်းကြီး ကိုင်ဆုပ်ထားသလို တင်းတင်းကျပ်ကျပ်ကြီး ဖြစ်လာပါတော့သည်။ နှစ်ကြိမ်တိုင်တိုင် ကျွန်တော်သည် တယ်လီဖုန်းခွက်ထဲသို့ စကားပြောရန် ကြိုးစားပါသည်။ နှစ်ကြိမ်စလုံး ကျွန်တော့်ပါးစပ်မှ စကားလုံးများ ထွက်၍မလာပါ။ ။
. ကျွန်တော်သည် ထိုင်ခုံပေါ်သို့ ပစ်လှဲထိုင်ချလိုက်ပါသည်။ ကျွန်တော် သည် ဘယ်အချိန်မှာ ထိုင်နေရာမှ မတ်တတ်ရပ်လိုက်မိသည်ကို ကျွန်တော် မသိပါ။ ကျွန်တော်၏ ရုံးခန်းတစ်ခုလုံးချားရဟတ်လို လည်ပတ်သွားသည်ဟု စိတ်ထဲမှ ထင်လာမိပါသည်။ ကျွန်တော်သည် မျက်စိအစုံကို မှိတ်လိုက်ပါ၏။
“အယ်လိန်းရယ်..”
ကျွန်တော်သည် ရင်ထဲမှကျိတ်ပြီး တိတ်တိတ်ကလေးငိုကြွေးတမ်းတရင်း အယ်လိန်း၏ အမည်ကို ထပ်ကာထပ်ကာ ရေရွတ်နေမိပါ၏။
“အယ်လိန်းရယ်.. အယ်လိန်းရယ်...”
နောက်ဆုံးမှ အတတ်နိုင်ဆုံး ကြိုးစား၍ တယ်လီဖုန်းခွက်ထဲသို့ စကား ပြောလိုက်ရပါသည် ။
“ဘယ်တုန်းကလည်း ပေါလ်ရယ်၊ ဘယ်လိုများ ဖြစ်ရတာလဲ”
ကျွန်တော့်အသံမှာ ခြောက်ကပ်ကွဲရှနေရာ ကိုယ့်အသံကိုယ် မမှတ်မိ နိုင်အောင် ဖြစ်နေပါ၏။
ပေါလ်က “မနေ့ညကပ် အိပ်ဆေးသောက်သွားတာပဲ”
ကျွန်တော်သည် သက်ပြင်းတစ်ချက် ချလိုက်မိပါ၏။ ကျွန်တော်သည် မိမိကိုယ်မိမိ ပြန်လည်ထိန်းသိမ်းနိုင်စ ပြုလာပြီ ဖြစ်ပါသည်။
“ဘာဖြစ်လို့များပါလိမ့် ပေါလ်ရယ်”
ကျွန်တော်သည် မေးခွန်းတစ်ခုကို ကြိုးစား၍ ထုတ်မေးလိုက်ပါ၏။ သို့သော် အဖြေကို ကျွန်တော့်ရင်ထဲမှ သိပြီး ဖြစ်နေပါသည်။
ကျွန်တော်က ဆက်၍ “စာလေးဘာလေး...ရေးထားပြီးမချန်ရစ်ဘူးလား”
“ဘာစာမှ ချန်မထားခဲ့ဘူး ဘာမှလည်း မမှာခဲ့ဘူး၊ ဘယ်သူမှလည်း ဘာကြောင့်ဆိုတာ မသိနိုင်ကြဘူး
ကျွန်တော့်ရင်ထဲမှာ စိတ်သက်သာရာ ရသွားပါသည်း မိန်းကလေးသည် သူ့ဇာတ်ကို သူ့ဘာသာနိုင်အောင် ပြီးဆုံးအောင် ကသွားခဲ့ပြီဖြစ်ပါ၏။ ယခုတော့ ကျွန်တော်၏ လေသံမှာ ခိုင်ခိုင်မာမာ ဖြစ်၍လာပါပြီးကျွန်တော်က
“တကယ်တုန်လှုပ်စရာကောင်းတဲ့ သတင်းပါပဲ ပေါလ်” ပေါလ်က
“ကျုပ်တို့လည်း အားလုံး အံ့သြတုန်လှုပ်သွားရတာပဲဘရက်ဒ်၊ အားလုံးအစစအရာရာ အယ်လိန်းအတွက် ချောချောမောမောပြေပြေပြစ်ပြစ် ရှိတော့မယ် လို့ အခြေအနေရောက်လာမှပဲ လွန်ခဲ့တဲ့ သုံးလေးပတ်ကတောင် အီဒစ်က ပြောသေးတယ်၊ အယ်လိန်းကြည့်ရတာ သိပ်ပြီး ဝမ်းသာနေပုံရတာပဲတဲ့၊ လန်းလန်းဆန်းဆန်းလည်း ဖြစ်လာသတဲ့၊ အဲဒါကလည်း ခင်ဗျားကအယ်လိန်းအတွက် လုပ်စရာအလုပ်ကို လုပ်ဆောင်ဖို့ကူညီခဲ့လို့အယ်လိန်းဟာ ဘ၀မှာလူတကာတွေ ရဲ့ အကျိုးကို သယ်ပိုးလုပ်ဆောင်ကူညီနိုင်ဖို့ အလုပ်ရှိသေးတယ်ဆိုတာကို ပြသ နိုင်လို့ပဲ ဆိုပြီးပြောနေသေးတယ်”
ကျွန်တော်၏ ရင်အစုံမှာ ကတုန်ကယင် ဖြစ်လာပါသည်။ “ကျုပ် သိပါတယ်ဗျာ..ကျုပ် သိပါတယ်”
ပေါလ်က
“ဒါကြောင့် ခင်ဗျားဆီကို ဖုန်းဆက်ရတာပေါ့ ဘရက်ဒ်ရယ်၊ အယ်လိန်း ဟာ ခင်ဗျားအပေါ်မှာ အလွန်သံယောဇဉ်ကြီးတာ၊ ခင်ဗျားကို အတော်ဆုံးလူ တစ်ယောက်ပဲလို့ ယုံကြည်ထားတာလေး အယ်လိန်းက အီဒစ်ကို အမြဲပြောပြောနေတာ၊ ခင်ဗျားဟာ သူ့အပေါ်မှာ အလွန်ကောင်းတဲ့ လူတစ်ယောက်ပါပဲတဲ့”
ပေါလ်၏ စကားလုံးများထဲတွင် ထိခိုက်နာကျင်သော ခံစားမှုဝေဒနာအရိပ် များ စွန်းထင်းပါဝင်၍ လာပါသည်။ ကျွန်တော်သည် ပေါလ်က ဤသို့ဤနှယ် ထိခိုက်ဖွယ်စကားများပြောဆိုနေခြင်းကို ရပ်တန့်ပစ်မှ ဖြစ်ပါမည်။ သို့မဟုတ်ပါကပေါလ်၏ စကားလုံးများသည် ကျွန်တော်၏ အသည်းနှလုံးများကို နုပ်နုပ်စဉ်းသလို ဖြစ်လာပါတော့မည်။ ကျွန်တော်က
“ကျုပ်ကလည်း အယ်လိန်းဟာ အင်မတန်တော်တဲ့ မိန်းကလေးတစ်ဦး လို့ ယူဆယုံကြည်ပါတယ်ဗျာ”
ထိုသို့ ပြောလိုက်သော ကျွန်တော်၏ အသံမှာ အက်ကွဲ၍နေပါသည်။ ဘာမျှ ရိပ်မိပုံမရသော ပေါလ်ကမူ
“ကျုပ်တို့အားလုံးကလည်း အဲဒီလိုပဲ ယူဆကြပါတယ် ဘရက်ဒ် ကျုပ် တို့ အကုန်လုံးက အယ်လိန်းကိုကြည့်ပြီးတအံ့တဩဖြစ်နေကြရတာ၊ အယ်လိန်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဆိုးကြီးတွေကို အယ်လိန်းဘယ်လိုများ ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ပါလိမ့်၊ ဘယ်လိုများ သတ္တိတွေမွေးပြီး လောကကြီးကို အသစ်တစ်ဖန် တည်ဆောက်နိုင်ပါလိမ့်ဆိုပြီး အံ့သြနေရတာ၊ ခုကျတော့လည်း ကျုပ်တို့တစ်တွေ နားမလည်နိုင်အောင် ဖြစ်ရတာပဲဗျာ” ' ကျွန်တော်သည် မျက်စိအစုံကို မှိတ်လိုက်ရပြန်ပါသည်။
ဟုတ်သည် အယ်လိန်းကို သူတို့ မည်သို့မျှ နားလည်နိုင်ကြမည်မဟုတ်ပါ။
သို့သော် ကျွန်တော် သိပါသည်။ သိသမှ အများကြီး အများကြီးကို သိပါ သည်။ ကျွန်တော်က
“အသုဘကိစ္စကို ဘယ်တော့လုပ်ကြမှာလဲ”
ကြည့်..ကျွန်တော်သည် သမားရိုးကျ ထုံးတမ်းစဉ်လာ အမေးစကားများ ကို အလိုအလျောက် မေးနေမိပြန်ပါသည်။ ပေါလ်က
“သန်ဘက်ခါ အသုဘချမယ်” ။ပေါလ်သည် သရဏဂုံတင်မည့် ဘုရားကျောင်း၏ အမည်ကို ပြောပါ သည်။ ပြီးမှဆက်၍
“၁၁ နာရီမှ ကျင်းပမယ်၊ အယ်လိန်းရဲ့ ရုပ်အလောင်းကို သူ့ခင်ပွန်းနဲ့ သူ့ကလေးရဲ့ သင်္ချိုင်းဂူနံဘေးမှာပဲ မြှုပ်နှံကြမယ်လေ”
ကျွန်တော်၏ ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်လာပြန်ပါသည်။ ကျွန်တော်က “ကျုပ် အရောက်လာခဲ့မယ်လေ၊ အဲဒီကျတော့ ဆုံကြတာပေါ့၊ ဒါထက် လောလောလတ်လတ် ကျပ်အယ်လိန်းအတွက် ဘာများ လုပ်ပေးနိုင်တာ ရှိသေး သလဲဟင်”
“မရှိပါဘူးဘရက်ဒ်၊ အားလုံး လုပ်စရာကိုင်စရာရှိတာကို စီစဉ်ပြီးကြပါပြီခုမှတော့ ကျုပ်တို့အားလုံး အယ်လိန်းအတွက် ဘာမှလုပ်ပေးနိုင်တာ မရှိတော့ပါဘူး”
ကျွန်တော်သည် ဖုန်းခွက်ကို ချလိုက်၏။
ကျွန်တော်၏ နားထဲတွင် ပေါလ်ပြောကြားလိုက်သော စကားလုံးများ၏ အသံမှာ ပဲ့တင်ထပ်ရိုက်ခတ်၍ ကျန်ရစ်ပါသည်။ ပြီးမှ ရှေ့မှာရှိသော ပကတိလောကကို ကြည့်လိုက်ရာ စာချုပ်စာရွက်များ စားပွဲအနံ့၊ ကြမ်းပြင်ပေါ်အနှံ့ ပြန့်ကြဲနေသည်ကိုမြင်ရပါသည်။ ကျွန်တော်သည် စက်ရုပ်တစ်ရုပ်ပမာ အလုပ်မရှိ အလုပ်ရှာပြီး ပြန့်ကြဲနေသော စာရွက်များကို တစ်ရွက်ချင်း ကောက်ယူစုနေမိပါ သည်။
သည်အချိန်တွင် ရုတ်တရက်ပင် ကျွန်တော်၏မျက်ဝန်းအိမ်ထဲမှမျက်ရည်များယိုဖိတ်ကျဆင်းလာပါ၏။
ထိုစဉ် အခန်းတံခါးဖွင့်သံကြားရပါသည်။ ကျွန်တော်သည် မော့၍ပင် မကြည့်ပါ။
ကျွန်တော်၏ အတွင်းရေးမှူးမလေး မစ်ကီသည် ကျွန်တော့်ရှေ့မှာ ရပ်နေကြောင်း ခြေထောက်အစုံကို မြင်ရ၍ သိပါသည်။ ကျွန်တော်၏ ပခုံးပေါ်သို့ မစကီ၏ ကြင်နာနှစ်သိမ့်လိုစိတ်ဖြင့် လက်တစ်ဖက် တင်လာပါသည်။ မစ်ကီက“ကျွန်မလည်း စိတ်မကောင်းပါဘူး ဘရက်ဒ်ရယ်” ။ ကျွန်တော်သည် ခါးကိုမတ်၍ မစ်ကီကို ကြည့်လိုက်ပါသည်။ ပြီးမှ “မင်းလည်း သိတယ် ဟုတ်လား” မစ်ကီက ခေါင်းညိတ်၍ ပြပါသည်။ပြီးမှ
“ပေါလ်က ရှင့်ဆီကို ဖုန်းဆက်မပေးခင်မှာ ကျွန်မကို အကျိုးအကြောင်း ပြောပြပါတယ်။ တကယ် စိတ်ထိခိုက်စရာကောင်းတဲ့ သတင်းပါပဲရှင်”
မစ်ကီ၏ တခြား လက်တစ်ဖက်သည် ရှေ့သို့ ကမ်းလာပါသည်။ မစ်ကီ၏ လက်ထဲတွင်ကားအရက်ဖန်ခွက် တစ်ခွက်။
ကျွန်တော်သည် အရက်ခွက်ကိုယူ၍ နှုတ်ခမ်းမှာ တေ့လိုက်ပါသည်။ မစ်ကီသည် ကျွန်တော် ကောက်ယူခဲ့သော စာရွက်များကို လိုက်လံကောက်ယူပါ သည်။ မစ်ကီ စာရွက်များကောက်ယူပြီးစီးချိန်တွင် ကျွန်တော်သည် အရက်ခွက် ကို တစ်ရှိန်ထိုးသောက်လိုက်ပြီးသား ဖြစ်နေပါသည်။ မစ်ကီက ဘာလုပ်ပေးဦး မည်လဲဆိုသည့် အကြည့်ဖြင့် ကျွန်တော့်ကို မော့၍ကြည့်ပါသည်။
ကျွန်တော်သည် သွားဖြဲ၍ ပြလိုက်ပါသည်။ အမှန်အားဖြင့် ပြုံးပြခြင်းသာ ဖြစ်ပါသည်။ သို့သော် ကျွန်တော့်မျက်နှာပေါ်တွင် အပြုံးသည် ထင်နိုင်မည် ပေါ်နိုင်မည် မဟုတ်၍သွားဖြဲပြခြင်းမျှသာ ဖြစ်နိုင်လောက်ပါသည်။
“ကျုပ် ဘာမှ မဖြစ်တော့ပါဘူး၊ အဲဒါတွေ ဒီမှာပဲထားပါတော့၊ နောက် တော့ တဖြည်းဖြည်း ဖတ်ထားလိုက်ပါ့မယ်” ။
မစ်ကီ တံခါးပေါက်နားလောက် ရောက်မှ ကျွန်တော်က
“မစ်ကီ၊ ဘယ်က တယ်လီဖုန်းလာလာ အထဲကို ဆက်မပေးနဲ့တော့ ဘယ်သူလာလာ မတွေ့ချင်ဘူး၊ ကျုပ်မရှိဘူးလို့သာ ပြောထားလိုက်၊ ဟုတ်လား”
မစ်ကီသည် ခေါင်းညိတ်ပြပြီးအခန်းထဲမှ ထွက်သွားကာ အပြင်မှ တံခါး ကို အသာအယာ ပြန်ပိတ်ထားခဲ့ပါသည်။
ကျွန်တော်သည် ပြတင်းပေါက်ရှိရာသို့ လျှောက်သွားပြီး အပြင်မှ လောကကြီးကို လှမ်းကြည့်လိုက်မိပါသည်။ကောင်းကင်တစ်ပြင်လုံးမှာ ဆောင်းဥတုဖြစ်သည့်အတိုင်း ပြာလဲ့၍ နေ၏။ အဖြူရောင် ထိုးထိုးထောင်ထောင် အဆောက်အအုံများသည် အပြာရောင်
ကောင်းကင်ကို ဖောက်ထွင်းထိုးဖောက်တက်ရောက်ရန် အပြိုင်အဆိုင် ကြိုးစား နေကြသလို ဖြစ်နေ၏။ စတုရန်းပေပေါင်း သန်းဝက်ခန့်ရှိမည့် မက်ဒီဆင်စကွဲယား ရှိ အဆောက်အအုံ အသစ်အသစ်တို့သည် ပရွက်အုံများသဖွယ် စုပြုံတိုးဝှေ့တိုးတက်နေကြ၏။ ဤကားတကယ့်နေရာ..တကယ့်နေရာ၊ တကယ်ကြီးကျယ်သော ဖြစ်ပေါ်မှုကြီး တစ်ခုပေတည်း၊ ကျွန်တော်သည်လည်း ကြီးကျယ်သော အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါ၏။
ဤကဲ့သို့ ကြီးကျယ်အောင်မြင်မှုမျိုးကို သိတတ်စ အရွယ်ကပင် ကျွန်တော် မျှော်မှန်းတမ်းတ အိပ်မက်မက်ခဲ့ရသည့် အကြီးဆုံး အပြင်းထန်ဆုံး ဆန္ဒပင် ဖြစ်ပါ၏။ ယခုတော့ ဤကြီးကျယ် အောင်မြင်မှုမျိုး၏ တန်ခိုးသည် မည်ရွေ့မည်မျှရှိကြောင်း ကျွန်တော် သိရပြီဖြစ်ပါ၏။ ဘာမှ အဖိုးမတန်ပါကလား။ ဘာဆို ဘာမှ တန်ဖိုးမရှိပါကလား။ ဟိုလမ်းမပေါ်မှ တရွေ့ရွေ့ တိုးဝှေ့လျှောက် သွားနေသည့် လူသားကလေးတစ်ဦးသည် ဤမြို့တော်ကြီးတစ်ခုလုံး ပေါင်းစပ် ထားသည်ထက် တန်ဖိုး ပိုမိုကြီးမားလှပါကလား။အယ်လိန်းကား သေလေပြီ။ သို့သော် ကျွန်တော့်စိတ်ထဲတွင် ယုံကြည်၍ မရဘဲ ဖြစ်နေ၏။
ကျွန်တော့်စိတ်ထဲတွင် အယ်လိန်း၏ ပူနွေးချိုမြိန်သော နှင်းဆီဖူးနှုတ်ခမ်း လွှာတို့နှင့် မကြာမတင်ကပင် ထိတွေ့နမ်းရှုပ်မွှေးမြခဲ့သည်ဟု ထင်ယောင် မြင်ယောင် ဖြစ်နေ၏။ အယ်လိန်း၏ ကြည်လွင်ချိုအေးသော စကားလှလှကလေး များကိုလည်း ခုလေးကပင် ပြောကြားခဲ့သည့်အလား နားထဲမှာ ကြားယောင်လျက်ရှိ၏။
“အယ်လိန်းရယ်..”
ကျွန်တော်သည် အယ်လိန်း၏ နာမည်ကလေးကို ပါးစပ်မှအသံထွက်၍ ရေရွတ်လိုက်မိ၏။ အရင့်အရင်၊ ယခင့်ယခင်က နူးညံ့ချိုသာလှသည့် ထိုနာမည်အသံကလေးမှာ ယခုတော့ အသည်းနှလုံးထဲကို ဓားဖြင့်ထိုးစိုက်လိုက်သကဲ့သို့ စူးဝင်၍သွားကြပါသည်။ ဘာဖြစ်လို့များ ဒီလိုလုပ်လိုက်ရတာလဲ အယ်လိန်းရယ်..။ အခန်းတွင်းသို့ ဖုန်းဆက်သွယ်လာကြောင်း မြည်သံသည် စားပွဲပေါ်မှ ဆောင့်ကြီးအောင့်ကြီးဖြင့် မြည်လာ၏။
ကျွန်တော်သည် စားပွဲရှိရာသို့ ပြန်လျှောက်သွားပြီး ဖုန်းခွက်ကို ဒေါသ တကြီးကောက်ကိုင်လိုက်ပြီး - “အထဲကို ဖုန်းဆက်သွယ်တာ လက်မခံပါနဲ့လို့ ပြောထားတယ် မဟုတ်လား”
ကျွန်တော်၏ အတွင်းရေးမှူးမလေးမစ်ကီက တိုးတိတ်ညင်သာသော လေသံဖြင့်
“အပြင်မှာ ရှင့်ဖေဖေရောက်နေပါတယ် ဘရက်ဒ်” “ဟုတ်လား၊ ဒါဆိုလည်း ဝင်ခဲ့ပါစေတော့ပေါ့” ကျွန်တော်သည် တံခါးပေါက်ရှိရာသို့ မျက်နှာမူကာ စောင့်နေလိုက်မိပါသည်။
ဖေဖေသည် အခန်းထဲသို့ ထော့နင်းထော့နင်းနှင့် ဝင်၍လာ၏ ဖေဖေ သည် လမ်းလျှောက်သည့်အခါတိုင်းဤကဲ့သို့ပင် တော့နင်းထော့နင်း ဖြစ်တတ် စမြဲပင်။ ဖေဖေ့ကို ခံ့ညားကျက်သရေရှိစွာ မြင်ရသည့်အကြိမ်များမှာ ဖေဖေ တစ်ယောက်သူ၏ တွန်းလှည်းကုလားထိုင်ပေါ်တွင် မိန့်မိန့်ကြီး ထိုင်နေသောအခါမှာသာ ဖြစ်ပါ၏။ ဖေဖေ၏ ညိုမှောင်သော မျက်လုံးအစုံက ကျွန်တော်၏ မျက်နှာပြင်ပေါ်မှ ခံစားမှုအရိပ်အရောင်များကို ရှာဖွေကြည့်ရှုနေ၏။ ပြီးမှ ဖေဖေက
“သတင်းကြားပြီးပြီလား”